Main menu

Background

Tuesday, 8 Nov 2011

               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၅ ဒသမ ၀၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၁၉၄ တန်ခန့်ကို အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၇၂၉၉ တန် အပို့ရှိခဲ့တာဖြစ်ပြီး မူဆယ် ရော ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှုပိုမိုခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ ၁၇၆၅၈ တန်နဲ့ ချင်းရွှေဟော်မှ ၅၃၆ တန် အသီးသီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပြောင်းဈေးများ ယခင်အပတ်ကထက် မြင့်တက်လျက်ရှိပါတယ်။ နှစ်ဘက်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်-                                  မိမိဘက်(ကျပ်/တန်)                              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု           ယခင်      ပြောင်းလဲမှု    %     ယခု     ယခင်  ပြောင်းလဲမှု     %ပြောင်းဖူးစေ့      ၂၂၄၆၈၁    ၂၁၉၉၄၀     ၄၇၄၁      ၂ .၂     ၃၀၀    ၂၉၉         ၁             ၀ .၃၃နှံစားပြောင်း       ၂၂၀၀၆၀    ၂၁၄၉၃၉        ၅၁၂၁    ၂ .၄     ၃၆၃    ၃၆၁        ၂             ၀ .၅၅MIRT(DOBT)

Tuesday, 8 Nov 2011

                အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်း မှ ကန်ဒေါ်လာ သုည ဒသမ ၆၂၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၁၇၈ တန်ကို ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတို့သို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူး စေ့တန် ၂၆၂၆ တန် အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက် တင်ပို့နိုင်မှု တွေကတော့ ဗီယက်နမ်သို့ ၁၅၆၈ တန်နဲ့ စင်္ကာပူသို့ တန် ၆၁၀ ဖြစ်ပါတယ်။ ယခု အပတ်နယ်စပ်မှ ပြောင်း ၁၈၁၉၃ တန်အပို့ရှိပြီး ယခင်အပတ်ကထက် ၇၂၉၉ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ FOB(ရန်ကုန်)ဈေးကတော့ ပြောင်းတစ်တန် ကန် ဒေါ်လာ၂၈၅ မှ ၃၀၅ ကြား ဈေးပေါက်လျက် ရှိပါတယ်။ KZW

Tuesday, 8 Nov 2011

                  ရေနံစိမ်းဈေးနှုန်းကျဆင်းမှု၊ ရှယ်ယာဈေးနှုန်းကျဆင်းမှုနဲ့ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုတို့ကြောင့် ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားလည်း ကျဆင်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် နိုဝင်ဘာ၁ ရက်က ရော်ဘာကြိုပွိုင့်ဈေးနှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။                 ဧပြီလသင်္ဘောတင်မယ့် ရော်ဘာကြိုပွိုင့်ဈေးနှုန်းကတစ်ကီလိုဂရမ်ကို ၇ ဒသမ ၂ ယန်းဈေးကျသွားကာ ၃၀၀ ဒသမ ၇ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၈၄၀ ဒသမ ၃၅)နဲ့ တိုကျိုကြိုပွိုင့် ရောင်းဝယ်ရေးမှာ ချုပ်ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ သင်္ဘောတင်မယ့် ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၇၁၀ ယွမ်ဈေးကျသွားကာ ၂၇၁၀၅၀ ယွမ် (တစ်တန်ကို ကန်ဒေါ်လာ ၄၂၆၂) နဲ့ ချုပ်ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရေနံစိမ်းဈေးနှုန်းကျဆင်းမှုကြောင့် ကုန်သွယ်မှု ပမာဏလျော့ကျသွားခဲ့ပေမဲ့လည်း အမေရိကန်ဒေါ်လာက ဂျပန်ယန်းငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးတက်သွားခဲ့ကြောင်း သိရှိရတယ်။                   အမေရိကန်ပြည်ထောင်စုရဲ့ အောက်တိုဘာလအတွက် မော်တော်ယာဉ်အရောင်းက ၈ လ အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်းနဲ့ ဟွန်ဒါနဲ့ တိုယိုတာအမျိုးအစားကားတွေနဲ့ ထရပ်ကားတွေ ဝယ်လိုအား ကောင်းမွန်ခဲ့ကြောင်း သိရှိရတယ်။ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ရေလွှမ်းမိုးမှုအဆိုးရွားဆုံးကြောင့် ထိုင်းနိုင်ငံ မော်တော်ကား စက်ရုံတွေ ပိတ်ထားမှုကြောင့် ကားထုတ်လုပ်မှုကျဆင်းသွားမှာဖြစ်ကြောင်း ဟွန်ဒါမော်တော်ကား ထုတ်လုပ်ရေးက ပြောကြားလိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:rubbermarketnews.net

