Main menu

Background

Sunday, 15 Jan 2012

    ပြည်ပွဲရုံတွေမှာ ပဲလွန်းဖြူ တစ် တင်း ၁၈၅၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ အခြားတိုင်း ဒေသကြီး ဘက်မှ ပဲလွန်းဖြူအဝင် မရှိဘဲ နတ် တလင်း၊တာပွန်၊ မိုးညိုဘက်မှ ပဲအနည်း အကျဉ်းသာ ဝင်ရောက်မှုရှိပြီး၊ ရန်ကုန် ဝယ်လက်တွေကိုသာ ရောင်းဝယ်မှုများ တဲ့ အတွက် ပဲလွန်းဖြူဈေး ယခင်တစ် ပတ်ထက် မြင့်ခဲ့တယ်လို့သိရပါတယ်။မိမိအေး

Sunday, 15 Jan 2012

    ဟင်္သာတကုန်စည်ဒိုင် ပဲလွန်းဖြူ ဈေးကွက်မှာ ယခင်အပတ်ကထက် ပိုမို အရောင်းသွက်လာကြောင်း တွေ့ရပါ တယ်။ ပဲလွန်းဖြူဈေးနှုန်းမှာ ပိဿာ ၂၀ ဝင် တစ်တင်းကို ယခင်အပတ်ထက် ၃၀၀ကျပ်ဈေးမြင့်လာပြီး၊ ၁၈၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ဟင်္သာတမြို့နယ်အနီးအနားရှိ ကျေးရွာ များမှလည်း ကုန်စည်ဒိုင် ဈေးကွက်ကို နေ့စဉ် အိတ် ၄၀၀ ခန့်ဝင်ရောက်နေ ကြကြောင်း သိရှိရပါတယ်။ ကုန်စည်စီး ထွက်မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့်တင်ပို့ နိုင်တယ်လို့ သိရပါတယ်။    အေးအေးခိုင်

Sunday, 15 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲလွန်းဖြူအသစ်များလည်း ဝင်ရောက် လာလို့ FOB အရောင်းအဝယ်ပိုဖြစ် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၂၂၇ ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ် ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်အတွင်း မှာတော့ ၄၀၈ တန်ထိ ပိုမိုတင်ပို့လာ ခဲ့ပါတယ်။

Sunday, 15 Jan 2012

    ဇန်နဝါရီဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ ပဲအဟောင်းပုံမှန် အဆွဲရှိခဲ့သလို ပဲအသစ်နယ်အဝင်လှိုင်လာခဲ့ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ ပဲသစ် အများစု အရည်အသွေးကောင်း မွန်ခဲ့ပြီး၊ မန္တလေး၊ ရန်ကုန်အဝယ်အော်ဒါကြောင့် ယခုတစ်ပတ်မှာ တစ်တင်း ၁၅၉၀၀ ကျပ်ထိ ဈေးမာလာကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၂၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲဟောင်းအနေနဲ့ လည်း နယ်အဝယ်ရှိလို့ တစ်တင်း ၁၄၆၀၀ ကျပ်ထိ ဈေးလိုက်လာကာ တစ်နေ့ အိတ် ၁၅၀၀ ခန့် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။     ယခုလို နယ်အော်ဒါနဲ့ ဒေသခံကုန်သည်တွေ ဝယ်လိုအားကောင်းမွန်မှုကြောင့် ဈေး ဆက်လက်တက်နိုင်ဖွယ်ရှိကြောင်း ကုန်သည်တွေရဲ့သုံးသပ်ချက်ကိုကြားသိရပါ တယ်။                                                        ထွန်းလှိုင်

Sunday, 15 Jan 2012

    ပြည်ဈေးကွက်ကို ပဲစင်းငုံအသစ်များ ဝင်ရောက်လျက်ရှိပြီး၊ တစ်ရက် အိတ် ၃၀၀ ကျော် ၄၀၀ အထိ အဝင်ရှိခဲ့ပါတယ်။ ပဲစင်းငုံစိုက်ဧက ၁၇၀၀၀ ကျော်မှာ ဧက ၆၀၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ပဲသစ်များ ဈေးကွက်ကို ဆက်တိုက် ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။ ပြည်အောင်လံကြား မြို့နယ်များနဲ့ ကြံခင်း ဖက်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံအသစ်ပေါ်စအချိန် အဖွင့် ဈေးမှာ တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ပဲစင်းငုံဈေးမြင့်လာခဲ့သလို ရန်ကုန်ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါ တယ်။                                                         ဆုမွန်ဆွေ

