Background
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ပဲစင်းငုံဈေး ပြန်မာခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာ သိုလှောင်ထားတဲ့ ပဲများဈေးကွက်ကို ဝင်ရောက်မှု ရှိလာလို့ ဈေးပြန်ဆင်းခဲ့ပါတယ်။ အစောပိုင်း ရက်များက ပဲခွဲစက်တွေက အဝယ်ရှိခဲ့တဲ့အပြင် ရူပီးတန်ဖိုး ကျဆင်းလာတဲ့အတွက် တင်သွင်းပဲစင်းငုံဈေး မြင့် တက်လာခြင်းဖြစ်ပါတယ်။ အမ်ရာဝါတီနဲ့ ဂူဘာကာတို့မှာ သိုလှောင်ပဲများ ထုတ်လုပ်ရောင်းချမှုတွေရှိလာလို့ ယခုရက်ပိုင်း ဈေးပြန်ကျလာခြင်းဖြစ်ပြီး ရာဂျက် စသန်နဲ့ ဥတ္တရာပရာဒေ့ရှ်က ပဲအသစ်များ နောက် ရက် ၂၀-၂၅ ရက်အတွင်း ဝင်ရောက်ဖွယ်ရှိလို့ ကာလလတ်အတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၅-၁၀-၁၁ ၄-၁၀-၁၁ ၃-၁၀-၁၁ ၁-၁၀-၁၁မွန်ဘိုင်း ၆၃၀ ၆၃၂-၆၃၇ ၆၃၄ ၆၃၃ဒေလီ ၆၇၉-၆၈၁ ၆၈၇-၆၈၉ ၆၈၀-၆၈၅ ၆၇၁-၆၇၃ချန်နိုင်း ၆၆၀ ၆၆၀ ၆၃၄ ၆၂၂MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က တန်ချိန် ၇၀၀၀ ခန့် ပြည်ပအရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ယခု အောက်တိုဘာလ ပထမပတ်မှာတော့ တန်ချိန် ၁၄၀၀ ခန့်သာ အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ တစ်လလုံးမှာပဲစင်းငုံဖြူနီ တန် ၃၅၀၀ ကျော်၊ အနီ တန် ၂၂၅၀၀ ခန့်နဲ့ ခွဲခြမ်းတန် ၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၂၇၀၀၀ ခန့် ပြည်ပအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ အိန္ဒိယဈေးကွက်တွေမှာ ပဲဈေးတွေကျဆင်း နေခြင်းနဲ့အတူ ဝယ်လိုအားလည်း နည်းလာတယ်လို့ သိရပါတယ်။ ဘုရင့်နောင် FOB ဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းပြီး လှောင်လက်ကြီးသမားတွေ ရောင်း လို အားများတာကြောင့် ဈေးအနည်းငယ်ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၇-၁၀-၁၁ ၅၉၅-၆၁၅ ၄၇၀-၄၉၀ ၅၈၀-၆၀၀၃၀-၉-၁၁ ၆၀၀-၆၂၀ ၄၈၀-၅၀၀ ၅၉၀-၆၁၀MIRT(MAPT)
ယခုတစ်ပတ် (စက်တင်ဘာလ ၂၅ ရက်မှ ၃၀ ရက်) အတွင်း ပြည်ပကို ပင် လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် ၆၃၀၀ ကျော်တင်ပို့မှုရှိပြီး ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ တစ်လလုံး ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၃၃၀၀၀ ခန့်ရှိပြီး သြဂုတ်လ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၇၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ပဲစင်းငုံတန်ချိန် ၁၆၀၀၀ ခန့် စက်တင်ဘာလမှာ ပိုမိုတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ၂၀၁၀ စက်တင်ဘာ တစ်လလုံးအတွင်း ပဲစင်းငုံတန်ချိန်၉၀၀၀ ခန့်သာတင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ရဲ့စက်တင်ဘာလကုန်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ ပြီးစီးမှုဟာ တန်ချိန် ၁၂၀၀၀၀ ခန့်ရှိပြီ ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်းတန်ချိန် ၅၈၀၀၀ ခန့်တင်ပို့မှုနဲ့ယှဉ်ရင် ယခုဘဏ္ဍာနှစ် မှာ ထက်ဝက် ကျော် ပိုတင်လာနိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ ပဲစင်းငုံ တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT
ပြည်မြို့ရဲ့ ပဲပွဲရုံတွေမှာ မတ်ပဲအဝင်မရှိတော့ဘဲ လှောင်လက်သမားများ လက်ဝယ်ရှိ ပဲများကိုသာ ထုတ်ရောင်းကြတာကို တွေ့ရပါတယ်။ မတ်ပဲတစ်တင်းကို ယခင်အပတ်က ၁၉၅၀၀ ကျပ်ရှိရာမှ ယခုအပတ် ၁၈၅၀၀ ကျပ်ဈေးသို့အေးပြီး တစ်နေ့ကို အိတ် ၆၀၀-၇၀၀ ခန့် ရန်ကုန်ဝယ်လက် အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲစိုက်ချိန်နီးလာပြီဖြစ်၍ လှောင်လက်သမားများမှ ထုတ်ရောင်းချမှုများရှိလာတာ ကြောင့် ပဲဈေးမှာ ယခင်တစ်ပတ် ထက်ဈေးလျှော့ခဲ့တယ်လို့ သိရပါတယ်။ ပြည်မှ ပဲ စီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၆၀၀ ခန့် ရန်ကုန်ဘုရင့်နောင်သို့ တင်ပို့ တယ်လို့ သိရပါတယ်။ မိမိအေး
အိန္ဒိယဈေးကွက်အများစုမှာ သီတင်းပတ်အစပိုင်းက မတ်ပဲဈေးကျဆင်းနေ ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်း မှာတော့ ပြန်လည်ဦးမော့လာပါတယ်။ ဒေသတွင်း ကုန်သည်များနဲ့ နိုင်ငံအထက်ပိုင်းလှောင်လက်များ ဝယ်ယူမှုကြောင့် ပြည်တွင်းမတ်ပဲ ရောပြည်ပကတင်သွင်းမတ်ပဲပါ ဈေးမြင့်လာခြင်းဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ အသစ်များမှာ အရည်အသွေးပေါ်လိုက်ပြီး ဈေးအတိုးအလျော့ရှိတယ်လို့ သိရပါတယ်။ယခုတစ်ပတ်အတွင်း မတ်ပဲဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၅-၁၀-၁၁ ၄-၁၀-၁၁ ၃-၁၀-၁၁ ၁-၁၀-၁၁မွန်ဘိုင်း ၇၇၂-၇၇၇ ၇၆၉-၇၇၅ ၇၆၂-၇၆၇ ၇၇၅ဒေလီ ၅၈၉-၆၉၁ ၅၉၁-၆၉၃ ၅၉၃-၆၉၀ ၅၉၂-၆၇၃ချန်နိုင်း ၈၃၈-၈၄၃ ၈၂၆ ၈၃၈ ၈၄၂MIRT(MAPT)
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ယခုသီတင်းပတ် (စက်တင်ဘာနောက်ဆုံးပတ်)မှာလည်း တန်နှစ်သောင်းကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ စက်တင်ဘာလတစ်လလုံးမှာ ပြည်ပ ကို မတ်ပဲတင်ပို့မှု တန်ချိန် ၈၇၀၀၀ ကျော်ထိရှိပြီး သြဂုတ်လ တစ်လလုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၆၀၀၀၀ ခန့်ထက် တန် နှစ်သောင်းကျော်ပိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က မတ်ပဲတန်ချိန် ၈၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုသီတင်း ပတ် (စက်တင်ဘာလ ၃၀ မှ အောက်တိုဘာလ ၆ ရက်နေ့) အတွင်းမှာ မတ်ပဲ SQ ၊ FAQ နဲ့အခွံချွတ်စုစုပေါင်းတန်ချိန် တစ်သောင်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လ လုံးမှာ မတ်ပဲ SQ တန်ချိန် ၂၈၀၀၀ ကျော်၊ FAQ တန်ချိန် ၆၄၀၀၀ ကျော်နဲ့ မတ်ပဲ အခွံချွတ် တန်ချိန် ၂၇၀၀ ကျော် စုစုပေါင်းတန်ချိန် ၉၅၀၀၀ ခန့် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောဈေးကွက်မှာတော့ ပြည်ပဝယ်လက်အဝယ်နှေးနေလို့ အရောင်း အဝယ်ဖြစ်မှုနည်းနေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း အိန္ဒိယဈေးကွက် တွေကို လည်း ပြည်တွင်းမတ်ပဲအသစ်တွေ ဝင်ရောက်မှုများတဲ့ ကာလဖြစ်လို့ ပြည်ပက အဝယ်နှေးသလို ရန်ကုန်ရှိ ပြည်တွင်းကုန်သည်ကြီးများအနေနဲ့လည်း ကွန်တိန်နာ ငှားရမ်းခ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပုံမှန်ထက် အတင်လျော့တယ်လို့ ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးဈေး တည်ငြိမ် နေပေမဲ့ ပဲအရောင်းအဝယ်နည်းလို့ FOB ဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၇-၁၀-၁၁ ၇၅၅-၇၇၅ ၈၃၀-၈၅၀၃၀-၉-၁၁ ၇၆၀-၇၈၀ ၈၄၅-၈၆၅MIRT(MAPT)