Background
အိန္ဒိယနိုင်ငံပိုင် အေဂျင်စီဖြစ်တဲ့ PEC မှ ဒီဇင်ဘာလအတွင်းတင်ပို့ဖို့ ပဲမျိုးစုံတန်ချိန် ၁၀၀၀၀ တင်သွင်းမယ့် တင်ဒါခေါ်ယူထားတယ်လို့သိရပါတယ်။ တင်သွင်းမယ့်ပဲများကတော့ မြန်မာနိုင်ငံက မတ်ပဲ SQ တန် ၂၀၀၀၊ FAQ တန်ချိန် ၄၀၀၀၊ သြစတြေးလျကုလားပဲ တန် ၂၀၀၀ နဲ့ တန်ဇန်းနီးယားကုလားပဲတန် ၂၀၀၀ စီတို့ဖြစ်ပြီး ယင်းပဲများဟာ ၂၀၁၁ ရာသီတွင်း ပဲများဖြစ်ရမယ်လို့သိရပါတယ်။ ယင်းတင်ဒါကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပိတ်မယ်လို့သိရပါတယ်။ ယမင်းခင် Source: Reuters
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် Tiruchi ခရိုင်အတွင်းတွင် စပါးပြီးပြီးချင်း ပဲမျိုးစုံ စိုက်ပျိုးဖို့ မိုးရေခံ ဒေသတောင်သူများကို အားပေးတဲ့ ရည်ရွယ်ချက်နဲ့ မိုးရေခံ စိုက်ပျိုးရေးဌာနစီမံကိန်း(RADP) ကို စိုက်ပျိုးရေးဌာနမှ စတင်ခဲ့ပါတယ်။ ယင်းစီမံကိန်းအရ ခရိုင်အတွင်း လယ်ယာမြေအကွက်ပေါင်း ၉ ကွက်မှ မိုးရေခံမြေ ဟက်တာ ၅၀၀ ခန့်ကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ တောင်သူများအနေနဲ့ ၁ ဟက်တာ ကုန်ကျစရိတ် ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၉၇၁)ရဲ့ ၂၅ ရာခိုင်နှုန်းကို ထောက်ပံ့မှုရရှိမှာဖြစ်ပါတယ်။ ယင်းခရိုင်အတွင်းရှိ မိုးရေခံစိုက်ပျိုးတဲ့ တောင်သူများကတော့ ပုံမှန်အားဖြင့် စပါးပြီးရင် စိုက်ပျိုးခြင်းမရှိတော့ဘဲ လယ်ကွက်လပ်အနေနဲ့ ထားရှိပါတယ်။ ယခု စီမံကိန်းအရ မြေဆီလွှာအစိုဓာတ်ရရှိချိန်ကို အသုံးချပြီး စပါးရိတ်သိမ်းပြီးတာနဲ့ ပဲမျိုးစုံကို ချက်ချင်းစိုက်ဖို့ တိုက်တွန်းဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ စိုက်ပျိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး R Chandrasekoran က ပြောကြားပါတယ်။ ထောက်ပံ့ မှုအနေနဲ့ ရွေးချယ်ထားတဲ့ တောင်သူများကို မျိုးစေ့၊ မြေသြဇာ၊ ဇီဝမြေသြဇာ၊ အာဟာရ၊ ပေါင်းသတ်ဆေးနဲ့ အပင်ကာကွယ်ဆေးများ ပေးသွားမယ်လို့ သိရပါတယ်။ ယင်းစီမံကိန်းကို စုစုပေါင်း ရူပီး ၇၇ ဒသမ ၈၂ သိန်း (ကန်ဒေါ်လာ ၁ ဒသမ ၅၄ သိန်း)နဲ့ အကောင်အထည် ဖော်သွားမှာဖြစ်ပြီး၊ ပဲမျိုးစုံ အထွက်နှုန်း ၃၀ ရာခိုင်နှုန်းတိုးမြှင့်ရရှိဖို့လည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲဒီ စီမံကိန်းဧရိယာအတွင်း အော်ဂဲနစ်မြေဆီလွှာပါဝင်မှု တိုးတက်ဖို့ သဘာဝမြေ ဆွေးဘောင် ၄၉ ခုပြုလုပ်သွားမှာ ဖြစ်ပြီး၊ ဘောင်တစ်ခုကို ရူပီး ၃၀၀၀၀ နဲ့ ထောက်ပံ့မှုရဲ့ ၅၀ ရာခိုင်နှုန်းစီနဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အထွက်နှုန်းကောင်း၊ အရည်အသွေးမြင့်တဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ မျိုးစေ့များ ထုတ်လုပ်ဖို့ မျိုးစေ့ စိုက်ခင်းများကို ဟက်တာ ၅၀ မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး၊ ပဲမျိုးစေ့အတွက် ဟက်တာ ၂၀ နဲ့ ဆီထွက်သီးနှံအတွက် ဟက်တာ ၂၀ အသုံးပြုသွားမှာဖြစ်ပါတယ်။ မျိုးစေ့ လယ်ယာတစ်ခုစီအတွက် ထောက်ပံ့မှု ၅၀ ရာခိုင်နှုန်းကို ပေးမှာ ဖြစ်လို့ တစ်ဟက်တာကို ရူပီး ၁၀၀၀၀ (ကန်ဒေါ်လာ၁၉၈) စီ တောင်သူများ ရရှိမှာ ဖြစ်ပါတယ်။ ယခင်းရွှေစင်၊ Source:businessline
