Main menu

Background

Tuesday, 26 Jul 2011

အိန္ဒိယ Icrisat  မှ အထွက်နှုန်းမြင့် ပဲစင်းငုံစပ်မျိုး ထုတ်လုပ်             အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးသုတေသနအဖွဲ့ဖြစ်တဲ့ Icrisat  မှ အခြားမျိုးစေ့တွေ ထက် ထွက်ရှိနိုင်မှုနှုန်း ၃ဝ ရာခိုင်နှုန်း ပိုမိုတဲ့ပဲစင်းငုံ စပ်မျိုးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြည်နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးဖို့ RV ICPH 2671 စပ်မျိုးကို သတ်မှတ်ကြေညာခဲ့ပါတယ်။ ပဲစင်းငုံဟာ အိန္ဒိယလူသန်းပေါင်းများစွာအတွက် အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော်အတွင်း ပဲစင်းငုံထုတ်လုပ်မှုနှုန်းဟာ တစ်ဟက်တာကို ကီလို ၆ဝဝ-၇ဝဝ နဲ့ အလွန်ပဲနိမ့်နေတဲ့အတွက် နှစ်စဉ်ပြည်တွင်းလိုအပ်တဲ့ တန်ချိန် ၃ ဒသမ ၅ သန်းပြည့်မီဖို့ မြန်မာနဲ့ အာဖရိကက နှစ်စဉ် ပဲစင်းငုံတန် ၅ သိန်းခန့် တင်သွင်းနေရပါတယ်။ ၁၉၇၄ ခုမှ စတင်ပြီး ICAR နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဟိုက်ဒရာဘတ်အခြေစိုက် Icrisat ဟာ လယ်ယာနမူနာ ရာကွက်ပေါင်းများစွာမှာ မျိုးစပ်ပဲစင်းငုံကို စီးပွားဖြစ် ထုတ်လုပ်ခဲ့တယ်လို့Icrisat မှ သိပ္ပံပညာရှင် Mr K B Saxena က ဆိုပါတယ်။             တစ်ဝက်တစ်ပျက်ခြောက်သွေ့တဲ့ ဒေသများအတွက် နိုင်ငံတကာသီးနံှ သုတေသန တက္ကသိုလ် (ICRISAT) ကို ၁၉၇၂ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ယခုအခါ ပဲစင်းငုံစပ်မျိုး ၂ မျိုးဖြစ်တဲ့ ICPH 2671 နဲ့ ICPH 2740 တို့ကို လယ်ယာမြေစမ်း သပ်ခြင်းနဲ့ ဈေးကွက်စမ်းသပ်မှုအရ မျိုးစေ့အမြောက်အမြား ထုတ်လုပ်ဖို့ ရွေးချယ်ခဲ့ တယ်လို့ သိရပါတယ်။                 ICPH 2671  ကို အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ တမီနာဒူး ပြည်နယ်များမှာ ၄ နှစ်ကြာ နမူနာအကွက်ပေါင်း ၃၅ နေရာမှာ စမ်းသပ် ချက်အရ အခြားမျိုးစေ့များထက် ၄၂ ရာခိုင်နှုန်း ပိုမိုသာလွန်တဲ့ စပ်မျိုးအဖြစ် တွေ့ရှိခဲ့တယ်လို့ Mr Saxena က ဆိုပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ICPH  ၂၇၄ဝ ကိုလည်း အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ ၄ နှစ်ကြာ စမ်းသပ်ကွက် ၃၃ နေရာမှာ စမ်းသပ်ခဲ့ရာ အကောင်းဆုံးမျိုးစေ့တွေထက် ၃၈ ရာခိုင်နှုန်းပိုမိုကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။ Icrisat မှ သုတေသန ပညာရှင် များက စပ်မျိုးစေ့ရဲ့အထွက်နှုန်း ဟာတစ်ဟက်တာကိုကီလို ၁၅ဝဝ-၁၆ဝဝ ရိတ်သိမ်း ခဲ့ရပြီး မျိုးစေ့ကုမ္ပဏီက လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပျမ်းမျှအထွက်နှုန်းဟာ တစ်ဟက်တာကို ကီလို ၁၃၅ဝနဲ့ ရိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေသအနံှ့အပြားမှာ ထုတ် လုပ်ခဲ့တဲ့ အဲဒီမျိုးစေ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ သယ်ယူစရိတ်မပါဘဲ တစ်ကီလို ကို ရူပီး ၁၅-၂၅ (ကန်ဒေါ်လာ ဝ ဒသမ ၃၄- ဝ ဒသမ ၅၆) ခန့် ရှိတယ်လို့ ဆိုပါတယ်။                သီးနံှရင့်မှည့်ကာလဟာ ရက်ပေါင်း ၁၈ဝ ဖြစ်ပြီး အခြားမျိုးစေ့တွေထက် စပ်မျိူးစေ့ ရဲ့ အကျိုးအမြတ်က သာလွန်တယ်လို့ ဆိုပါတယ်။ မဟာရပ်တရာရဲ့ Amrauati နဲ့ Yavatmalခရိုင်များမှာ စမ်းသပ်စိုက်ပျိုးခြင်းအရ တောင်သူ ၃ ဦး ဟာ ပဲစင်းငုံတစ်ဟက်တာကို ကီလို ၄ဝဝဝ ကျော်ထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်ရဲ့ Medak  ခရိုင်က လယ်သမားတစ်ဦးကတော့ တစ်ဟက်တာ ၃၃ဝဝ ကီလိုနှုန်းရိတ်သိမ်း ထွက်ရှိခဲ့လို့ ဒေသမျိုးစိုက်ပျိုးခြင်းမှ ရရှိတဲ့ အကျိုးအမြတ် ရူပီး ၂၄ဝဝဝ (ကန်ဒေါ်လာ ၅၄၁) ယှဉ်ရင် ယခုစပ်မျိုးက တစ်ဟက်တာကို ရူပီး ၈၃ဝဝဝ (ကန်ဒေါ်လာ ၁၈၇ဝ) ကျော်ထိရရှိတယ်လို့လည်း ဆိုပါတယ်။ စမ်းသပ်မှုအရ အခြားပဲစင်းငုံမျိုးတွေနဲ့ယှဉ်ရင် စပ်မျိုးရဲ့ အရသာ ကွဲပြား ခြားနားမှု မရှိဘူးလို့ ဆိုပါတယ်။ ယမင်းခင်၊Source: businessline

