Main menu

Background

Tuesday, 26 Jul 2011

ကြူကုတ် ကြက်သွန်ဖြူဈေးချိုလို့ အရောင်းသွက်                 ဒီတစ်ပတ် ပြည်ကြက်သွန်ဖြူဈေးကွက်တွင် ကြူကုတ်ကြက်သွန်ဖြူဈေးမှာ တစ်ပိဿာကို ယခင် ၁၄ဝဝ ကျပ်- ၁၆ဝဝ ကျပ်မှ ယခု ၁၂၅ဝ ကျပ်- ၁၃ဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပါတယ်။ (ရှမ်းမွှာ) မြန်မာကြက်သွန်ဖြူမှာတော့ ယခင်အပတ် အတိုင်း တစ်ပိဿာကို ၁၆ဝဝ ကျပ်- ၁၈ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပြီး အရောင်း မသွက်ဘဲဈေးခိုျတဲ့ ကြူကုတ် ကြက်သွန်ဖြူ အရောင်းအဝယ်သွက် ကြောင်းလည်း သိရပါတယ်။ စီးဆင်းမှုအနေနဲ့ ကြူကုတ်ကြက်သွန်ဖြူ ယခုတစ်ပတ် ၁၆ ပိဿာဝင်အိတ် ၇ဝဝ ခန့် အဝင်ရှိပြီး လက်ကျန်မရှိ အရောင်းအဝယ်ဖြစ်နေပါတယ်။ (ရှမ်းမွှာ) ကြက်သွန်ဖြူမှာတော့ ယခုတစ်ပတ် ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့် အဝင်ရှိပြီး အိတ် ၁၈ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။             ဝင်းလဲ့ဝါ

Tuesday, 26 Jul 2011

ကျောက်ပန်းတောင်းမန်ကျည်း ဈေးငြိမ်                  ဇူလိုင် ဒုတိယပတ်အတွင်း မန်ကျည်းအသားဈေးနှုန်း တည်ငြိမ်နေတာတွေ့ရ ပါတယ်။ ကျောက်ပန်းတောင်း မန်ကျည်းများ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တစ်ပတ် အတွင်း ကုန်ချိန် ပိဿာ ၃ဝဝဝဝ ဝန်းကျင်ခန့်တင်ပို့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း မန်ကျည်းအလုံးတစ်ပိဿာ ၁၄ဝဝ ကျပ်၊ မန်ကျည်း အသားတစ်ပိဿာ ၂၇ဝဝ ကျပ်နှုန်းဖြင့် ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဈေးတည် ငြိမ်နေတာတွေ့ရပါတယ်။ မန်ကျည်းဒါးစဉ်းတစ်ပိဿာ ၁၈ဝဝ ကျပ်ဖြစ်၍ ယခင် တစ်ပတ်ထက် ၁ဝဝ ကျပ်ဈေးမြင့်လာကြောင်း တွေ့ရပြီး မန်ကျည်းအစေ့ တစ်တင်း ယခုတစ်ပတ် ဈေး ၂၅ဝဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၅ဝ ရာခိုင်နှုန်းလျော့ နည်းပြီး အရောင်းအဝယ် ပုံမှန်သာရှိကြောင်း သိရပါတယ်။           ခင်မြင့်မြင့်သန်း

