Background
၂၀၁၁-၁၂ အတွက် ကမ္ဘာ့သကြားပိုလျှံမှု တန်ချိန် ၉ ဒသမ ၁၆ သန်းကို လျော့ကျဖွယ်ရှိ ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာကြောင့် အစောပိုင်းက ကမ္ဘာ့သကြားပိုလျှံမှုကို တန်ချိန် ၁၀ ဒသမ ၅၈ သန်းရှိမယ်လို့ ခန့်မှန်းထားရာမှ ၂၀၁၁-၁၂ အတွင်း တန်ချိန် ၉ ဒသမ ၁၆ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ဆွစ်ဇာလန်အခြေစိုက် သုတေသနပညာရှင်Kingsman SA က ပြောကြားပါတယ်။ အောက်တိုဘာလ ၁ ရက်မှာစတင်မယ့် ၂၀၁၁-၁၂ ရာသီအတွက် ကမ္ဘာ့ထုတ်လုပ်မှုရော စားသုံးမှုပါ လျော့ကျမယ်လို့လည်း ဆိုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ သီးနှံထွက်ရှိမှု ပမာဏပေါ် မူတည်ပြီး ကမ္ဘာ့သကြားပိုလျှံမှုလည်းလျော့ကျနိုင်တယ်လို့ ဆိုပါတယ်။ အဓိက ကြံစိုက်ပျိုးရာ နိုင်ငံများထဲမှ အထူးသဖြင့် ဘရာဇီးတောင်ပိုင်းမှာ အထွက်နှုန်း ကျဆင်းဖွယ် ရှိခြင်းကြောင့် ကမ္ဘာ့ထုတ်လုပ်မှုကျဆင်းမယ်လို့ ခန့်မှန်း ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်း၊ တရုတ်နဲ့ အရှေ့အာဖရိက တစ်ခုလုံးမှ ထုတ်လုပ်မှုကျော်လွန်ဖွယ်ရှိတဲ့ အခြေအနေ မသေချာခြင်းအပေါ်လည်းထည့်သွင်း စဉ်းစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁-၁၂ အတွက်တတိယအကြိမ် ခန့်မှန်းချက်အရ ကမ္ဘာ့သကြား ထုတ်လုပ်မှုကို အစောပိုင်းက တန်ချိန် ၁၇၆ ဒသမ ၃၃ သန်းခန့်မှန်းရာမှတန်ချိန် ၁၇၃ သန်းကို လျော့ကျခန့်မှန်းထားပါတယ်။ အလားတူ ၂၀၁၁-၁၂ အတွက် ကမ္ဘာ့ သကြားစားသုံးမှုမှာလည်း အစောပိုင်းက တန်ချိန် ၁၆၅ ဒသမ ၇၆ သန်း ခန့်မှန်း ထားရာမှ ကမ္ဘာ့သကြားဈေး ကြီးမြင့်ခြင်းနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းတို့ကြောင့် တန်ချိန် ၁၆၄ သန်းကိုလျော့ကျခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ၂၀၁၀-၁၁ စားသုံးမှုတန်ချိန် ၁၆၂ ဒသမ ၄၂ သန်းထက်ပိုမိုမယ်လို့တော့ ဆိုပါတယ်။ ယမင်းခင်၊Source: P T I
သကြားဈေးနှုန်း ထပ်မံမြင့်တက်နိုင် ဥရောပနဲ့ ထိုင်းနိုင်ငံရဲ့ သကြားထွက်ရှိမှုက တိုးတက်ဖွယ်ရှိတဲ့တိုင် ဘရာဇီး နိုင်ငံအထွက်လျော့ကျခြင်းကြောင့် သကြားဈေးထပ်မံမြင့်တက်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ သကြားထုတ်လုပ်ပိုလျှံမှုခန့်မှန်းသူ Czarmikow ကပြောကြားပါတယ်။ ဥရောပမှာ သီးနှံအခြေအနေကောင်းမွန်နေတာကြောင့် ၂၀၁၁-၁၂ မှာ တန်ချိန် ၁၇ ဒသမ ၉ သန်းအထိ တန်ချိန် ၅ သိန်း