Main menu

Background

Tuesday, 2 Aug 2011

ပြောင်းဖူးစေ့ တန် ၃၆၈ဝဝ နယ်စပ်မှ အပို့ရှိ                   မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၆၉၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၆၄၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၇ဝ သန်းတန်ဖိုးရှိ နံှစားပြောင်း တန် ၂၂ဝဝ ကျော်၊ ကန်ဒေါ်လာ ၆ ဒသမ ၅ဝ သန်းတန်ဖိုးရှိ ပြောင်း ကြိတ်ဖတ် ၆၅ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၂၅၉၁၇ တန်နဲ့ နံှစားပြောင်း ၁၅၇၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကထွက်ရှိတဲ့ ပြောင်းဖူးစေ့နဲ့ နံှစားပြောင်းများကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံပြောင်းဈေးများ ပြောင်းလဲမှု မရှိသော် လည်း မိမိဘက်မှာ နံှစားပြောင်း ဈေးအနည်းငယ်မြင့်တက်ပြီး ပြောင်းဖူးစေ့ဈေး ကတော့ အနည်းငယ် ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု          ယခင်    ပြောင်းလဲမှု      %       ယခု     ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၁၁၁၆၅     ၂၁၁၂၆၃     ၉၈          ဝ .ဝ၅     ၂၉၄    ၂၉၄            -            -နံှစားပြောင်း     ၂၁၃ဝ၇၈    ၂၁၂၅၆၁     ၅၁၇          ဝ .၂      ၂၉၄    ၂၉၄            -            -MIRT (DOBT)

Tuesday, 2 Aug 2011

ယခင်အပတ်ထက် ပြောင်း တန် ၄ဝဝ ကျော်ပင်လယ်ရေကြောင်းမှ တင်ပို့မှု ပိုမို                   ဇူလိုင် ၁၇ မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၃၁၁ဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၈၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၇ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၄ဝဝ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ အိန္ဒိယ၊ စင်္ကာပုူနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု တို့ဖြစ်ပါတယ်။ နယ်စပ်ကနေ တော့ တန် ၉ဝဝဝ ကျော်တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ မှ ၃၁ဝ ကြားဈေး ရလျက်ရှိပါတယ်။ KZW

