Main menu

Background

Sunday, 19 Feb 2012

          ယခင်သီတင်းပတ်က ပြည်ပကို တင်ပို့မှုမရှိခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၆-၁၀ ရက်) အတွင်းမှာ တန် ၃၀ ခန့် ပါကစ္စတန်ကို တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ အလားတူ  FOB ဈေးကွက်မှာလည်း ပါကစ္စတန် ဝယ်လက်အဝယ်ရှိခဲ့လို့ ကုလားပဲဖြူလုံးကြီး တန် ၁၇၀ခန့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်တွေကို ကုလားပဲဖြူလုံးကြီး အသစ်များ ဝင်ရောက် လာပြီဖြစ်ပြီး ပြည်ပအဝယ်ရှိလာနေပြီဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ရှိလာနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဈေးပြောင်းလဲခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁၇ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀ ရှိကြောင်း သိရပါတယ်။MIRT -MAPT

Sunday, 19 Feb 2012

ယခင်သီတင်းပတ်မှာ ကုလားပဲကြိုပွိုင့်ဈေး ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီးနောက် လက်ငင်းဈေး မြင့်တက်လာခြင်းနဲ့ ပဲဝင်ရောက်မှု ကျဆင်းခြင်းတို့ကြောင့် ဆက်လက်ခိုင်မာနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။  NCDEX မှာ ဖေဖော်ဝါရီလအတွက် ကုလားပဲကြိုပွိုင့်ဈေးက ဖေဖော်ဝါရီ ၁၄ ရက်က ရူပီး ၃၀ လျော့ကျပြီး၊ ရူပီး ၃၅၉၇၀(ကန်ဒေါ်လာ ၇၂၆)ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပဲထုတ်လုပ်မှု ကျဆင်းဖွယ် ရှိပြီး၊ အထူးသဖြင့် ကုလားပဲအထွက်ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းခိုင်မာဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။

Sunday, 19 Feb 2012

ပြည်ဈေးကွက်ကို ယခုဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပဲတီစိမ်း ဝင်ရောက်မှု နည်းသွားခဲ့ပါတယ်။ ဒါကြောင့် လက်ကျန်ပဲများနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် တစ်ရက် အိတ် ၃၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးလျှော့ခဲ့ပေမယ့် ယခုတစ်ပတ်မှာ ပဲအဝင်မရှိဘဲ လက်ကျန်ပဲ များနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် တစ်တင်း ၁၆၀၀၀ ကျပ်ထိ ရန်ကုန် ဝယ်လက်များမှ ဈေးပေးအဝယ်ရှိခဲ့ တာကြောင့် ဈေးမြင့်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။                                                ခင်ဆွေဝင်း

Sunday, 19 Feb 2012

အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းအရောင်းအဝယ်အေးပြီး ယခုတစ်ပတ်အတွင်း ဈေးငြိမ် နေပါတယ်။ ဈေး ကွက်တချို့မှာ ပဲလက်ကျန်သိုလှောင်မှုတွေများနေပြီး အရည်အသွေးနိမ့်ပဲတွေ များနေကြောင်း သိရပါတယ်။ ဝယ်လိုအား ဆက်ပြီးနည်းနေရင် လာမယ့်ရက်တွေမှာလည်း ဈေးပြောင်းလဲမှု မရှိနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။

Sunday, 19 Feb 2012

    ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိကာအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၈၂၃ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၉၈၅ တန်ကျော်နဲ့ လုံးခြမ်း ၈၈ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တင်ပို့မှု တန် ၂၀၀ နီးပါး လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှ မြဝတီနယ် စပ်မှလည်း တင်ပို့နိုင်ခြင်းမရှိပါဘူး။ ယခုအပတ်မြေပြင်ပေါက်ဈေးများ နှစ်ဖက်စလုံးမှာ လျော့နည်းလျက်ရှိပါတယ် -                                 မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                        ယခု        ယခင်      ပြောင်းလဲမှု    %       ယခု     ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း (အညာ)    ၅၇၀၈၁၅    ၅၇၃၉၁၀       ၃၀၉၅       ၀ .၅    ၈၁၀      ၈၃၉         ၂၉          ၃ MIRT (DOBT)