Tuesday, 26 Jul 2011

ဝယ်လက်ရှိလို့ အောင်ပန်းချင်းဈေးကွက်သွက်                     ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ရှမ်းချင်း (စို) ဈေးတွေအနည်းငယ်တက် လာပါတယ်။ စစ်တွေဝယ်လက်တွေ ဝယ်ယူနေတာကြောင့် ပြီးခဲ့တဲ့ အပတ်ကထက် တစ်ပိဿာကို ၅ဝ ကျပ်-၆ဝ ကျပ်ခန့်ဈေးတက်နေတယ်လို့ သိရပါတယ်။ ကလော မြို့နယ်နဲ့ နန်းတိုင်းနယ်တွေက ပုံမှန်အဝင်ရှိနေပြီး ပင်လောင်းဖက်ကတော့ အဝင် နည်းသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး တန်ပိုနှုန်းတွေ သတ်မှတ် တာကြောင့် တင်ခတွေလည်း ဈေးပြန်တက် လာပြီး ချင်းတစ်ပိဿာ တင်ခ ၂ဝ ကျပ်ခန့် တက်လာတယ်လို့ သိရပါတယ်။ ချင်းခြောက်ကတော့ အရောင်းအဝယ် အေးနေပြီး လက်ကျန်တွေလည်း ကျန်နေသေးတယ်လို့ သိရပါတယ်။ ချင်း (ဥမ) တွေကတော့ ဒီထက်ဈေး ထပ်မတက်လာရင် နောက်တစ်ရာသီအထိ လက်ကျန် ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။                  ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၃၃ဝ ကျပ်-၃၅ဝ ကျပ် ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၁၇ဝဝ - ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။                     ဧဧခိုင်

Tuesday, 26 Jul 2011

ချင်း (ဥမ) များအရောင်းသွက် ပြည်ဈေးကွက်                    ပြည်မြို့ ချင်းဈေးကွက်အတွင်း တစ်ရက်ကို ချင်း(တက်) နဲ့ ချင်း (ဥမ) များ ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ယခုတစ်ပတ်တွင် အောင်ပန်း၊တောင်ကြီးဘက်မှ ချင်း(ဥမ)များသာ ပိဿာ ၃ဝဝင်အိတ်၃ဝဝ ခန့်အဝင် ရှိ ၍ ချင်းအတက်များ အဝင်မရှိတော့ကြောင်း သိရပါတယ်။ ဝယ်လက်များအနေနဲ့ လက်ကျန်ချင်းတက်များကို အဝယ်နည်းနေပြီး ချင်း (ဥမ) များကို အဝယ်များနေ တယ်လို့လည်း ချင်းပွဲရုံတွေက တစ်ဆင့် သိရပါတယ်။ ဈေးကွက်အတွင်း ယခု တစ်ပတ်ချင်းဈေးမှာ တစ်ပိဿာကို ချင်း (ဥမ) ၅၅ဝ ကျပ်-၆၅ဝ ကျပ်၊ ချင်းတက် (ဂျွန်)၁၁ဝဝ ကျပ်၊ (ရှယ်)၁၂ဝဝ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ဧရာဝတီတိုင်းဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန် ၂၅ဝဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 26 Jul 2011

ပြည်ဘိုကိတ်ပဲ အရောင်းအဝယ်အေးနေ                   ဇူလိုင် တတိယပတ်တွင် ဘိုကိတ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၁၁ဝဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်ပတ်များက တိုင်းဒေသကြီး အတွင်းရှိ လက်လီသမားများ အဝယ် ပါးနေတဲ့အတွက် အရောင်းအဝယ် မဖြစ်သလောက်ရှိတယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့မှုမရှိသလို တိုင်းဒေသကြီးအတွင်း မြို့နယ်များမှလည်း အခြားတိုင်းဒေသ ကြီးသို့ တင်ပို့မှုမရှိဘဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Tuesday, 26 Jul 2011

ရန်ကုန်ဝယ်လက် အဝယ်ရှိလို့ အရောင်းသွက်တဲ့ ပြည်ပဲကြီး                   ပြည်ဈေးကွက်သို့ ဒေသတွင်း မြို့နယ်များမှ ပဲကြီး အဝင်မရှိတော့ဘဲ အောင်လံ၊ ပြလို့ဖက်မှ ယခုရက်ပိုင်းတွင် အိတ် ၆ဝဝ ကျော် အဝင်ရှိခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲကြီးရွှေကျွန်းမှာ အိတ် ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ပြီး ပဲကြီး(ကမ်းနား)ကတော့ အိတ် ၇ဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းပဲကြော်ဖို လုပ်ငန်းသမားများ အဝယ်ရှိသလို ရန်ကုန်ဝယ် လက်များလည်း အဝယ်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်ထက် အရောင်းအဝယ် သွက် နေခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းကတော့ ပဲကြီးရွေကျွန်း တစ်တင်း ၁၇၅ဝဝ ကျပ်နဲ့ ယခင်တစ်ပတ်ထက် ၁ဝဝဝ ကျပ်ဈေးမြင့်ခဲ့ပြီး ပဲကြီးကမ်းနားမှာ တစ်တင်း ၁၅၅ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။                              ခင်ဆွေဝင်း

