Background
ယခုတစ်ပတ် အိန္ဒိယပဲစင်းငုံဈေးနှုန်း သိသိသာသာမြင့်တက်လာ ယခုတစ်ပတ်အတွင်း အိန္ဒိယဈေးကွက်မှာ ပြုပြင်ပြီး ပဲစင်းငုံတွေကို ပိုမို ဝယ်ယူလာတဲ့အတွက် ပဲစင်းငုံဝယ်အားကောင်းပြီး ဈေးသိသိသာသာ မြင့်တက် လာပါတယ်။ လာမယ့်လများမှာ ပွဲတော်များရှိခြင်းနဲ့ ပဲအသစ် ဈေးကွက်ထဲ ဝင်ဖို့အချိန် လိုနေသေးတာကြောင့် ဈေးနှုန်းမြင့်လာတာဖြစ်ပါတယ်။ ပဲစင်းငုံ စိုက်ပျိုးတဲ့ ဒေသအများစုမှာ ပဲစင်းငုံအခြေအနေကောင်းမွန်နေပြီး ပိုးမွှား ကျရောက်တဲ့ သတင်းမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အစိုဓာတ်များခြင်းနဲ့ မိုးတိမ် ထူထပ်နေခြင်းကတော့ သီးနှံအထွက်မကောင်းဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှု က ယခင်နှစ်ထက် ၁၅ ဒသမ ၇၈ ရာခိုင်နှုန်းလျော့ကျပေမဲ့ ပုံမှန်စိုက်ဧရိယာထက် ၆ ဒသမ ၂၄ ရာခိုင်နှုန်းပိုမိုတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးနှုန်း ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာတန် ၁၅-၉-၁၁ ၁၄-၉-၁၁ ၁၃-၉-၁၁ ၁၂-၉-၁၁မွန်ဘိုင်း ၆၉၀ ၆၅၉-၆၆၄ ၆၆၃-၆၆၉ ၆၇၆ဒေလီ ၇၃၂-၇၃၄ ၇၀၁-၇၀၃ ၆၉၅-၆၉၆ ၆၉၇-၆၉၈ချန်နိုင်း ၆၇၉ ၆၆၄ ၆၆၉ ၆၇၆ MIRT(MAPT)
ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်း ပဲစင်းငုံတန်ချိန် ၇၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၃၀၀ ကျော်သာ ပုံမှန်အရောင်းအဝယ်ရှိခဲ့ပါတယ်။ သင်္ဘောတင် ကွန်တိန်နာ ငှားရမ်းခ ဈေးကြီးမြင့်ပေမဲ့ အိန္ဒိယဝယ်လက်တွေ ပဲစင်းငုံကို အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာလို့ အခြား FOB ဈေးများမြင့် လာပေမဲ့ ပဲစင်းငုံဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ စက်တင်ဘာလ ၁၆ ရက်မှာလည်း ယခင်တစ်ပတ် ဈေးအတိုင်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၆၀၀-၆၂၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ ငုံနီ (အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၉၀-၆၁၀ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ပဲစင်းငုံ တင်ပို့မှု သိသိသာသာမြင့်တက် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ အပတ်စဉ် တန်ချိန် ၃၀၀၀ ကျော်၊ ၄၀၀၀ ခန့်သာ မှန်မှန်တင်ပို့ခဲ့ရာမှ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိ တစ်ပတ်အတွင်းမှာတော့ တန်ချိန် ၁၀၅၀၀ ခန့်အထိ သိသိသာသာ မြင့်တက် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၀ ရက် အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှု တန်ချိန် တစ်သိန်းနီးပါးရှိပြီး ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ငါးသောင်းကျော်ထက် ထက်ဝက်ပိုတင်ပို့ လာနိုင်တာ တွေ့ရပါတယ်။ ပြည်ပအဝယ်ရှိတဲ့ ကာလဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပုံမှန် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
မိုးဆက်လက်ရွာသွန်းနေမှုကြောင့် အိန္ဒိယမတ်ပဲဈေး အားကောင်းလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ မတ်ပဲဈေး အားကောင်းလာပါတယ်။ အဓိကမတ်ပဲစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ အိန္ဒိယအလယ်ပိုင်းနဲ့ ကျွန်းဆွယ်များမှာ မိုးဆက်လက် ရွာသွန်း နေတဲ့အတွက် ရင့်မှည့်သီးနှံများ ပျက်စီးနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း မိုးဆက်လက် ရွာသွန်း မယ့် ခန့်မှန်းချက် ကလည်း ဈေးနှုန်းကိုမြင့်တက်စေပါတယ်။ ဈေးကွက်များ အတွင်း ပဲအသစ်များဝင်ရောက်လာပြီဖြစ်ပေမဲ့ အစိုဓါတ် ပါဝင်မှု မြင့်မားကြောင်း သိရပါတယ်။ မတ်ပဲစိုက်ပျိုးတဲ့ဧရိယာမှာ ယခင်နှစ်ထက်လျော့ကျပေမဲ့ ပုံမှန်စိုက် ဧရိယာဝန်းကျင်ခန့်တော့ ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာဦးမယ်ဆိုရင် ပဲအရည်အသွေး ပျက်စီးနိုင် တာကြောင့် ကာလတိုအတွင်း အရည်အသွေးကောင်း ပဲဈေး ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ် ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာတန် ၁၅-၉-၁၁ ၁၄-၉-၁၁ ၁၃-၉-၁၁ ၁၂-၉-၁၁မွန်ဘိုင်း ၈၅၇ ၈၄၂-၈၄၇ ၈၄၉-၈၅၄ ၈၅၇ဒေလီ ၈၅၇-၈၉၉ ၈၄၂-၈၈၉ ၈၅၅-၉၀၂ ၈၆၂-၉၀၅ချန်နိုင်း ၈၇၃ ၈၄၇ ၈၅၅ ၈၅၇MIRT(MAPT)