ပိုထွက်မယ့်အပြင် ရုရှားနိုင်ငံကလည်း တန်ချိန် ၇ သိန်း ပိုမိုမယ်လို့ သကြားကုန်သည်များက ခန့်မှန်းထားပါတယ်။ ဒုတိယသကြားတင်ပို့မှု အများဆုံးထိုင်းနိုင်ငံက ကြံထုတ်လုပ်မှုတန်ချိန် ၇ သန်း ပိုမိုပြီး တန်ချိန် ၁၀၃ သန်းအထိ ထွက်ရှိနိုင်လို့ သကြားတန်ချိန် ၁၁ ဒသမ ၃ သန်းအထိ တိုးတက်ထွက်ရှိမယ်လို့ဆိုပါတယ်။ ထိုင်းတောင်သူများ ဈေးအမြင့်နဲ့ ရောင်းချရတာကြောင့် စိုက်ဧကတိုးမြင့်ခဲ့သလို ရာသီဥတုကလည်း သင့်တော်တာ ကြောင့် ကြံအထွက် ပိုမိုလာခြင်းဖြစ်တယ်လို့ Czarmikow ကပြောကြားပါတယ်။ ဒါပေမဲ့ ထိပ်တန်းထုတ်လုပ်သူ ဘရာဇီးရဲ့ အထွက်လျော့ကျမှုကြောင့် ကမ္ဘာ့သကြားပိုလျှံမှုက တန်ချိန် ၅ သန်း- ၅ ဒသမ ၃ သန်းခန့် ကျဆင်းဖွယ်ရှိတယ် လို့ ဆိုပါတယ်။ ဒီလိုအထွက်တိုးပေမယ့် ဥရောပနဲ့အိန္ဒိယတို့က ရာသီဥတုကြောင့် သီးနှံအထွက်ကျဆင်းမယ်ဆိုရင် ၃ နှစ်ဆက်တိုက် ကမ္ဘာ့သကြားမလုံလောက် မှုကြောင့် ကမ္ဘာ့သိုလှောင်မှုကို ဖြည့်ဆည်းဖို့ မလုံလောက်နိုင်ဘူးလို့ဆိုပါတယ်။ စက်တင်ဘာ ၁၄ ရက် သကြားဈေးဟာ တစ်ပေါင်ကန်ဒေါ်လာ ၃၀ ဆင့် (တစ်တန် ကန်ဒေါ်လာ ၆၆၁) နဲ့ အမြင့်မှာပဲရှိနေသေးတယ်လို့ Czarmikow က ထပ်လောင်း ပြောကြားပါတယ်။ ဘရာဇီးနိုင်ငံမှာ ရာသီဥတုခြောက်သွေ့ခြင်း၊ ဇူလိုင်လအစပိုင်းမှာ အလွန် အေးခြင်းနဲ့ ပျမ်းမျှကြံသက်တမ်း ကလည်း ၄ ဒသမ ၁ နှစ်ခန့်ရောက်ရှိလို့ အထွက် နှုန်းကျဆင်းနိုင်ခြင်းအပါအဝင် ဘရာဇီးကြံအထွက်လျော့ကျခြင်းနဲ့ ရင်ဆိုင်ရတာ ကြောင့် ကြံတန်ချိန် ၇၇ သန်းလျော့ကျပြီး တန်ချိန် ၄၉၈ သန်းမှ သကြားတန်ချိန် ၃၇ ဒသမ ၈ သန်းသာ ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နယူးယောက်မှာ အောက်တိုဘာလပို့ရမယ့်သကြားကြမ်းဈေးဟာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၉ ဒသမ ၄၂ ဆင့် (တစ်တန်ကန်ဒေါ်လာ ၆၄၈) ယမင်းခင်၊Source: agrimoney.com
နေပြည်တော် တပ်ကုန်းမှာ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိ တပ်ကုန်းမြို့နယ်မှာ ယခုနှစ်အစေ့ထုတ်ပြောင်း စိုက်ဧက ၂၅၀၀ ကျော်ရှိပြီး၊ အဓိကစိုက်ပျိုးတဲ့ ကျေးရွာ အုပ်စုများမှာ ကျားသေအိုင်၊ ရွှေမြို့၊ ရှောက်ကုန်း၊ ကန်ကြီးအုပ်စုများဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ မျိုးမှာ CP -888 မျိုးဖြစ်ပြီး၊ ယခုအခါ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိနေပြီ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်း စံကွက် ရိတ်သိမ်းပွဲကို