Background
ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုသီတင်းပတ် မြေထောက်ပဲတင်ပို့မှု ပိုမိုပြီး ထောပတ်ပဲတင်ပို့မှု လျော့ကျလာတာတွေ့ရပါတယ်။ အောက်တိုဘာလ ၂ ရက်မှ ၇ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၄၈၀ ကျော် တင်ပို့ခဲ့ပြီး ထောပတ်ပဲမှာ တန် ၁၀၀ ခန့်သာရှိလို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ မြေထောက်ပဲ တန် ၄၁၀ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၂၀၀ ခန့်နဲ့ ယှဉ်ရင် မြေထောက်ပဲပိုတင်ပြီး ထောပတ်ပဲ တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အောက်တိုဘာလ ၇ ရက် မှ ၁၃ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၁၃၃ တန်သာ ဖြစ်ခဲ့ပြီး ထောပတ်ပဲ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်းသိရပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အောက်တိုဘာလ ၁၃ ရက်အထိပထမ ၂ ပတ်အတွင်း မြေထောက်ပဲ တန် ၅၁၅ နဲ့ ထောပတ်ပဲတန်ချိန် ၁၄၀ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ ရှိပြီး၊ ထောပတ်ပဲ FAQ တစ်တန်ကန် ဒေါ်လာ ၇၃၀-၇၅၀ ရှိကြောင်း သိရပါတယ်။ MIRT-MAPT
ယခု အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်သို့ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေးမြို့နယ်များမှ ပဲကြီးဝယ်လက်များ အဝယ်ရှိလာတဲ့အတွက် ပဲကြီးရွှေကျွန်း(ကမ်းနား) နှစ်မျိုးလုံး အရောင်းအဝယ်သွက်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများက ပုံမှန်အဝယ်ရှိခဲ့ပြီး၊ ပဲကြီးကမ်းနားသာ အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးမှ လက်ကားဝယ်ယူမှုများ ရှိလာတဲ့အတွက် ပဲကြီးရွှေ ကျွန်းမှာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဈေးနှုန်းမှာ ပဲကြီးရွှေကျွန်း တစ်တင်း ကျပ် ၁၈၀၀၀ ၊ ကမ်းနား တစ်တင်း ၁၅၀၀၀ကျပ်ဖြင့် တစ်ရက်အိတ် ၄၀၀-၅၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုလျော့ကျပြီး ပြည်ပ တင်ပို့မှုပါ ကျဆင်းဖွယ်ရှိတာကြောင့် ပဲဈေးခိုင်မာနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ အထူးသဖြင့် ပဲလုံးတင်ပို့မှု ကျဆင်းတာကြောင့် စုစုပေါင်း ပဲတင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၇ သန်းကို ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်း ပြည်တွင်းပဲသုံးစွဲမှုမှာ ၂၀၁၀- ၂၀၁၁ အလားတူ တန်ချိန် သုည ဒသမ ၈ သန်းရှိနိုင်ပြီး လက်ကျန်ပမာဏမှာ တန်ချိန် ၁ ဒသမ ၃သန်းကို ကျ ဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအလားအလာ အနေနဲ့ ရိတ်သိမ်းမှု အခြေအနေ၊ အပူချိန်၊ ငွေကြေးလဲ လှယ်နှုန်းနဲ့ ကမ္ဘာ့သီးနှံထွက်ရှိမှု အခြေအနေများကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပဲနီလေး ပဲနီလေးအနေနဲ့ အထွက်နှုန်းမှာ ယခင်နှစ် အတိုင်း ဖြစ်နိုင်ပေမဲ့ စိုက်ဧရိယာလျော့ကျတာကြောင့် ထွက်ရှိမှုမှာ ၂၀၁၀-၂၀၁၁ ကထက် ၁၈ ရာခိုင်နှုန်းကျ ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ပဲစိမ်းလုံးထုတ်လုပ်မှုဟာ တန်ချိန် သုည ဒသမ ၆ သန်းကို အနည်းငယ်ကျဆင်း နိုင်ပြီး ပဲနီလေးမှာ တန်ချိန် သုည ဒသမ ၈ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ကျန်များတာကြောင့် ရောင်းချမှုမှာ ၁၇ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၂ ဒသမ ၄ သန်းရှိမယ်လို့ဆိုပါတယ်။ အထူး သဖြင့် တူရကီနဲ့ တောင်အမေရိကားက ဝယ်လိုအား တိုးတက်တာကြောင့် တင်ပို့မှု တိုးတက်နိုင်တယ်လို့ ခန့်မှန်းခြင်းဖြစ်ပါတယ်။ ကုလားပဲဖြူလုံးကြီး ကုလားပဲဖြူလုံးကြီးအနေနဲ့ ၅ နှစ်အတွင်း ပျမ်းမျှ အထွက်နှုန်းနီးပါး ထွက်ရှိပေမဲ့ ရိတ်သိမ်းဧရိယာလျော့ ကျတာကြောင့် ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅၄၀၀၀ ခန့် သာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကာဘူလီ ကုလားပဲနဲ့ ဒေစီကုလားပဲ နှစ်မျိုးလုံး ၂၀၁၀- ၂၀၁၁ ကထက် အထွက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ၂၀၁၀-၂၀၁၁ အတွင်း ဈေးကွက်ပေါက်ဈေး စံချိန်တင် မြင့်တက်ပေမဲ့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း၊ ကုလားပဲစိုက်ပျိုးမှု ကရိကထများခြင်းတို့ကြောင့် ၂၀၁၀-၁၁ အတွင်းမှာ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြ ပါတယ်။ စုစုပေါင်းရောင်းချမှု သိသိသာသာ ကျဆင်း နိုင်ပြီး လက်ကျန်လည်း ကျဆင်းတာကြောင့် ပြည်ပတင် ပို့မှုလည်း ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျနဲ့ တူရကီတို့မှာ ရောင်းချမှုလျော့ကျတာကြောင့် ပျမ်မျှဈေးနှုန်းအနေနဲ့ ပြောင်းလဲမှုမရှိနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။ အမေရိကန် ကုလားပဲဖြူလုံးကြီး ထုတ်လုပ် မှုမှာလည်း ရိတ်သိမ်းဧရိယာကျဆင်းတာကြောင့် တန်ချိန် ၈၀၀၀၀ ကို ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်းရွှေစင် Source: Agriculture and Agri- Food
အောက်တိုဘာလ ဒုတိယပတ်မှာ တစ်ပတ်လောက်ရွာနေတဲ့မိုး စဲသွားခဲ့ပေမယ့် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကတော့ ဆက်လက်အေးနေခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့အပတ်တွေက ဝယ်လိုအား အကောင်းဆုံး ဖြစ်တဲ့ V2 ဟာ ဒီတစ်ပတ်မှာ ရန်ကုန် Export ဝယ်လက်ရှိလို့ တစ်နေ့တင်း ၃၀၀ ခန့်သာ အရောင်း အဝယ် အေးသွားခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ ၉၂၉ တိုင်ပေနဲ့ ကုလားပဲရိုးရိုးကတော့ ကြာဇံ၊ ပဲမှုန့်နဲ့ ခွဲစက်လိုင်းက ပုံမှန်အဆွဲရှိလို့ တစ်နေ့ တင်း ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ပေါက်ဈေး အနေနဲ့ ဠ၂ တစ်တင်း ၂၃၅၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်၊ ၉၂၉ တစ်တင်း ၁၉၂၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်၊ တိုင်ပေတစ်တင်း ၁၉၅၀၀ ကျပ်မှ ၁၉၇၀၀ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၈၅၀၀ ကျပ်မှ ၁၉၀၀၀ ကျပ် အသီးသီးဈေးငြိမ်နေခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း မန္တလေးကို တင်း ၂၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာ ကုန်းလမ်းကနေ စီးဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယလက်ငင်းဈေးကွက်မှာ ကုလားပဲပေါက်ဈေးဟာ ကြိုပွိုင့်ဈေးနဲ့ယှဉ်ရင် ပိုမိုနေတယ်လို့ သိရပါတယ်။ လက်ငင်းဈေးတည်ငြိမ်နေပေမယ့် တင်သွင်းထားတဲ့ ကုလားပဲဖြူလုံးကြီးများနဲ့ အခြားပဲများ စတင်ဝင်ရောက်နေ တာကြောင့် လက်ငင်း ဈေး လျော့ကျမှုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ စက်တင် ဘာလ ၂၇ ရက်နေ့ ကြိုပွိုင့်ဈေး တစ်တန်ကိုရူပီး ၃၆၆၁၀ (ကန်ဒေါ်လာ ၇၄၄) ထိမြင့်တက်ခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန် ရူပီး ၃၀၉၇၀(ကန်ဒေါ်လာ ၆၃၀)ဖြစ်လာခဲ့ပြီး၊ လက်ငင်း ဈေးမှာ ယင်းကာလအတွင်း ရူပီး ၃၆၂၅၀ (ကန်ဒေါ်လာ ၇၃၇)မှ ရူပီး ၃၂၅၈၀ (ကန်ဒေါ်လာ ၆၆၂) ကို ၁၀ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပါဝလီပွဲတော်ပြီးရင်စတင်မယ့်ဆောင်းရာသီစိုက်ပျိုးမှုမှာ ကုလားပဲ စိုက်ဧက ပိုမိုစိုက်ပျိုးဖို့ လက်ရှိဈေးနှုန်းက တောင်သူတွေကို အားဖြည့်ပေးနေ တယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း ဒုတိယဥက္ကဌ Bimal Kothari က ပြောကြားပါတယ်။ ကုလားပဲဟာ ဆောင်းရာသီရဲ့ အဓိက သီးနှံဖြစ်ပါတယ်။ ရာဂျက်စသန်အစိုးရဟာ ကုလားပဲသိုလှောင်မှု ပမာဏ ကန့်သတ်တာကို လည်း ဆောင်ရွက်ခဲ့ရာ ကြိုပွိုင့် ဈေးကွက်များအပါအဝင် ဈေးနှုန်းပြင်ဆင်ပြောင်းလဲ မှုများ ရှိလာပါတယ်။ ကုလားပဲသစ်များ ဖေဖော်ဝါရီလအစပိုင်းမှာ ဝင်ရောက်မှာဖြစ်ပြီး၊ ပြည်တွင်း စားသုံးမှု ပြည့်မီဖို့ တန်ချိန် ၁ သန်းခန့် လိုအပ်မှာဖြစ်တဲ့အနက် တစ်ဝက်ခန့်မှာ တင်သွင်းမှုတွေလုပ်နေတယ်လို့ဆိုပါတယ်။ တင်သွင်းပဲများ စတင်ဝင်ရောက် ရောင်း ချပါက လက်ငင်းဈေးလည်း ပြောင်းလဲလာနိုင်တယ်လို့ ကုန်သည်တစ်ဦးမှ ဆိုပါတယ်။ ယမင်းခင် ၊Source: commodityonline
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်မှာ ကုလားပဲဖြူ လုံးကြီးဈေးခိုင်မာလျက် ရှိပါတယ်။ ဈေးကွက်များကို ပဲဝင်ရောက်မှု ရှိပေမဲ့ လှောင်လက်များ အဝယ်တက်တာကြောင့် ဈေးခိုင်မာနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်း ပဲ စိုက်ပျိုးမှု တိုးတက်ဖွယ်ရှိခြင်းကြောင့် ပဲအထွက်အလားအလာကောင်းမယ့် အခြေ အနေအရ လာမယ့်ရက်တွေမှာ ဝယ်လိုအားနည်းနိုင်တာကြောင့် ဈေးမြင့်တက်မှု တန့်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန်ဈေးကွက် ၁၃-၁၀-၁၁ ၁၂-၁၀-၁၁ ၁၁-၁၀-၁၁ ၁၀-၁၀-၁၁ဒေလီ ၆၆၃-၆၇၃ ၆၅၄-၆၅၉ ၆၅၀-၆၅၅ ၆၄၃ကန်ပါ ၇၁၄ ၇၀၅-၇၁၀ ၇၁၆ ၇၀၅အာကိုလာ ၇၃၅ ၇၂၀ ၇၁၆ ၇၁၅MIRT(MAPT)
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုမှာ အောက်တိုဘာလ ပထမပတ် အတွင်း တန်ချိန် ၆၀၀ ခန့်သာရှိလို့ ယခင်သီတင်းပတ်များထက် သိသိသာသာ လျော့ကျလာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၇ ရက် အထိ စုစုပေါင်း ကုလားပဲတန်ချိန် ၆၃၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၄၀၀ ခန့်သာရှိလို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၆ သောင်းခန့်ပိုပြီး