Main menu

Background

Sunday, 28 Aug 2011

ပဲစင်းငုံ ပြည်ပအဝယ်လိုက်                ယခုတစ်ပတ် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ပဲစင်းငုံကို အဝယ်လိုက်တယ်လို့ သိရပါတယ်။ ပဲစင်းငုံ အနီစရော၊ ရှမ်းစအကြီးနဲ့ လင်းခေးစများ အရောင်းအဝယ်ဖြစ်မှုဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၁ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၅ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ချုပ် ဆိုမှုမှာ ပဲစင်းငုံဖြူနီ၊ အနီနဲ့ ခွဲခြမ်းစုစုပေါင်း တန်ချိန် နှစ်သောင်းကျော်တယ်လို့ သိရပါတယ်။               ပြည်ပအဝယ်လိုက်ပြီး အရောင်းအဝယ်ဖြစ်မှုများပေမယ့် ပို့ကုန်ဝင်ငွေလဲနှုန်း အပြောင်းအလဲကြောင့် FOB ဈေးကတော့ အပြောင်းအလဲမရှိ ငြိမ်နေတာတွေ့ရပါတယ်။ သြဂုတ်လ ၂၆ ရက် FOB ဈေးအနေနဲ့ ပဲစင်းငုံနီ(FAQ)တစ်တန် ကန်ဒေါ်လာ၅၅ဝ-၅၇ဝ၊ ဖြူနီ (FAQ)တစ်တန် ကန်ဒေါ်လာ ၄၃ဝ-၄၅ဝနဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၄ဝ-၅၆ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT 

Sunday, 28 Aug 2011

ပဲစင်းငုံ တင်ပို့မှု တန်ချိန် ၃၂ဝဝ ခန့်သာရှိ               ယခုတစ်ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်ထိ) ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုတန်ချိန် ၃၂ဝဝ ခန့်သာရှိတာတွေ့ရပါတယ်။ သြဂုတ်လ ပထမပတ်မှာ တန်ချိန် ၅ဝဝဝ ဝန်းကျင်တင်ပို့မှုနဲ့ ယှဉ်ရင် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့ထိ တင်ပို့ပြီးစီးမှုကို လေ့လာကြည့်ရင် ပဲစင်းငုံ တန်ချိန် ၈၂ဝဝဝ ခန့် ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၂ဝဝဝ ကျော်ထက် တစ်ဆခန့် ပိုလာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာတော့ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT

Sunday, 28 Aug 2011

အိန္ဒိယ မတ်ပဲ ဈေးခိုင်မာ                အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားရှိနေပြီး ပဲစိုက်ဧရိယာကျတဲ့ သတင်းတွေကြောင့် ယခု တစ်ပတ်မတ်ပဲဈေး ခိုင်မာလာပါတယ်။ ၁၅ ရက်အတွင်း ပဲစိုက်ဧရိယာအများအပြားက ပဲအသစ်တွေ စတင်ဝင်ရောက်တော့မှာဖြစ်ပေမယ့် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးရွာသွန်းမှုများတာကြောင့် သီးနံှများအတွက် စိုးရိမ်နေကြရပါတယ်။ အဓိကမတ်ပဲစိုက်ရာဒေသတွေမှာ မိုးပိုမိုခြင်းက နောက်ကျ စိုက်တဲ့ သီးနံှတွေအတွက်ကောင်းပေမယ့် အစောပိုင်းစိုက်သီးနံှတွေ အတွက် အရည် အသွေး ထိခိုက်နိုင်စေပါတယ်။ ပဲစိုက်ပျိုးတဲ့ ပြည်ပနိုင်ငံတွေမှာ ပဲထွက်ရှိမှုနည်းခြင်း က နိုင်ငံတကာ ဈေးခိုင်မာစေသလို ကာလတိုအတွင်း ပြည်တွင်းပဲဈေးကိုလည်း ခိုင်မာစေမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ် ပေါ်တဲ့ မတ်ပဲဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                       ဒေါ်လာ/ တန်               ၂၅-၈-၁၁      ၂၄-၈-၁၁      ၂၃-၈-၁၁      ၂ဝ-၈-၁၁မွန်ဘိုင်း     ၈ဝဝ-၈ဝ၆        ၈ဝ၃             ၈ဝ၄         ၇၈၃-၇၈၈ဒေလီ              -              ၈၄၁-၈၅၅      ၈၂၁-၈၆၅  ၈၂၁-၈၆၅ချန်နိုင်း        ၈၂၃             ၈၁၄             ၈၂၁-၈၂၆       ၈၁ဝMIRT(MAPT)

