Background
ဇူလိုင်လ ပထမပတ်အတွင်း မတ်ပဲ FOB တန် သုံးသောင်းနီးပါး အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ အဝယ်သွက်နေတာကြောင့် ဇူလိုင်လ ပထမပတ်အတွင်းမှာ တန် သုံးသောင်းနီးပါးအရောင်းအဝယ်စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ပထမ ပတ်အတွင်းမှာ တန်ချိန် နှစ်သောင်းနီးပါးသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လက်ရှိဈေးမှာ ဝယ်ယူဖို့ စိတ်ဝင်စားလာခြင်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချခြင်းကြောင့် ပဲဈေးကွက်မှာ ပြည်ပအရောင်း အဝယ်နဲ့ ပြည်တွင်းအရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပအဝယ် သွက်ပြီး ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်းအလဲမများတာကြောင့် ယခုရက်ပိုင်း မတ်ပဲ FOB ဈေးအနည်းငယ်တိုးလာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၈-၇-၁၁ ၇၆ဝ-၇၈ဝ ၈၅ဝ-၈၇ဝ၁-၇-၁၁ ၇၅ဝ-၇၇ဝ ၈၅ဝ-၈၇ဝMIRT(MAPT)
မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၆ဝဝဝ ကျော် ပြည်ပမတ်ပဲသင်္ဘောတင်ပို့မှုမှာ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန် ၁၆ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝခန့် တင်ပို့မှုရှိလို့ယခုတစ်ပတ်မှာ တင်ပို့မှုအနည်းငယ် လျော့ကျတာ တွေ့ရပါတယ်။ ဇွန်လတစ်လလုံး တင်ပို့မှု အနေနဲ့ တန်ချိန် ၇၆ဝဝဝ ကျော်ရှိပြီး မေလအတွင်းမှာ တန်ချိန် ၈၅ဝဝဝ ခန့်ထိ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇွန်လအတွင်းမှာတော့ တန်ချိန် ၅၃ဝဝဝ ကျော်ရှိလို့ ယခုနှစ် ဇွန်လမှာ တန်ချိန် ၂ သောင်းကျော်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကို လေ့လာ ကြည့်ရာမှာ တန်ချိန် ၁၉ဝဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၃ဝဝဝဝခန့်သာရှိလို့ ယခုနှစ်မှာတန်ချိန်၆ သောင်းခန့် ပိုမိုတင်ပို့ပြီး ဖြစ်တာ တွေ့ရပါတယ်။လက်ရှိပြည်ပဝယ်လက်များအဝယ်ရှိနေတာကြောင့် လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
မန်ကျည်း တင်ပို့မှုပို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၁၂၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက စင်ကာပူနိုင်ငံကို ၈၈ တန်နဲ့ ထိုင်းနိုင်ငံကို တန်ချိန် ၄ဝ အသီး သီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းသီး ၄၆တန် ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် ၃ ဆနီးပါး ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရ ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေး ပျမ်းမျှကန်ဒေါ်လာ ၆၁ဝ ဝန်းကျင်နဲ့ တင်ပို့ နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ခုနှစ် သောင်းရှစ်ထောင် ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
နနွင်းရောင်းချဖို့ အိန္ဒိယစိုက်ပျိုးသူများကို ပြောကြား နောက် ၃ လကျော်မှာ နနွင်းဈေးနှုန်းမြင့်တက်ဖို့ အခွင့်အလမ်းနည်းသွားပြီလို့ တမီနာဒူး စိုက်ပျိုးရေးတက္ကသိုလ်မှ ပြည်တွင်းနဲ့ ပြည်ပတင်ပို့မှု ဈေးကွက်ပညာဖွံ့ဖြိုးရေးဌာန( DEMIC ) မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် တောင်သူများအနေနဲ့ နနွင်းများ ချက်ချင်းထုတ်ရောင်းဖို့ ၎င်းတို့ကအကြံပေးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လမှာ ရှိရမယ့် တစ်တန်ကို ရူပီး ၁၅ဝဝဝဝ (ကန်ဒေါ်လာ ၃၃၅၁) မှ ယခုအခါ တစ်တန်ကို ရူပီး ၆၅ဝဝဝ-၇၅ဝဝဝ ( ကန်ဒေါ်လာ ၁၄၅၂- ၁၆၇၅) ကိုကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုဈေးနှုန်းကျဆင်းခြင်းဟာ နနွင်းစိုက်ဧရိယာ ၂၅ ရာခိုင်နှုန်း