Sunday, 19 Feb 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်FOB   ဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါများ အရောင်းအဝယ် အား ကောင်းနေပါတယ်။ တရုတ်ဈေးကွက်ကို တင်ပို့ဖို့အဝယ်ရှိသလို အချို့ကုမ္ပဏီများမှ  quality  သန့်ပြီး အရောင်းခွဲပြီး တရုတ် (တိုင်ပေ)ကို တင်ပို့ဖို့ဝယ်လိုအားရှိနေတာကြောင့် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ၊ ခွဲခြမ်းတန်ချိန် စုစုပေါင်း နှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 19 Feb 2012

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၄၃၀၀ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တန် ၇၃၀၀ ကျော်ထိ တိုးတက်တင်ပို့လာခဲ့ပါတယ်။ ခရမ်း၊ သုံးခွဘက်က အရည်အသွေးကောင်း ပဲတီရွှေဝါတွေကို  ဗီယက်နမ်ဘက်မှ ပတ်ပြီး တရုတ်နိုင်ငံကို တင်ပို့မှုရှိကြောင်း သိရပါတယ်။

Sunday, 19 Feb 2012

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း အတွင်း ပဲကြီးစိုက်ဧက ၁၆၀၀၀ ကျော် လျာထားပြီး၊ အမှန်စိုက်ဧကမှာ ဧက ၁၇၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်ခဲ့တာ ကို တွေ့ရပါတယ်။ ယခုဆိုရင် ပဲကြီး အသစ်များ ပြည်ဈေးကွက်ကို စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခုနှစ် ပဲကြီးဈေးနှုန်း အဖွင့်ဈေးမှာ ရွှေကျွန်း တစ်တင်း ၁၆၀၀၀ ကျပ်၊ ကမ်းနားတစ် တင်း ၁၄၅၀၀ ကျပ်နဲ့ ဈေးပေးဝယ်ယူ နေကြတာကို တွေ့ရပါတယ်။ ဒေသ တွင်း ပဲကြော်ဖိုသမားများမှလည်း ဝယ် ယူနေကြသလို ရန်ကုန်လိုင်းသမားများ လည်း အဝယ်လိုက်လျက်ရှိတာကြောင့် အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ကြတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း

Sunday, 19 Feb 2012

         မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ  သုည ဒသမ ၂၃၅ သန်း တန်ဖိုးရှိ  ပဲလွန်းဖြူ ၃၄၇ တန်ခန့် တင်ပို့ နိုင်ခဲ့တယ်လို့  သိရပါတယ်။ ယခင် အပတ်ကထက် ၉၃ တန်ခန့် ပိုမိုတင် ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက် မြေ ပြင်ပေါက်ဈေး အနည်းငယ်ခန့် မြင့် တက်နေပြီး တစ်ဖက်နိုင်ငံဈေးကလည်း     ၃ ဒေါ်လာခန့်သာ ပိုခဲ့ပါတယ်။ နှစ် နိုင်ငံမြေပြင်ပေါက်ဈေးမျာကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -      မိမိဘက် (ကျပ်/ တန်)ယခု           ယခင်     ပြောင်းလဲမှု    %၅၂၄၂၉၆    ၅၂၃၅၅၆     ၇၄၀        ၀ .၁      တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု     ယခင်    ပြောင်းလဲမှု      %၈၈၉    ၈၈၇            ၂         ၀ .၂MIRT(DOBT)

Sunday, 19 Feb 2012

ပြည်ပဲလွန်းဖြူ ဈေးကွက်မှာတော့ ပဲပွဲရုံတွေမှာ အရောင်းအဝယ် သိပ်မ ရှိဘဲ ပဲဈေးမှာ တစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ယခု နှစ်  ပြည်ခရိုင်အတွင်း  ပဲလွန်းဖြူ အထွက်နည်းပြီး ပဲလွန်းဖြူ အထွက်များ တဲ့ မင်းလှ၊ နတ်တလင်း(တာပွန်)ဘက် မှလည်း ရန်ကုန်ကိုသာ တင်ပို့မှုများနေ တာကို  တွေ့ရပါတယ်။ ထို့ကြောင့် ပဲလွန်းဖြူ သီးနှံများမှာ ပြည်ဈေးကွက် ကို အဝင်မရှိခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။                       မိမိအေး

Pages