Background
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မန်ကျည်း ၁၁၃၇ တန်ကို တင်ပို့ခဲ့ပါတယ်။ အိန္ဒိယကို ၂၄ တန်၊ အင်ဒိုနီးရှားကို တန် ၄၀၀၊ မလေးရှားကို ၃၄၂ တန်၊ ပါကစ္စတန် ကို တန် ၂၀၀၊ စင်ကာပူကို ၁၇၁ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ဒီ တစ်ပတ်မန်ကျည်းတင်ပို့မှုကိုကြည့်ရင် အင်ဒိုနီးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ကိုးရာခြောက်ဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် မှာ ယခင်တစ်ပတ်ထက် တန်တစ်ရာ့ခုနစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ FOB ဈေးကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၇၀ ဝန်းကျင်ပဲရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သိန်းလေးသောင်း ကျော်သာ ရရှိခဲ့ပါတယ်။ MIRT (DOT)
အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုများတာကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်မှာ နနွင်းတစ်တန် ရူပီး ၃၀၀၀(ကန်ဒေါ်လာ ၆၁)ကျဆင်းခဲ့ပါတယ်။နနွင်းဈေးကွက် ၃ ရက်ကြာ ပိတ်ပြီးနောက်၊ နနွင်းအိတ် ၁၈၀၀၀ ခန့် ဝင် ရောက်ခဲ့ကြောင်းသိရပါတယ်။
ဟိုပုံးနနွင်းနဲ့ နမ့်စန်နနွင်းအသစ်တွေသာ ဈေးကွက်ကို ဝင်လာပေမယ့်၊ အောင်ပန်းဈေးကွက်မှာတော့ အသစ်တွေ သိပ်မဝင်လာသေးပါဘူး။ လက်ကျန်အဟောင်းတွေကိုသာရောင်းနေတယ်လို့လည်း သိရပါတယ်။ လက်ကျန်တွေများနေ တာ ကြောင့် အသစ်တွေကိုလည်း သိပ်မဖော်ကြသေးပါဘူး။
အိန္ဒိယအစိုးရက အနည်းဆုံးပို့ကုန်ဈေးနှုန်း (MEP) ကို ကြက်သွန်နီတစ်တန် ၁၂၅ ဒေါ်လာနှုန်း လျှော့ချပေးခြင်းနဲ့ ကြက်သွန်နီတင်ပို့မှုနှေးကွေးနေခြင်းကို မြှင့် တင်လိုက်ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာန (DGFT) ရဲ့ ညွှန်ချုပ်က ပြောကြား ခဲ့ပါတယ်။ ဇန်နဝါရီအစောပိုင်းမှာလည်း အိန္ဒိယက ကြက်သွန်နီသင်္ဘောတင် ဈေးနှုန်းကိုတစ်တန်ဒေါ်လာ ၂၅၀မှ ဒေါ်လာ ၁၅၀ အထိ လျှော့ချပေးခဲ့ပြီး ဖြစ်ပါ တယ်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းဘက်က ကြက်သွန်နီများပြည်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၁၀၀၀ ခန့် အဝင်ရှိပြီး၊ အရောင်းအဝယ် မှာ တစ်နေ့ကို အိတ် ၂၅၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ အဝင်များ တဲ့အတွက် ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ပွဲရုံများမှာ ကြက် သွန်နီတစ်ပိဿာ (အကြီး) ၄၀၀ ကျပ်၊ (အလတ်) ၃၅၀ကျပ်၊ (သေး) ၃၀၀ ကျပ် တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ဝင်းဝင်းခိုင်
အောင်ပန်းဈေးကွက်မှာတော့ ချင်းက ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးဖိတ်နဲ့ ဈေးနေ့တွေမှာ အဝင်ပိုများပြီး ပျမ်းမျှပိဿာ ၂၀၀၀-၃၀၀၀ အဝင်ရှိတယ်လို့လည်း သိရပါတယ်။ ချင်းထိုးဖို့အတွက် ပြည်နဲ့ မန္တလေးက အဝယ်ရှိတယ်လို့ သိရပါတယ်။ မန္တလေးဝယ်လက်တွေကတော့ ပြင်ဦးလွင်ချင်းနဲ့ အောင်းပန်းချင်းကိုယှဉ်ပြီး၊ ရောင်းဖို့ ဝယ်ယူနေတာလို့လည်း သိရပါတယ်။
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင် အိတ် ၅၀ ခန့်သာဝင်ရောက်လို့ အဝင်နည်းလာတာတွေ့ရပါတယ်။ အရောင်း အဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ကျပ်၊ (ဂျွန်) ၅၅၀ ကျပ် တို့ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၁၈၀ ခန့် တင် ပို့တယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
ဖွံ့ဖြိုးပြီးတဲ့ ဒေသတွေကို ပြောင်းရွှေ့ခြင်း၊ ခေါက်ဆွဲ၊ စွပ်ပြုတ်ပြုလုပ်ရာမှာ တန်ဖိုးမြင့်ပဲထုတ်ကုန်သစ်များ အသုံးပြုလုပ်ခြင်းနဲ့ စားသောက်ပုံအလေ့အထ ပြောင်း လဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ပဲဝယ်လိုအား တိုးတက်လာနေတယ်လို့ နိုင်ငံတကာ ပဲမျိုးစုံ၊ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုအသင်းအဖွဲ့ ဥက္ကဌ Hakan Bahceci မှ ပြော ကြားပါတယ်။
အိန္ဒိယဈေးကွက်မှာ လက်ကျန်နည်းတာကြောင့် ရောင်းချမှုပါးတဲ့အတွက် ယခုတစ်ပတ်အတွင်း ကုလားပဲ ကြိုပွိုင့်ဈေး ဆက်လက်မြင့်တက်ဖွယ်ရှိနေပါတယ်။ အထွက်လျော့ကျမယ့် အခြေအနေနဲ့ ပြည်တွင်းဝယ်လိုအား ခိုင်မာနေခြင်းတို့က ကုလားပဲ ကြိုပွိုင့်ဈေးကို ဆက်လက် အထောက်အပံ့ဖြစ်နေပါတယ်။ မွန်ဘိုင်းမှာ ကျင်းပတဲ့ ညီလာခံမှာ အဓိက ပြောကြားသူများက ယခုနှစ် စားသုံးမှုလိုအပ်ချက် ပြည့်မီဖို့ တင်သွင်းမှု ပိုမိုဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရောင်းချမှုအကန့်အသတ်ရှိပြီး လက်တွေ့ ဝယ်လိုအားကောင်းလာလို့ ကုလားပဲဈေးအနည်းငယ်တိုးလာပါတယ်။ ကုလားပဲ အထွက်က ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တဲ့ သတင်းများအရ ကုလားပဲကြိုပွိုင့်ဈေး ခိုင်မာနေသလို လက်ငင်းအဝယ်ရှိတာကြောင့် ဈေးတိုးလာတာ ဖြစ်ပါတယ်။
