Main menu

Background

Tuesday, 21 Jun 2011

ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်အာလူးဈေးကွက်                  ယခုတစ်ပတ်တွင် အောင်ပန်းဘက်မှ အာလူးများ ပြည်ဈေးကွက်အတွင်းသို့ ပိဿာ ၄ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ ယခင် ပတ်အတိုင်း ပုံမှန်အဝင်ရှိပြီး ဧရာဝတီနှင့် ရခိုင်ဘက်သို့ ပိဿာချိန် ၆ဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို (ကြီး) ၈ဝဝ ကျပ်၊ (လတ်) ၇ဝဝ ကျပ်၊ (သေး) ၆၅ဝ ကျပ်တို့ရှိပြီး ဈေးကွက်အတွင်း ပွဲရုံများ၌ ပိဿာချိန် ၂၅ဝဝ ခန့်နှင့် ယခုတစ်ပတ်၌ အရောင်းအဝယ် ပုံမှန်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 21 Jun 2011

အိန္ဒိယ နနွင်းတောင်သူများ အကျိုးအမြတ်မရှိတဲ့ဈေးနဲ့ မရောင်းချဖို့ ဆုံးဖြတ်              အိန္ဒိယနိုင်ငံတစ်ဝန်းရှိ နနွင်းတောင်သူများဟာ အကျိုး အမြတ် ရရှိမယ့်ဈေးနှုန်း ဖြစ်မလာချိန်ထိ နနွင်းရောင်းချခြင်း မလုပ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ နနွင်းတစ်တန် ထုတ်လုပ်မှုစရိတ် ရူပီး ၇၅ဝဝဝ (ကန်ဒေါ်လာ ၁၆၇၆)ဖြစ်ပြီး လက်ရှိ ဈေးနှုန်းဟာ အဲဒီဈေးအောက်ရောက်နေတယ်လို့ တမီနာဒူးက စိုက်ပျိုးရေးပညာရှင် T Veloyutham  ပြောကြားပါတယ်။ အစိုးရကလည်း နနွင်းအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို ကြေညာသတ်မှတ်ခြင်းမရှိဘူးလို့ ဆိုပါ တယ်။ အကယ်လို့သာ အကျိုးအမြတ်ရတဲ့ ဈေးထပ်မဖြစ် လာရင် နနွင်းစိုက်ပျိုးနိုင်တော့မှာ မဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။      NCDEX  မှာ နနွင်းလက်ငင်းဈေးဟာ ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက်နေ့က တစ်တန် ရူပီး ၁၆၈ဝဝဝ (ကန်ဒေါ်လာ ၃၇၅၄) ရှိရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ရူပီး ၇၂ဝဝဝ (ကန်ဒေါ်လာ ၁၆ဝ၉) ဝန်းကျင်ဖြစ်နေပါတယ်။ နနွင်း စိုက်ပျိုးရာမှာ ပေါင်းမြက်နဲ့ ကြားသီးနံှတို့အပြင် ရေနဲ့ ပိုးသတ်ဆေးတို့ရဲ့ သွင်းအားစုလိုအပ်ချက်များတယ်လို့ ဆိုပါတယ်။ အိန္ဒိယလယ်သမားများအသင်း (Cifa ) အထွေထွေအတွင်းရေးမှူး ွRV Giri ပြောကြားတာတော့ တောင်သူတွေအနေနဲ့ နနွင်းဟာ ရိုးရာအမွေအနှစ်ဖြစ်လို့ ဆက်လက်စိုက်ပိုျးမှာဖြစ်ပေမဲ့ ရောင်းချတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သီနံှရောင်းထုတ်မှု ရပ်တန့်ဖို့ ဆုံးဖြတ်ထားတယ်လို့Giri  မှပြောကြားပါတယ်။ ဒီလိုဈေးနှုန်းကျဆင်းလာခြင်းဟာ ရောင်းချမှု ပိုလံျှနေတာကြောင့်လို့ ဆိုပါတယ်။ ယခင်ဘဏ္ဍာနှစ်နောက်ပိုင်းကစပြီး ရောင်းချမှု စတင်တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ တိုင်အောင် စုစုပေါင်း ထုတ်လုပ်မှုဟာ ယခင်ဘဏ္ဍာနှစ် ၂ နှစ်ကထုတ်လုပ်မှုထက် ၄၃ ရာခိုင်နှုန်းပိုမိုနေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလမှာ ဈေးနှုန်း မြင့်တက်ခဲ့ချိန် ပြည်ပတင်ပို့မှုလည်းကျဆင်းခဲ့ပါတယ်။ အသင်းအနေနဲ့ တောင်သူတွေဆီက နနွင်းအားလုံးကို ဝယ်ယူပြီး အအေးခန်းသိုလှောင်ရုံတွေမှာသိမ်းထားပြီး ဈေးနှုန်းပြန်ကောင်း လာမှသာ ရောင်းထုတ်မယ်လို့ Cifa  ဥက္ကဌ P Changal Reddy  မှ ပြောကြားပါတယ်။ ယမင်းခင်၊Source: hindustans.com