Sunday, 28 Aug 2011

နယ်စပ်မှ မတ်ပဲအပို့ရှိ                  သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၉ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ၉၇ တန် အပို့ရှိခဲ့တာမို့ ယခု အပတ်မှာ ၉ တန်သာ တင်ပို့မှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ မတ်ပဲ မြေပြင်ပေါက် ဈေးများမှာ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ယခင်အပတ်အတိုင်း ဈေး ပြောင်းလဲမှု မရှိတာတွေUရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ကျပ် ၄၉၉၂၇၃ ဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၈၆၂ ဒေါ်လာဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 28 Aug 2011

မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို ပြည်ပအဝယ်ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်လိုပဲ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ) အတွင်းမှာလည်း ပြည်ပ အရောင်းအဝယ် တန်ချိန် ၁၄၁ဝဝ ကျော် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။                  ပြည်ပဝယ်လက်တွေ အဝယ်ရှိနေပြီး၊ ပြည်ပပို့ကုန်ခွန်များ လျှော့ချခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ များများ တင်ပို့လိုပေမယ့် ပို့ကုန်ဝင်ငွေ တစ်ယူနစ်ဈေးနှုန်း အပြောင်းအလဲများပြီး၊ မတည်ငြိမ်မှုကြောင့် အရောင်းအဝယ်ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲဈေးတွေ အနည်းငယ်တက်လာပြီး၊ ပြည်ပအဝယ်ရှိပေမယ့် ပို့ကုန် ဝင်ငွေဈေးနှုန်းကြောင့် FOB ဈေးအနည်းငယ် လျော့ကျလာခဲ့ပါတယ်။ မတ်ပဲ FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။     ဒေါ်လာ/တန်                  မတ်ပဲ(FAQ)        မတ်ပဲ(SQ)၂၆-၈-၁၁     ၇၄ဝ-၇၆ဝ           ၈၃ဝ-၈၅ဝ၁၈-၈-၁၁     ၇၄ဝ-၇၆ဝ          ၈၃၅-၈၅၅                                                           MIRT(MAPT)   

Sunday, 28 Aug 2011

တင်ပို့ခွန်များ လျှော့ချပေးမှုကြောင့် မတ်ပဲတင်ပို့မှု ပိုလာ                 ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့နိုင်မှုဟာ ယခင်သီတင်းပတ်တွေက တန်ချိန် ၁၃ဝဝဝ ကျော် တင်ပို့ခဲ့ရာ မှ တင်ပို့ခွန်များ လျှော့ချပေးမှုကြောင့် ယခုတစ် ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်)အတွင်း တန်ချိန် ၁၄ဝဝဝ ကျော်ထိ တင်ပို့မှု ပိုလာခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လ နောက်ဆုံးပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၇၅ဝဝ ကျော်ထက်တော့ လျော့ကျနေသေးတာ တွေ့ရပါတယ်။               လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၁၂ အတွင်း သြဂုတ်လ ၁၉ ရက်နေ့အထိ တင်ပို့ ပြီးစီးမှုကို လေ့လာကြည့်ရင် တန်ချိန် ၃ သိန်းကျော်ပြီဖြစ်ပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂ သိန်းနီးပါးထက် တန် တစ်သိန်းကျော် ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပိုမိုတင်ပို့နိုင် မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT 

Wednesday, 24 Aug 2011

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုလျော့                 သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၃၆၃၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၅၄ သန်းကို တရုတ်၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတွေကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတပတ်မှာ တန် ၁ဝဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေပေမယ့်လည်း အဝယ်လိုက်နေတာကြောင့် အဆက်မပြတ်တင်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပြင် နယ်စပ် ကနေလည်း တန် ၁ဝဝဝဝ ကျော် အပတ်စဉ်တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းတွေကတော့ တစ်တန်ကို ၂၈ဝ-၃ဝဝ ဒေါ်လာကြားဈေးရလျက် ရှိပါတယ်။ KZW