ပြည်မတ်ပဲဈေးအေးသလို အရောင်းအဝယ်လည်းအေး ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးမှာ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးသိပ် မကွာလှတာ ကို တွေ့ရပါ တယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးနေပြီး၊ လက်ကျန်ပဲ များကိုသာ ကုန်သည်များက ထုတ်ရောင်းကြတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခုရက် အတွင်းမှာ ရန်ကုန် တင်ပို့မှုလည်း နည်းနေပြီး ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၈၅၀ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ရန်ကုန် FOB အရောင်းအဝယ် တန်ချိန် ၁၈၀၀၀ ခန့်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် မတ်ပဲ SQ ၊ FAQ အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၁၈၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၆၀၀၀ ကျော်ထိ အရောင်း အဝယ် စာချုပ်ခဲ့လို့ ယခုတစ်ပတ်လျော့နည်းတာတွေ့ရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၁၃ ရက်အထိ စုစုပေါင်းပြည်ပအရောင်းအဝယ်ဖြစ်မှုဟာ မတ်ပဲ SQ တန် ၁၇၀၀၀ ကျော်၊ FAQ တန်ချိန် ၃၇၀၀၀ ကျော်နဲ့ အခွံချွတ် စုစုပေါင်း တန်ချိန် ၅၆၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားတက်သလို ဈေးမြင့်လာတဲ့ အတွက် ရန်ကုန် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်တွေ အဝယ်လိုက်လာတယ် လို့ သိရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းမှု ခက်ခဲပြီး ဈေးနှုန်းမြင့်တက်ပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ပြန်လည်မြင့်တက်လာခဲ့သလို ဝယ်လက်များ အဝယ်သွက်လာလို့ အရောင်းအဝယ်ဖြစ်ပြီး FOB ဈေးမြင့်လာခဲ့ပါတယ်။ ဒေါ်လာတန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၆-၉-၁၁ ၇၈၀-၈၀၀ ၈၇၀-၈၉၀၉-၉-၁၁ ၇၇၀-၇၉၀ ၈၆၀-၈၈၀MIRT(MAPT)
ယခုတစ်ပတ်မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ထိတက်လာ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၉၀၀၀ ခန့်သာရှိခဲ့ရာမှ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀၀၀ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ် က ကွန်တိန် နာငှားရမ်းမှုအခက်အခဲနဲ့ ငှားရမ်းခဈေးနှုန်းကြီးမှုတွေကြောင့် တင်ပို့မှု လျော့ကျခဲ့ရာ မှ ယခု တစ်ပတ်မှာ ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၀-၂၀၁၁ စက်တင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၃၄၅၀၀၀ ကျော်ထိ ရှိလာလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၃၇၀၀၀ ခန့်ထက် တန်ချိန် တစ်သိန်းကျော်ပိုတင်လာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ MIRT- MAPT
ကနေဒါမှာ ပဲမျိုးစုံ ထုတ်လုပ်မှုကျဆင်း ယခုနှစ်အတွက် ကနေဒါရဲ့ ပဲထုတ်လုပ်မှုအခြေအနေ မကောင်းနိုင်ဘူးလို့ သိရပါတယ်။ မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ ကြောင့် သီးနံှစိုက်ပျိုးမှုတွေ ထိခိုက်ခဲ့ရလို့ နိုင်ငံရဲ့ထုတ်လုပ်မှုလည်း ထိခိုက်ဖွယ်ရှိနေပါတယ်။ မကြာသေးခင် ခန့်မှန်းချက်အရ ပဲလုံးထုတ်လုပ်မှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၄ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၂၁၂၈ ဒသမ ၃ တန်နဲ့ ပဲနီလေး ထုတ်လုပ်မှုကလည်း ၁၇ ဒသမ ၈၂ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၁၆ဝဝ ဒသမ ၂ သာရှိမယ်လို့ ဆိုပါတယ်။ အလားတူကုလားပဲဖြူလုံးကြီးကလည်း ၂ဝဝ၄ ခုနှစ် နောက်ပိုင်းအနည်းဆုံးအနေနဲ့ ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန်ထောင်ပေါင်း ၅၃ ဒသမ ၉ တန် တာထွက်ရှိမယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ယခင်နှစ်နဲ့ နှိုင်းယှဉ် ဖော်ပြထားပါတယ်။
