Background
ယခုတစ်ပတ် ပဲစင်းငုံ ပြည်ပကို အရောင်းအေးသလို ဈေးအေးနေ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ်တွင်း ပဲစင်းငုံတန်ချိန် ၅၆ဝဝ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်နိုင်ခဲ့တဲ့ အနက် ပဲစင်းငုံနီ တန် ၅၄ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင်အပတ် ပဲစင်းငုံ တန်ချိန် ၇၄ဝဝ ခန့် စာချုပ်ချုပ်ဆိုနိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဝယ်လက်များအနေနဲ့ အာဖရိက ဘက်မှာ မိုးခေါင်နေလို့ မြန်မာနိုင်ငံဘက်မှ အထိုက်အလျောက်တော့ ဝယ်ယူမှုရှိ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက်လျော့ကျသွားတဲ့ ရန်ကုန် FOB ဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၄-၈-၁၁ ၅၈ဝ-၆ဝဝ ၅၇ဝ-၅၉ဝ၂၈-၇-၁၁ ၆၁ဝ-၆၃ဝ ၅၉ဝ-၆၁ဝMIRT(MAPT)
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်လျော့ ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပတင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး၊ ဒုတိယပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန်ချိန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အတွင်း တန် ၆၁ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက် မှ ၃ဝ ရက်ထိ တန် ၅၆ဝဝ နီးပါးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ခုနှစ်သောင်း ကျော် ဖြစ်တာကြောင့် ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော်ထက် ထက်ဝက် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT- MAPT
ဈေးဆက်အေးနေတဲ့ ပြည်မတ်ပဲဈေးကွက် သြဂုတ်လရဲ့ အစရက် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေး ယခင်တစ်ပတ်ထက် အေးလာခဲ့တယ်လို့ သိရပါတယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးလာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အဝယ်ရှိခဲ့ပါတယ်။ မြို့တွင်း ဝယ်လက်ကတော့ နေ့စဉ်အရောင်းအဝယ်မရှိဘဲ တချို့ ရက်မှာ သာ အရောင်းအဝယ်ဖြစ်တာကို တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်သို့ ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်မှ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
အိန္ဒိယမတ်ပဲဈေး အကျဘက်ကို ဆင်းနေဆဲ အိန္ဒိယပြည်တွင်းဈေးကွက်တွင် မတ်ပဲဝယ်လိုအားနည်းနေပြီး အရောင်းအဝယ် ပါးလျက်ရှိပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မတ်ပဲစိုက် ဧရိယာဟာ ပြီးခဲ့တဲ့နှစ်ထက် ပိုမိုပြီး အဓိက ပဲစိုက်ဒေသတွေမှာ ရာသီဥတုကောင်း မွန်နေတယ်လို့ သိရပါတယ်။ ပဲစိုက်ဒေသများရဲ့ ရာသီဥတုမှာ သီးနံှအကြိုက် ဖြစ်နေလို့ သီးနံှဖြစ်ထွန်းအောင်မြင်မယ့် အလားအလာရှိတာကြောင့် ဈေးကွက်တွေ မှာ ဝယ်လိုအားနည်းနေခြင်းဖြစ်ပါတယ်။ PEC မှ မတ်ပဲတင်သွင်းရန် တင်ဒါခေါ်ပြီး ဖြစ်သော်လည်း နိုင်ငံတကာ မတ်ပဲဈေးနှုန်းများမှာ သိသိသာသာမြင့်တက် လာခြင်း မရှိသေးကြောင်း သိရပါတယ်။ အဓိကဈေးကွက်များမှာ ဝယ်လိုအား အလွန်နည်းပါး နေဆဲဖြစ်ပြီး ပြုပြင်ပြီးမတ်ပဲ ဝယ်လိုအားကလည်း အကန့်အသတ်သာရှိတဲ့အတွက် ဈေးနှုန်းအကျဘက် ဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၄-၈-၁၁ ၃-၈-၁၁ ၂-၈-၁၁ ၁-၈-၁၁ ၃ဝ-၇-၁၁မွန်ဘိုင်း ၈၁ဝ ၈၁၇ ၈၃၁ ၈၄၆ ၈၄၃ဒေလီ ၈၂၂-၈၅၅ ၈၂၂-၈၅၆ ၈၃၇-၈၇ဝ ၈၄ဝ-၈၇၄ ၈၃၇-၈၇၁ချန်နိုင်း ၈၁၆-၉၂၉ ၈၁၇-၉၂၉ ၈၂၅-၉၄၄ ၈၃၄-၉၅၁ ၈၂၉-၉၄၂MIRT(MAPT)
မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုနိုင်မှုမှာ တန် ၁၆ဝဝဝ ရှိခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုမှုမှာလည်း တန်ချိန် ၁၆ဝဝဝ ကျော်ဖြစ်လို့ ယခင်အပတ်အတိုင်း ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျဆင်းလာတာရယ်၊ အိန္ဒိယ က မတ်ပဲဈေး လျော့ဝယ်တာရယ်ကြောင့်ယခုတစ်ပတ်မတ်ပဲ FAQ ဈေးလျော့တာ တွေ့ရပါတယ်။ အိန္ဒိယမှာ စက်တင်ဘာပဲအသစ် ပေါ်ကာနီးလေဝယ်ယူမှု ဈေးအေး လေဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများကိုယခင်တစ်ပတ်နှင့် နှိုင်း ယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၄-၈-၁၁ ၇၅ဝ-၇၆ဝ ၈၄ဝ-၈၆ဝ၂၈-၇-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝMIRT(MAPT)
ယခုတစ်ပတ် မတ်ပဲတင်ပို့မှုလျော့ မတ်ပဲပြည်ပသင်္ဘောတင်ပို့နိုင်မှုမှာ ဇူလိုင် ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန် နှစ်သောင်းတင်ပို့ခဲ့ပြီး ဒုတိယပတ် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁ ဒသမ ၁ သောင်းကျော်တင်ပို့ခဲ့ကာ တတိယပတ် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ ဒသမ ၂ သောင်းခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက်မှ ၃ဝရက်အတွင်းတန် ၁ ဒသမ ၇ သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂ ဒသမ ၆ သိန်းခန့် တင်ပို့နိုင်ခဲ့လို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁ ဒသမ ၇ သိန်းခန့် ထက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယက ပဲအသစ်တွေ ထွက်လာတော့မှာဖြစ်လို့ ဝယ်လိုအားနည်းလို့ လာ မယ့် သီတင်းပတ်တွေမှာ တင်ပို့မှု တိုးတက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