Tuesday, 2 Aug 2011

ကမ္ဘာ့ရော်ဘာစိမ်းဈေးနှုန်းများ တစ်တန်လျှင် ကန်ဒေါ်လာ ၄၆ဝဝ-၄၈ဝဝ အကြား ဈေးနှုန်းတွင် သာပြောင်းလဲ ဖြစ်ပေါ် ရောင်းဝယ်ဖောက်ကားလျက်ရှိ                   ဇွန်လနှောင်းပိုင်းမှစပြီး အားနည်းလာတဲ့ ကမ္ဘာ့ရော်ဘာ စိမ်းဈေးနှုန်းတွေ ဇူလိုင်လလယ်ပိုင်းအထိ တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝဝ-၄၈ဝဝ အကြား ဈေးနှုန်းမှာသာ ပြောင်းလဲ ဖြစ်ပေါ်ရောင်းဝယ်ဖောက်ကားလျက်ရှိတာကို တွေ့ရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့က တစ်တန်ကို ၄၇ဝ၈ ဒေါ်လာသာ ရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5  ဈေးနှုန်းက ဇူလိုင်လ ၂၅ ရက်နေ့ မှာ တစ်တန်ကို ၄၈ဝ၇ ဒသမ ၅ဝ ဒေါ်လာအထိ ၉၉ ဒသမ ၅ဝ ဒေါ်လာ ပြန်လည်ဈေးမြင့်လာတယ်။                     ဇူလိုင်လ ၂၁ ရက်နေ့က အီးယူရုံးချုပ် အခြေစိုက်တဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရားဇီးလ်မြို့မှာ ကျင်းပတဲ့ ဥရောပ ခေါင်းဆောင်တွေ အစည်းအဝေးမှာ ဂရိကို ကူညီမဲ့ ဒုတိယအကြိမ်မြောက် ချေးငွေအစီအစဉ်အပေါ် အပြုသဘောဆောင်တဲ့ ယုံကြည်မှုပိုလာခြင်း၊ အမေရိကန်ေြွကးမြီ သက်တမ်းတိုးရေးအတွက် ရီပါပလစ်ကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီအကြား သဘောတူညီမှု ယခုပတ်အတွင်း ရနိုင်ဖွယ်ရှိခြင်းတို့က ကမ္ဘာ့စတော့ဈေးကွက်အတွင်း အရောင်းအဝယ်ပြုနေတဲ့ ကုန်စည်ဈေးနှုန်းကို အမြင့်ဘက်ကို ဦးတည်စေပြီး ရော်ဘာစိမ်းဈေးနှုန်းတွေ ယခင်အပတ်ကထက် ဈေးမြင့်လာခြင်းဖြစ်တယ်။ ကမ္ဘာ့သဘာဝရော်ဘာရောင်းလိုအားက လာမဲ့ ၇ နှစ်အတွင်းမှာ ဆက်လက်တင်းကျပ်နေဦးမှာ ဖြစ်ကြောင်းနဲ့ ရော်ဘာ အဓိက စိုက်ပျိုးတဲ့ နိုင်ငံတွေက မြင့်တက်လာ တဲ့ ရော်ဘာဝယ်လိုအား ကို ပြည့်မီနိုင်အောင် ထုတ်လုပ်နိုင်မှာ မဟုတ်ကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတွေက ပြောကြားလိုက်တယ်။ ''ရော်ဘာရောင်းလိုအား တင်းကျပ်မှုက ၂ဝ၁၈ ခုနှစ်အထိ ဆက်လက်ဖြစ်ပေါ်နေပြီး ထုတ်လုပ်မှုတိုးတက်နှုန်းက အတန်အသင့်သာ ရှိမှာဖြစ်ကြောင်း'' ကွာလာလမ်ပူအခြေစိုက် သဘာဝ ရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများအသင်း (Association of Natural Rubber Producing Countries-ANRPC)  မှ ဝါရင့်စီးပွားရေးပညာရှင်  Jom Jacob က ပြောကြားလိုက် တယ်။ ANRPC  နိုင်ငံတွေရဲ့ သဘာဝရော်ဘာရောင်းလိုအားက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိတယ်။ ပပ၊ Source:irco.biz , www.bloomberg.com, rubberboard.org.in 

