Main menu

Background

Sunday, 30 Oct 2011

                ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ မင်းတုန်း၊ ကံမဘက်မှ ဆက်လက်ဝင်ရောက်လျက် ရှိခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၁၀၀ နီးပါးအထိ ဝင်ရောက်မှုရှိပြီး၊ ဈေးနှုန်းကတော့ တစ်တင်း ၁၆၂၀၀ ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးလျော့သွားခဲ့ပါတယ်။ ပဲအဟောင်းရော အသစ်ပါ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်အိတ် ၃၀၀ အထိ အရောင်း သွက်လာခဲ့တယ်လို့ သိရပြီး၊ ယခုအောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရန်ကုန်သို့ အိတ် ၂၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းအသစ်များ ပြည်ဈေးကွက်သို့ ဝင်ရောက်မှုများလာခင်ဆွေဝင်း

Sunday, 30 Oct 2011

                 ရာဂျက်စသန်နဲ့ ကာနာတာကာ ပဲထုတ်လုပ်ရာဒေသများမှ ပဲဝင်ရောက်မှုကျဆင်းလို့ အရည်အသွေးကောင်း ပဲတီစိမ်းဈေးအနည်းငယ်တက်ပေမဲ့ ပြုပြင်ပြီး ခွဲခြမ်းတွေ ရောင်းထွက်မှုနည်းလို့ ဈေးငြိမ်နေပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းဈေး တစ်တန် ရူပီး ၄၂၀၀၀-၄၃၀၀၀ (ကန်ဒေါ်လာ ၈၅၂-၈၇၂) ရှိနေချိန်မှာ အရည်အသွေးနိမ့်ပဲကတော့ ရူပီး ၂၄၀၀၀-၃၁၀၀၀ (ကန်ဒေါ်လာ ၄၈၇-၆၂၉) သာရှိတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်တဲ့ ဒေသတွေမှာ လက်ကျန်များများ ကျန်သေးတဲ့အတွက် ဈေးထူးထူးခြားခြား မြင့်တက်ဖွယ် မရှိနိုင်ဘူး လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အချို့ဈေးကွက်များမှ အရည်အသွေးနိမ့် ပဲတီစိမ်းများ ဝင်ရောက်လာဖွယ် ရှိခြင်းကလည်း ပဲဈေးငြိမ်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက် များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                               ဒေါ်လာ/တန်                                        ၂၅-၁၀-၁၁         ၂၄-၁၀-၁၁      ၂၂-၁၀-၁၁            ၂၁-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)        ၈၂၄                  ၈၂၃               ၈၂၃                     ၈၂၈ဒေလီ                                 ၄၈၃-၆၂၃           ၅၀၂-၇၀၂        ၅၀၂-၆၉၂          ၄၇၉-၆၆၉အာကိုလာ                               -                         -                 ၆၆၂-၈၆၃          ၆၃၉-၈၅၈                                        MIRT-MAPT

Sunday, 30 Oct 2011

               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၀ ဒသမ ၁၆၉သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၁၄ တန် ဝန်းကျင်ကို အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ၅၆၄ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းအပို့လျော့ရခြင်းနဲ့ ပတ်သက်ပြီး မူဆယ် ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်အသင်းမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်စုံစမ်း မေးမြန်းသော အခါ တရုတ်ဖက်တွင်ရာသီဥတု အေးနေခြင်း၊ စားသောက်ကုန်မုန့်များတွင် ဓါတုဆိုးဆေးပစ္စည်းများ ပါဝင်မှု ရှိ-မရှိကြပ်မတ် စစ်ဆေးနေတဲ့အတွက် မုန့်ထုတ်လုပ်မှုများ လျော့နည်းနေတာကြောင့် ပဲတီစိမ်းဝယ်လိုအား ကျနေတယ်လို့ ပြောပြပါတယ်။ မိမိဘက်မြေပြင်ဈေး ရော တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများပါ သိသိသာသာ ဈေးကျလျက်ရှိတာ တွေ့ရပါတယ်။ နှစ်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက် ရပါတယ်-                                         မိမိဘက်(ကျပ်/တန်)            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု          ယခင်     ပြောင်းလဲမှု  %    ယခု      ယခင်    ပြောင်းလဲမှု   %ပဲတီစိမ်း   ၅၆၆၄၅၆     ၆၁၃၀၆၆    ၄၆၆၁၀     ၈     ၈၆၄     ၈၉၄             ၃၀        ၃MIRT-MAPT