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၉၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၉၂၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ ဒေသတွင်း ခွဲစက်သမားများမှ ပုံမှန် အဝယ်ရှိနေသော်လည်း အခြားတိုင်းဒေသကြီးဖက်မှ အဝင်မရှိသလို လက်ကျန် ပဲများကိုသာ ရောင်းချမှုများတဲ့အတွက် တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိမိအေး
လက်ငင်းဈေးကွက်များမှာ ရောင်းချမှုပါးတာကြောင့် ကုလားပဲကြိုပွိုင့်ဈေး နိုဝင်ဘာလ ၁၆ရက်မှာ ဈေးအနိမ့်နဲ့ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလှောင် လက်များ လက်ထဲမှာ လက်ကျန်နည်းတာကြောင့် ဈေးမြင့်တက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းပဲမျိုးစုံ စိုက်ဧက ပိုမိုတဲ့သတင်းများက ဈေးနှုန်းမြင့်တက်မှု ကို ကန့်သတ်စေနိုင်ပါတယ်။ NCDEX မှာ နိုဝင်ဘာလ ကုလားပဲစာချုပ်ဈေးဟာ သုည ဒသမ ၉၉ ရာခိုင်နှုန်း ပိုလာပြီး တစ်တန် ရူပီး ၃၅၄၀၀ (ကန်ဒေါ်လာ ၆၉၃)ဈေးရှိခဲ့ပါတယ်။ ဆောင်းပဲရဲ့ MSP ဈေးနှုန်း ၃၃ ရာခိုင်နှုန်း တိုးမြင့်လိုက်ခြင်းကလည်း ကာလလယ် အတွင်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့လို အခြားပဲထုတ်လုပ်နိုင်ငံများမှာ ရာသီဥတု ဆိုးဝါးတဲ့အတွက် ပဲမျိုးစုံ ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်လများမှာ အိန္ဒိယတင်သွင်းပဲ ဈေးကြီးမြင့်ဖွယ်ရှိခြင်းက လည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ မဟာရပ်ရှတရာစိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးစာရင်းအရ ဆောင်းပဲမျိုးစုံစိုက် ဧရိယာဟာ ယခင်နှစ်ကာလတူ စိုက်ခဲ့တဲ့ ဟက်တာ ၁ ဒသမ ၅၂ သိန်းထက် ၅၆ ရာခိုင်နှုန်း ပိုမိုပြီး၊ ဟက်တာ ၂ ဒသမ ၃၈ သိန်းရှိပြီလို့ သိရပါတယ်။ စိုက်ပျိုး ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးစာရင်းအရ နိုင်ငံရဲ့ စုစုပေါင်း ပဲစိုက်ဧရိယာဟာ ယခင်နှစ် ကာလတူ ဟက်တာထက် ၁၂၂ ရာခိုင်နှုန်းပိုမိုပြီး၊ ဟက်တာ ၄၅ ဒသမ ၀၇ သိန်း စိုက်ပျိုးပြီးသွားပြီလို့ သိရပါတယ်။ ယမင်းခင်၊Source: commodilyonliy