Tuesday, 26 Jul 2011

မူဆယ်နယ်စပ်မှ ပဲယင်းတင်ပို့မှုပို                 မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၂၁၇ သန်းတန်ဖိုးရှိ ပဲယင်း ၃၆၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂ဝ၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                       မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)ယခု              ယခင်     ပြောင်းလဲမှု    %    ယခု     ယခင်   ပြောင်းလဲမှု     %၃ဝ၆၁၆ဝ     ၃၃၁၂၁၃     ၂၅ဝ၅၃        ၈     ၄၉၅     ၅၅၇         ၆၂           ၁၃MIRT (DOBT)

Tuesday, 26 Jul 2011

ကမ္ဘာ့ပဲမျိုးစုံအထွက်ကျဆင်းမယ်ခန့်မှန်း၊ ဈေးနှုန်းဆက်လက်ခိုင်မာဖွယ်ရှိ                   ကမ္ဘာ့ပဲအဓိက ထုတ်လုပ်၊ တင်ပို့တဲ့ နိုင်ငံများမှာ စိုက်ဧက ကျဆင်းခြင်း၊ သီးနံှအထွက် လျော့ကျဖွယ် ရှိခြင်းတို့ ကြောင့် ၂ဝ၁၁ အတွင်း ကမ္ဘာ့ပဲမျိုးစုံထုတ်လုပ်မှုကလည်း ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိပြီး ရောင်းချမှုနည်းနိုင်တယ်လို့ ကနေဒါအထူးသီးနံှများအသင်းညီလာခံမှာ ကျွမ်းကျင်ပညာ ရှင်များက ဆိုပါတယ်။ ၂ဝ၁ဝ ရဲ့ ကမ္ဘာ့ပဲမျိုးစုံထုတ်လုပ်မှုဟာ တန်ချိန်သန်း ၆ဝခန့်မှန်းထားပြီး လက်ရှိနှစ်မှာတော့ ကနေဒါ နဲ့ အမေရိကန်တို့လို တင်ပို့မှုကြီးမားတဲ့ နှစ်နိုင်ငံလိုပဲ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်တဲ့ အိန္ဒိယတို့မှာ စိုက်ဧရိယာ လျော့ ကျတာကြောင့် တန်ချိန် ၅၇ သန်းနီးပါးကို ကျဆင်းနိုင်တယ် လို့ ဆိုပါတယ်။                     စားသုံးသူဈေးကွက် ဝယ်လိုအားက တည်ငြိမ်ဖွယ်ရှိတာ ကြောင့် ရောင်းလိုအားနည်းမယ်ဆိုရင် ဈေးနှုန်း ခိုင်မာလာဖို့ ပဲ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ၂ဝ၁၁ အတွက် ကမ္ဘာပဲလုံး ထုတ်လုပ်မှုဟာ ယခင်နှစ်က တန် ၁ဝ ဒသမ ၁ သန်းရှိခဲ့ရာမှ တန်ချိန် ၈ ဒသမ ၇ သန်းကိုကျဆင်းနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ပဲရာဇာ (ပဲနီလေး) ထုတ်လုပ်မှု ဟာ ယခင်နှစ်က တန်ချိန် ၄ ဒသမ ၂ သန်းရှိရာမှ တန်ချိန် ၃ ဒသမ ၉ သန်းကို ကျဆင်းနိုင်ပြီး အလားတူကုလားပဲလုံးက လည်း ယခင်နှစ်က တန်ချိန် ၉ ဒသမ ၂ သန်းရှိရာမှ တန်ချိန် ၈ ဒသမ ၆ သန်းကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ပဲမျိုးစုံ အလားအလာအပေါ် ပညာရှင်များရဲ့ ဆွေးနွေးချက်အရ အိန္ဒိယနိုင်ငံမှာ ကုလားပဲဈေး ကြီးမြင့်ခြင်း ကြောင်း ပဲဝါလေးတင်သွင်းမှုကိုမြှင့်တင်လာလိမ့်မယ်လို့ ဆိုပါတယ်။ပဲဝါလေးဟာကမ္ဘာ့ဈေးကွက်အတွင်း ဈေးးအသက်သာ ဆုံးပဲအဖြစ် ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ၂ဝ၁ဝ ခုနှစ် အတွင်း ပဲဝါလေး တင်သွင်းမှုတန်ချိန် ၁ ဒသမ ၅ သန်းအထိ ရှိခဲ့လို့ ကမ္ဘာမှာ ပဲဝါလေးအများဆုံး တင်သွင်းသူဖြစ်လာခဲ့ပါတယ်။ အလားတူ အိန္ဒိယပဲနီလေးဈေးက အမြင့်မှာဘဲ ရှိ နေတာကြောင့် ကနေဒါ  ပဲနီလေးတင်ပို့မှု တိုးတက်ခဲ့ပါတယ်။             အိန္ဒိယဈေးကွက်ရဲ့ ဈေးနှုန်းကို ဦးစားပေးမှုကြောင့် အဲဒီပဲ များကို အစားထိုးရောင်းဝယ်လာကြတာ ထင်ရှားနေပါတယ်။ကမ္ဘာမှာပဲလုံးနဲ့ ပဲရာဇာ (ပဲနီလေး၊ ပဲဝါလေး) အများဆုံး တင်ပို့နေတဲ့ ကနေဒါနိုင်ငံဟာ ၂ဝ၁ဝ ခုနှစ်ကထဲက ရာသီ ဥတုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း ပဲမျိုးစုံဟာ ငွေပိုရပြီး စိုက်ပျိုးဖို့ အဆင်ပြေတဲ့ အခြားသီးနံှများ ပြောင်းလဲစိုက်ပျိုးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ ဒါကြောင့် ၂ဝ၁၂ မှာ ပဲမျိုးစုံစိုက်ဧရိယာ တိုးခဲျ့ဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။               ၂ဝ၁၁ အတွက် ပဲမျိုးစုံဈေးကွက်အလားအလာအနေနဲ့ ကနေဒါ၊ အမေရိကန်နဲ့ အိန္ဒိယအပါအဝင် အဓိက ပဲထုတ် လုပ်ရာ ဒေသများက ရောင်းချမှုထိခိုက်နိုင်ပေမဲ့ ဝယ်လိုအား ကတော့ခိုင်မာနေဆဲလို့ဆိုပါတယ်။ ယေဘုယျအနေနဲ့ တောင် အာရှနဲ့ အိန္ဒိယတို့မှာ စားသုံးမှု ဝယ်လိုအားကြီးမားနေတာ ကြောင့် အဲဒီနိုင်ငံများဟာ ကနေဒါ အထူးသီးနံှဆွေးနွေးပွဲကို အထူးအလေးထားစောင့်ကြည့်ခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက် အနေနဲ့ အိန္ဒိယ မိုးပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းဖွယ်ရှိခြင်း က ဈေးနှုန်းအမြင့်ဘက်ကို ဦးတည်စေပါတယ်။ ဇူလိုင်လ အစော ပိုင်းအိန္ဒိယပဲစိုက်ပျိုးမှု နောက်ကျလျက်ရှိပြီး စိုက်ဧရိယာ တိုးတက်မှု ရှိမရှိနဲ့ သီးနံှထုတ်လုပ်မှု ခန့်မှန်းချက်တော့ ထွက် မလာသေးဘူးလို့ သိရပါတယ်။        ယမင်းရွှေစင်၊ Source: businessline

