Background
အိန္ဒိယပြည်တွင်းဈေးကွက်အချို့မှာ အဝယ်ရှိလို့ ဈေးတည်ငြိမ်ပေမဲ့ အချို့ဈေးကွက်တွေမှာတော့ လှောင်လက်များထုတ်ရောင်းမှုရှိလို့ ဈေးလျော့ကျပါတယ်။ ဟာရာနာမှ ပဲစင်းငုံများမှာ ပျက်စီးတဲ့ပဲ ၁၃-၁၄ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဈေးကျဆင်းတယ်လို့ သိရပါတယ်။ ပဲခွဲစက်တွေက ဝယ်လိုအားနည်းပြီး ပဲ အသစ် များ ဝင်ရောက်မှု စတင်နေပြီဖြစ်လို့ နောက် ၄ ရက်ခန့်အတွင်း ဈေးထပ်မံ ကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်း ယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း ၆၄၇ ၆၄၈ ၆၄၇ ၆၅၅ဒေလီ ၆၉၇-၇၀၇ ၆၉၇-၇၀၇ ၇၀၂-၇၁၂ ၆၈၂ချန်နိုင်း ၆၃၃ ၆၃၃ ၆၃၃-၆၃၇ -MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်သွက်နေတဲ့ ပဲစင်းငုံဟာ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၂-၁၈ရက်) အတွင်းမှာ တန်ချိန် ၁၂၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပိုဖြစ်တာကတော့ ပဲစင်းငုံနီ ဖြစ်ပါတယ်။ အိန္ဒိယက ဝယ်ယူနေတဲ့ အာဖရိက ပဲစင်းငုံများဟာ ယခုနှစ်မှာ အရည်အသွေးနိမ့်ကျမှု ရှိတဲ့အတွက် အရည်အသွေးကောင်းတဲ့ မြန်မာပဲစင်းငုံကို အဝယ်လိုက်လာနိုင်တယ်လို့ ကုန်သည် တချို့က ခန့်မှန်းကြပါတယ်။ ပြည်တွင်းပဲစင်းငုံများလည်း ဒီဇင်ဘာလ၁၅ ရက်ခန့်မှာ ဈေးကွက်အတွင်း ဝင်လာနိုင်တယ်လို့ သိရပါတယ်။ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေမဲ့ အခြားပဲဈေးကျဆင်းခြင်းနဲ့အတူ ပဲစင်းငုံ FOB ဈေးလည်းအနည်းငယ်လျော့ကျခဲ့ပါ တယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၁၈-၁၁-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀၁၁-၁၁-၁၁ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀MIRT(MAPT)
ယခင်သီတင်းပတ်က ပဲစင်းငုံတင်ပို့မှု တန်ချိန် တစ်သောင်းခန့်ရှိခဲ့ရာမှ ယခုသီတင်းပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၇၀၀ ခန့်ကို ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ တစ်ပတ်အတွင်း ပိတ်ရက်များရှိနေ ခြင်းကြောင့်လည်း တင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ဘဏ္ဍာ နှစ် ၂၀၁၁-၂၀၁၂ ရဲ့ နိုဝင်ဘာ ၁၁ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုတန် ချိန် ၁၄၅၀၀၀ ကျော်နဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၁ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၆၆၀၀၀ ခန့်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၃ သန်းကျော်ရှိလို့ ယခုနှစ်မှာ ပမာဏအားဖြင့် တစ်ဆကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်မှုအရ လာမယ့်သီတင်းပတ်မှာ တင်ပို့မှု ပိုမိုဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT(MAPT)