Tuesday, 26 Jul 2011

ရန်ကုန် FOB အရောင်းအဝယ်မှာ တဖြည်းဖြည်းနည်းလာတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ              ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲနဲ့ မြေထောက်ပဲ အရောင်းအဝယ်ဖြစ် မှုမှာ တစ်ပတ်ထက်တစ်ပတ် လျော့ကျလာ နေပါတယ်။ ပြည်တွင်းလက်ကျန်ပါးနေပြီဖြစ်လို့ ဝယ်လိုအားကောင်းပေမဲ့ အရောင်း စာချုပ်နည်းခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ထောပတ်ပဲ တန်ချိန် ၂၇ဝ နဲ့ မြေထောက်ပဲတန် ၂ဝ ကျော်သာ FOB အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။             ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ထောပတ်ပဲ တန်ချိန် ၅၆ဝ နဲ့ မြေထောက်ပဲတန်ချိန် ၇၃ဝ ခန့် ပြည်ပအရောင်း အဝယ် စာချုပ်ခဲ့ကြောင်း သိရပါ တယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ဇူလိုင်လ ၂၁ ရက် မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ  FAQ တစ်တန် ကန်ဒေါ်လာ၆၂ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။            MIRT - MAPT

Tuesday, 26 Jul 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အရှိန်ကောင်းနေဆဲ                ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုတစ်ပတ် (ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်) ထောပတ်ပဲတင်ပို့မှု တန်ချိန် ၄ဝဝ ကျော်ရှိနေပေမဲ့ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၃ဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၅၅ဝ နဲ့ မြေထောက်ပဲတန် ၇ဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ သိသိသာသာလျော့ကျခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပဲများ စုဆောင်းတင်ပို့ရတာ ဖြစ်လို့ လက်ကျန်နည်းလာတာနဲ့အမျှ တင်ပို့မှုလည်း လျော့ကျခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြည်ပတင်ပို့မှုစုစုပေါင်းဟာ မြေထောက်ပဲတန် ၅ဝဝဝ ခန့်ရှိပြီးထောပတ်ပဲ တန်ချိန် တစ်သောင်းကျော်ပြီဖြစ်လို့ ယခင်နှစ်ကာလတူ တင်ပို့ ခဲ့တဲ့ ထောပတ်ပဲ တန် ၇၈ဝဝ နဲ့ မြေထောက်ပဲ တန် ၃၆ဝဝ တို့ထက် ပိုမို တင်ပို့ နိုင်တာတွေ့ရပါတယ်။MIRT - MAPT