Tuesday, 8 Nov 2011

                 အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းဈေးကွက်မှာတော့ အရှေ့မြောက်မုတ်သုံမိုး မပြတ်သေးတာကြောင့် ရောင်းလိုအား စိုးရိမ်ဖွယ်ရှိပြီး ရော်ဘာဈေးအနည်းငယ်ပြန်တက်လာကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာလည်း အခြေအနေ ကောင်းဖွယ်ရှိပြီး ဈေးနှုန်း အတက်အကျကတော့ ယခုအထိမကွဲပြား သေးကြောင်း သိရပါတယ်။ ယခုနှစ်အတွက် အိန္ဒိယရဲ့ရော်ဘာသုံးစွဲမှုက ကျဆင်း နိုင်ပြီး ယခင်နှစ်က ၄ ဒသမ ၃ရာခိုင်နှုန်းရှိရာကနေသုည ဒသမ ၉ရာခိုင်နှုန်းကို ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ရော်ဘာ ကဏ္ဍမှာတော့ အတိုးနှုန်းမြင့်တက်မှု၊ ရေနံ ဈေးနှုန်းနဲ့ အခြားကုန်ကြမ်းအသုံးစရိတ်တွေက ထိခိုက်စေခဲ့ကြောင်း သိရပါတယ်။                  မော်တော်ကားတာယာ ထုတ်လုပ်သူများအသင်း (ATMA)ရဲ့စာရင်းများအရ ယခုဘဏ္ဍာနှစ် ပထမ (၅) လမှာ စီးပွားရေး လုပ်ငန်းသုံး ကားကြီးများ တာယာထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခရီးသည်တင်ကားတာယာထုတ်လုပ်မှု ၉ ရာခိုင်နှုန်း နဲ့ အပေါ့စားလုပ်ငန်းသုံး ကားတာယာထုတ်လုပ်မှု ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ပျမ်းမျှအားဖြင့် အိန္ဒိယရဲ့ ရော်ဘာဝယ်လိုအား ၆၀ ရာခိုင်နှုန်းဟာ ကားတာယာထုတ်လုပ်ရေး လုပ်ငန်းများမှ ဖြစ်ကြောင်း သိရပါတယ်။ Source:business line,KZW

Tuesday, 8 Nov 2011

                ထိုင်းနိုင်ငံရဲ့ရေကြီးမှုနဲ့ မလေးရှားနိုင်ငံရဲ့ ရော်ဘာစိုက်ဧရိယာ နည်းပါးမှုက ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ဖြစ်ပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်း ပြန်လည်မြင့်တက်စေနိုင်ကြောင်း သိရပါတယ်။ ရေနံစိမ်းကို ကုန်ကြမ်း အဖြစ်သုံးရတဲ့ ရော်ဘာတု ဈေးနှုန်းမြင့်တက်ခြင်းက ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာရဲ့အလားအလာကို မြင့်တက်စေ နိုင်ကြောင်းသိရပါတယ်။ တိုကျိုကုန် စည်ဒိုင် (TOCOM)မှာ နိုဝင်ဘာလအတွက်ဈေးနှုန်းတစ်ကီလိုကို ၂၈၈ ဒသမ ၈ ယန်းကနေ ၂၉၆ ဒသမ ၆ ယန်းအထိ မြင့်တက်ခဲ့ပါတယ်။အရှေ့မြောက်ဒေသမုတ်သုံမိုးကြောင့် ရော်ဘာစိုက်ပျိုးတဲ့ အိန္ဒိယမှာလည်း ပြည်တွင်းဈေးတွေ မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE) မှာ နိုဝင်ဘာလအတွက် အရောင်းအဝယ်က တစ်ကီလိုကို ၂၁၀ ရူပီးကနေ ၂၁၅ ရူပီးကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံက အများဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး မလေးရှားနဲ့ အိန္ဒိယက တတိယနဲ့ စတုတ္ထမြောက် ထုတ်လုပ်သူတွေဖြစ်ပါတယ်။ Source:Commodity online,KZW