ပြည်ပဈေးကွက်ဝင်ဖြစ်တဲ့ ဆောင်းသီးနှံမတ်ပဲကို ဟင်္သာတခရိုင်အတွင်း၊ မြို့နယ်အားလုံးမှာ စိုက်ပျိုးကြ ပါတယ်။ နိုဝင်ဘာလ ဒုတိယပတ်အထိ လျာထား ဧက ၄ ဒသမ ၀၇ သိန်းတွင် ဧက သုည ဒသမ ၃ သိန်းကျော်ခန့် စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ယခင်အပတ်က မတ်ပဲဈေးတစ်တင်း ၁၆၃၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ မတ်ပဲဈေးတစ်တင်း ၁၅၆၀၀ ကျပ်နဲ့ ဈေးဆက်အေးနေကြောင်း သိရပါတယ်။ မတ်ပဲလက်ကျန်လည်းနည်း၊ ရန်ကုန်ဝယ်လက်အဝယ်နည်းနေပြီး၊ တင်ပို့မှုလည်းနည်းပါးလာပါတယ်။ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ကို ယခု တစ်ပတ် အတွင်း တစ်တင်းခွဲဝင်အိတ် ၄၀၀၀ ခန့်တင်ပို့တယ်လု့ိ သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယပြည်တွင်းပဲထုတ်လုပ်တဲ့ ဥတ္တရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှ ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ပြုပြင်ပြီး ပဲခွဲခြမ်းလည်း ဝယ်လို အားနည်းတာကြောင့် မတ်ပဲဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲ ထွက်ရှိမှုလျော့ကျပြီး လာမယ့်ရက်တွေမှာ ပဲအဝင်နည်းလာ တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လှောင်လက်များမှ အဝယ်သွက်လာနိုင်တဲ့အတွက် နောက် ပိုင်းရက်တွေမှာ ဈေးတည်ငြိမ်လာနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက် အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း ၆၈၂ ၆၈၂ ၆၈၂ ၆၉၀ဒေလီ ၄၃၅-၅၇၃ ၄၃၅-၅၇၄ ၄၃၅-၅၇၃ -ချန်နိုင်း ၇၁၂ ၇၁၂ ၇၃၁ ၇၄၀MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ယခုတစ်ပတ် မတ်ပဲအရောင်း အဝယ် ပြန်ဖြစ်လာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၀၀၀ နီးပါးသာ စာချုပ် ရှိခဲ့ပေမဲ့ ယခုနိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိမှာတော့ တန်ချိန် ၁၃၀၀၀ ကျော် အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဘက်မှာ ယခင်မြန်မာနိုင်ငံက တင်သွင်းတဲ့ မတ်ပဲအချို့မှာ မိုးမိပဲပါဝင်မှုကြောင့် အရည် အသွေး ကိစ္စစကားပြောဆိုရမှုများ ရှိနေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလခန့်တွင် အဝယ်ပြန်လိုက်လာနိုင်ပေမဲ့ အရည်အသွေးကို ထိန်းရောင်းဖို့တော့ လိုတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်အသင့်အတင့်ဖြစ်ပေမဲ့ အရည်အသွေး အရ ဈေးနှုန်းကျဆင်းမှု ရှိခဲ့ပါတယ်။ FOB ဈေးကျဆင်းမှုနဲ့အတူ ပြည်တွင်းပဲဈေး များလည်း သိသိသာသာလျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေး နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၈-၁၁-၁၁ ၆၆၀-၆၈၀ ၇၀၀-၇၂၀၁၁-၁၁-၁၁ ၇၃၀-၇၅၀ ၈၀၀-၈၂၀MIRT(MAPT)