တိုးတက်မှုကြောင့် ထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်ပတင်ပို့မှုမှာ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့တာကြောင့်လို့ DEMIC က ဆိုပါတယ်။ လက်ကျန်များခြင်း၊ အရည် အသွေးနိမ့်ခြင်းနဲ့ ဝင်ရောက်မှုကျဆင်းခြင်းက ဈေးနှုန်းထပ်မံကျဆင်းဖို့ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစိုက်ပျိုးမှုစတင်နေပြီး တိုးတက်မှုမှာ အားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မိုးရွာသွန်းမှု ကောင်း နေခြင်းကလည်း စိုက်ပျိုးမှုအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်ပေါက်ဈေးပေါ် မူတည်ပြီး စိုက်ပျိုးကြမှာဖြစ်လို့ အကယ်လို့သာ ဈေးဆက်လက်ကျဆင်းမယ်ဆိုရင် တောင်သူများက ဝါဂွမ်းနဲ့ ပဲပုပ်တို့လို ငွေပိုရတဲ့ သီးနံှတွေကို ပြောင်းလဲစိုက်ပျိုး နိုင်လို့ နနွင်းစိုက်ဧရိယာကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် နနွင်းထုတ်လုပ်မှု အိတ် ၇ဝ သိန်းခန့်ရှိပြီး လက်ကျန်ပမာဏမှာ အိတ် ၁၁ သိန်းကို ၄ သိန်းခန့် တိုးတက်နိုင် တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: hindubusiness
အရောင်းအဝယ်အေးနေတဲ့ ကျောက်ဆည်နနွင်းဈေးကွက် ကျောက်ဆည်ခရိုင်၊ နနွင်းတက်များအနေဖြင့် ၁၃၇၄ ဧကစိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖော်ပါတယ်။ နနွင်းဈေးနှုန်းမှာ တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၃၅ဝဝ ကျပ်ဖြစ်ပြီး၊ နနွင်းဟောင်း တစ်ပိဿာ ၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် စခဲ့ပါတယ်။ ဇွန်လဆန်းပိုင်းမှစပြီး နနွင်းတက် ဈေးသိသိသာသာကျဆင်းခဲ့ပါတယ်။ ယခင်အပတ်မှာ နနွင်းတက်ဈေး တစ်ပိဿာ ၂ဝဝဝ ကျပ်အထိ ကျဆင်းခဲ့ပြီး ယခုတစ်ပတ်မှာ ၁၈ဝဝ ကျပ်ဈေးအထိ ကျဆင်းခဲ့ပါတယ်။ ယခုနှစ် စိုက်ပျိုးတဲ့ နနွင်းတက်မျိုးမှာ ရှမ်းနနွင်းတက်မျိုးဖြစ်ပြီး အထွက်နှုန်းကောင်းပြီးအရည်အသွေးညံ့ဖျင်းတာကြောင့် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် အေးကြောင်း သိရပါတယ်။ သန်းသန်းမိုး
ဝယ်လက်ရှိလို့ ရှမ်းနနွင်းဈေးရလာ ဟိုပုံးဈေးကွက်မှာ ရှမ်းနနွင်းတက်ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကတော့ နနွင်းတက် အရောင်းအဝယ်လုံးဝမရှိတော့ဘဲ ဈေးကလည်း ငြိမ်နေပါတယ်။ ယခုရက်ပိုင်းအတွင်းမှာတော့ ရန်ကုန်ဝယ်လက်တွေ ပြန်ဝယ် နေတာကြောင့် ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေမှာ ဆင်တောင်နနွင်းပြီး ရင် ဟိုပုံးနနွင်းက အရည်အသွေးကောင်းတာကြောင့် အခြားနနွင်းတွေထက် ဈေးကောင်းရပါတယ်။ ဝယ်လက်တွေကလည်း ပစ္စည်းပေါ်မူတည်ပြီး ကြိုက်ရင်ကြိုက်သလို ဝယ်ယူနေကြပါတယ်။ ဝယ်လက်တွေကတော့ လက်ငင်းရှင်းရင် တစ်ပိဿာ ၁၇၅ဝ ကျပ်-၁၇၇ဝ ကျပ်ဈေးပေးပြီး ခေတ္တဆိုင်းငံ့ရင် ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းတက်အရောင်းအဝယ်က ငြိမ်နေဆဲပဲလို့ သိရပါတယ်။ ဈေးပတ်သမား တွေလောက်သာ ဝယ်ယူနေတာကြောင့် ပစ္စည်းလက်ကျန်တွေ ရှိနေပါသေးတယ်။ နနွင်းတက်ပေါက်ဈေး တွေကတော့ ဆင်တောင်နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပင်းတယနနွင်းက ၁ဝဝဝ ကျပ်ပတ်ချာလည်လောက်သာ ရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာ နနွင်းခြောက် (ဟိုပုံး) တစ်ပိဿာ ၁၅၅ဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
နနွင်းတင်ပို့မှု ၄ ဆခန့်ရှိ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၂ဝ၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၄၂၁ သန်ဖိုးနဲ့ နနွင်းခေါင်း ဒေါ်လာ ဝ ဒသမ ဝ၄ဝ သန်းတန်ဖိုးရှိ ၂၂ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက်နဲ့ နနွင်းခေါင်း တန် ၆ဝ နီးပါး တင်ပို့ခဲ့တာကြောင့် ၄ဆနီးပါး တင်ပို့ခဲ့တယ် လို့ သိရပါတယ်။ MIRT(DOBT)