သကြား စက်များမှ ပို့ကုန်တိုးမြှင့်တင်ပို့ရန် အိန္ဒိယအစိုးရသို့ တောင်းဆို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ သိုလှောင်မှုလုံလောက်တဲ့အပြင် ကမ္ဘာ့ဈေးနှုန်း ကောင်းတာကြောင့် အိန္ဒိယသကြားလုပ်ငန်းတွေက နောက်ထပ်တန်ချိန် ၅ သိန်းကို OGL လိုင်စင်နဲ့ တင်ပို့ခွင့်ပြုဖို့ အစိုးရထံမှ ခွင့်ပြုချက်တောင်းခံ ထားကြောင်း သိရပါတယ်။ ဇွန်လအထိ သကြားထုတ်လုပ်မှု တန်ချိန် ၂၃၉ ဒသမ ၅၉ သိန်းရှိပြီး ရာသီချိန် (၂ဝ၁ဝ အောက်တိုဘာမှ ၂ဝ၁၁ စက်တင်ဘာ) အထိ တန်ချိန် ၂၄၂ မှ ၂၄၄ သိန်းအထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လာမယ့်ရာသီ ၂ဝ၁၁-၂ဝ၁၂ မှာလည်း သကြားတန်ချိန် ၂၆ဝ မှ ၂၆၅ သိန်းအထိ ထုတ်လုပ် နိုင်မယ်လို့ အမျိုးသားသကြားစက်ရုံများ ဖက်ဒရေးရှင်ရဲ့ ဦးဆောင်ညွှန်မှူးက ပြောကြားခဲ့ ပါတယ်။ ယခုရာသီမှာ သကြားဈေးနှုန်း တစ်ကွမ်တယ်ကို ရူပီး ၂၆၅၅ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့နှစ်က ရူပီး ၂၈၅၂ ရှိခဲ့တာကြောင့် ဈေးကျခဲ့ကြောင်း သိရပါတယ်။ အစိုးရက သကြားဈေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံတွင်းမှာ ရောင်းလိုအား လုံလောက်မှုကို ကာကွယ်ဖို့အတွက် ပို့ကုန်တင်ပို့မှု တင်းကျပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းမှာ အစိုးရအနေနဲ့ ပို့ကုန်တန်ချိန် ၅ သိန်းတင်ပို့ခွင့်ပြုခဲ့ပြီး ကမ္ဘာ့ဈေးကွက်မှာလည်း ဈေးနှုန်းမြင့်ခဲ့ပါတယ်။ ဖက်ဒရေးရှင်းက အစိုးရအနေနဲ့ ထုတ်လုပ်မှုရဲ့ ၁ဝ ရာခိုင်နှုန်းခန့်ကို ဈေးကွက်ဈေးထက်လျော့ပြီး ရောင်းချခြင်းမှ ကင်းလွတ်ခွင့်ပြုစေချင်ကြောင်း သိရပါတယ်။ ဒါ့အပြင် စက်ရုံတိုင်းကလည်း လစဉ် ခွဲတမ်းနဲ့ အလွတ်ရောင်းချပေးရခြင်းကလည်း ကင်းလွတ်ခွင့်ရလိုကြောင်း သိရပါတယ်။ K Z W,Source: commodityonline
ပြောင်းဖူးစေ့ တန် ၃၆၈ဝဝ နယ်စပ်မှ အပို့ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၆၉၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၆၄၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၇ဝ သန်းတန်ဖိုးရှိ နံှစားပြောင်း တန် ၂၂ဝဝ ကျော်၊ ကန်ဒေါ်လာ ၆ ဒသမ ၅ဝ သန်းတန်ဖိုးရှိ ပြောင်း ကြိတ်ဖတ် ၆၅ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၂၅၉၁၇ တန်နဲ့ နံှစားပြောင်း ၁၅၇၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကထွက်ရှိတဲ့ ပြောင်းဖူးစေ့နဲ့ နံှစားပြောင်းများကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံပြောင်းဈေးများ ပြောင်းလဲမှု မရှိသော် လည်း မိမိဘက်မှာ နံှစားပြောင်း ဈေးအနည်းငယ်မြင့်တက်ပြီး ပြောင်းဖူးစေ့ဈေး ကတော့ အနည်းငယ် ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၁၁၁၆၅ ၂၁၁၂၆၃ ၉၈ ဝ .ဝ၅ ၂၉၄ ၂၉၄ - -နံှစားပြောင်း ၂၁၃ဝ၇၈ ၂၁၂၅၆၁ ၅၁၇ ဝ .၂ ၂၉၄ ၂၉၄ - -MIRT (DOBT)
ယခင်အပတ်ထက် ပြောင်း တန် ၄ဝဝ ကျော်ပင်လယ်ရေကြောင်းမှ တင်ပို့မှု ပိုမို ဇူလိုင် ၁၇ မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၃၁၁ဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၈၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၇ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၄ဝဝ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ အိန္ဒိယ၊ စင်္ကာပုူနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု တို့ဖြစ်ပါတယ်။ နယ်စပ်ကနေ တော့ တန် ၉ဝဝဝ ကျော်တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ မှ ၃၁ဝ ကြားဈေး ရလျက်ရှိပါတယ်။ KZW
