Background
ပစ္စည်းပြတ်လုနီး၍ နိုက်ဂျီးရီးယား ချင်းခြောက်ဈေးမြင့်မားနေ နိုက်ဂျီးရီးယားမှာ ချင်းခြောက်လက်ကျန်လျော့နည်းသွားရာ မကြာခင်ရက်တွေ အတွင်းမှစပြီး ဈေးနှုန်းမြင့်မားခဲ့တယ်လို့ သိရတယ်။ နိုက်ဂျီးရီးယားချင်းခြောက် (ခွဲခြမ်းထားပြီးသော) af la toxin (အဖလာတော့ စင်မှိုဆိပ်)မှာ အီးယူရဲ့ သတ်မှတ်ပမာဏအတွင်းသာရှိရာ ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝဝ (C & F Price) ဖြစ်ကြောင်း သိရပါတယ်။ နိုက်ဂျီးရီးယားက ချင်းခြောက်ထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းကို ပြည်ပကိုတင်ပို့ပြီးဖြစ်ရာ လက်ကျန်ပမာဏ အလွန်နည်းနေကြောင်း သိရပါတယ်။ Source:agra.net.com ပပ
ပြည်ချင်းဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်နေ အောင်ပန်းချင်းများ ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမှာ ယခင်တစ်ပတ်ကအတိုင်း ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်နဲ့ ပုံမှန်အဝင်ရှိပြီး အခြားတိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၁၂ဝဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း ပဲွဲရုံများ၌ အရောင်း အဝယ် ပုံမှန်ဖြစ်လျက် အဝင်လည်း ပုံမှန်ရှိနေတဲ့အတွက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝင်းလဲ့ဝါ
ရှမ်းချင်းဥမတွေ ဈေးကွက်ဝင်လာပါပြီ ရှမ်းချင်း (ဥမ) တွေ ဈေးကွက်ကိုဝင်လာပါပြီ၊ ချင်း(ဥမ) တွေဝင်လာပေမဲ့ ချင်းဟောင်းတွေကလည်း လက်ကျန်ရှိနေပါသေး တယ်။ လက်ကျန်ဟောင်းတွေက တောင်သူ လက်ထဲမှာ သိပ်မရှိတော့ပေမဲ့ လှောင်လက်တွေ လက်မှာတော့ အတော် ကျန်နေသေးတယ်လို့ သိရပါတယ်။ ဟိုပုံးချင်းတွေကတော့ ကုန်သလောက် ဖြစ်သွားပြီလို့ သိရပါတယ်။ ဟိုပုံးချင်းက (ဥမ) ပြန်ပြီးဖော် လေ့မရှိတာကြောင့် လက်ကျန်အနည်းအကျဉ်းလောက်သာ ရှိတော့တယ်လို့ ချင်းပွဲရုံတွေက သိရပါ တယ်။ အောင်ပန်းဈေးကွက်ကိုဝင်လာတဲ့ ချင်း(ဥမ)က တစ်ပိဿာ ၅ဝဝ ကျပ်ဈေးရှိပါတယ်။ ပေါ်ကာစဖြစ်လို့ ဈေးကွက်မှာ တစ်ရက်ကို ပိဿာချိန် ၂ဝဝ -၃ဝဝ ခန့်သာအဝင်ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၂၉ဝ ကျပ်အထိရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်- ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် အရောင်းအဝယ်က ပုံမှန်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မုံရွာ၊ ပြည်စတဲ့ မြို့တွေက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ ဒသမ ၃ သိန်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဧဧခိုင်
ချင်းတင်ပို့မှု လျော့နည်းခဲ့ ယခုသီတင်းပတ်ဖြစ်တဲ့ မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်တာကာလအတွင်း ချင်း ၁၂ ဒသမ ၅ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ချင်းတင်ပို့မှုမှာ ၅၁ တန်ရှိခဲ့တာကြောင့် ယခုသီတင်းပတ်တင်ပို့မှုနဲ့ ယှဉ်ရင် လျော့နည်းခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ မေလအတွင်းချင်းတင် ပို့မှုမှာ တန်ချိန် ၁၂ဝ ရှိခဲ့ပြီး ဧပြီလအတွင်း တင်ပို့မှုက ၅၉ တန်သာရှိခဲ့တာကြောင့် မေလမှာချင်းတင်ပို့မှုက ပိုမိုခဲ့ပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှု ဈေးက အက်ဖ်အို ဘီဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၄၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ တစ်သောင်းရှစ်ထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