Tuesday, 2 Aug 2011

လာမဲ့ကာလများ မှာ ရော်ဘာတင်ပို့မှု အားကောင်းလာတော့မည်               မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ တရုတ်သို့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁ဝ သန်း ကျော်တန်ဖိုးရှိ ရော်ဘာ ၂၃၈၅ တန်တင်ပို့ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ရော်ဘာဈေး ၃၃ဝဝဝ-၃၂၅ဝဝ ယွမ်ထိရှိခဲ့ပြီး မေလတွင် ၃ဝဝဝဝ-၂၉ဝဝဝ ယွမ်၊ ဇွန်လတွင် ၂၉ဝဝဝ-၂၈ဝဝဝ ယွမ်၊ ဇူလိုင်လတွင် ၂၈၅ဝဝ-၂၈ဝဝဝ ယွမ်ထိ ကျဆင်းလျက်ရှိပါတယ်။ မိမိဘက်ပြည်တွင်းဈေး မှာလည်း RSS တစ်ပေါင်လျှင် ၁၅ဝဝ ကျပ်၊ ဇွန်လတွင် ၁၄ဝဝ ကျပ်၊ ဇူလိုင်လတွင် ၁၃ဝဝ ကျပ်သို့ ကျဆင်းလျက်ရှိသော်လည်း ယွမ်ငွေဈေး ဇွန်လ ဒုတိယပတ်လောက်ကစပြီး ပြန်လည်မြင့်တက်ခဲ့ခြင်း၊ ယခင်ဝယ်ယူ သိုလှောင်ထားသူများ တင်ပို့မှုပြုလာခြင်း တို့ကြောင့် ဇွန်လမှာ မေလထက် ရော်ဘာတင်ပို့မှု အနည်းငယ် ပိုမိုလာခဲ့ပါတယ်။ လအလိုက် ရော်ဘာတင်ပို့မှု တွေကတော့ ဧပြီလမှာ ၃၃၅၇ တန်၊ မေလမှာ ၂၇၈၆ တန်၊ ဇွန်လမှာ ၂၈၃၇ တန်နဲ့ဇူလိုင် ၂၆ ရက်ထိမှာ ၂၃၈၅ တန်အသီးသီးဖြစ်ပါတယ်။ဇူလိုင်လအတွင်းမှာ တင်ပို့မှုကိုကြည့်မယ်ဆိုလျှင် လဆန်းပိုင်းမှာ တင်ပို့မှုနည်းခဲ့ ပေမဲ့ လလယ်ခန့်မှစပြီး တင်ပို့မှုမြင့်တက်လာလျက်ရှိတာ တွေ့ရပါတယ်  ကာလ        တန်ချိန်  ပိုတင်သည့်တန်ချိန်      တန်ဖိုး(ကန်ဒေါ်လာ)ပထမပတ်          ၂၃၂      - ၁ .ဝ၆၃ဒုတိယပတ်        ၂၉၅         + ၆၃                        ၁ .၃၆၉တတိယပတ်       ၅ဝ၂        + ၂ဝ၅                      ၂ .၂၄၇စတုတ္ထပတ်        ၁၃၅၅       + ၈၅၃                       ၅ .၉၈၆                   တစ်ဖက်နိုင်ငံယွမ်ဈေးမြင့်တက်လာတာနဲ့အမျှ လာမဲ့လများမှာလည်း တစ်လပျမ်းမျှ တန် ၂၈ဝဝ နဲ့ ၃ဝဝဝ ကြားတော့ တင်ပို့နိုင်မှာဖြစ်ပါတယ်။ ယခင်နှစ်ကာလတူများကို ကြည့်လိုက်မယ်ဆိုလျင်လည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ များမှာ တန် ၂၈ဝဝ မှ ၃၈ဝဝ ဝန်းကျင်၊ နိုဝင်ဘာ၊ ဒီဇင်ဘာများမှာ တန် ၄ဝဝဝ မှ ၅ဝဝဝ ကျော်ဝန်းကျင်ထိ အပို့ရှိခဲ့တာတွေ့ရ တဲ့ အတွက် လာမဲ့ကာလများအတွက် ရော်ဘာတင်ပို့မှု အားကောင်းလာတော့မှာဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။ MIRT (DOBT)

Tuesday, 2 Aug 2011

ရော်ဘာတန် ၁၃၃ဝ ကျော် တရုတ် နယ်စပ်မှအပို့ရှိ                   မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၉၈၆ သန်းတန်ဖိုးရှိ RSS-3  တန် ၂ဝ နဲ့ မူဆယ်နယ်စပ်မှ RSS-3  ၆၇၉ တန်ကျော်၊ RSS-5 ၂၁၃ တန်၊MSR-20  ၃၅၇ တန်နဲ့MSR-50 ၆၅တန် စုစုပေါင်း ၁၃၁၅ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ရော်ဘာ ၈၃၃ တန် ပိုမို တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က မြိတ်နဲ့ မူဆယ် နယ်စပ်များမှ တင်ပို့ခဲ့တာဖြစ်ပြီး ယခုအပတ်မှာတော့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3  ၄၅၈ တန်၊RSS-5 ၁ဝ၈ တန်၊ MSR-20  ၂၅၁ တန်နဲ့ MSR-50 ၆၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးများ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးများ မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်                                   မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု          ယခင်        ပြောင်းလဲမှု     %        ယခု     ယခင်     ပြောင်းလဲမှု     %RSS-3  ၃၄ဝ၇၆၆၁   ၃၄ဝ၆၄၃၆       ၁၂၂၅       ဝ .ဝ၄   ၄၄ဝ၉     ၄၃၃၂        ၇၇            ၂RSS-5 ၃၁၉ဝ၁၃၁   ၃၁၇၆၈၇၁        ၁၃၂၆ဝ     ၃ .၄     ၄၃၃၂    ၄၂၅၄         ၇၈            ၂MIRT(DOBT)