Tuesday, 26 Jul 2011

အိန္ဒိယကုလားပဲဈေး ခိုင်မာနေ                  အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲရောင်းချမှု အကန့်အသတ်သာရှိပြီး ဝယ်လိုအားခိုင်မာနေတာ ကြောင့် ကုလားပဲဈေးက ယခုတစ်ပတ်မှာလည်း ခိုင်မာ နေပါတယ်။ လှောင်လက်ကြီးများ လက်ထဲမှာ ပဲအမြောက်အမြား ကိုင်ဆောင်ထား ပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုကျဆင်းနေပါတယ်။ မိုးပဲစိုက်ပျိုးမှုနှေးကွေးခြင်း ကြောင့်လာမယ့်လများမှာ ဝယ်လိုအားခိုင်မာဖွယ်ရှိခြင်းကဈေးနှုန်းကို အထောက်အပံ့ ဖြစ်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီး မှာဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                   ဒေါ်လာ/ တန်                     ၂၁-၇-၁၁          ၂ဝ-၇-၁၁         ၁၉-၇-၁၁               ၁၈-၇-၁၁မွန်ဘိုင်း              ၅၆၈                ၅၆၈               ၅၆၃                 ၅၆၁-၅၆၇ဒေလီ               ၆၃၆-၆၄၁          ၆၃၅-၆၄၁       ၆၂၈-၆၃၄              ၆၂၈-၆၃၄ကန်ပါ                 ၆၆၆                 ၆၆၁            ၆၅ဝ                       ၆၅၁MIRT(MAPT)

Tuesday, 26 Jul 2011

လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲ FOB အရောင်းအဝယ်လျော့                  ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးတန် ၅ဝဝဝ နီးပါး ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ယခု ဇူလိုင် လ ၁၆ ရက်မှ ၂၁ ရက်အတွင်းမှာတော့ တန်ချိန် ၁၈ဝဝ ခန့်သာ စာချုပ်ဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားကောင်းနေဆဲဖြစ်ပေမဲ့ ပြည်တွင်း လက်ကျန် နည်းနေပြီဖြစ်လို့ အရောင်းအဝယ်ပမာဏလျော့ကျခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာတော့ ကုလားပဲဖြူကြီး တန်ချိန် ၈ဝဝဝ ခန့် ပြည်ပ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း ဇူလိုင်လ ၂၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ရှိကြောင်း သိရပါတယ်။               MIRT - MAPT

Tuesday, 26 Jul 2011

လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၁၅ဝဝ တင်ပို့                   ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုဟာ ယခုတစ်ပတ် မှာလည်း တန် ၁၅ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဝယ်လိုအားကောင်းနေပေမဲ့ လက်ကျန်မရှိသလောက် နည်းသွားပြီလို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ်ဇူလိုင်လ ၁၄ ရက် အထိ ကုလားပဲဖြူလုံးကြီး တန် ချိန် ၃၂ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန် ၅ဝဝ သာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပဲအားလုံးထဲမှာ ကုလားပဲကို ပြည်ပဝယ်လက်ရော ပြည်တွင်းခွဲစက် များကပါ ဝယ်လိုအားဆက်လက်ကောင်းနေတယ်လို့ သိရပါတယ်။               MIRT - MAPT

Tuesday, 26 Jul 2011

ပြည်ပဲတီစိမ်း အရောင်းအဝယ်သွက်နေ                 ပြည်ဈေးကွက်သို့ ပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း တစ်ရက်ကို အိတ် ၆ဝဝ-၇ဝဝ အထိအဝင်များလာခဲ့ပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်သော ပေါက်ခေါင်း၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့မှ အဝင်ရှိသလို မင်းတုန်း၊ ကံမဖက်မှလည်း ရေလမ်းဖြင့် ဝင်ရောက်လျက်ရှိခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း ပဲတီစိမ်းဈေးမှာ တစ်တင်း ၁၅၆ဝဝ ကျပ်ရှိခဲ့ပြီး ဇူလိုင်လ ဒုတိယပတ်မှစ၍ တစ်တင်း ၁၆၄ဝဝ ကျပ်မှ ယခုဇူလိုင်လ တတိယပတ်တွင် တစ်တင်း ၁၆၅ဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ဝဝ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။                 ခင်ဆွေဝင်း

