Main menu

Background

Tuesday, 9 Aug 2011

ယခုအပတ် ချင်းရွှေဟော်မှ အပို့ရှိပေမဲ့ မူဆယ်မှ တင်ပို့မှုလျော့                  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၆၈၆ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ အပို့မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၈၅ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၉၆ဝ၁ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန် သာ တင်ပို့ခဲ့ပြီး ယခင် အပတ်ကထက် ပြောင်းဖူးစေ့တန်ချိန် ၂၂ဝဝဝ ကျော်နဲ့နံှစား ပြောင်းတန် ၁၅ဝဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြေပြင်ဈေးများကိုကြည့်တဲ့အခါ မိမိဘက်မှာဈေးကျနေပြီးတစ်ဘက်နိုင်ငံဈေးကတော့သိသိသာသာ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများ နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု          ယခင်      ပြောင်းလဲမှု  %       ယခု    ယခင်   ပြောင်းလဲမှု  %နံှစားပြောင်း     ၂၁ဝ၇၇ဝ    ၂၁၃ဝ၇၈     ၂၃ဝ၈        ၁     ၂၉၅     ၂၉၄         ၁          ဝ .၃ပြောင်းဖူးစေ့   ၂ဝ၅၃၆ဝ     ၂၁၁၁၆၅       ၅၈ဝ၅       ၁     ၂၉၅     ၂၉၇        ၂           ဝ .၇MIRT (DOBT)

Tuesday, 9 Aug 2011

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုအနည်းငယ်လျော့                 ဇူလိုင်လ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်းမှကန်ဒေါ်လာ ဝ ဒသမ ၈၆၂ သန်းတန်ဖိုးရှိ ပြောင်း ၂၈၆ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်၂၅ဝ လျော့ နည်း တင်ပို့ခဲ့ပါတယ်။ ယခုအပတ်တင်ပို့ တဲ့ နိုင်ငံတွေကတော့ စင်္ကာပူ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ စင်္ကာပူသို့ ၂၂၈၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၉၅ သန်း၊ အိန္ဒိယသို့ တန် ၄၈ဝ၊ကန်ဒေါ်လာ ဝ ဒသမ ၁၃၉ သန်းနဲ့ ဗီယက်နမ်သို့ ၉၅ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၂၈ အသီးသီးဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ တစ်တန်ကို ၂၉ဝ-၃၁ဝ ဒေါ်လာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ် ပြောင်းတန် ၁ဝ၃၉၆ တန် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ KZW

Tuesday, 9 Aug 2011

မလေးရှားမှာ သဘာဝရော်ဘာထုတ်လုပ်မှု တိုးမြှင့်မည်              မလေးရှားနိုင်ငံက ယခုနှစ်မှာ ရော်ဘာပို့ကုန် ၂ ဆတိုးမြှင့် တင်ပို့နိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ရော်ဘာကုန်ကြမ်းတွေရဲ့ ဝယ်လိုအား ကောင်းလာကြောင်း ကုန်စည်များနှင့် စက်မှုကုန်ကြမ်းသီးနံှဆိုင်ရာဝန်ကြီးဌာန (Plantation Industries and Commodities Ministry) နဲ့ ကုန်ပစ္စည်း ဌာနဒုတိယဝန်ကြီးကပြောကြားခဲ့ပါတယ်။ ၂ဝ၁၁ မှာရော်ဘာတင်ပို့မှုကနေ ရင်းဂစ် ၁၄ ဒသမ ၄ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၈၉ ဘီလီယံ) ရရှိနိုင်ပြီး ၂ဝ၁ဝ ရရှိငွေ ရင်းဂစ် ၁၂ ဒသမ ၉၆ဘီလီယံထက် ၁၁ ရာခိုင်နှုန်းတိုးတက်တင်ပို့နိုင်မယ်လို့ သိရပါတယ်။ ၂ဝ၁၁ ပထမ နှစ်ဝက်မှာ ရော်ဘာထုတ်လုပ်မှု ၄၈ဝဝဝဝ တန်ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူကာလက ၄၅ဝဝဝဝ တန်ရှိခဲ့ကြောင်းသိရပါတယ်။ ခြေအိတ်နဲ့ တာယာကဲ့သို့သော ရော်ဘာထုတ်ကုန်တွေက မလေးရှားရဲ့ ပို့ကုန်မှာ ၂ ရာခိုင်နှုန်းပါဝင်ကြောင်းသိရပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့က တစ်နှစ်ပတ်လုံးသဘာဝရော်ဘာထုတ်လုပ်ပြီး ကမ္ဘာ့တင်ပို့မှုရဲ့ ၉၃ ရာခိုင်နှုန်းကို တင်ပို့ ကြောင်း သတင်းရရှိပါတယ်။ Source;msn.KZW 

