Main menu

Background

Tuesday, 5 Jul 2011

ပြောင်းတင်ပို့မှု ပုံမှန်                   ဇွန်လ ၂၂ ရက်မှ၂၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော် စခန်းများက ပြောင်းတန်ချိန် ၈၆၁၂ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၃၉၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကလည်း တန် ၈ဝဝဝ ကျော် တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါမယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံ ပြောင်းဈေး များပါမြင့်တက်လျက်ရှိတာကိုတွေ့ရပါတယ်                          ယခု      ယခင်       ပြောင်းလဲမှု   %      ယခု     ယခင်    ပြောင်းလဲမှု   %နံှစားပြောင်း     ၂၂၁၁၄၉   ၂၁၅၉၆၈      ၅၁၈၁      ၂ .၃     ၂၉၄      ၂၉၃         ၁        ဝ .၃ပြောင်းဖူးစေ့    ၂၂ဝ၅၅၄   ၂၁၉ဝ၂၁      ၁၅၁၁       ဝ .၇     ၂၉၄      ၂၉၃         ၁        ဝ .၃MIRT (DOBT)

Tuesday, 5 Jul 2011

ပင်လယ်ရေကြောင်း တန် ၄ဝဝ ကျော်သာ ပို့နိုင               ဇွန် ၂၄ မှ ၃ဝ ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄ဝ၈ တန်၊ တန်ဖိုးဒေါ်လာ ဝ.၁၁၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၉၂၇ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၁၅ဝဝ လျော့နည်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကနေ တင်ပို့မှု နည်းပေမယ့် နယ်စပ်ကနေ တန် ၈ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ယခုအပတ်ပင်လယ် ရေကြောင်း ကနေ တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူတစ်နိုင်ငံတည်းကိုဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ၂၉ဝ ဒေါ်လာ နဲ့ ၃၁ဝ ဒေါ်လာကြား ဈေးရလျက်ရှိပါတယ်။ KZW

Tuesday, 5 Jul 2011

ရော်ဘာဈေးတက်၍ တာယာဈေးတက်              ရော်ဘာဈေးနှုန်းတွေ တက်တာကြောင့် တာယာရဲ့ဈေးနှုန်း ၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်ကြောင်း ကားတာယာရောင်း ဝယ်သူများက ပြောကြားတယ်လို့ သိရပါတယ်။ ကုန်သည်တစ်ယောက်ကတော့ ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေ နှစ်လအတွင်းမှာ ပင် ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တာယာစက်ရုံတွေက ၎င်းတို့ရဲ့ထုတ်ကုန်ဈေးနှုန်းကို မတ်လမှာ ၁ဝ ရာခိုင်နှုန်း ဈေးမြင့်ပြီး ဇွန်လမှာလည်း အလားတူ တိုးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။               ဒီလိုဖြစ်ရတာက ဖေဖော်ဝါရီမှာ ရော်ဘာဈေးနှုန်းတွေ အမြင့်ဆုံးကိုရောက်ခဲ့ရာကစကြောင်း သိရပါတယ်။ တာယာထုတ် လုပ်ရာမှာ ရော်ဘာ ၈ဝရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ပါဝင်တဲ့အတွက် တာယာဈေးက ရော်ဘာဈေးနဲ့ ဆက်စပ်နေပါတယ်။ အခြေအနေက ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် တာယာဈေးတွေ ၅ဝရာခိုင်နှုန်းကနေ ၆ဝရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်။ ရော်ဘာဈေးနှုန်းက တစ်တန်ကို ဒေါ်လာ ၁၆ဝဝမှ ဒေါ်လာ ၃၂ဝဝထိတက်သွားတဲ့အတွက် တာယာဈေးနှုန်းတွေလည်း လိုက်တက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ မကြာသေးမီက ရော်ဘာဈေးနှုန်းတက်တာဟာ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအား ကျတာကြောင့်ဖြစ်ကြောင်း သတင်းရရှိပါတယ်။Source: okaz/ saudi Gazette,KZW 