အိန္ဒိယအစိုးရမှ သကြားတန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန် အိန္ဒိယအစိုးရဟာ ဧပြီလအတွင်း ပြည်ပကို သကြားတန်ချိန် စုစုပေါင်း ၅ သိန်းတင်ပို့ခွင့်ပြုထားတဲ့အနက် ယခုအခါ သကြားစက်များကို တန်ချိန် ၃၃၉ဝဝဝ တင်ပို့ဖို့ ခွင့်ပြုချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သကြားစက်များဟာ စားနပ် ရိက္ခာဝန်ကြီးဌာနမှ ခွင့်ပြုချက်မပါဘဲ သကြားပြည်ပတင်ပို့နိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။ မတ်လ ၂၂ ရက်နေ့မှာဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee ဦးဆောင်တဲ့ စားနပ်ရိက္ခာဆိုင်ရာ အစိုးရဝန်ကြီးများအဖွဲ့(EGoM ) ဟာ Opem General Licences (O G L ) အရ သကြားစက်များကို တန်ချိန် ၅ သိန်းတင်ပို့ခွင့်ပြုထားပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဧပြီလ ၁၉ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဲဒီပမာဏအနက် တန်ချိန် ၅၁၅ဝဝ ကို အိမ်နီးချင်းနိုင်ငံများအတွက် အရန်သို လှောင်မှုအဖြစ် ထားရှိပြီး ကျန်ပမာဏ ၄၄၈၅ဝဝ ကိုတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် က သကြားစက်များရဲ့ ပျမ်းမျှထုတ်လုပ်မှု ပမာဏပေါ် အခြေခံပြီး ခွဲဝေတင်ပို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာနမှ ဇွန်လ ၁ ရက်နေ့တိုင် တန်ချိန် ၃၃၉၁၈၇ ကို တင်ပို့ခွင့်ပြုမိန့် ထုတ်ပြန်ပြီးဖြစ်တယ်လို့ သိရပါတယ်။EGoM အဖွဲ့ဟာ ကြံသကြားထုတ်လုပ်တဲ့ ရာသီ ၂ ခုကြား ပြည်တွင်းစားသုံးမှုထက် နိုင်ငံရဲ့ ထုတ်လုပ်မှု ပိုလံျှတာကြောင့် တန်ချိန် ၅ သိန်း သတ်မှတ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က အစိုးရဟာ သကြားစက်များကို တန်ချိန် ၁ သန်းခန့် တင်ပို့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးပြီးရင် ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၁၁ (အောက်တိုဘာ- စက်တင်ဘာ) သကြားထုတ်လုပ်တဲ့ရာသီအတွင်း တန်ချိန် ၂၄ ဒသမ ၅ သန်းခန့်အထိ ထွက်ရှိခဲ့တာကြောင့် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁၉ သန်းထက် မြင့်တက်ခဲ့ပါတယ်။ နိုင်ငံရဲ့ နှစ်စဉ်၏ လိုအပ်ချက်က တန်ချိန် ၂၂ သန်းလို့ ခန့်မှန်းထားပါတယ်။ ၂ဝဝ၈-ဝ၉ နဲ့ ၂ဝဝ၉-၁ဝ ခုနှစ်အတွင်း သကြားထုတ်လုပ်မှုဟာ ပြည်တွင်း စားသုံးမှုအောက် ရောက်ရှိခဲ့ပြီး တန်ချိန် ၁၄ ဒသမ ၅၃ သန်းနဲ့ ၁၉ သန်းနီးပါးသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ တန်ချိန် ၆ သန်းခန့် ပြည်ပက တင်သွင်းခဲ့ရတာဖြစ်ပါတယ်။ ယမင်းခင် Source: nns commodity new.com
ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းက CP ပြောင်း ချောင်းဦးမြို့နယ်တစ်ဝိုက်ရှိ တောချောင်းကြီး၊ မကျည်းခွ၊ ငလုံးတင်ကျေးရွာများမှ ကျွန်းစိုက် CP ပြောင်းများ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုမေလအတွင်း အစေ့ထုတ်ပြောင်း ဃဏ တစ်ပိဿာ အနိမ့်အမြင့် ဈေးမှာ ၂၃၉ ကျပ်-၂၆၁ ကျပ်၊ ဇွန်လ ပထမပတ်အတွင်း ၂၅ဝ ကျပ်-၂၅၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ မန္တလေးဝယ်လက် အဆွဲကောင်းလို့ မုံရွာကုန်စည်ဒိုင်မှာ အစေ့ထုတ်ပြောင်း တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မေလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးသို့ အစေ့ထုတ်ပြောင်း CP တင်း ၁၆ဝဝ ကျော်စီးထွက် ခဲ့ ကြောင်း သိရပါတယ်။ သန်းသန်းတင်
နယ်စပ်မှ ယခုအပတ်ပြောင်းအပို့လျော့ ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၇ဝ၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉၇၄ဝ ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၈၁၆ တန်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မူဆယ်နဲ့ လွယ် ဂျယ် နယ်စပ်မှ တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ယခုအပတ်နယ်စပ် အလိုက် ပြောင်းဖူးစေ့ တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ၉၂၉၈ တန်ကျော်၊ လွယ်ဂျယ်မှ တန် ၃ဝဝ နဲ့ ချင်းရွှေဟော် ၁၄၂ တန်ကျော် အသီးသီးဖြစ်ပါတယ်။မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၆၁၁၁ ၂၂၇၅၁၅ ၁၄ဝ၄ ဝ .၆၂ ၂၉၁ ၂၉ဝ ၁ ဝ .၃၄MIRT (DOBT)
တန် ၆ဝဝ ကျော် တင်ပို့နိုင် ဇွန်လ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၈၁၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၂၆ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တင်ပို့မှုမရှိခဲ့တာကြောင့် တိုးတက်မှု ရှိတယ်လို့ဆိုရပါမယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ်ကပါ တန် ၉ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးရနေပါတယ်။ KZW
ယခုလတွင် အိန္ဒိယရော်ဘာဈေးနှုန်းအနည်းငယ်တက်နိုင် အိန္ဒိယနိုင်ငံရဲ့ အဓိကရော်ဘာစိုက်ပျိုးတဲ့ဒေသဖြစ်တဲ့ ကာရာလာမှာ မုတ်သုံဝင်စဖြစ်တာမို့ ထုတ်လုပ်မှုကျဆင်းနိုင်တာကြောင့် ပြည်တွင်းဈေးကွက်မှာ ယခုလအတွင်း တစ်ကီလိုကို ၁ဝ ရူပီး လောက်ဈေးတက်ဖွယ်ရှိကြောင်း သိရပါတယ်။ ယခု လက်ရှိမှာ တစ်ကီလိုကို ၂၂၆ ရူပီးရှိတာကြောင့် ဈေးတက်ရင် ၂၃၅ ရူပီးလောက်ရှိနိုင်တယ်လိုက ကုန်သည်များကပြောပါတယ်။ မုတ်သုံဝင်ရင် ရော်ဘာအစေးထုတ်တာကို ရပ်လိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လမှာ တစ်ကီလိုကို ရူပီး ၂၃၅ လောက်ရှိနိုင်ကြောင်း အိန္ဒိယရော်ဘာ ကုန်သည်အသင်း(IRDF) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ မုတ်သုံရာသီအတွင်းမှာ လည်း ရော်ဘာအစေး ထုတ်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး တောင်သူများကလည်း ရောင်းချမှုကို ဆိုင်းထားပြီး တက်ဈေးကိုစောင့်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးနှုန်းနိမ့်နေပြီး သွင်းကုန်တိုးတက်တင်သွင်းကာ သွင်းကုန် ခွန်ကလည်း ၂ဝ ရာခိုင်နှုန်း ကောက်ခံရာကနေ လျော့ချကောက်ခံမယ်ဆိုရင် ဝယ်လိုအားတက်ပေမယ့်လည်း ဈေးနှုန်းတက်ဖို့ မဖြစ်ကြောင်း(IRDF) ရဲ့ ဥက္ကဌကပြောကြားပါတယ်။ ဘန်ကောက်ရဲ့ ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာဈေးနှုန်း တစ်ကီလိုကို ၂၃၅ ရူပီးရှိနေပြီး ကမ္ဘာ့ရော်ဘာဈေးကွက်ကလဲ မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရဲ့ ရောင်းလိုအား အကန့်အသတ် ရှိနေတာ ကြောင့် ခိုင်မာနေသေးကြောင်း သိရပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ဝယ်လိုအားကျဆင်းသွားတာကြောင့် ဈေးဆက် တက်မှာ တော့ မဖြစ်နိုင်သေးကြောင်းနဲ့ အမေရိကန်ရဲ့ ထုတ်လုပ်မှုကဏ္ဍလည်း ကျဆင်းနေကြောင်း သုတေသီများက ပြောကြား လျက် ရှိပါတယ်။ ှSource: PTI, KZW