Tuesday, 9 Aug 2011

ငြိမ်သက်နေသည့် သဘာဝရော်ဘာဈေးကွက်                  ရော်ဘာအဓိကရောင်းဝယ်လျက်ရှိတဲ့ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ သြဂုတ် ၂ ရက်က အမေရိကန် ဒေါ်လာနဲ့ ဂျပန် ယန်းငွေလဲလှယ်ရာမှာ ယန်းငွေတန်ဖိုးတက်မှုကြောင့် ရော်ဘာကြိုပွိုင့်ဈေးနှုန်း ကျသွားခဲ့ ကြောင်းသတင်းရရှိတယ်။ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာကြိုပွိုင့်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၇ ရာခိုင်နှုန်းဈေးကျ သွားကာ ၃၈၆ ဒသမ ၉ ယန်းနဲ့ ခုျပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေရဲ့ ေြွကးမြီပြဿနာကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်နှုန်းက နှေးကွေးသွားနိုင်ခြေရှိမှုနဲ့ စွန့်စားမှုများနေတာတို့ကြောင့် မလေးရှား ရော်ဘာ ဈေးကွက်က အနည်းငယ် သာပြောင်းလဲလှုပ်ရှားနိုင်ကြောင်း သတင်းရရှိပါတယ်။                မလေးရှားရော်ဘာ SMR 20  ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၄၇ဝ၂ ဒသမ ၃၈ နဲ့ ချုပ်ဆိုခဲ့ပြီး latex က တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၁၅ ဒသမ ၃ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးမှာတော့ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်းတက်သွားခဲ့ပြီး တစ်တန်ကို ယွမ် ၃၆၁၉ဝ နဲ့ ချုပ်ဆိုခဲ့ ကြောင်း သတင်း ရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my,rubbermarketnews.net 