Tuesday, 8 Nov 2011

                အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုနု်သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၅၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၃၅၅ တန်ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၁၇၇ တန်လျော့နည်းခဲ့ပါတယ်။ အောက်တိုဘာ အစောပိုင်းမှာ ကမ္ဘာ့ ရော်ဘာဈေးများ ကျလာပြီး ချင်းရွှေဟော် ဈေးကွက်မှာလည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ RSS-3 တစ်တန်လျှင်၂၇၅၀၀ယွမ်မှ ၂၄၀၀၀ ယွမ်ထိကျဆင်းသွားကြောင်း ၊ ဈေးကွက်ဝယ်လိုအားလည်း မရှိသဖြင့် အရောင်း အဝယ်မဖြစ်၍ ရော်ဘာအပို့ကျခဲ့ခြင်းဖြစ်ကြောင်း လကုန်ပိုင်းမှ ယွမ် ၂၅၀၀၀ ခန့်ထိ ဈေးပေးလာသဖြင့် အရောင်းအဝယ် အနည်းငယ်ရှိလာကြောင်း ချင်းရွှေဟော်မှ ချယ်ရီသစ္စာ ကုမ္ပဏီဒါရိုက်တာ ဒေါ်လွင်လွင်မာ ကပြောကြားခဲ့ပါတယ်။                  စခန်းအလိုက် ရော်ဘာတင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင်မှ MSR -20 ၄၅ တန်ခွဲ၊ MSR -50 ၉၃ တန်ခွဲ၊RSS-3 ၆၇ တန် ၊ မြိတ်နယ်စပ်မှRSS-5 တန် ၅၀ နဲ့ MSR -50  တန် ၅၀ ၊ ချင်းရွှေဟော်နယ်စပ်မှ RSS-3  ၃၉ တန်ခန့်နဲ့RSS-5 ၉တန်ကျော်ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး တစ်ခုလုံးရဲ့ ရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ MSR -20 ၄၅ တန်ကျော်၊ MSR -50 ၁၄၃ ဒသမ ၅၂ တန်၊ RSS-3 ၁၀၅ ဒသမ ၇ တန်၊RSS-5 ၅၉ ဒသမ ၅ တန်အသီးသီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ယခုအပတ် ရော်ဘာ မြေပြင်ပေါက်ဈေးမြင့်လျက်ရှိပါတယ် -                                                 မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု                ယခင်   ပြောင်းလဲမှု    %           ယခု           ယခင်    ပြောင်းလဲမှု       %RSS-3        ၃၁၈၈၄၈၈    ၃၁၈၄၂၀၁    ၄၂၈၇       ၀ .၁၃     ၃၉၄၉          ၃၉၂၉      ၂၀              ၀ .၅RSS-5       ၂၉၁၉၆၈၈     ၂၉၁၅၄၀၁    ၄၂၈၇       ၀ .၁၄      ၃၇၉၁         ၃၇၇၂      ၁၉              ၀ .၅MIRT (DOBT)

Tuesday, 8 Nov 2011

              အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာအဆင့်စုံ ၆၄၂ တန်ခန့် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၇၁ သန်းဖိုးကို ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂၇၀ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၃၇၀ ကျော်ပိုမိုတင်ပို့နိုင်ပါတယ်။ ရော်ဘာအဆင့်လိုက် ပြည်ပသို့ တင်ပို့မှုတွေကတော့ ဗီယက်နမ်သို့MSR-20  တန် ၁၆၀ ၊ စင်္ကာပူသို့MSR-20 တန် ၂၀၂ တန်ခန့် ၊ တရုတ်သို့MSR-20 တန် ၁၄၀ နဲ့ မလေးရှားသို့RSS-3 တန် ၄၀ နဲ့RSS-5 တန် ၁၀၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ၃၅၅ တန် အပို့ရှိပြီး ယခင်အပတ်ကထက် ၁၇၇ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ် FOB (ရန်ကုန်) ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ကန်ဒေါ်လာ ၃၅၀၀ မှ ၃၆၀၀ သို့ ဈေးပေါက်လျက်ရှိပါတယ်။ KZW

Tuesday, 8 Nov 2011

                                                              အိန္ဒိယမွန်ဘိုင်းဈေးကွက်                                                   ၂-၁၁-၂၀၁၀           (ဒေါ်လာ/တန်)   ၂၅-၁၀-၂၀၁၁၂-၁၁-၂၀၁၁  ပြောင်းလဲမှု   မတ်ပဲ    ၇၆၇   ၇၅၂  ပဲတီရွှေဝါ      -     -     - ပဲစင်းငုံ     ၆၃၆     ၆၃၀  ကုလားပဲဖြူလုံးကြီး         -       -  

Tuesday, 8 Nov 2011

                                                                ရန်ကုန် FOB ဈေးနှုန်း                                              ၄-၁၁-၂၀၁၁                       (ဒေါ်လာ/တန်) ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ)      745   740  မတ်ပဲ (အက်စ်ကြူ)    810    800  ပဲတီစိမ်း (ပခုက္ကူ)    740  740  ပဲတီစိမ်း (ရွှေဝါ)   880   820  ပဲတီစိမ်း (အညာ)   720  720  ပဲစင်းငုံ (အနီ) (သစ်)   560   560  ပဲစင်းငုံ (ဖြူနီ) (သစ်)  460  460  ပဲစင်းငုံ (ဖြူ) (သစ်)   460  460   ကုလားပဲဖြူလုံးကြီး  1000   980   ပဲလွန်းဖြူ (အက်ဖ်အေကြူ)    840  790  ပဲလွန်းဖြူ (အက်စ်ကြူ)   950   900  မြေထောက်ပဲ      740  740  ထောပတ်ပဲ  730   730          သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် အနိမ့်ဆုံးဈေးနှုန်း ဖြစ်သည်။