Tuesday, 26 Jul 2011

အိန္ဒိယ Icrisat  မှ အထွက်နှုန်းမြင့် ပဲစင်းငုံစပ်မျိုး ထုတ်လုပ်             အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးသုတေသနအဖွဲ့ဖြစ်တဲ့ Icrisat  မှ အခြားမျိုးစေ့တွေ ထက် ထွက်ရှိနိုင်မှုနှုန်း ၃ဝ ရာခိုင်နှုန်း ပိုမိုတဲ့ပဲစင်းငုံ စပ်မျိုးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြည်နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးဖို့ RV ICPH 2671 စပ်မျိုးကို သတ်မှတ်ကြေညာခဲ့ပါတယ်။ ပဲစင်းငုံဟာ အိန္ဒိယလူသန်းပေါင်းများစွာအတွက် အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော်အတွင်း ပဲစင်းငုံထုတ်လုပ်မှုနှုန်းဟာ တစ်ဟက်တာကို ကီလို ၆ဝဝ-၇ဝဝ နဲ့ အလွန်ပဲနိမ့်နေတဲ့အတွက် နှစ်စဉ်ပြည်တွင်းလိုအပ်တဲ့ တန်ချိန် ၃ ဒသမ ၅ သန်းပြည့်မီဖို့ မြန်မာနဲ့ အာဖရိကက နှစ်စဉ် ပဲစင်းငုံတန် ၅ သိန်းခန့် တင်သွင်းနေရပါတယ်။ ၁၉၇၄ ခုမှ စတင်ပြီး ICAR နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဟိုက်ဒရာဘတ်အခြေစိုက် Icrisat ဟာ လယ်ယာနမူနာ ရာကွက်ပေါင်းများစွာမှာ မျိုးစပ်ပဲစင်းငုံကို စီးပွားဖြစ် ထုတ်လုပ်ခဲ့တယ်လို့Icrisat မှ သိပ္ပံပညာရှင် Mr K B Saxena က ဆိုပါတယ်။             တစ်ဝက်တစ်ပျက်ခြောက်သွေ့တဲ့ ဒေသများအတွက် နိုင်ငံတကာသီးနံှ သုတေသန တက္ကသိုလ် (ICRISAT) ကို ၁၉၇၂ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ယခုအခါ ပဲစင်းငုံစပ်မျိုး ၂ မျိုးဖြစ်တဲ့ ICPH 2671 နဲ့ ICPH 2740 တို့ကို လယ်ယာမြေစမ်း သပ်ခြင်းနဲ့ ဈေးကွက်စမ်းသပ်မှုအရ မျိုးစေ့အမြောက်အမြား ထုတ်လုပ်ဖို့ ရွေးချယ်ခဲ့ တယ်လို့ သိရပါတယ်။                 ICPH 2671  ကို အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ တမီနာဒူး ပြည်နယ်များမှာ ၄ နှစ်ကြာ နမူနာအကွက်ပေါင်း ၃၅ နေရာမှာ စမ်းသပ် ချက်အရ အခြားမျိုးစေ့များထက် ၄၂ ရာခိုင်နှုန်း ပိုမိုသာလွန်တဲ့ စပ်မျိုးအဖြစ် တွေ့ရှိခဲ့တယ်လို့ Mr Saxena က ဆိုပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ICPH  ၂၇၄ဝ ကိုလည်း အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ ၄ နှစ်ကြာ စမ်းသပ်ကွက် ၃၃ နေရာမှာ စမ်းသပ်ခဲ့ရာ အကောင်းဆုံးမျိုးစေ့တွေထက် ၃၈ ရာခိုင်နှုန်းပိုမိုကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။ Icrisat မှ သုတေသန ပညာရှင် များက စပ်မျိုးစေ့ရဲ့အထွက်နှုန်း ဟာတစ်ဟက်တာကိုကီလို ၁၅ဝဝ-၁၆ဝဝ ရိတ်သိမ်း