Main menu

Background

Sunday, 7 Aug 2011

အိန္ဒိယဈေးကွက်များအတွင်း လက်ကျန်လံျှနေတာကြောင့် နနွင်းဈေးကျဆင်း          အိန္ဒိယနိုင်ငံ အီရော့နနွင်းဈေးကွက်အတွင်း နနွင်းဝင်ရောက်မှုမှာ မျှော်မှန်းမထားတဲ့ ပမာဏနဲ့ ဝင်ရောက်လာတာကြောင့် တစ်တန်ကို ရူပီး ၅၈ဝဝ (ကန်ဒေါ်လာ ၁၂၉ ဒသမဝ၅) ကျဆင်းခဲ့ပြီး အခြားဈေးကွက် တွေမှာလည်း ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၇ ဒသမ ၆၅) ကျဆင်းခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ နနွင်းဈေး ထိုးကျဆင်းခြင်းအပေါ် တောင်သူများ ထိတ်လန့် နေကြတယ်လို့ ဆိုပါတယ်။             ပုံမှန်အားဖြင့် ယခုလိုရာသီမှာ နနွင်းဈေးကွက်အတွင်း ဝင်ရောက်မှု လျော့ကျပေမဲ့ ယခုနှစ်မှာတော့ နနွင်းစိုက် တောင်သူ တွေက လက်ကျန်တွေ သယ်ယူရောင်းချတာကြောင့် ဈေးကျဆင်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဝယ်လက် တွေကလည်း ဈေးအနိမ့်နဲ့ နည်းနည်းပဲ ဝယ်ယူတယ်လို့ ဆိုပါတယ်။ နနွင်းကြိုပွိုင့်ဈေးကွက်မှာ သြဂုတ်လ ၁ ရက်နေ့က တစ်တန်ကို ရူပီး ၇ဝ၅ဝဝ-၇၁၃ဝဝ (ကန်ဒေါ်လာ ၁၇၇၄-၁၇၉၂) ဈေးရှိပြီး ထပ်မံ ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။         ဈေးကွက်ထိန်းသိမ်းရေးကော်မတီဝင်းမှာ နနွင်းတစ်တန်ကို ရူပီး ၅၈ဝဝ (ကန်ဒေါ်လာ ၁၂၉.ဝ၅)ကျဆင်းပြီး ရူပီး ၆၄ဝ၆ဝ (ကန်ဒေါ်လာ ၁၇၃ဝ) ဖြစ်ခဲ့လို့ ယခုနှစ်အတွင်း နနွင်းလက်ချောင်းဈေးဟာ အနိမ့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline 

Sunday, 7 Aug 2011

ဝယ်လက်ကိုမျှော်တဲ့ ရှမ်းနနွင်း            ရှမ်းနနွင်းကလည်း ဈေးထပ်ကျနေပါတယ်။ နနွင်းက ဝယ်လက်ကိုမျှော်နေကြပေမဲ့ ဒီနှစ်ကတော့ မိုးကောင်းလိုက်၊ သယ်ယူခတွေဈေးမြင့်လိုက်၊ နနွင်းအရည်အသွေးကလည်း အညံ့စတွေသာ များနေတာကြောင့် ရှမ်းနနွင်းက အခုအချိန်ထိ အဝယ်မလိုက်ခဲ့ပါဘူး၊ ပြီးခဲ့တဲ့ လကသာ တရုတ်ဝယ်လက်တွေ နနွင်းခေါင်းကို ဝယ်ယူတာလောက်သာ အရောင်းသွက်ခဲ့ပြီး ကျန်တာကတော့ ပြည်တွင်းအရောင်းလောက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ရှည်အထားခံတဲ့ သီးနံှဖြစ်တာကြောင့် ပိုးမွှား အန္တရာယ်ကာကွယ်ဖို့အတွက် ဆေးအုပ်ပြီးထားရင် ၅ နှစ်လောက်တော့ အထားခံတယ်လို့လည်း သိရပါတယ်။ အချို့ လှောင်လက်တွေကတော့ အသားတင် (အလေးချိန်) ချိန်တော့ နူးအောင်မပြုတ်ပဲထားရင်တော့ အဲဒီနှစ်လောက်ထိ မခံပါဘူး။          ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းတို့ ဒီနှစ်လည်း ပုံမှန်သာပြန်စိုက်ပါတယ်။ ဒီနှစ်စပိုင်းမှာ နနွင်းက တွက်ခြေမကိုက်လို့ အထွက်နှုန်းများတဲ့ ဂမုန်းဥ တွေစိုက်ပေမဲ့ ဂမုန်းဥတွေလည်း ဈေးပျက်သွားတာကြောင့် အစိုက်ရပ်ပြီး နနွင်းကိုသာ ပုံမှန်ပြန်စိုက်ကြတယ်လို့ ဟိုပုံးမြို့နယ်က တောင်သူများထံမှ သိရပါတယ်။ ဒီတစ်ပတ်နနွင်းဈေးကတော့ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၇ဝဝ ကျပ်မှ ၁၃ဝဝ ကျပ်အထိရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးနနွင်း တစ်ပိဿာ ၁၄ဝဝ ကျပ် ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင် 

