Background
ပဲစင်းငုံအသစ်ပေါ်ချိန်မှာ ကယားပြည်နယ်မှ ပဲစင်းငုံ စိုက်ပျိုးသူတောင်သူများ ဝင်ငွေရွှင်လျက်ရှိကြပြီး၊ လွိုင်ကော်မြို့ပေါ်ရှိ အဝတ်အထည်ဆိုင်များ၊ စားကုန်ဆိုင် များနဲ့ တောင်သူသုံးပစ္စည်းဆိုင်များ၊ အရောင်းအဝယ် သွက်နေပါတယ်။ ကယား ပြည်နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ် မိုးသီးနှံ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ဧက ၃၉၀၀၀ ကျော်ရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧက ၉၉၀၀ ကျော်အများဆုံး စိုက်ပျိုး နိုင်ခဲ့တဲ့အတွက် ၅ နှစ်အတွင်း အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လတ်တလော ကုန်သည်များ အဝယ်မရှိလို့ ဈေးကျဆင်းနေကြောင်း သိရပါတယ်။ ပဲထုတ်လုပ်ရာ ဒေသတွေက ပဲဝင်ရောက်မှု တိုးတက်ပေမဲ့ ဈေးအမြင့်မှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းကြောင်း သိရပါ တယ်။ ဒါပေမဲ့ ပဲစင်းငုံအထွက်လျော့ကျတာကြောင့် ရေရှည်မှာတော့ ဈေးပြန် တက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်း ယှဉ်ဖော်ပြလိုက်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ် အများဆုံးဖြစ်တာကတော့ ပဲစင်းငုံပဲလို့ဆိုပါတယ်။ အိန္ဒိယပဲခွဲစက်သမား တွေ အဝယ်သွက်နေတာကြောင့် ဝယ်လက်ကြီးတွေက လိုလိုလားလားဝယ်ယူနေ ကြတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ လက်ရှိ အိန္ဒိယအခြေအနေအရ ပဲစင်းငုံအထွက်လျော့ခြင်းနဲ့ လက်ကျန်ပဲနည်းခြင်းတို့ကြောင့် မြန်မာပဲစင်းငုံဈေးက အကျမရှိနိုင်ဘူးလို့လည်းသုံးသပ်ပြောကြားပါတယ်။
ပြည်ပကို ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းကျော်ရှိပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၆ ရက်- ၁၀ ရက်)အတွင်း တန်ချိန် ၁၂၆၀၀ ကျော်ထိ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲအမျိုးမျိုးအနက် အပတ်စဉ်တင်ပို့မှုမှာ ပဲစင်းငုံ က ပမာဏပိုမိုတင်ပို့မှုရှိကြောင်းလည်း သိရပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ ပဲစင်းငုံစုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၆၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅၇ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။
ဟင်္သာတပဲဈေးကွက်ကို မတ်ပဲသစ်များအဝင်ရှိလာပြီး၊ ကုန်စည်ဒိုင်မှာ တစ် ရက်ကို အိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲဈေးနှုန်းမှာ ယခင် အပတ်က တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်အတွင်း ၁၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တာကြောင့် ပဲတစ်တင်းကို ယခင်အပတ်ထက် ၃၀၀ ကျပ်ဈေးမြင့်လာပါတယ်။ ကုန်စည်စီးထွက်မှုအနေနဲ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို နေ့စဉ် အိတ် ၇၀၀ ခန့် ပိုတင်ပို့လာနိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင်
ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်များ မကွေးတိုင်းဒေသကြီး၊ ကံမ၊ အောင်လံ အနီးအနားရွာများမှ တစ်နေ့ကို အိတ် ၂၅၀ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ မတ်ပဲ အသစ်တစ်တင်းကို ၁၃၅၀၀ ကျပ်ဈေးရှိပြီး၊ ပဲဟောင်းတစ်တင်းကို ၁၂၅၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်၊ ရန်ကုန်ဝယ်လက် အရောင်းအဝယ်ရှိပြီး၊ ပဲသစ်ပဲဟောင်း နှစ်မျိုးစလုံး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မကွေးတိုင်း ဒေသကြီးဘက်မှသာ ပြည်ကို ပဲအဝင်ရှိပြီး၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်မြို့ တွေမှပဲကို ရန်ကုန်ကိုတင်ပို့မှုများတယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့် နောင်ကို ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၅၀၀ခန့် တင်ပို့မှုရှိတယ်လို့ သိရ ပါတယ်။ မိမိအေး
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားပါးတာ ကြောင့် မတ်ပဲဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဈေးကွက်အသီးသီးမှာ ပဲအရည် အသွေးအလိုက် ဈေးနှုန်းအပြောင်းအလဲရှိပြီး အရည်အသွေးနိမ့် ပဲလက်ကျန် များနေကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် (ဖေဖော်ဝါရီ ၁၀-၁၆ ရက်) အတွင်း တန်ချိန် ၁၄၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၅၅၀၀ ကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ်မှာ အနည်းငယ်လျော့ပြီး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တက်လာခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၅၀၀ ကျော်သာတင်ပို့မှုရှိခဲ့ရာမှ ယခု တစ်ပတ် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အတွင်း တန်ချိန် ၁၁၀၀၀ ကျော်ထိ ပြန် လည်တိုးတက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ယခင်နှစ် ယခုလိုအချိန် အပတ်စဉ် တင်ပို့မှုထက်တော့ လျော့နည်းနေသေးတာ တွေ့ရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာဈေးကွက်အခြေအနေက ဈေးနှုန်းကျဆင်းနေရာမှ တစ်ကျော့ပြန်ကာ ပြန်လည်မြင့် တက်လာရာ ရော်ဘာအဓိကတင်သွင်းသူဖြစ်နေသေးတဲ့ အိန္ဒိယကလည်း တင်ပို့မှုကို မြှင့်တင်ဖွယ် ရှိကြောင်းနဲ့ ရက်သတ္တပတ် အတော်ကြာကမ္ဘာ့လုံးဆိုင်ရာရော်ဘာဈေးနှုန်းကပြည်တွင်းဈေးနှုန်းထက်မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိပါ တယ်။