Tuesday, 21 Jun 2011

ဝယ်လက်ကို မျှော်တဲ့ ရှမ်းနနွင်း              ဒီတစ်ပတ်မှာ ရှမ်းနနွင်းကလည်း ကျောက်ဆည်နနွင်းလိုပဲ ဝယ်လက်ကို မျှော်နေဆဲဖြစ်ပါ တယ်။ ပြည်ပဝယ်လိုအား မရှိတာကြောင့် ဈေးကွက်ကလည်း တဖြည်းဖြည်းပျောက်နေပါတယ်။ ပြီးခဲ့တဲ့လမှာ  တရုတ်ဝယ်လက်တွေက တိုင်းရင်းဆေး ဖော်စပ်ဖို့အတွက် နနွင်းခေါင်းတွေကိုသာ သီးသန့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ နနွင်းခေါင်းတွေကတော့ နနွင်းတက်လို ပစ္စည်း အများအပြားမရှိတာကြောင့် ခဏတာသာ ဈေးကွက်ရှိခဲ့ပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးပေါက်ခဲ့ပါတယ်။ နနွင်းတက်က လည်း လှောင်လက်တွေနဲ့ ခြံသမားလက်တွေမှာ ကျန်နေပါသေးတယ်။ ဒီနှစ်တော့ နနွင်းစိုက် တောင်သူအချို့တွေလည်း ပြန်စိုက်ဖို့အတွက်တောင် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကတော့ နနွင်းဈေးကောင်းရတာကြောင့် နနွင်းအဖြူတွေပါ ရောနှောစိုက်ခဲ့ကြပေမဲ့ ဒီနှစ်တော့ မျိုးကောင်းကိုသာ စိုက်ကြတယ်လို့ သိရပါတယ်။ အဖြူပါနနွင်းတွေက ိုပယ်၊ မျိုးကောင်းနနွင်းကိုသာစိုက်ပြီး အရည်အသွေးကောင်းတဲ့ နနွင်းတွေသာ စိုက်ပျိုးထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှ တစ်ပိဿာ ၁ဝဝဝ ကျပ်-၁၂ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်းခါးက တစ်ပိဿာ ၄ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင်

Tuesday, 21 Jun 2011

နနွင်းတင်ပို့မှုလျော့             ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နနွင်း ၁ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ မလေးရှား နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ၇ဝ တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉၃ဝ နဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT (DOT)

Tuesday, 21 Jun 2011

နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ရှိ                  ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၄ဝ ကျော်နဲ့ နနွင်းခေါင်း ၁ဝ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် တန် ၄ဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)

Sunday, 19 Jun 2011

ဈေးကောင်းနေတဲ့ မန်ကျည်း                 မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်တဲ့ ကျောက်ပန်း တောင်းမြို့နယ်မှာ ယခုနှစ် မန်ကျည်းအထွက်နည်းခဲ့တာကြောင့် မန်ကျည်းအသစ်ပေါ်စ ဖေဖော်ဝါရီလက မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၁၅ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးမှ ယခုရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းမြို့တွင် မန်ကျည်း အလုံး (အကြောဆွဲ) တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၄ဝဝ ကျပ်၊ မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝ ကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်းစေ့ တစ်တင်း ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးကောင်း လျက်ရှိ ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ ပခုက္ကူ ဆိပ်ဖြူမှ နေ့စဉ်မန်ကျည်း ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ခန့်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်း (ရပ်စောက်) မှ နေ့စဉ် မန်ကျည်းအဝင်နည်းသွားပြီး ရက်ခြား၍ ပိဿာ ၂ဝဝဝ မှ ၃ဝဝဝ ခန့် သာဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် အလုံး (အကြောဆွဲ) ပိဿာ တစ်သိန်းနှစ်သောင်းနှင့် မန်ကျည်းအသား ပိဿာ ရှစ်သိန်းခန့်လက်ကျန်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့နေ့စဉ် ပိဿာ ၈ဝဝဝ ခန့်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမှ ပြည်ပတင်ပို့မှု အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလမှ မေလ အထိ မလေးရှား၊ ပါကစ္စတန်၊ တရုတ်နိုင်ငံများသို့ ပိဿာချိန် သိန်း ၂ဝ ခန့်တင်ပို့ခဲ့ကြောင်းနဲ့ မန်ကျည်း အလုံး (အကြောဆွဲ) တင်ပို့မှုများခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ) တစ် ပိဿာ လက်ကားဈေး ၂၂ဝဝ ကျပ်နဲ့ လက်လီဈေး ၃ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းသင်းအိ 