Tuesday, 2 Aug 2011

ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တန် ၃ဝဝ ကျော် တင်ပို့နိုင်                ဇူလိုင် ၁၇ မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၈၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လကုန်ပိုင်းမှစ၍ ရော်ဘာတင်ပို့မှု သိသိသာသာလျော့နည်းခဲ့ပြီး ယခုမှ တန် ၃ဝဝ ကျော်ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုကျခဲ့ပေမဲ့ နယ်စပ်မှ တန် ၅ဝဝကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3  တစ်တန်ကို ၄၅ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၄၄ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၅ဝဝ ဒေါ်လာအသီးသီးဖြစ်ကြောင်းသိရပါတယ်။           KZW 

Sunday, 31 Jul 2011

ဈေးကွက် ခဲျ့ထွင်လာတော့မယ့် ဘုတလင်ထန်းလျက်                   စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ အုတ်ဖို၊ သခွတ္တနယ်၊ ကွမ်အုံ၊ မြို့သစ်ချောင်း၊ ဂွေးပင်ကျင်းနဲ့ ကြို့ကုန်း ကျေးရွာတွေမှာ ထန်းတောပေါများသလို ထန်းလျက်ချက် လုပ်ငန်း လုပ်ကိုင်သူလည်း ပေါများကြပါတယ်။ ယခုရာသီမှာ ထန်းမရာသီဖြစ်ပြီး ထန်းရည်ချိုအထွက်လျော့လို့ ထန်းလျက်ချက်လုပ်ငန်းအားနည်းခဲ့ပေမဲ့ ထန်းလျက် အညိုတစ်ပိဿာ ၄၅ဝ ကျပ်နဲ့ ထန်းလျက်ဖြူ တစ်ပိဿာ ၆၅ဝ ကျပ်ရဖို့ အသင့်အတင့် အကျိုးအမြတ်ရှိခဲ့ကြောင်း ဆိပ်သာကန်ကျေးရွာက ထန်းလျက်ဖိုပိုင်ရှင် ဦးဖိုးတာက ပြောပြပါတယ်။                   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး (OVOP)  ဆောင်ရွက် နိုင်ရေး လုပ်ငန်းအတွက် စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးတို့ ကွင်းဆင်းစစ်ဆေးစဉ်က ထန်းလျက်တောင်သူ လုပ်ငန်းရှင်များ အစုအဖွဲ့ ဖွဲ့၍ အစုငွေ ထည့်ဝင်မှုအပေါ် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေအရင်းအနှီး ထုတ်ပေးမှာ ဖြစ်လို့ ထန်းတောင်သူတွေ တစ်ညီတစ်ညွတ်တည်းစုစည်း ဆောင်ရွက်ဖို့ လုံ့လစိုက်ထုတ်နေကြတယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 31 Jul 2011