Tuesday, 5 Jul 2011

ရော်ဘာအလားအလာ ကောင်းလာနိုင်               တိုကျိူနဲ့ ရှန်ဟိုင်းရဲ့ ရော်ဘာအလားအလာက ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားနည်းရာကနေ ရောင်းအား တိုးလာခြင်းနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ နိုဝင်ဘာလရဲ့ တိုကျိူ ကုန်စည်ဒိုင်ရော်ဘာ စာချုပ် ဈေးနှုန်း ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒီဇင်ဘာလဈေးနှုန်းလည်း အလားအလာကောင်းကြောင်းသိရပါတယ်။ ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလစာချုပ်ဈေးနှုန်းက ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၃၂၁၅ဝ ယွမ်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးရော်ဘာ ထုတ်လုပ်သူနဲ့တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဧပြီလကုန်ကစပြီး ပြန်လည် အားကောင်းလာကြောင်း သိရပါတယ်။ ဟောင်ကောင်ရဲ့ မော်တော်ကားကဏ္ဍကလည်း ယခုနှစ်အစောပိုင်းမှာ အားနည်းနေရာကနေ အခြေအနေ တဖြည်းဖြည်းကောင်းလာပြီဖြစ်ကြောင်းသိရပါတယ်။ ငလျင်လှုပ်ခတ်မှု၊ စွမ်းအင် ပြတ်လတ်မှုနဲ့ ဖောက်သည် ပျက်ခြင်းတွေကြောင့် ဂျပန်နိုင်ငံကားထုတ်လုပ်မှုပိုမိုထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သတင်းရ ရှိပါတယ်။Source: business option ,KZW 

Tuesday, 5 Jul 2011

၂ဝ၁၁ တွင် ရော်ဘာတန်ချိန် ၉ ဒသမ ၉၆၃ သန်းထွက်ရှိနိုင်ဟု အတည်ပြု               ၂ဝ၁၁ မှာ သဘာဝရော်ဘာရောင်းလိုအား စုစုပေါင်း တန်ချိန် ၉ ဒသမ ၉၆၃ သန်းရှိနိုင်မယ်လို့ ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC)  ကအတည်ပြုပြောကြားခဲ့ပြီး ၂ဝ၁ဝ ထက် ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း သိရပါတယ်။ ပထမခန့်မှန်းချက်ဖြစ်တဲ့ တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရဲ့အထွက်နှုန်း လျော့တာ ကြောင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း (ANRPC) က ပြောကြား ခဲ့ပါတယ်။ (ANRPC) အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ နယူးဂီနိ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာနဲ့ ဗီယက်နမ်တို့ကနေ ကမ္ဘာ့အထွက်နှုန်းရဲ့ ၉၂ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရပါတယ်။ (ANRPC)  အဖွဲ့က ကမ္ဘာ့ပို့ကုန်တင်ပို့မှုရဲ့ ၉၂ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့သုံးစွဲမှု ၄၈ ရာခိုင်နှုန်း ကို သုံးစွဲကြောင်းသိရပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ လက်ရှိဈေးနှုန်းကတော့ ဖေဖော်ဝါရီလက ဖြစ်ခဲ့တဲ့အမြင့်ဆုံး ဈေးနှုန်းအောက် ၂ဝ ရာခိုင်နှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။  Source: commodity online,KZW 