Tuesday, 26 Jul 2011

အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲနည်း                 အိန္ဒိယပြည်တွင်ဈေးကွက်များအတွင်း ဝယ်လိုအားနည်းပါးနေဆဲဖြစ်လို့ လက်ငင်းဈေး ပြောင်းလဲမှု နည်းကြောင်း သိရပါ တယ်။ ရာဂျာစသန်မှာ စိုက်ဧရိယပိုမိုခြင်းနဲ့အခြားစိုက်ပျိုးတဲ့ ဒေသများမှာလည်း ရာသီဥတုကောင်းမွန်နေခြင်း က ဈေးနှုန်းမတက် အောင်ဖိအားဖြစ်စေပါတယ်။ နိုင်ငံတောင်ပိုင်းမှာ စိုက်ဧရိယာလျော့ကျလျက် ရှိပေမဲ့ ဈေးကွက်မှ စိုက်ပျိုးမှုတိုးတက်တဲ့ သတင်း များကို မျှော်လင့်နေကြပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်မှာ အရောင်း အဝယ်ဖြစ် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးက ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                 ဒေါ်လာ/ တန်                             ၂၁-၇-၁၁        ၂ဝ-၇-၁၁      ၁၉-၇-၁၁            ၁၈-၇-၁၁မွန်ဘိုင်း (ကင်ညာ)          ၉၉၆              ၉၉၅           ၁ဝဝ၉               ၉၈၇ဒေလီ                       ၇၈၈-၈၃၃        ၇၈၇-၈၃၂       ၇၈၅-၈၃ဝ        ၇၈၅-၈၃ဝအာကိုလာ                 ၇၈၈-၈၅၅         ၈၇၈-၈၅၅       ၇၁၈-၈၅၂        ၇၁၈-၈၅၃MIRT(MAPT)

Tuesday, 26 Jul 2011

ယခုအပတ် ပဲတီစိမ်းအပို့လျော့               ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၄ ဒသမ ၇၄ဝ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၅၆၅၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၂၄၃ တန် ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ အပို့လျော့နည်းပေမဲ့ ယခုနှစ်မှာ ပဲတီစိမ်းတင်ပို့မှုဟာ သိသိသာသာ တိုးမြင့်လျက်ရှိပါတယ်။ ဧပြီလမှာ ၂၉၄၅ တန်၊ မေလမှာ ၁၃၆ဝ၆ တန်နဲ့ ဇွန်လမှာ ၂၇၅၂၃ တန် အသီးသီး ဖြစ်ပါတယ်။ ဇွန်လမှ ပဲတီစိမ်းအသစ်ထွက်မှာ ဖြစ်တဲ့ အတွက် သိုလှောင်ပဲဟောင်းများ ထုတ်ရောင်းတဲ့အတွက် နဲ့ တရုတ်ဖက်မှ ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဇွန်လမှာတင်ပို့မှု ၂၇ဝဝဝ ကျော် သွား တာဖြစ်ပါတယ်။ လက်ရှိပြည်တွင်းဈေးနဲ့ တစ်ဖက်နိုင်ငံဈေး အခြေအနေအရ ချိန်ဆ တင်ပို့နေကြခြင်းဖြစ်ပြီး ယွမ်ဈေးမြင့်တက်လာတာနဲ့အမျှ အကိုျးအမြတ်ရှိတဲ့အတွက်တင်ပို့မှုတိုးတက်လာမယ်လို့တော့ မျှော်မှန်း လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                       မိမိဘက်(ကျပ်/တန်)         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု        ယခင်    ပြောင်းလဲမှု    %    ယခု      ယခင်     ပြောင်းလဲမှု     %၆၂၉၂ဝ၇   ၆၅၄၈၄၇     ၂၅၆၄ဝ       ၄      ၈၈၂     ၁ဝဝ၆         ၁၂၄          ၁၄MIRT (DOBT)

Tuesday, 26 Jul 2011

ပဲတီစိမ်း FOB အရောင်းအဝယ် ပုံမှန်ဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်ပုံမှန်ရှိနေပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ (တစ်ပတ်အတွင်း) ဈေးပိတ်ရက်ရှိခဲ့ပေမဲ့ ယခင်သီတင်းပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏနီးပါး တန်ချိန် ၄၅ဝဝ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်များမှ အရည်အသွေးနိမ့်ပဲများ ပိုမိုဝယ်ယူ တယ်လို့ သိရပါတယ်။                ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် စုစုပေါင်း ၁၁၅ဝဝ ခန့် ပြည်ပအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၂၁ ရက်မှာ ပဲတီစိမ်း (အညာ)တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၁၅ဝ-၁၁၇ဝ ဈေးဖြစ်ကြောင်း သိရပါတယ်။                 MIRT - MAPT

Pages