Tuesday, 9 Aug 2011

သီရိလင်္ကာ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုးမည်            လောင်စာဆီကို အခြေခံတဲ့ ရော်ဘာတုဈေးနှုန်းတွေ တစ်ရှိန်ထိုးတက်လာတာကြောင့် သဘာဝရော်ဘာရဲ့အလားအလာ က တောက်ပလာခဲ့ပါတယ်။ ဒါ့ကြောင့် သီရိလင်္ကာနိုင်ငံအနေနဲ့ ဟိုနာရာဂလာဒေသမှာ ရော်ဘာစိုက်ဧရိယာဟက်တာ ၅ဝဝဝ တိုးခဲျ့ စိုက်ပျိုးမယ်လို့ စက်မှုစိုက်ပျိုးရေးဝန်ကြီးက မကြာသေးမီက ကြေညာခဲ့ပါတယ်။ (၉၂) ကြိမ်မြောက် ကိုလံဘို ရော်ဘာ အသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သဘာဝ ရော်ဘာဝယ်လိုအားတွေကြောင့် ဟက်တာ ၁၁ သောင်းလောက် တိုးခဲျ့ဖို့ရှိကြောင်းလည်း အသင်းရဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိ မြေယာသဘောတူညီချက်က ၃၅ နှစ်သက်တမ်းရှိ မှာဖြစ်ပြီး ပြည်သူတွေ အတွက် ဒီစိုက်ပျိုးရေးလုပ်ငန်းက အကိုျးရှိ၊မရှိနဲ့ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ဝန်ကြီးကမေးမြန်းခဲ့ ပါတယ်။ ဒီကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းငယ်တွေက အဓိကဖြစ်ပြီး အရေးပါတဲ့ စီးပွားဘက်တွေ ဖြစ်ကြောင်းလည်း၎င်း ကပြောကြားခဲ့ပါတယ်။ ဒီဒေသမှာ တန်ဖိုးမြှင့်ထုတ်ကုန်တင်ပို့မှု ဒေါ်လာ ၅၇၆ဝဝဝ ခန့်ရှိပြီး ၂ဝ၁ဝ မှာသိသိသာသာတိုးတက် ခဲ့ပါတယ်။ ရော်ဘာစိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာ ကုန်ကျငွေ သီရိလင်္ကာ ရူပီး ၁.၅ ဘီလီယံလိုအပ်ကြောင်းလည်းသိရပါတယ်။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ပံ့ပိုးမှုတွေ တိုးမြှင့်ပေးသွားြင်္ပီး ထုတ်လုပ် မှု တိုးတက်ဖို့ ဆောင်ရွက်မယ်လို့သိရပါတယ်။ စိုက်ပျိုးသူတွေနဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေအနေနဲ့ ဝင်ငွေကောင်းမှာ ဖြစ်ကြောင်း ကိုလံဘိုရော်ဘာအသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါ တယ်။             ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းတိုးမြှင့်ပြီး စိုက်ပျိုးသူ ၁၂၅ဝဝဝ လောက်ပါဝင်တဲ့ လုပ်ငန်းငယ်တွေက စဉ်ဆက်မပြတ် ထုတ်လုပ်မှုမြှင့်တင်ပြီး နှစ်စဉ် (၁၅၃ဝဝဝ) တန်လောက်ထွက်ရှိကြောင်းသိရပါတယ်။ ရော်ဘာတင်ပို့မှုမှလည်း ရော်ဘာစေး အပြင် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို တိုးမြှင့်တင်ပို့ဖို့ရည်ရွယ်ထားကြောင်း သတင်းရရှိပါတယ်။ MIRT (DOBT) 

Tuesday, 9 Aug 2011

ယခုအပတ် မူဆယ်နယ်စပ်အပို့လျော့ ချင်းရွှေဟော်မှပို                    မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဘက်နိုင်ငံသို့ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၂၈ သန်းတန်ဖိုးရှိရော်ဘာအဆင့်စုံ ၄၄၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၃၃၅ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၈၇ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ RSS-1 တန် ၂ဝ ၊ RSS-3 ၁၅၃ ဒသမ ၅၄ တန်၊ မူဆယ်နယ်စပ်မှ RSS-1 တန် ၂ဝ၊RSS-3 ၁၇၈ တန်၊MSR- 20  ၉၇ တန်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှRSS-3  တန် ၂ဝ သာ တင်ပို့နိုင်ခဲ့သော်လည်း ယခုအပတ်မှာRSS-3 ၁၅၃ တန်ကျော်အပြင် RSS-1 လည်းအပို့ရှိခဲ့တဲ့ အတွက် တင်ပို့မှုပိုမိုခဲ့သော်လည်း မူဆယ်နယ်စပ် အနေနဲ့ RSS-3 ၊MSR- 20  တို့သာ အပို့ရှိပြီး တင်ပို့မှု ပမာဏမှာလျော့နည်းခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-         မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု         ယခင်     ပြောင်းလဲမှု     %       ယခု      ယခင်    ပြောင်းလဲမှု    %RSS-3    ၃၄၁၁၈၉၃    ၃၄ဝ၇၆၆၁     ၄၂၃၂       ဝ .၁     ၄၅၇၆    ၄၄ဝ၉       ၁၆၇         ၃RSS-5    ၃၂၉၄၄ဝ၅    ၃၂၉ဝ၁၃၁     ၄၂၇၄       ဝ .၁     ၄၄၂၁    ၄၃၃၂        ၈၉          ၂             မိမိနိုင်ငံမှာရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေး အနည်းငယ်မြင့်တက်လျက် ရှိပါတယ်။ MIRT (DOBT) 