ယခုတစ်ပတ် မတ်ပဲတင်ပို့မှုကတော့ အနိမ့်ဆုံးကို ကျဆင်းနေပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၃၈၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၅၀၀ သာ တင်ပို့မှုနိုင်တဲ့အတွက် တင်ပို့မှု ကျဆင်းနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၄၅၂၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၉ သန်း ကျော်ရရှိပြီလို့ သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ တန်ချိန် ၃၁၂၀၀၀ ကျော်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၂၁ သန်းကျော်ရှိလို့ ယခုနှစ်မှာ မတ်ပဲတင်ပို့မှု ပမာဏတန်ချိန် တစ်သိန်းခွဲခန့် ပိုမိုတင်ပို့ပြီဖြစ်တာ တွေ့ရပါတယ်။ လက်ရှိအခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပမာဏ လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
၂၀၁၁-၁၂ သီးနှံရာသီမှာ ကမ္ဘာ့သကြားထုတ်လုပ်မှုဟာ ၄ ရာခိုင်နှုန်းတိုးပြီး၊ တန်ချိန် ၁၇၃ ဒသမ ၁ သန်းရှိမယ်လို့ FAO မှ ခန့်မှန်းထားပါတယ်။ ၂၀၁၀-၁၁ သီးနှံရာသီ (အောက်တိုဘာ-စက်တင်ဘာ) အတွင်း ကမ္ဘာ့သကြားထုတ်လုပ်မှုတန်ချိန် ၁၆၆ ဒသမ ၃ သန်းခန့်ရှိတယ်လို့လည်း FAO စာရင်းများအရသိရပါတယ်။ ဒုတိယနှစ်အဖြစ် ကမ္ဘာ့ထုတ်လုပ်မှုဟာ စားသုံးမှုထက် ကျော်လွန်နေတယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုခန့်မှန်းခြင်းဟာ ကြံစိုက်ပျိုးတဲ့နိုင်ငံတွေမှာ ဧရိယာတိုးချဲ့လာတာ ကြောင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ လကျော်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ခြင်းက မြေသြဇာနဲ့ အခြားသွင်းအားစု ပိုမိုသုံးစွဲဖို့ဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ထုတ်လုပ်မှုက ၁၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ၂ ရာခိုင်နှုန်းခန့် တိုးတက်နိုင်တယ်လို့ဆိုပါတယ်။ ထုတ်လုပ်မှု မြင့်တက်ပေမဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အားနည်းခြင်းက ဈေးကွက်ကိုသက်ရောက်နိုင်တယ်လို့ FAO က ခန့်မှန်းထားပါတယ်။ တင်သွင်းနိုင်ငံများမှာ ရောင်းချမှုပိုမို လာခြင်း က တင်သွင်းမှုကိုလျော့ကျစေပြီး ကမ္ဘာ့ကုန်သွယ်မှုကိုလည်း ၆ ရာခိုင်နှုန်းခန့် ကျဆင်း စေနိုင်တယ်လို့ဆိုပါတယ်။ နိုင်ငံတကာသကြားဈေးက ထပ်မံအားလျော့စေနိုင်ပေမဲ့ သိုလှောင်မှုပြန်လည် မြင့်တင်ဖို့ ဝယ်လိုအားက ဈေးနှုန်းကိုအထောက်အပံ့အနည်းငယ် တော့ ဖြစ်လာနိုင်ပါတယ်။ ၂၀၁၁ အောက်တိုဘာလအတွင်း ကမ္ဘာ့သကြားဈေးက တစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဒသမ ၄၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၆၁) ရှိနေ ပါတယ်။ ယမင်းခင်၊ Source:bloomberg