Tuesday, 5 Jul 2011

တရုတ် နယ်စပ်စခန်းများမှ ရော်ဘာတန် ၁ဝဝ ကျော်ပိုမိုတင်ပို့နိုင်                ဇွန် ၂၂ ရက်မှ ဇွန် ၂၈ ရက်ထိကာလတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှာ ရော်ဘာ ကန်ဒေါ်လာ ၄ ဒသမ ၂၂၂ သန်းတန်ဖိုးရှိ ရော်ဘာ ၉ဝ၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၈ဝဝ ကျော်တင်ပို၊ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၁ဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ မူဆယ်မှ MSR-20 ၅၇၈ တန်၊ RSS-3 ၂၆၈ တန်၊MSR-50 ၃၅ တန်နဲ့ ချင်း ရွှေဟော်မှRSS-3  တန် ၂ဝ တင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ဈေးများကျလျက်ရှိတာ တွေ့ရပါ တယ်                                         မိမိဘက်(ကျပ်/တန်)                     တစ်ဖက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု            ယခင်         ပြောင်းလဲမှု     %       ယခု        ယခင်   ပြောင်းလဲမှု     %RSS-3     ၃၅၉၆၈ဝ၃      ၃၆၄၆၇၈၃     ၄၉၉၈ဝ        ၁ .၄      ၄၅၆၅      ၄၆၃၁        ၆၆          ၁ .၄RSS-5     ၃၃၆၈၂၇၃      ၃၅၂၆၇၆၃     ၁၅၈၄၉ဝ     ၄ .၇      ၄၄၁ဝ     ၄၅၅၄         ၁၄၄          ၃ .၂MIRT (DOBT)

Tuesday, 5 Jul 2011

ဇွန်လနောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်းက ရော်ဘာအပို့မရှိ             ဇွန်လ ၂၄ မှ ၃ဝ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် တင်ပို့မှု လျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ရေကြောင်းကတင်ပို့မှုမရှိပေမယ့် နယ်စပ်ကတော့ တန် ၉ဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့RSS-3  တစ်တန်ကို ၄၃၅ဝ ဒေါ်လာ၊ ှRSS-5 တစ်တန်ကို ၄၂၅ဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၃၅ဝ ဒေါ်လာ အသီးသီးဈေးပေါက်ကြောင်း သိရပါတယ်။ KZW 

Sunday, 3 Jul 2011

ဝါဆိုတော့မှာမို့ V2 ဈေးမာ               မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပဲမျိုးစုံအများစုဟာ ဈေးအေးဈေးနိမ့် ဘက်ကို ရောက်နေတယ်လို့ဆိုပေမဲ့ V2 တစ်မျိုးကတော့ ဈေးမာနေတယ်လို့ သိရပါတယ်။ ဒါဟာလည်း V2 ဟာ ပြည်ပဈေးကွက်အပြင် ပြည်တွင်း ဈေးကွက် မှာလည်းဝယ်လိုအားရှိတာကတစ်ကြောင်း လတ်တလော အခြေအနေမှာ ပြည်တွင်းမှာ ဝါဆိုတော့မှာရယ်၊ အိန္ဒိယ ဝါဝင်ချိန်ကာလလည်းနီးကပ်လာတာကတစ်ကြောင်း မို့လို့ ဆိုပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ V2 တစ်ပိဿာ ဈေးနှုန်းများကို ကြည့်ရင် မေလ လကုန်ပိုင်းတုန်းက တစ်ပိဿာ ၉၂၅ ကျပ်-၉၄၅ ကျပ် ပေါက်ဈေး ရှိခဲ့ပြီး ဇွန် ဒုတိယပတ်အတွင်းမှာ ၉၁ဝ ကျပ်-၉၁၅ ကျပ်ဝန်းကျင်အထိ ဈေးအေးလာခဲ့တာကို တွေ့ရပါတယ်။ အခုဇွန်နောက်ဆုံး ပတ်မှာတော့ ၉၂၆ ကျပ်-၉၃၅ ကျပ်ထိ ဈေးပြန် မာလာခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲရဲ့ အနေအထားကလည်း မေ၊ ဇွန် နှစ်လလုံးမှာ တစ်ပိဿာ ၈ဝဝ ကျပ်ဝန်းကျင်မှာ ဈေးမာနေ ခဲ့ပါတယ်။ ဒီအခြေအနေကိုကြည့်ရင် အခြားပဲများကိုလည်း ဈေးကွက်တစ်ခုတည်း မဟုတ်ဘဲ ပြည်ပ ဈေးကွက်အပြင် ပြည်တွင်း ဈေးကွက်ရရှိရေး တန်ဖိုးမြင့်ထုတ်ကုန်ဈေးကွက် ပေါ်ပေါက်လာရေးများကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုနေပြီဆိုတာကို တွေ့ရပါတယ်။   သက်သက်နိုင်