Sunday, 30 Oct 2011

               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် (အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်)အတွင်းတန်ချိန် ၁၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ဝယ်လိုအားနည်းခြင်းဖြစ်ပြီး တရုတ်ပြည်မှာလည်း ပဲတီစိမ်းအသစ် ထွက်တော့မယ်လို့ ကုန်သည်ကြီး များက ဆိုပါတယ်။ လာမယ့်ကာလတွေမှာလည်း ပဲတီစိမ်းလက်ရှိပမာဏအတိုင်း ပုံမှန်သာ တင်ပို့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။                 ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲတီစိမ်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူတစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၉၄၀-၉၆၀ အသီးသီးနဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                 ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၂၁၀၀ ကျော်နဲ့ ပုံမှန်သာ တင်ပို့မှု ရှိပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်နှေးနေတဲ့အတွက် ပမာဏနည်းနည်းနဲ့ ပုံမှန်တင်ပို့မှုရှိခြင်း ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ် အောက်တိုဘာ၂၁ ရက်အထိပဲတီစိမ်းတင်ပို့မှု စုစုပေါင်းမှာ တန်ချိန် နှစ်သိန်း တစ်သောင်းကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၉၅ သန်းကျော်ရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း ပဲတီစိမ်းတန်ချိန် ၁၄၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၇၁ သန်းကျော်ရှိတာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲတီစိမ်းတင်ပို့မှု ပုံမှန်သာ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Sunday, 30 Oct 2011

               ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ မြေထောက်ပဲ တန်ချိန် ၇၀ နီးပါးသာ တင်ပို့ခဲ့ရာမှ ယခု တစ်ပတ်(အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၂၀ ခန့်ထိ တိုးတက် တင်ပို့ လာနိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများမှာ အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်ပါတယ်။                   ယခုတစ်ပတ်အတွင်း ထော ပတ်ပဲ တင်ပို့မှုမရှိဘဲ ပဲယင်းတန် ချိန် ၂၀၀ ကျော်ကို ဂျပန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။                  FOBဈေးကွက်မှာ ယခုတစ် ပတ်အရောင်း အဝယ်မဖြစ်ကြောင်းနဲ့ မြေထောက်ပဲ FAQ ဈေးမှာ တစ် တန်ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း FAQ မှ ကန်ဒေါ်လာ ၄၈၀-၅၀၀ ဖြစ်ကြောင်းသိရပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ၂၁ ရက်အထိ စုစုပေါင်းတင်ပို့ပြီး စီးမှုဟာ တန်ချိန် ၁၅၉၀၀ ခန့်၊ ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၄ သန်းကျော် ရှိတာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန်ချိန် ၁၆၁၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃ သန်း ကျော်သာရရှိလို့ ယခင်နှစ်တင်ပို့မှု ပမာ ဏပိုမိုပေမဲ့ ဝင်ငွေအားဖြင့် ယခုနှစ်မှာ ပိုမိုရရှိတာ တွေ့ရပါတယ်။                   ယခုတစ်ပတ် အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု အနေနဲ့ တန်ချိန် ၄၀၀ ကျော်ရှိပြီး တင်ပို့ တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။                     ရန်ကုန် FOB ဈေးကွက်မှာ အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက် အတွင်း ပဲလွန်းဖြူ အရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် ၁၂၀ ခန့်သာရှိလို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၄၀၀ ကျော်ထက် လျော့ကျ ခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်းအဝယ်ဖြစ်မှုနည်းပါးလာပါတယ်။                     ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် ဈေးဖြစ်တဲ့ FAQ တစ်တန်ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ငြိမ်နေပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                ပြည်ဈေးကွက်ရဲ့ ပဲစင်းငုံဈေးမှာ အောက်တိုဘာလဆန်းပိုင်းမှ လလယ်ထိ ပိဿာ ၂၀ တစ်တင်းကို ၁၄၅၀၀ ကျပ်ရှိပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အေးခဲ့ပါတယ်။ ယခုအောက်တိုဘာ နောက်ဆုံးပတ်မှာတော့ တစ်တင်းကို ၁၃၅၀၀ ကျပ်သာရှိပြီး၊ လှောင်လက်များ ထုတ်ရောင်းချမှုရှိမှသာ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒါကြောင့် အရောင်းအဝယ်ပုံမှန်မရှိခဲ့ဘဲ အရောင်းအဝယ်ရှိတဲ့ ရက်များမှာတော့ အိတ် ၄၀၀ နဲ့ ၅၀၀ ကြား အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။   ဆုမွန်ဆွေ