အိန္ဒိယဈေးကွက်အများစုမှာ လက်ကျန်နည်းလာပြီဖြစ်ပြီး ရာဂျက်စသန်မှ ဝင်ရောက်မှုကျဆင်းလာလို့ ကုလားပဲဈေး ပြန်လည်မြင့်တက်ရောင်းဝယ်ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မွန်ဘိုင်းနဲ့ ဒေလီကို တန်ဇန်းနီးယား ကုလားပဲဝင်ရောက်ကြောင်း သိရပါတယ်။ အတ္တရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ တမီလ်နာဒူးပြည်နယ်တို့မှာပဲဝင်ရောက်ခြင်းမရှိလို့ အမြင့်ဈေးနဲ့ ကမ်းလှမ်းတဲ့ အတွက် နောက်ရက်များမှာလည်း ဈေးအနည်းငယ်ထပ်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်လိုက် ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁ဒေလီ ၆၆၂ ၆၉၇-၇၀၂ ၆၉၂-၆၉၇ ၇၀၀ကန်ပါ ၇၃၉ ၇၄၂ ၇၃၆ ၇၄၂အာကိုလာ ၇၁၇ ၇၁၇ ၇၁၆ ၇၂၀MIRT(MAPT)
ယခင်သီတင်းပတ်က FOB ဈေးကွက်မှာ အရောင်းအဝယ်မဖြစ်ခဲ့ပေမဲ့ ယခု နိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၃၄၀ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပတင်ပို့မှုကတော့ နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာလက်ကျန် နည်းလာပြီဖြစ်ပြီး ပြည်တွင်းခွဲစက်များက အဝယ်ရှိနေတဲ့အတွက် တင်ပို့မှုလျော့လာ ခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၁ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၉၈၀-၁၀၀၀ ရှိခဲ့ရာမှ နိုဝင်ဘာလ ၁၈ ရက်မှာ ကန် ဒေါ်လာ ၉၅၀-၉၇၀ ကို လျော့ကျခဲ့ပါတယ်။ MIRT(MAPT)
မန္တလေးပဲတီစိမ်းဈေးကွက်အတွင်းကို မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးစတဲ့ ဒေသများမှ ဝင်ရောက်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၁၆ ရက်မှာ ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ ယခုလ နိုဝင်ဘာလဆန်း ၁ ရက်မှာတော့ ၇၁၁ ကျပ်ထိကျဆင်းသွားပြီး၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ၈၀၀ ကျပ်ပြန် ဖြစ် သွားတာကိုတွေ့ရပါတယ်။ အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလ ဆန်းပိုင်းမှာဈေးအေးပြီး အရောင်းအဝယ် လည်းအေးပါတယ်။ တရုတ်ဝယ်လိုအားအပေါ် မူတည်သလို ငွေကြေး လဲလှယ်မှုနှုန်းထား အတက်အကျပေါ်လည်း မူတည်ကြောင်း သိရပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ဆန်းပိုင်းမှာ ပဲတီစိမ်းအရောင်းအဝယ်သွက်ပြီး လလယ်ပိုင်းမှစပြီး အရောင်း အဝယ် အေးတာ ကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပဲတီစိမ်းတန် ၂၈၀၉ ခန့် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှ တရုတ်သို့အထွက်ရှိပြီး၊ တစ်ရက်ကို ၉၈ တန်ခန့် စီးဆင်းတာကိုတွေ့ရပါတယ်။ ယခုနိုဝင်ဘာလပထမ အပတ် ပဲတီစိမ်း ၆၂၇ တန်သာအပို့ရှိပြီး တစ် ရက်ကို ၉၀ တန်ခန့် စီးဆင်းတာကိုတွေ့ရပါတယ်။ တရုတ်ဝယ်လက်အား ကျဆင်းသွားတာကြောင့် မန္တလေးပဲတီစိမ်း ကုန်သည်များလည်းရောင်းရ၊ ဝယ်ရခက်ခဲတာကို တွေ့ရပါတယ်။ ပဲတီစိမ်းကို ပြည်ပ (တရုတ်) ဝယ်လက်များသာမက ပြည်တွင်း ပဲခွဲစက်၊ သန့်စင်စက်၊ အမှုန့်ကြိတ်စက်များမှ ဝယ်ယူကြိတ်ခွဲပြီး ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိကြောင်း၊ ယခုထက်ပိုမိုပြီး ဝယ်လို၊ ရောင်းလိုအား လျှော့နည်းလာဖွယ်ရှိသော်လည်း ဈေးနှုန်းပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်နိုင်ကြောင်း၊ ပဲကုန်သည် တစ်ဦးမှ ခန့်မှန်းပါတယ်။ စိုးအောင်