တင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးကွက် ကုလားပဲအရောင်းအဝယ်ဖြစ်မှုမှာ ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ တန်ချိန် ၂၅ ခန့်သာ ရှိလို့ FOB အရောင်းအဝယ်လျော့ကျ လာပြီ ဖြစ်ပါတယ်။ လက်ကျန်နည်းလာသလို ယခုတစ်ပတ် ပြည်ပအဝယ်အေးလို့ အရောင်းအဝယ်ဖြစ်မှုနည်းတာကြောင့် ရန်ကုန် FOB ဈေးမှာ အနည်းငယ် လျော့လာခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှာ ကုလားပဲဖြူလုံး FAQ တစ်တန် ကန်ဒေါ်လာ ၁၀၂၀-၁၀၄၀ ရှိပြီး အောက်တိုဘာလ ၇ ရက်နေ့မှာ ကန်ဒေါ် လာ ၁၀၈၀-၁၁၀၀ ဈေးရှိကြောင်း သိရပါတယ်။ MIRT-MAPT
ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းသီးနှံမှာ အဝင် မရှိတော့ သလို ပွဲရုံအချို့၌သာ လက်ကျန်ပဲများကို မျိုးသမားများ အဝယ် ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၃၀ -၄၀ အထိ အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်ပဲတီစိမ်းဈေးမှာ ဇူလိုင်လဈေးစဖွင့်ချိန်မှာ တစ်တင်း ၁၅၆၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ဇူလိုင်လကုန်တွင် တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေးမြင့် ခဲ့ပါတယ်။ သြဂုတ်လ၊ စက်တင်ဘာလများအတွင်း တစ်တင်း ၁၄၀၀၀ ကျပ်ထိ ဈေးပြန်လျှော့သွားခဲ့ကာ စက်တင်ဘာ လကုန်မှစ၍ မျိုးသမားများ ဝယ်ယူမှုရှိလာတဲ့အတွက် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာ ကြောင့်၊ ယခုနှစ် ပဲစိုက် တောင်သူမှာ ဈေးကောင်းမရခဲ့ဘူးလို့ သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိနေပါတယ်။ ဒါပေမဲ့ အရည်အသွေးအလိုက် ဈေးကွာခြားမှုများကြောင်း သိရပါတယ်။ ရာဂျက်စသန်ရဲ့ အဓိက ထုတ်လုပ်ရာဒေသများမှ ရာသီဥတု မကောင်းခြင်းကြောင့် ပဲအရည်အသွေးပျက်စီးမှုရှိကြောင်း သိရပါတယ်။ ဒေလီဈေးကွက်မှာ ပဲတီစိမ်းအိတ် ၃ သိန်းဝန်းကျင်ခန့်ရှိပြီး သိုလှောင်မှု မြင့်တက်ခြင်းနဲ့ အရည်အသွေးကောင်း ပဲတီစိမ်းကို ပဲခွဲစက်များမှ အဝယ်နည်းခြင်းက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းကြပါ တယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ဈေးကွက် ၁၃-၁၀-၁၁ ၁၂-၁၀-၁၁ ၁၁-၁၀-၁၁ ၁၀-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၈၂၆ ၈၃၈ ၈၃၉ ၈၃၇ဒေလီ ၄၉၀-၆၈၄ ၄၉၀-၉၈၄ ၄၉၁-၆၇၅ ၄၉၀-၆၇၄အာကိုလာ ၆၇၃-၈၇၇ ၆၇၄-၈၇၈ ၆၇၅-၈၈၀ ၆၇၄-၈၇၀MIRT(MAPT)
အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၈၂၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၀၅၀တန်ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၂၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်း ကုန်တက်လည်းနည်းတယ်လို့ ၁၀၅ မိုင်ရှိ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မိမိဘက် မြေပြင် ဈေးအနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲမှုမရှိပါဘူး။ ယခုအပတ် နှစ်နိုင်ငံ မြေပြင်ပေါက် ဈေးများကို ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၇၀၂၅၂၇ ၆၅၃၅၀၀ ၄၉၀၂၇ ၈ ၈၉၄ ၈၉၄ - -MIRT (DOBT)