Sunday, 30 Oct 2011

                  မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ဒေသထွက်အရောင်းသွက်တဲ့ Export ပဲအချို့လက်ကျန် ပြတ်သလောက် နည်းသွားချိန်မှာ ဒေသခံ ကုန်သည်အချို့နဲ့ ရန်ကုန်ဝယ်လက်ဝယ်လိုအားတက်လာခဲ့လို့ ယခင်အပတ်ကထက် အရောင်းအဝယ် အားကောင်း သွက်လက်ခဲ့ပါတယ်။ ယခုရက်ပတ်ထဲမှာ တစ်တင်းအနိမ့်ဆုံး ၁၂၅၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၃၅၀၀ ကျပ်ထိ ဈေးရလာခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် ကိုအိတ် ၁၅၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ် ကွက်က ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ရာသီဥတုနဲ့ လမ်းပန်းအခြေအနေ အရ မန္တလေးကို အိတ် ၁၀၀၀ ခန့်နဲ့ ရန်ကုန်ကို အိတ် ၁၂၀၀ ခန့်သာ စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Sunday, 30 Oct 2011

                      အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ဝယ်လိုအားရှိတာကြောင့် မြန်မာပဲစင်းငုံလီမွန်နဲ့ ကာနာတာကာပဲစင်းငုံဈေးများ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံလီမွန်နဲ့ ပြည်တွင်းကာနာတာကာ၊ မဟာရပ်ရှတရာ ပဲစင်းငုံဈေးမှာ တစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ်လာ ၆၀) ခန့်ကွာခြားမှုရှိနေပါတယ်။ လတ်တလောဝယ်လို အားကောင်းနေတာကြောင့် ပဲစင်းငုံလီမွန်ဈေး အနည်းငယ်ထပ်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဲအသစ်ထွက်လာတော့မှာဖြစ်လို့ ကာလ တိုအတွင်းမှာ ဈေးတည်ငြိမ် မယ်လို့လည်း အချို့က ခန့်မှန်းထားပါတယ်။ ဈေးကွက် များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန်                   ၂၅-၁၀-၁၁        ၂၄-၁၀-၁၁        ၂၂-၁၀-၁၁           ၂၁-၁၀-၁၁မွန်ဘိုင်း           ၆၃၃-၆၃၈           ၆၃၂                    ၆၁၂                ၆၁၄ဒေလီ               ၆၈၂-၆၈၄        ၆၈၀-၆၈၂            ၆၆၀-၆၆၂        ၆၅၇-၆၅၉ချန်နိုင်း            ၆၁၃-၆၁၈        ၆၁၂-၆၁၇            ၆၀၇-၆၁၂          ၆၀၄-၆၀၉MIRT-MAPT

Pages