၂ဝ၁၇ တွင် ထိုင်းနိုင်ငံမှ ရော်ဘာတန်ချိန် (၂) သိန်းကျော် ပိုမိုထုတ်လုပ်နိုင်မည် ကမ္ဘာ့အကြီးဆုံးရော်ဘာတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံက ၂ဝ၁၇ မှာ ရော်ဘာတန်ချိန် ၂၂ဝဝဝဝ ပိုမိုတိုးမြှင့်ထုတ်လုပ် နိုင်ဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ယခုနှစ်မှာ ထိုင်းနိုင်ငံတစ်ဝှမ်းမှာ ရော်ဘာစိုက်ဧရိယာရိုင် ၈ သိန်းခန့်ရှိကြောင်း ရော်ဘာကော်မတီက ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံက မကြာသေးမှီက ၃ နှစ်စီမံကိန်းချမှတ်ပြီး ရော်ဘာစိုက်ဧရိယာတွေကို အရှေ့မြောက်မှာရိုင် ၅သိန်း၊ မြောက်ပိုင်းဒေသမှာ ရိုင် ၁၅ဝဝဝဝနဲ့ အရှေ့ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသ တွေမှာ ရိုင် ၁၅ဝဝဝဝ ထပ်မံတိုးခဲျ့ စိုက်ပျိုးနေပါတယ်။ ဒီစီမံကိန်းမှာ ရော်ဘာစိုက်ပျိုးသူ ၁၆ဝဝဝဝ ပါဝင်ပြီး ၂ဝ၁၇ မှာ တန်ချိန် ၂၂ဝဝဝဝ ကျော် ပိုမိုထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ထိုင်းနိုင်ငံက ရော်ဘာတန်ချိန် ၃ ဒသမ ၁၁ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး တန်ချိန် (၃) သန်းကျော် ထုတ်လုပ်နိုင်ကာ စိုက်ဧရိယာမှာတော့ ဒုတိယအများဆုံးလိုက်ပြီး အင်ဒိုနီးရှားက ပထမနေရာမှာ ရှိကြောင်း သိရပါတယ်။ ရော်ဘာစိုက်ပျိုးရေးက ၂ဝဝ၄ မှ ၂ဝ၁ဝ အထိ ၅ ဒသမ ၉၁ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်ခဲ့ပြီး ၂ဝဝ၄ မှာ စိုက်မြေရိုင် ၁၂ ဒသမ ၉၅ သန်းကနေ ၂ဝ၁ဝ မှာ စိုက်မြေ ရိုင် ၁၇ ဒသမ ၉၆ သန်းကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်ချို့ဝေဖန်သုံးသပ်ချက်များကတော့ထိုင်းနိုင်ငံ ရဲ့ ရော်ဘာစိုက်ပျိုးရေးတိုးခဲျ့မှု စီမံကိန်းနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်နေပါတယ်။ ရော်ဘာဝယ်လိုအားက စီးပွားရေးဖွံ့ဖြိုးမှုပေါ်မှာ မူတည်ပြီး ကမ္ဘာ့စီးပွားရေးက ပိုမိုပြီး မတည်မငြိမ် ဖြစ်လာကြောင်း ဝေဖန်သူများကပြောပါတယ်။ လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအလျင်အမြန် တိုးတက်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကလည်း ၁ဝ နှစ်အတွင်း ရော်ဘာဝယ်လိုအားအတွက်အာမခံချက် မပေးနိုင်ကြောင်း သိရပါတယ်။ အနာဂတ် ဈေးကွက်နဲ့ အစိုးရရဲ့ မူဝါဒတွေကြောင့် ရော်ဘာဈေးနှုန်းကလည်း တက်ချည်ဆင်းချည်ဖြစ်နေပြီး ဝယ်လိုအားလည်း သေချာမှု မရှိကြောင်း ၎င်းဝေဖန်ရေးသမားများက ပြောကြားပါတယ်။ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ရော်ဘာ စိုက်ပျိုးရေး တွေ တရှိန်ထိုးဆောင်ရွက်နေကြောင်း သိရပါတယ်။ တကယ်လို့ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မယ်ဆိုရင်တော့ ဝယ်လိုအားလဲ ကျဆင်းမှာ ဖြစ်ပြီး ရောင်းလိုအားကတော့ ပိုလံျှနေမှာ ဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။ Source: commodity online ,KZW