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဝင်ရောက်လာတဲ့ ပဲအသစ်များမှာ အရည်အသွေးနိမ့်များတဲ့အတွက် အရည်အသွေးကောင်း ပဲတီစိမ်းဈေး ခိုင်မာနေတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ဈေးကွက်မှာ ပဲအိတ်ဝင်ရောက်မှု တစ်နေ့ကို အိတ် ၆၅၀၀၀- ၆၆၀၀၀ ဝင်ရောက်ရာမှ အိတ် ၅၂၀၀၀-၅၃၀၀၀ ကို လျော့ကျလာပြီလို့ သိရပါတယ်။ တောင်သူများက ကျွဲနွားအစာဖြစ်တဲ့ ပျက်စီးပဲ ၂၃ ရာခိုင်နှုန်းခန့် ရောနှောရောင်းချတဲ့အတွက် အရည်အသွေးနိမ့်ပဲ ဈေး အလွန်အမင်းကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို အရည်အသွေးကောင်းပဲ ဝင်ရောက်မှု ကျဆင်းလို့ အရည်အသွေးကောင်းပဲဈေးထပ်မံ မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၇၉၁ ၇၉၁ ၇၉၁ ၈၀၀ဒေလီ ၄၅၅-၆၉၂ ၄၅၅-၆၉၂ ၆၉၂-၆၉၇ ၇၀၀အာကိုလာ ၆၃၃-၈၃၀ ၆၃၃-၈၃၁ ၅၉၃-၈၇၀ -MIRT(MAPT)
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ရွှေလီသို့ ကန်ဒေါ်လာ သုညဒသမ ၃၅၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၆၃ တန်ကျော်ကို နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၁ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ် နယ်စပ်ကို ပဲတီစိမ်း အဝင်နည်းပြီး ပြောင်း၊ နှမ်းတွေ အဝင်များနေတယ်လို့ သိရ ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေးအနည်းငယ်မျှ ကျနေသော်လည်း တစ်ဖက်နိုင်ငံပေါက်ဈေးကတော့ ပြောင်းလဲမှုမရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၁၀၁၄၀ ၆၁၆၂၆၄ ၆၁၂၄ ၁ ၈၅၄ ၈၅၄ - -MIRT(MPAT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ တောင်ငူစနဲ့ ပခုက္ကူစ အနည်းငယ်စီအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၃၅၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲများ အဝင်များပြီး အရည်အသွေးကောင်းပဲ ဝင်ရောက်မှု နည်းလို့ ဝယ်လက် များက အရည်အသွေးကောင်းကို ရွေးချယ်ဝယ်ယူကြတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ ယခုနှစ်ပဲတီစိမ်းအထွက် ကောင်းတဲ့ အတွက်လည်း ဝယ်လိုအားနည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပဲတီစိမ်း FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း အညာစ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူစ ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ယခင်သီတင်းပတ်အတိုင်း ငြိမ်နေပေမဲ့ ပဲတီရွှေဝါအကြီးကတော့ ယခင်တစ်ပတ်က ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၈၆၀-၈၈၀ ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ MIRT(MAPT)