Tuesday, 9 Aug 2011

ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု                ဇူလိုင်လ ၂၄ ရက်မှ ၃ဝ ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ရော်ဘာ ၆၁၃ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅၂ တန်တင်ပို့မှုပိုမိုခဲ့ပါ တယ်။ စင်္ကာပူသို့ MSR-20  ၄ဝ၃ တန်နဲ့မလေးရှားသို့RSS-5 တန် ၂၁ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3 နဲ့ MSR-20  တစ်တန်ကို ဒေါ်လာ ၄၅ဝဝ-၄၆ဝဝ ဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်မှ ရော်ဘာအဆင့်စုံ ၄၄၈ တန်ကျော် တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။                ုKZW  

Sunday, 7 Aug 2011

ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနှင့် ဆောင်းရာသီအတွက် လောင်စာဝယ်လိုအား မြင့်မားခြင်းက ရေနံစိမ်းဈေးနှုန်းကို မြှင့်တင်ပေးလိမ့်ဦးမည်                အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အကြား ေြွကးမြီ သက်တမ်းမြှင့်တင်ရေး ဆွေးနွေးမှုမှ သဘောတူညီမှုရရှိပြီဖြစ်ရာ တစ်ပတ်ကြာကျဆင်းသွားတဲ့ ရေနံစိမ်းဈေးနှုန်း ပြန်လည် မြင့်မားလာတယ်။ ဒါကြောင့် စက်တင်ဘာလ အရောက်ပို့ရမဲ့ ရေနံစိမ်းက တစ်စည်ကို၁ဒသမ ၅၉ဒေါ်လာ မြင့်မားကာ ၉၇ ဒသမ ၂၉ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဇူလိုင်လ အတွင်း ရေနံစိမ်းဈေးနှုန်း သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်မားခဲ့တယ်။               စက်တင်ဘာလ ငွေချေမယ့် ဘရန့် အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၁ ဒသမ ၄၁ ဒေါ်လာ(၁ ဒသမ ၂ ရာခိုင်နှုန်း) မြင့်မားကာ ၁၁၈ ဒသမ ၁၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange  မှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ ကာလတိုအတွင်း ရေနံစိမ်းတစ်စည်ကို ၉၅ ဒေါ်လာမှ ၁ဝ၅ဒေါ်လာအကြား ရှိနေလိမ့်မယ်ခန့် မှန်းခဲ့တဲ့တိုကျိုရှိပွဲစားကုမ္ပဏီ DNewedge Group မှ ကုန်စည်အရောင်းမန်နေဂျာ Ken Ltasegawa  က ''ကမ္ဘာ့စီးပွား ရေးပြန်လည်ကောင်းမွန်လာခြင်းနဲ့ လာမယ့် ဆောင်းရာသီအတွက် လောင်စာ ဝယ်လိုအား မြင့်မားခြင်းက ရေနံစိမ်း ဈေးနှုန်းကို မြှင့်တင်ပေးလိမ့်ဦးမည်'' လို့ ခန့်မှန်းထားတယ်။                  ဇူလိုင်လအတွင်း တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု အညွှန်းကိန်းက စီးပွားရေးပညာရှင်တွေ ခန့်မှန်းထား တာထက် ပိုမိုမြင့်မားလာခြင်းကလည်း ရေနံစိမ်းဈေးနှုန်းကို မြင့်မားစေတဲ့ အချက်အလက်ဖြစ်တယ်လို့သိရပါတယ်။ Source:Bloomberg.com, ပပ

Pages