Tuesday, 8 Nov 2011

                            အိန္ဒိယနိုင်ငံ စားသောက်ကုန်နဲ့ စားသုံးသူရေးရာ ဝန်ကြီးဌာနက ကြက်သွန်နီအတွက် ပို့ကုန် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်  minimum export price (MEP)ကို ထပ်မံလျှော့ချပေးတော့မှာ မဟုတ်ကြောင်းနဲ့ သကြားတင်ပို့မှု ကို ခွင့်ပြုသွားမှာမဟုတ်ကြောင်း နိုဝင်ဘာလ ၂ ရက် သတင်း အရ သိရှိရပါတယ်။                              MEP ဈေးနှုန်းကို ထပ်မံလျှော့ချပေးလိုက်ပါက ပြည်တွင်း ဈေးကွက်မှာ ကြက်သွန်နီဈေးနှုန်းတွေ ထပ်မံမြင့်တက် လာမှာ စိုးရိမ်တာကြောင့် ဝန်ကြီးများ တွေ့ဆုံဆွေးနွေးကာ စဉ်းစားခဲ့ကြခြင်းဖြစ်တယ်။                               ယခုလောလောဆယ်ပြည်တွင်းဈေးကွက်မှာ ကြက်သွန်နီရောင်းလိုအားက နိုဝင်ဘာလ ကြက်သွန်နီ အသစ် ဈေးကွက်ကိုဝင်ရောက်ချိန်အထိ အကန့်အသတ်ရှိနေမှာ ဖြစ်တယ်။ တကယ်လို့ MEP  ကိုနှိမ့်ချပေးလိုက် ပါက ကြက်သွန်နီ ထုတ်လုပ်သူတွေက ပြည်တွင်းမှာ ရောင်းချမှာထက် ပိုမို တင်ပို့နိုင်မယ့် မက်လုံးတွေကိုရရှိမှာ ဖြစ်ရာ ကြက်သွန်နီ အသစ် နိုဝင်ဘာလ ဈေးကွက်ကိုမရောက်ခင် ကြက်သွန် ဈေးနှုန်းတွေ မြင့်တက်သွားနိုင်မှာဖြစ်တယ်။                                အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ကြက်သွန်နီဈေးနှုန်းက ထိခိုက်လွယ်ပြီး ဝယ်ယူသူတွေက အိန္ဒိယ ကြက်သွန်နီထက် ဈေးပိုမိုသက်သာတဲ့တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေမှ ပြောင်းလဲ  ဝယ်ယူနိုင်မှာဖြစ်တယ်။ ဒါ့အပြင် သကြားကိုပြည်တွင်းဈေး ကွက်မှာသကြားအသစ်မရောက်မချင်း နောက်ထပ်တင်ပို့ ခွင့်ပြုဦးမှာ မဟုတ်ကြောင်း သိရှိရတယ်။ တင်ပို့ခြင်းနဲ့ တင်သွင်းခြင်းတို့ကို ခွင့်မပြုမီ မိမိတို့ရဲ့ထုတ်လုပ်မှု၊ ဝယ်လိုအားနဲ့ ရောင်းလိုအား ဖြစ်နိုင်ခြေတို့ကို တွက်ချက်ရမှာဖြစ်တယ်။                               စက်တင်ဘာလက အစိုးရက ကြက်သွန်နီ ပို့ကုန် တားမြစ်ချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ပြီး အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၄၇၅ ဖြစ်တယ်။ နှစ်စဉ်ကြက်သွန်နီထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို ပုံမှန် kharif (ဇူလိုင်လမှအောက်တိုဘာလ အတွင်း) ရာသီမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းကို kharif  ရာသီနှောင်းပိုင်းမှာ ထွက်ရှိတယ်။ ကျန်ကြက်သွန်နီ က rabi  (အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း) ရာသီ မှာ ထွက်ရှိတယ်။                            ကြက်သွန်နီအဓိက စိုက်ပျိုးတဲ့ နိုင်ငံတွေမှ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ စပိန်၊ တူရကီ၊ ဘရာဇီး၊ အီတလီ၊ အီဂျစ်နဲ့ ပါကစ္စတန်နိုင်ငံတို့ ဖြစ်ကြတယ်။ အိန္ဒိယကြက်သွန်နီ ပို့ကုန်အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကြောင့် ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရည်လျော့ကျ လျက် ရှိကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊ Source: business-standard.com

Pages