Sunday, 19 Jun 2011

မန်ကျည်းတန်ချိန် ငါးဆယ်နီးပါးတင်ပို့ခဲ့                     ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း မန်ကျည်း ၄၇ ဒသမ ၅၅ တန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံကို ၂၂ ဒသမ ၅၅ တန်နဲ့ မလေးရှားနိုင်ငံကို ၂၅ တန်ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာကျော်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ အပို့ လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၈၉ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းနှစ်ထောင် ကျော် ရရှိခဲ့ပါတယ်။   MIRT (DOT) 

Sunday, 19 Jun 2011

ရှမ်းချင်းဥမတွေ ဈေးကွက်ဝင်                   ဒီနှစ် ရှမ်းပြည်နယ်တောင်ပိုင်းမှာသြင်္ကန်ပြီးကတည်းက မိုးဆက်ရွာနေပါတယ်။ မိုးဦးက မနှစ်ကထက် စောတာကြောင့် သီးနံှတွေလည်းစောစောစိုက်လို့ရတဲ့ နှစ်ဖြစ်ပါတယ်။ မနှစ်က ပြည်ပဝယ်လိုအားများပြီး ချင်းဈေးကကောင်းခဲ့တာကြောင့် ချင်းဥမတွေကို စောစောဖော်ချင်ပေမဲ့ မိုးမရွာလို့ နောက်ကျခဲ့ရပါတယ်။ ဒီနှစ်တော့ မိုးစောစောရွာတာကြောင့် ချင်းဥမတွေလည်း ဈေးကွက်ကို စောပြီးဝင်ပါတယ်။ ချင်းထွက်ရာ ဒေသကြီးတစ်ခုဖြစ်တဲ့ နမ့်စန်မှာလည်း ချင်းဥမတွေ ဈေးကွက်ကို ဝင်နေပါပြီ။ ဒါပေမဲ့ ဒီနှစ်ထွက်တဲ့ ချင်းဥမက အညံ့စတွေသာများတယ်လို့ သိရပါ တယ်။ ချင်းအစိုအတိုင်းရောင်းဖို့အတွက် ရောင်းပန်းသိပ်မလှတာကြောင့် ချင်း ခြောက်အဖြစ်သာ ပြုလုပ်ဖို့အတွက် ဝယ်ယူတယ်လို့လည်း သိရပါတယ်။ တစ်ပိဿာဈေးကလည်း ၂ဝဝ ကျပ်-၂၅ဝ ကျပ်သာရှိပါတယ်။ ချင်းတက်(ဟောင်း) တွေကတော့ ကုန်သလောက်ဖြစ်နေပြီး လက်လီရောင်းဖို့အတွက်သာ ကျန်ရှိတယ် လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ချင်းတက်ဈေးက တစ်ပိဿာ ၆ဝဝ ကျပ်ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုဈေးက (ဥမ) တစ်ပိဿာ ၃၅ဝ ကျပ်နဲ့ ချင်းတက်က တစ်ပိဿာ ၄ဝဝ ကျပ်-၅ဝဝ ကျပ်၊ ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်-၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 19 Jun 2011

ဈေးကျလို့ ပြည်ချင်းအရောင်းသွက်နေ                    ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်းအောင်ပန်းမှ နွေချင်းအသစ်များ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့် အဝင်ရှိပြီး ယခင်အပတ်ထက် အဝင်များကာ ဈေးနှုန်းမှာလည်း တစ်ပိဿာကို ချင်း(ရှယ်) ၁၅ဝဝ ကျပ်၊ (ဂျွန်) ၁၃ဝဝ ကျပ်ဖြစ်၍ ယခင်အပတ်ထက် ဈေး ၁၅ဝ ကျပ်နှုန်းခန့် ကျလာတာတွေ့ရပါတယ်။ အရောင်း အဝယ် အားဖြင့် ဒေသတွင်း ပွဲရုံများမှ လက်လီ၊ လက်ကားအဝယ်အပြင် ဧရာဝတီ နှင့် ရခိုင်သို့လည်း တင်ပို့မှုရှိလို့ တစ်ရက်ကို ပိဿာချိန် ၁၃ဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ပြီး ယခင်အပတ်ထက် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။   ဝင်းလဲ့ဝါ 

Pages