အောက်တိုဘာလမှာ ကန်ဒေါ်လာ ၁၆ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၉၃၉၈ တန်ခန့် မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် ၁၅၂၇၉ တန်ခန့်နဲ့ အနီးစပ်ဆုံးကာလထက် ၂၀၇၀၉ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ အောက်တိုဘာလအထိ တန်ချိန် ၂၉၉၅၀၀ တင်ပို့ထားပြီး ယမန်နှစ် ကာလတူထက် တန် ၁၅၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူထက် တင်ပို့မှုပိုမိုရခြင်းမှာ တစ်ဘက်နိုင်ငံမှ ပြောင်းဝယ် လိုအားရှိသလို မိမိဘက်မှာလည်း ဘဏ္ဍာနှစ်ပြောင်းထွက်ရှိမှုများပြားခြင်း၊ အခွန်သက်သာခွင့်ရရှိ သဖြင့် တင်ပို့မှု များလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပြောင်းထွက်ရှိမှုများ ပြားသော်လည်း ပြောင်းကို တရုတ်ပြည်မမှ သယ်ယူခြင်းထက် မိမိနယ်စပ်ဖက်မှ ဝယ်ယူ ခြင်းက သယ်ယူစရိတ်ပိုမိုသက်သာတာကြောင့် ဝယ်လိုအားရှိတဲ့ပို့ကုန်ဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း မကြာခဏရာသီဥတု ဖောက်ပြန်မှု၊ မိုးခေါင်မှုတို့ကြောင့် ဒေသ ပြောင်းထွက်ရှိမှု နည်းပါးတဲ့အတွက် တရုတ်ဘက်မှ ဝယ်လိုအားရှိခြင်း၊ မိမိဖက်မှ တင်ပို့လျက်ရှိတဲ့ ပြောင်းဖူးစေ့ကို ယူနန်ပြည်နယ်ကတစ်ဆင့် တရုတ်ပြည်တွင်းပိုင်း စီချွမ်ပြည်နယ်အထိ တင်ပို့လျက်ရှိတာဖြစ်ပါတယ်။ မိမိပြောင်းကို တစ်ဖက်နိုင်ငံမှ ပိုမိုဝယ်ယူတဲ့အနေအထားရှိပြီး ၁၀၅ မိုင်ကုန်စည်ဒိုင်မှာ တစ်ဖက်ဝယ်လက်အား တိုက်ရိုက် ခေါ်ယူရောင်းချတဲ့အတွက် မိမိကုန်သည်များ စိတ်ကြိုက်ဈေးနှုန်းနဲ့ ဈေးကွက်ထိန်းကာ ရောင်းချနိုင်လျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်က အများ ဆုံး တင်ပို့နေတဲ့ ပြောင်းဖူးအမျိုးအစားမှာ ရှမ်းပြောင်းဖြစ်ပြီး ပြည်တွင်း ဈေး၊ သယ်ယူပို့ဆောင်စရိတ်နဲ့ အခွန်အခများအရ အရင်းသင့်ငွေများပြီး အမြတ်နည်း နည်းဖြင့် အရေအတွက် များများ တင်ပို့နေတာဖြစ်ပါတယ်။ အာဆီယံ စံသတ်မှတ် ချက်အရ ကုန်ပစ္စည်းတန်ချိန် ကန့်သတ်မှု ကြောင့် သယ်ယူပို့ဆောင်မှုစရိတ်များမှာ ယခင်ကပြောင်းတစ်ပိဿာ ၄၅ ကျပ်မှ ယခု လကုန်မှာ တစ်ပိဿာ ၈၀ ကျပ်အထိ မြင့်တက်လာခြင်းဟာ အရင်းသင့်ငွေများ စေတဲ့ အကြောင်းချက်တစ်ခု ဖြစ်ပါတယ်။ Source: နကသ၊ ချမ်းးမြေ့ေ့မောင်
တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်တို့မှ ကန်ဒေါ်လာ ၅ ဒသမ ၇၃၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၀၄၇၉ တန် အပို့ ရှိခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ၁ ရက်ကို ပြောင်းကားပျမ်းမျှအစီးရေ ၁၅၀ ခန့်ထိ အများဆုံးအဝင်ရှိခဲ့ပါတယ်။ နယ်စပ် အလိုက် ပြောင်းတင်ပို့မှုတွေကတော့ မူဆယ်မှ ၁၉၈၇၉ တန်ကျော်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းများမှ တန် ၃၀၀ စီ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ် ကထက် တန် ၂၂၈၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် ဧပြီလမှ အောက်တို ဘာလထိ နယ်စပ်မှ ပြောင်း ၃၃၆၉၄၅ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ် မှာ မိမိဘက်မြေပြင်ပြောင်းဈေး ပြောင်းလဲမှုမရှိဘဲ တစ်ဘက်နိုင်ငံဈေး ၆ ဒေါ် လာခန့် လျော့နည်းခဲ့တယ်လို့ သိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၄၆၈၁ ၂၂၄၆၈၁ - - ၂၉၄ ၃၀၀ ၆ ၂MIRT(DOBT)