Sunday, 7 Aug 2011

မူဆယ်မှ ယခုအပတ် နနွင်းတက်တင်ပို့မှု လျော့ကျ               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်မှ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၃၈ သန်းတန်ဖိုးရှိ ဂျင်းတက် (ရှမ်းစ) ၈၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၉ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံး နယ်စပ်မှ နနွင်းတက် ၆၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူမှာ ၁ဝ၅ တန်ခန့်သာ နယ်စပ်မှ အပို့ရှိခဲ့တဲ့အတွက် ယခုနှစ်မှာ တင်ပို့မှု တန် ၅၃ဝ ကျော်ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇူလိုင်လအထိ ယခုနှစ်အပို့မှာ ၂၁၁ဝ တန် ရှိပြီး ယခင်နှစ်ကာလ တူထက်၁၂၈၅ တန်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT (DOBT) 

Sunday, 7 Aug 2011

ဗီယက်နမ်နိုင်ငံကို တင်ပို့              ဇူလိုင်လနောက်ဆုံးပတ်မှာတော့ ဗီယက်နမ်နိုင်ငံကို နနွင်း ၇၅ တန်တင်ပို့ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ ၁၁ တန်ကျော်သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ် မှာ အပို့သာခဲ့ပါတယ်။ ယခင်သီတင်းပတ်တွေမှာ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ရှိခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ကန်ဒေါ်လာ ၁၉၇ဝ ဝန်းကျင် ဈေးကောင်းရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းငါးသောင်းနီးပါးရရှိခဲ့ပါတယ်။ ဇွန်လရဲ့ စုစုပေါင်းနနွင်းတင်ပို့မှုမှာ တန်ချိန် ၁၃၅ တန်ရှိခဲ့ပြီး ဇူလိုင်လမှာ ၂ဝ၅ တန် ရှိခဲ့တာကြောင့် ဇူလိုင်လမှာ တန်ချိန် ၇ဝ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT) 

Sunday, 7 Aug 2011

စင်ကာပူနိုင်ငံကို ၆၄ တန်တင်ပို့                ဇူလိုင်လနောက်ဆုံးပတ်ကာလမှာ မန်ကျည်း ၆၄ တန်ကို စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီသီတင်းပတ်မှာ ပြန်လည်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၇၈ဝ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ငါးသောင်းရရှိခဲ့ပါတယ်။                     ဇွန်လရဲ့ စုစုပေါင်း မန်ကျည်းတင်ပို့မှုမှာ တန်ချိန် လေးရာ့နှစ်ဆယ်ကျော်ရှိ ခဲ့ပြီး ဇူလိုင်လရဲ့ စုစုပေါင်းမန်ကျည်းတင်ပို့မှုမှာ တစ်ရာနှစ်ဆယ့်ခုနှစ်တန်သာရှိခဲ့ တာကြောင့် ဇူလိုင်လမှာ မန်ကျည်းတင်ပို့မှုမှာ တော်တော်လေးလျော့နည်းပြီး တင်ပို့ ခဲ့တာတွေ့ရပါတယ်။             MIRT (DOT) 

Sunday, 7 Aug 2011

ရာသီဥတုကြောင့် အဝယ်အေးတဲ့ ရှမ်းချင်းဈေးကွက်              ရှမ်းချင်းဈေးက ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျလာပါတယ်။ တောင် ကုတ်လမ်းမှာ ရေကြီးနေတာကြောင့် စစ်တွေဝယ်လက်တွေကလည်း အဝယ်ရပ် သွားတာကြောင့် ဈေးကျလာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ချင်းအစိုက်နည်းတယ်လို့လည်း သိရပါတယ်။ မနှစ်က ချင်းစိုက်ချိန်မှာ ရာသီဥတု ပူပြင်းခဲ့တာကြောင့် အထွက်နှုန်းနည်းခဲ့ပါတယ်။ ယခင်နှစ်တွေကတော့ ချင်းပိဿာချိန် ၁ဝဝဝ စိုက်ရင် အထွက်နှုန်းက ၆ဝဝဝ ထွက်ပေမဲ့၊ ဒီနှစ်က ချင်းပိဿာချိန် ၁ဝဝဝ စိုက်ရင် ၁ဝဝဝ သာပြန်ထွက်ပြီး အများဆုံးက ၃ဝဝဝ သာထွက် ပါတယ်။ ဒါကြောင့် မျိုးရရှိမှုကနည်းလို့ အစိုက်လည်း နည်းတယ်လို့ သိရပါတယ်။ အစိုက်လည်းနည်းတာကြောင့် အထွက်နှုန်းကလည်း နည်းနိုင်တာ ကြောင့် နောက်တရာသီဆိုရင် ချင်းဈေးက ဒီထက်ပိုတက်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ ဒီတစ်ပတ်ဈေးတွေကတော့ ဟိုပုံးဈေးကွက်မှာ ချင်းစို ဈေးက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၂၇ဝ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၃ဝဝ ကျပ်မှ ၃၃ဝ ကျပ်နဲ့ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင် 