ခဲ့ရပြီး မျိုးစေ့ကုမ္ပဏီက လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပျမ်းမျှအထွက်နှုန်းဟာ တစ်ဟက်တာကို ကီလို ၁၃၅ဝနဲ့ ရိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေသအနံှ့အပြားမှာ ထုတ် လုပ်ခဲ့တဲ့ အဲဒီမျိုးစေ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ သယ်ယူစရိတ်မပါဘဲ တစ်ကီလို ကို ရူပီး ၁၅-၂၅ (ကန်ဒေါ်လာ ဝ ဒသမ ၃၄- ဝ ဒသမ ၅၆) ခန့် ရှိတယ်လို့ ဆိုပါတယ်။                သီးနံှရင့်မှည့်ကာလဟာ ရက်ပေါင်း ၁၈ဝ ဖြစ်ပြီး အခြားမျိုးစေ့တွေထက် စပ်မျိူးစေ့ ရဲ့ အကျိုးအမြတ်က သာလွန်တယ်လို့ ဆိုပါတယ်။ မဟာရပ်တရာရဲ့ Amrauati နဲ့ Yavatmalခရိုင်များမှာ စမ်းသပ်စိုက်ပျိုးခြင်းအရ တောင်သူ ၃ ဦး ဟာ ပဲစင်းငုံတစ်ဟက်တာကို ကီလို ၄ဝဝဝ ကျော်ထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်ရဲ့ Medak  ခရိုင်က လယ်သမားတစ်ဦးကတော့ တစ်ဟက်တာ ၃၃ဝဝ ကီလိုနှုန်းရိတ်သိမ်း ထွက်ရှိခဲ့လို့ ဒေသမျိုးစိုက်ပျိုးခြင်းမှ ရရှိတဲ့ အကျိုးအမြတ် ရူပီး ၂၄ဝဝဝ (ကန်ဒေါ်လာ ၅၄၁) ယှဉ်ရင် ယခုစပ်မျိုးက တစ်ဟက်တာကို ရူပီး ၈၃ဝဝဝ (ကန်ဒေါ်လာ ၁၈၇ဝ) ကျော်ထိရရှိတယ်လို့လည်း ဆိုပါတယ်။ စမ်းသပ်မှုအရ အခြားပဲစင်းငုံမျိုးတွေနဲ့ယှဉ်ရင် စပ်မျိုးရဲ့ အရသာ ကွဲပြား ခြားနားမှု မရှိဘူးလို့ ဆိုပါတယ်။ ယမင်းခင်၊Source: businessline

Tuesday, 26 Jul 2011

ရန်ကုန် FOB အရောင်းအဝယ်မှာ တဖြည်းဖြည်းနည်းလာတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ              ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲနဲ့ မြေထောက်ပဲ အရောင်းအဝယ်ဖြစ် မှုမှာ တစ်ပတ်ထက်တစ်ပတ် လျော့ကျလာ နေပါတယ်။ ပြည်တွင်းလက်ကျန်ပါးနေပြီဖြစ်လို့ ဝယ်လိုအားကောင်းပေမဲ့ အရောင်း စာချုပ်နည်းခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ထောပတ်ပဲ တန်ချိန် ၂၇ဝ နဲ့ မြေထောက်ပဲတန် ၂ဝ ကျော်သာ FOB အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။             ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ထောပတ်ပဲ တန်ချိန် ၅၆ဝ နဲ့ မြေထောက်ပဲတန်ချိန် ၇၃ဝ ခန့် ပြည်ပအရောင်း အဝယ် စာချုပ်ခဲ့ကြောင်း သိရပါ တယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ဇူလိုင်လ ၂၁ ရက် မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ  FAQ တစ်တန် ကန်ဒေါ်လာ၆၂ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။            MIRT - MAPT

Pages