စက်တင်ဘာလ ၉ ရက်က ကံကြီးအုပ်စုက တောင်သူ ဦးတင်မြိုင် စိုက်ကွင်းမှာ ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ စိုက်-ညှိအဖွဲ့ဝင်များနဲ့ မြို့နယ်တွင်း ပြောင်းစိုက်တောင်သူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရ ပါတယ်။ စံကွက်ရိတ်ရာမှာ တစ်ဧက ၉၅ တင်းထွက်ရှိကြောင်း သိရပါတယ်။ အစေ့ထုတ်ပြောင်းကို ဧက ၂၀ စိုက်ပျိုးခဲ့ရာ တစ်ဧကကို မျိုးစေ့ ၂၃၀၀၀ ဝန်းကျင်ပါ 5 kg တစ်ထုပ် စိုက်ပျိုးရပြီး၊ တစ်ထုပ်ကို ၁၇၅၀၀ ကျပ်ပေးရကြောင်း ၎င်းင်းစိုက်ခင်းကို စံကွက်ရိတ်သိမ်းရာ၌ ပြောင်းဖူး ၁၃၅ ဖူးကို အစေ့တစ်တင်းရရှိပြီး တစ်ဧကကုန်ကျစရိတ် ၁၆၀၀၀၀ ကျပ် ခန့်ကုန်ကျကာ ယနေ့ပေါက်ဈေး တစ်တင်း ၅၀၀၀ ကျပ်ရောင်းရလို့ တစ်ဧကအမြတ် ၃ သိန်းကျော်ရရှိတယ်လို့ တောင်သူ ဦးတင်မြိုင်က ပြောပါတယ်။ ခင်မောင်ဆွေ
နယ်စပ်မှ ပြောင်းအပို့လည်းပို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံရွှေလီသို့ စက်တင် ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၃၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၇၀၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၀၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၉၈၂ တန်ကျော်နဲ့ နှံစားပြောင်း ၁၄၃ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင်ပြောင်းဈေးများမြင့်တက်နေပြီး တစ်ဘက်နိုင်ငံမှာတော့ပြောင်းစေ့ ဈေးကျပြီး နှံစားပြောင်းဈေး အနည်းငယ် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၀၂၄၅၇ ၁၉၈၅၉၉ ၃၈၅၈ ၂ ၂၈၅ ၂၈၈ ၃ ၁နှံစားပြောင်း ၂၀၀၁၇၁ ၁၉၆၃၅၇ ၃၈၁၄ ၂ ၃၂၉ ၃၁၃ ၁၆ ၅MIRT (DOBT)
ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ပုံမှန် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုညဒသမ ၆၉၄ သန်းတန်ဖိုးရှိ ပြောင်း ၂၃၉၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂၃၀၀ ကျော်တင်ပို့ခဲ့ တာကြောင့် တင်ပို့မှု ပုံမှန်ရှိတယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကို တန် ၂၄၀ ၊ စင်ကာပူကို ၅၅၂ တန်၊ တရုတ်ကို ၃၅၅ တန်၊ ဗီယက်နမ်ကို ၇၄၃ တန်နဲ့ မလေးရှား ကို ၅၀၄ တန် အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ နယ်စပ်ကနေ တန် ၇၄၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၉၀-၃၀၅ အထိဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။KZW