Sunday, 15 Jan 2012

    အိန္ဒိယပဲစင်းငုံစိုက်ပျိုးရာ မဟာရပ်ရှတရာမှ ပဲစင်းငုံပျက်စီးတဲ့ သတင်းများ ကြောင့် ပဲခွဲစက်တွေ ဝယ်လိုအားရှိလာလို့ ပဲစင်းငုံဈေး အနည်းငယ်တိုးလာခဲ့ပါ တယ်။ ဒါပေမဲ့ ဒေသတွင်းနဲ့ နိုင်ငံအထက်ပိုင်းမှ အဝယ်မရှိသေးဘူးလို့ သိရပါတယ်။ ဈေးကွက်များကို ပဲစင်းငုံအသစ် ပုံမှန်ဝင်ရောက်နေပြီး ပြည်ပက တင်သွင်းပဲတွေ ဆက်လက်ရောင်းချမှုတွေ ရှိပေမဲ့ ပဲခွဲစက်တွေနဲ့ ကုန်သည်တွေရဲ့အဝယ်တချို့ ရှိ တာကြောင့် ပဲစင်းငုံဈေးက အတော်အသင့် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-

Sunday, 15 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ရောင်း လက် ဝယ်လက်စုံနေပြီး ပဲစင်းငုံအရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံဖြူနီနဲ့အနီ စုစုပေါင်း ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်မှ ၆ ရက်) အတွင်းမှာ တန်ချိန် ၁၄၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

Sunday, 15 Jan 2012

      ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု အရှိန်ကောင်းလာနေပါပြီ။ ယခင် တစ်ပတ်က တန်ချိန် ၇၈၀၀ ကျော်တင်ပို့နိုင်သလို ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်-၆ ရက်) အတွင်းမှာလည်း တန်ချိန် ၇၉၀၀ နီးပါး တင်ပို့လာနိုင်တာ တွေ့ရပါ တယ်။ တင်ပို့တဲ့ပဲတွေထဲမှာ ပဲအဟောင်းရော အသစ်တွေပါတင်နေပြီလို့ သိရပါ တယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီ ၁၀ ရက်အထိ ပဲစင်းငုံတင်ပို့မှု ဟာ တန်ချိန် ၂၀၆၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာကန်ဒေါ်လာ ၁၂၅ သန်းကျော်ရရှိထား ကြောင်း သိရပါတယ်။

Sunday, 15 Jan 2012

    ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး ကံမဘက်မှ မတ်ပဲသစ်များ တစ်နေ့ ကို အိတ် ၂၀-၃၀ ခန့်ဝင်လာပြီး၊ မတ်ပဲအသစ်တစ်တင်းကို ၁၄၀၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ပဲသစ်အဝင်ရှိပေမဲ့ အရောင်းအဝယ်ကတော့ မဖြစ်သေးဘူး လို့သိရပါတယ်။ ဈေးကွက်အတွင်း လက်ကျန်ပဲတွေကို  ထုတ်ရောင်းလျက်ရှိတာ ကြောင့် ရန်ကုန်ဝယ်လက်တွေ ဝယ်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့ ပဲကုန် သည်တစ်ဦးကပြောပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၁၇၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး

Sunday, 15 Jan 2012

    ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေ အဝယ် ပါးလို့ မတ်ပဲဈေးကျဆင်းခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်ဈေးနှုန်း ကျဆင်းတာကြောင့် လည်း ပဲအဝယ်နည်းသွားတယ်လို့ သိရပါတယ်။ ရောင်းဝယ်မှုပါးလို့ ဈေးကျဆင်း ဖွယ်ရှိပေမဲ့ စက်တင်ဘာလတိုင်အောင် ပဲအသစ်ဝင်ရောက်မှာမဟုတ်လို့ မတ်ပဲဈေး တဖန်ပြန်လည်မြင့်တက်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-

Pages