အထွက်နှုန်းတိုး၍ သိုလှောင်အားကောင်းသောကြောင့် နနွင်းဈေးဖိအားနှင့် ရင်ဆိုင်နေရ                လာမယ့်ရာသီမှာ အထွက်နှုန်းတိုးနိုင်ဖွယ်ရှိပြီး သိုလှောင်မှုလည်းမြင့်မားတာကြောင့် နနွင်းဈေးနှုန်းအတွက် ဖိအားတွေ ရှိနေကြောင်း သိရပါတယ်။ ဝယ်သူတွေက ဈေးကျတာကို စောင့်နေတဲ့အတွက် ဝယ်လိုအားလည်း ကျဆင်းနေကြောင်း သိရပါတယ်။ အလားတူပို့ကုန်လည်း ကျဆင်းနေတာကြောင့် ဈေးကွက်အေးနေတယ်လို့ သိရပါတယ်။ လာမယ့်ကာလအထိ ဈေးကွက်အားနည်းနေနိုင်ပြီး ဝယ်လိုအားကလည်း ယခုအချိန်မှာ မကောင်းဘဲ သိုလှောင်ရုံတွေမှာရှိတဲ့ လှောင်ကုန်တွေကလည်း စိုးရိမ်နေရကြောင်း ကုန်ပစ္စည်းဝန်ဆောင်မှုလုပ်ငန်းများက ပြောကြားပါတယ်။ ယခုရာသီမှာ မနှစ်ကထက် စိုက်ပျိုးချိန် နောက်ကျပြီး မိုးကောင်းတာကြောင့် အထွက်နှုန်း တက်နိုင်ကြောင်း အချို့အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ အဓိကနနွင်း စိုက်တဲ့ အင်ဒရာပရာဒေ့ရှ်မှာ မကြာသေးခင်ကာလက မိုးကောင်းတဲ့အတွက် မနှစ်ကလိုပဲ အထွက်နှုန်းကောင်းမယ်လို့ လေ့လာ သူများက ပြောပါတယ်။              အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစိုက်ဧရိယာတဖြည်းဖြည်းများပြားလာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံတစ်ဝန်းမှာ ၂ဝ၁၁ ဇူလိုင်မှာ နနွင်းစိုက်ဧရိယာ ဟက်တာ ဝ ဒသမ ၂၃ သိန်းရှိပြီး ယခင်နှစ် အလားတူကာလက ဟက်တာ ဝ ဒသမ ၁၉ သိန်းရှိကြောင်း သိရပါတယ်။ နနွင်းသစ်တွေက ဇန်နဝါရီလလယ်မှာ စတင်ပေါ်ပြီး မတ်လမှ ဇွန်လ တိုင်အောင် အဆက်မပြတ်ထွက်ကြောင်း သိရပါတယ်။                 တမီနာဒူးစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ခန့်မှန်းချက်အရ ၂ဝ၁ဝ-၂ဝ၁၁ မှာ ၅ဝ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းအထိ အထွက် တိုးခဲ့ပြီး အိတ်ပေါင်း ၇ဝ သိန်းထွက်ရှိခဲ့ကာ သာမန်နှစ်မှာ အိတ်ပေါင်း ၄၅ သိန်းထွက်ရှိကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ နနွင်းတင်ပို့မှုက ၂ဝ၁ဝ-၂ဝ၁၁ မှာတန်ချိန် ၄၉၂၅ဝ ရှိပြီး ၂ဝဝ၉-၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟင်းခတ်အမွှေးအကြိုင်အသင်းမှ ပြောကြားပါတယ်။ ရေတိုကာလမှာ ပြည်တွင်းပြည်ပ ဝယ်လက်တွေနဲ့ စိုက်ပျိုးတဲ့ ဒေသမှာ မိုးရွာသွန်းမှုပေါ်မူတည်ပြီး နနွင်းဈေးနှုန်းအတက်အကျဖြစ်နိုင်ကြောင်း အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ ရေရှည်မှာတော့ ပြည်တွင်းဈေးကွက်မှာ နနွင်းသိုလှောင်မှုနဲ့ နီဇမ်မာဘတ်နဲ့ အီရိုဒီတို့လို အဓိကစိုက်ပျိုးတဲ့ ဒေသတွေရဲ့ စိုက်ဧရိယာကိုကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဝယ်လိုအားအရတော့ ဆေးဝါးနဲ့ အလှကုန်တွေမှာ အသုံးများလာတဲ့အတွက် သုံးစွဲမှုတိုးတက်လာတာ တွေ့ရပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးမှာတော့ အိန္ဒိယက အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့ ဈေးကွက်မှာ အကြီးဆုံးရောင်းသူဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZ W ,Source: finencial express

Pages