Sunday, 7 Aug 2011

ချင်း (ဥမ) များသာ အရောင်းအဝယ်ရှိ                 ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း၌ ချင်းတက်များ ပစ္စည်းလက်ကျန် ပြတ်လျက်ရှိပြီး ချင်း (ဥမ) များသာ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ စီးဝင်မှု အနေနဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း (ဥမ) များ ပိဿာ ၃ဝ ဝင်အိတ် ၂၅ဝ ခန့် အဝင်ရှိပြီး အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၂ဝဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းရှိ ပွဲရုံများ၌ တစ်ရက်ကို ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်လျက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းဥမ (ရှယ်)၈ဝဝကျပ်၊ (ဂျွန်) ၅၅ဝ ကျပ်-၆၅ဝကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိပြီး ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းလဲ့ဝါ 

Sunday, 7 Aug 2011

ဒီတစ်ပတ် ချင်းအပို့မရှိ                ဇူလိုင်လနောက်ဆုံးပတ်ကာလမှာ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လထဲမှာ ပထမပတ်နဲ့ တတိယပတ်တွေမှာ ချင်းတင်ပို့မှုရှိခဲ့ပြီး ဒုတိယပတ်နဲ့ နောက်ဆုံးပတ် မှာတော့ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လမှာ စုစုပေါင်း ချင်းတင်ပို့မှုမှာ တန်ချိန် ၆၄ ဒသမ ၅ တန်ရှိခဲ့ပြီး ဇွန်လမှာ ၁၂ ဒသမ ၅ တန်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဇွန်လထက် တန်ချိန် ငါးဆယ်ကျော်လောက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။          MIRT (DOT) 

Sunday, 7 Aug 2011

အသွင်ထူးတဲ့ V2                  V2 က ယခုနှစ်မှာ ထိပ်ဆုံးကိုတက်လှမ်းနိုင်ခဲ့ပါပြီ။ အရောင်းအဝယ်ကောင်းတာရော၊ ဈေးရတာရော ကောင်း ခဲ့ပါတယ်။ ယခုတစ်ပတ်ထဲမှာ ပဲတီစိမ်း၊ ပဲစင်းငုံစတဲ့ပဲတွေ အားလုံးထက် V2  က အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေးမှာ ကုလားပဲခွဲခြမ်းစက်တွေလည်း အဝယ်ဖြစ်ကြပါတယ်။ V2  က မန္တလေး ကထိန်တော်အသင်းမှာ ယခင် တစ်ပတ်က တစ်ပိဿာကို ၁၁၁၈ ကျပ်ဈေးရှိပြီး၊ ယခုဈေးက ၁၁၄၄ ကျပ်ဖြစ်ပါတယ်။ အရောင်းအဝယ်လည်းမှန်မှန်ရှိပြီး ဒီတစ်ပတ်ထဲမှာ အိတ် ၃ဝဝဝ ကျော်လောက် အရောင်း အဝယ် ဖြစ်တယ်လို့သိရပါတယ်။ V2 က V7 ထက် စိုက်ရက် တိုလို့ တောင်သူကကြိုက်ပါတယ်။ ခွဲစက်သမားကလည်း ပဲခွဲရတာလွယ်ကူလို့ကြိုက်ပါတယ်။ ဒါကြောင့်မန္တလေး တစ်ဝိုက်မှာတော့ V2  ကိုသာအစိုက်များပြီး အလုံးဆိုဒ် ကလည်း မုံရွာ V2  ထက်ကောင်းသေးလို့ သေချာသန့်ပြီးစိုက် ရင် အလုံးလှပြီး ဈေးကောင်းရနိုင်တယ်လို့ ဆိုကြပါတယ်။                    ယခုနှစ်ဆောင်းမှာတော့ V2 နဲ့ ရေဆင်း-၆ ခေါ် 929 အဝါမျိုးကိုစိုက်ကြဖို့ ရှိပါတယ်။ သက်သက်နိုင်

Sunday, 7 Aug 2011

ပြည်ဘိုကိတ်အရည်အသွေးညံ့လို့ ဈေးကျ             ပြည်ဈေးကွက်တွင် ဘိုကိတ်ပဲမှာ အခြားတိုင်းများနှင့် တိုင်းအတွင်းရှိ မြို့နယ်များမှ အဝင်မရှိသလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဘိုကိတ်အရောင်ပျက်ပဲများမှာ တစ်တင်းကို ၇ဝဝဝ ကျပ်ထိ ဈေးကျခဲ့ပြီး အရည် အသွေးကောင်းပြီး၊ အရောက်တောက်သည့်ပဲများကိုတော့ တစ်တင်း ၁၁ဝဝဝ ကျပ်ထိ ဈေးပေးတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာလည်း လက်လီသမားများသာ ဆက်လက်အဝယ်ရှိနေပြီး တစ်ရက်ကို ၁ဝ အိတ်မှ ၁၅ အိတ်ထိ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။            ဆုမွန်ဆွေ

Pages