ကမ္ဘာ့ရော်ဘာစိမ်းဈေးနှုန်းများ တစ်တန်လျှင် ကန်ဒေါ်လာ ၄၆ဝဝ-၄၈ဝဝ အကြား ဈေးနှုန်းတွင် သာပြောင်းလဲ ဖြစ်ပေါ် ရောင်းဝယ်ဖောက်ကားလျက်ရှိ ဇွန်လနှောင်းပိုင်းမှစပြီး အားနည်းလာတဲ့ ကမ္ဘာ့ရော်ဘာ စိမ်းဈေးနှုန်းတွေ ဇူလိုင်လလယ်ပိုင်းအထိ တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝဝ-၄၈ဝဝ အကြား ဈေးနှုန်းမှာသာ ပြောင်းလဲ ဖြစ်ပေါ်ရောင်းဝယ်ဖောက်ကားလျက်ရှိတာကို တွေ့ရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့က တစ်တန်ကို ၄၇ဝ၈ ဒေါ်လာသာ ရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 ဈေးနှုန်းက ဇူလိုင်လ ၂၅ ရက်နေ့ မှာ တစ်တန်ကို ၄၈ဝ၇ ဒသမ ၅ဝ ဒေါ်လာအထိ ၉၉ ဒသမ ၅ဝ ဒေါ်လာ ပြန်လည်ဈေးမြင့်လာတယ်။ ဇူလိုင်လ ၂၁ ရက်နေ့က အီးယူရုံးချုပ် အခြေစိုက်တဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရားဇီးလ်မြို့မှာ ကျင်းပတဲ့ ဥရောပ ခေါင်းဆောင်တွေ အစည်းအဝေးမှာ ဂရိကို ကူညီမဲ့ ဒုတိယအကြိမ်မြောက် ချေးငွေအစီအစဉ်အပေါ် အပြုသဘောဆောင်တဲ့ ယုံကြည်မှုပိုလာခြင်း၊ အမေရိကန်ေြွကးမြီ သက်တမ်းတိုးရေးအတွက် ရီပါပလစ်ကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီအကြား သဘောတူညီမှု ယခုပတ်အတွင်း ရနိုင်ဖွယ်ရှိခြင်းတို့က ကမ္ဘာ့စတော့ဈေးကွက်အတွင်း အရောင်းအဝယ်ပြုနေတဲ့ ကုန်စည်ဈေးနှုန်းကို အမြင့်ဘက်ကို ဦးတည်စေပြီး ရော်ဘာစိမ်းဈေးနှုန်းတွေ ယခင်အပတ်ကထက် ဈေးမြင့်လာခြင်းဖြစ်တယ်။ ကမ္ဘာ့သဘာဝရော်ဘာရောင်းလိုအားက လာမဲ့ ၇ နှစ်အတွင်းမှာ ဆက်လက်တင်းကျပ်နေဦးမှာ ဖြစ်ကြောင်းနဲ့ ရော်ဘာ အဓိက စိုက်ပျိုးတဲ့ နိုင်ငံတွေက မြင့်တက်လာ တဲ့ ရော်ဘာဝယ်လိုအား ကို ပြည့်မီနိုင်အောင် ထုတ်လုပ်နိုင်မှာ မဟုတ်ကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတွေက ပြောကြားလိုက်တယ်။ ''ရော်ဘာရောင်းလိုအား တင်းကျပ်မှုက ၂ဝ၁၈ ခုနှစ်အထိ ဆက်လက်ဖြစ်ပေါ်နေပြီး ထုတ်လုပ်မှုတိုးတက်နှုန်းက အတန်အသင့်သာ ရှိမှာဖြစ်ကြောင်း'' ကွာလာလမ်ပူအခြေစိုက် သဘာဝ ရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများအသင်း (Association of Natural Rubber Producing Countries-ANRPC) မှ ဝါရင့်စီးပွားရေးပညာရှင် Jom Jacob က ပြောကြားလိုက် တယ်။ ANRPC နိုင်ငံတွေရဲ့ သဘာဝရော်ဘာရောင်းလိုအားက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိတယ်။ ပပ၊ Source:irco.biz , www.bloomberg.com, rubberboard.org.in