Wednesday, 24 Aug 2011

ယခုအပတ် မူဆယ်နယ်စပ်မှသာ ပြောင်းအပို့ရှိ                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ဝ၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁ဝ၈၈၄ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂၅၃ သန်းတန်ဖိုးရှိ နံှစားပြောင်း ၈၄၂ တန်ကို သြဂုတ် လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၂၁၂၂ တန် အပို့ ရှိခဲ့တာမို့ ယခုအပတ်မှာ ၃၉၆ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်ပြောင်း မြေပြင်ပေါက်ဈေးပြောင်းလဲမှုမရှိသော်လည်းတစ်ဘက်နိုင်ငံမှာ နံှစားပြောင်း ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ပြောင်းဖူးစေ့က ၁ ရာခိုင်နှုန်းကျော် ကျဆင်းနေပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                      မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု         ယခင်    ပြောင်းလဲမှု    %     ယခု   ယခင်    ပြောင်းလဲမှု    %နံှစားပြောင်း     ၂၁ဝ၇၇ဝ     ၂၁ဝ၇၇ဝ          -          -     ၃၁၄    ၂၉၅          ၁၉          ၆ပြောင်းဖူးစေ့    ၂ဝ၈၇၆၉     ၂ဝ၈၇၆၉          -          -     ၂၈၈    ၂၉၂           ၄          ၁ .၄MIRT (DOBT)

Wednesday, 24 Aug 2011

ကမ္ဘာ့သီဟိုဠ်စေ့ အထွက်နှုန်းကျဆင်းပြီး ဝယ်လိုအားမြင့်မားလာသဖြင့် ဈေးနှုန်းများ ထပ်မံမြင့်မားနိုင်               ၂ဝ၁၁ ခုနှစ် ၊ ပထမ (၇) လအတွင်း ဗီယက်နမ်မှ သီဟိုဠ်စေ့တင်ပို့မှု ပမာဏက တန်ချိန် ၈၄ဝဝဝ ထိ ရောက်ရှိကာ ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၆၅၆ သန်း ရရှိခဲ့တယ်လို့ ဗီယက်နမ်သီဟိုဠ်စေ့ အသင်း  (Vinacas)ဥက္ကဌမှ ပြောကြားတယ်။ တင်ပို့မှုပမာဏအနေနဲ့ ယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင် ၁၆ ရာခိုင်နှုန်း ကျဆင်း သွားသော်လည်း တန်ဖိုးအနေနဲ့ ၁၄ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့ သိရတယ်။ ယခင်နှစ်က သီဟိုဠ် စေ့တင်ပို့ရာမှာ ပျမ်းမျှနှုန်းအနေနဲ့ တစ်တန်ကို ကန်ဒေါ်လာ ၅၃ဝဝ ရရှိခဲ့ပေမဲ့ ယခုနှစ်မှာ တစ်တန်ကို ပျမ်းမျှနှုန်း အနေနဲ့ ကန်ဒေါ်လာ ၇၆ဝဝ ရရှိခဲ့တယ်လို့ Vinacas   ဥက္ကဌက ပြောကြားတယ်။ ယခုနှစ်မှာ ဗီယက်နမ်မှာ အချိန်အခါမဟုတ်တဲ့ မုတ်သုန်မိုးတွေရွာသွန်းခြင်းနဲ့ သီဟိုဠ်ပင် အများစုမှာ သက်ကြီးပင်တွေဖြစ်နေခြင်းတို့ကြောင့် သီဟိုဠ်စေ့ ထုတ်လုပ်မှုနှုန်းက ယခင်နှစ်ထက် လျော့နည်းသွားဖွယ်ရှိပြီး တန်ချိန် ၃၃ဝဝဝဝ သာ ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့သိရတယ်။ ဗီယက်နမ်မှ သီဟိုဠ်စေ့ပြုပြင်ထုပ်ပိုး တင်ပို့သူတွေက ပြည်ပမှသီဟိုဠ်စေ့ကိုလည်း တင်သွင်းကြတယ်။ ၂ဝ၁၁ ခုနှစ် ၊ ပထမ ၆ လအတွင်း သီဟိုဠ်စေ့တန်ချိန် ၁၂ဝ၇၃၂ တန် တင်သွင်းခဲ့ရပြီး နိုင်ဂျီးရီး ယား ၊ ဂါနာ၊ အိုင်ဗရီကို့စ်တ်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားတို့မှ သီဟိုဠ်စေ့တွေကို ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရတယ်။                   ထပ်မံပြီးလည်း တန်ချိန် ၃၂၉၃ဝဝ ဝန်းကျင်ကို ၂ဝ၁၁ ခုနှစ်၊ ဒုတိယ နှစ်ဝက်အတွင်း တင်သွင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်။ ကမ္ဘာ့သီဟိုဠ်စေ့ ထွက် နှုန်းကျဆင်းပြီး ဝယ်လိုအားမြင့်မားလာရာ ဈေးနှုန်းတွေ ထပ်မံမြင့်မားဖွယ်ရှိတယ် လို့ ခန့်မှန်းကြတယ်။ လက်ရှိကမ္ဘာ့သီဟိုဠ်စေ့ဈေးကွက်မှာ အမေရိကန်နဲ့ အီးယူမှာ သီဟိုဠ်စေ့ လက်ကျန်နည်းနေတဲ့အပြင် တရုတ်နဲ့ အိန္ဒိယက သီဟိုဠ်စေ့ ဝယ်လို အား အထူးမြင့်မားနေကြောင်း သိရပါတယ်။ ပပ၊Source:theproducenews.com