Sunday, 3 Jul 2011

ဝါဝင်ကာလအတွက်ပဲကြီးအရောင်းအဝယ်သွက်လာ               မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်ဟာ ဇွန်လအတွင်း ဈေးအတက်အဆင်းများ စွာဖြစ်ပေါ်ခဲ့ပြီး ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီနှစ်ပဲကြီး ဈေးကွက်ကို လေ့လာတဲ့အခါ ပဲဟောင်းလက်ကျန်နည်းတဲ့ ဒီဇင်ဘာ၊ နိုဝင်ဘာ လတွေမှာတစ်တင်း ၃ဝဝဝဝ ကျပ် နဲ့ဈေးကောင်း ရခဲ့ပြီး၊ ပဲသစ်ပေါ်စ ဇန်နဝါရီလ ကုန်ပတ်ကစပြီး တဖြည်းဖြည်းဈေးအေးလာခဲ့ကာ တစ်တင်း ၁၈ဝဝဝ ကျပ်ထိ ကျဆင်းသွားခဲ့ပါတယ်။ မေလဒုတိယပတ်ကစကာတစ်တင်း ၁၄ဝဝဝ ကျပ် ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်နေခဲ့ရာ ယခုဇွန်လအထိ ဈေးငြိမ်ခဲ့ပါတယ်။ ဇွန်လ အတွင်းမှာတော့ အနိမ့်ဆုံးတစ်တင်း ၁၁၅ဝဝ ကျပ် ပေါက်ခဲ့ပြီး၊ ဇွန်လကုန်ပတ်မှာ ၁၄ဝဝဝ ထိ ဈေးပြန်မာလာပါတယ်။ ဈေးကွက်ဝယ်လိုအားအနေနဲ့ တရုတ် ပြည်တင်ဖို့မန္တလေးအဝယ်အေးခဲ့ပြီး ယခုလထဲမှာဝါဝင်ကာလ ပဲကြော်လုပ်ငန်း သမားတွေ အဝယ်လိုက်လာလို့ယခုလို ဈေး ပြန်မာလာခဲ့ခြင်းဖြစ်တယ်လို့ ကုန်သည် အသိုင်းအဝန်းက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာယခုတစ်ပတ်အတွင်း တစ်နေ့ ပဲကြီးတင်း ၅ဝဝ ဝန်းကျင်နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                      ထွန်းလှိုင်

Sunday, 3 Jul 2011

ပြည်ထောပတ်ပဲ လက်လီရော လက်ကားပါ အရောင်းအဝယ်ဖြစ်                  ဇွန်လဆန်းမှစ၍ ပြည်ဈေးကွက်သို့ ဆောင်းသီးနံှ ပဲမိုျးစုံဝင်ရောက်မှုနည်း လာခဲ့ပြီး ထောပတ်ပဲ သီးနံှလည်း ဇွန်လနောက်ဆုံးပတ်မှာ အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်းအဝယ် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ လက်လီ သမားရော၊ လက်ကားသမားများပါ အဝယ်ရှိပြီး လက်လီဈေးမှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် နေ့စဉ် ၁၄ အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် သမားများမှ လက်ကားဝယ်ယူမှုရှိပြီး တစ်တင်း ၁၆ဝဝဝ ကျပ် ဈေးပေးဝယ်ယူတဲ့ အတွက် အိတ် ၅ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။                 ခင်ဆွေဝင်း

Pages