Wednesday, 24 Aug 2011

၂ဝ၁၁ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှု ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံရရန် အင်ဒိုနီးရှားမျှော်မှန်း              ၂ဝ၁၁ ခုနှစ်မှာ အင်ဒိုနီးရှားက သဘာဝရော်ဘာတင်ပို့မှုမှ ဝင်ငွေအနေနဲ့ အနည်းဆုံး ကန်ဒေါ်လာ ၁ဝ ဘီလီယံရရှိဖို့ မျှော်မှန်းထားတယ်။ အင်ဒိုနီးရှားက ကမ္ဘာမှာ ဒုတိယမြောက် ရော်ဘာထုတ်လုပ်မှု အများ ဆုံးနိုင်ငံဖြစ်တဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၃ သန်းထိ ထုတ်လုပ်နိုင်မယ်မျှော်မှန်းကြောင်း သိရတယ်။                  ၂ဝ၁ဝ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ ရရှိခဲ့တယ်လို့ အင်ဒိုနီးရှား ရော်ဘာ ကုမ္ပဏီများအသင်း ဥက္ကဌ ဆူဟာတိုဟွန်ဂိုကူဆူမိုက ပြောကြားပါတယ်။ ၂ဝ၁၁ ခုနှစ် မှာ ရော်ဘာဈေးနှုန်း ပိုမိုမြင့်မား လာကြောင်း ၊ မတ်လအတွင်းက တစ်ကီလိုကို ကန်ဒေါ်လာ ၅ ဒသမ ၅၇ ဒေါ်လာ အထိ မြင့်မားခဲ့ပြီး ဧပြီလမှာ ဈေးကျသွား သော်လည်း တစ်ကီလိုကို ကန်ဒေါ်လာ ၄ ဒသမ ၅၆ အထိ ဈေးရကြောင်း ၊ ယခုနှစ် တစ်နှစ်လုံးမှာ ရော်ဘာတစ်ကီလိုကို ပျမ်းမျှဈေးနှုန်း ၄ ဒေါ်လာအထိ ရရှိနိုင်ကြောင်း၊ ဒီလိုရော်ဘာဈေးကောင်းလာရာ ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံအထိရရှိဖို့ မျှော်မှန်းကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။                           ယခုနှစ်အတွင်း အမေရိကန်နဲ့ ဥရောပဒေသစီးပွားရေး နှေးကွေးနေသော်လည်း အင်ဒိုနီးရှား ရော်ဘာ တင်ပို့မှုအပေါ် သိသိသာသာထိခိုက်မှုမရှိနိုင်ကြောင်း၊ အာရှမှ ရော်ဘာဝယ်လိုအား မြင့်မားလာခြင်းက အမေရိကန်နိုင်ငံမှ ရော်ဘာ ဝယ်လိုအားလျော့ကျမှုကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။ အဓိကမှာ အာရှမှ ရော်ဘာ ဝယ်လိုအား အထူးမြင့်မားလာတဲ့ တရုတ်က နိုင်ငံရဲ့ ရော်ဘာ သိုလှောင်ထားရှိမှုကို ပြန်လည်ဖြည့်ဆည်းဖို့ ၂ဝ၁၁ ခုနှစ် ၊ ပထမ ၆ လအတွင်း ရော်ဘာတန်ချိန် ၅၇၄ဝဝဝ ဝန်းကျင်ကို ဝယ်ယူတင်သွင်းခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်မားခဲ့တယ်လို့ သိရတယ်။ ဆက်လက်ပြီးလည်း တရုတ်ရော်ဘာဝယ်လိုအားကောင်းဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ပပ၊Source:wam.ae, reuters, rubbermarketnews.net 

Pages