Main menu

Background

Thursday, 26 May 2011

အဝယ်သွက်လာတာကြောင့် အိန္ဒိယ ကုလားပဲဈေးမြင့်တက်                  လွန်ခဲ့တဲ့ သီတင်းပတ်များအတွင်း ကုလားပဲလက်ငင်းနဲ့ ကြိုပွိုင့်ဈေးများကျဆင်း နေခဲ့ရာမှ အဝယ်ပြန်သွက်လာတဲ့အတွက် မေလ ၃ ရက်မှာ လက်ငင်းရော ကြိုပွိုင့် ပါ ဝ ဒသမ ၅၃ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၆၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ပဲလုံးဈေးနှုန်းမြင့်တက်ခြင်းကလည်း ကုလားပဲဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။                       မဒ္ဒရာပရာဒေ့ရှ်ပြီးရင် ကုလားပဲထုတ်လုပ်မှု ဒုတိယအများဆုံးပြည်နယ်ဖြစ်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းမှုက အမြင့်ဆုံးကာလဖြစ်ပြီး မေလလယ်တိုင်အောင် ဆက်လက်ရိတ်သိမ်းမှုရှိတယ်လို့ သိရပါတယ်။ ပုံမှန်မိုးရွာသွန်းမယ့် အလား အလာ အရ စိုက်ဧက တိုးတက်နိုင်တဲ့ မျှော်လင့်ချက်တွေကြောင့် ကုလားပဲမှအပ ပဲစင်းငုံလို အခြားပဲရောင်းဝယ်မှု လျော့တယ်လို့ သိရပါတယ်။ လတ်တလောမှာ ဈေးကွက်အဝယ်တက်နိုင်တဲ့အတွက် ကုလားပဲ အရောင်း အဝယ် ခိုင်မာနိုင်ပြီး မေလအထိ ကာလတိုအတွင်း တစ်တန် ရူပီး ၂၂၇၅ဝ- ၂၄၅ဝဝ (ကန်ဒေါ်လာ ၅ဝ၉-၅၄၈) ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကာလလတ်အတွင်းမှာ ပဲဝင်ရောက်မှု တဖြည်းဖြည်း ကျဆင်းနိုင်တဲ့အတွက် ကုလားပဲဈေးပြန်လည်ကောင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: Angel commodities 

Thursday, 26 May 2011

တစ်ပတ်အတွင်း အိန္ဒိယကုလားပဲ ဈေးခိုင်မာ                  အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လှောင်လက်များအဝယ်သွက်နေတာ ကြောင့် ယခုတစ်ပတ်အတွင်း ကုလားပဲဈေးခိုင်မာနေပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ဆက်လက်ရိတ်သိမ်းနေဆဲလို့ သိရပါတယ်။ လှောင်လက်များ ဝယ်ယူနေလို့ လတ်တလော ဈေးခိုင်မာနေပေမဲ့ ယခုနှစ် ပဲတန်ချိန် ၇ ဒသမ ၃၈ သန်း ဝန်းကျင်အထိ အထွက်မြင့်တက်မယ့် ခန့်မှန်းချက်တွေအရ ဈေးများများမတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ကာဘူလီကုလားပဲမှအပ အခြားပဲများ ပြည်ပတင်ပို့မှုကို ပိတ်ပင် ထားဆဲဖြစ်လို့လည်း ဈေးမြင့်တက်လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ၂ဝ၁၁ ဧပြီလ ၁၅ ရက်နေ့အထိ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၉၆ ဒသမ ၆၈ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈၅ ဒသမ ၁ဝ သိန်းထက် ၁၃ ဒသမ ၆၁ ရာခိုင်နှုန်းပိုမိုနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သြစတြေးလျမှာ စိုက်ပျိုး ရာသီအတွင်း မိုးရွာသွန်းဖွယ်ရှိခြင်းက တင်သွင်းကုလားပဲဈေးမြင့်တက်ဖို့ အထောက် အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား-၂ နဲ့ ဖော်ပြထားပါတယ်                    ၂-၅-၁၁        ၃-၅-၁၁         ၄-၅-၁၁            ၅-၅-၁၁မွန်ဘိုင်း      ၅ဝ၇-၅၁၃      ၅ဝ၇-၅၁၃     ၅ဝ၅-၅၁ဝ         ၅ဝ၅-၅၁ဝဒေလီ          ၄၉၆-၅ဝ၂      ၅ဝ၂-၅ဝ၇     ၅ဝ၅-၅၁ဝ         ၅ဝ၅-၅၁ဝချန်နိုင်း           ၅၄၁             ၅၄၁              ၅၄၃                ၅၄၇MIRT(MAPT)

Thursday, 26 May 2011

ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု သိသိသာသာပိုလာ                 ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု တစ်ပတ်ထက် တစ်ပတ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်း မှာ တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၄ဝဝ ထက် သိသိသာသာပိုလာခဲ့ပါတယ်။ အဓိကတော့ အိန္ဒိယက အဝယ်တိုးတက်လာ တာကြောင့် ဖြစ်ပါတယ်။                  ၂ဝ၁၁ ဧပြီလတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ခန့်ရှိပြီး မတ်လ မှာလည်း တန် ၄၅ဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်း မှာတော့ တန်ချိန် ၄ဝဝ ခန့်သာရှိလို့ ဒီနှစ်ကာလတူမှာ တင်ပို့မှု ပြန်တိုးတက်လာတာဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကုလားပဲတင်ပို့မှု လာမယ့်သီတင်းပတ်တွေမှာလည်း တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။                                    MIRT- MAPT

Thursday, 26 May 2011

ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု သိသိသာသာပိုလာ            ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု တစ်ပတ်ထက် တစ်ပတ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်း မှာ တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၄ဝဝ ထက် သိသိသာသာပိုလာခဲ့ပါတယ်။ အဓိကတော့ အိန္ဒိယက အဝယ်တိုးတက်လာတာကြောင့် ဖြစ်ပါတယ်။         ၂ဝ၁၁ ဧပြီလတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ခန့်ရှိပြီး မတ်လ မှာလည်း တန် ၄၅ဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်း မှာတော့ တန်ချိန် ၄ဝဝ ခန့်သာရှိလို့ ဒီနှစ်ကာလတူမှာ တင်ပို့မှု ပြန်တိုးတက် လာတာဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကုလားပဲတင်ပို့မှု လာမယ့်သီတင်းပတ်တွေမှာလည်း တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။               MIRT- MAPT

Thursday, 26 May 2011

စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လာပါက ကောက်ပဲသီးနံှတင်ပို့ခွင့် ပိုပိတ်ပင်သွားမည့် ယူကရိန်း           ယူကရိန်းမှာ တကယ်လို့ စားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်မှုတွေရှိလာပါကကောက်ပဲသီးနံှကုန်သည်တွေကို ပို့ကုန်တားမြစ်ချက်ပြုလုပ်သွားဖို့ နှစ်လကြိုတင်ပြီး သတိပေးမှာဖြစ်ကြောင်း လယ်ယာစိုက်ပျိူးရေးဝန်ကြီး ပြုသူ Mykola Prysyazhnyu  မှပြောကြားလိုက်ပါတယ်။            ကောက်ပဲသီးနံှဈေးကွက်က လွတ်လွတ်လပ်လပ်ရှိသင့်ကြောင်း ဧပြီလ ၂၉ ရက်နေ့မှာပြုလုပ်တဲ့ ကမ္ဘာ့ဘဏ်မှ ယူကရိန်းကိုယ်စားလှယ်များ၊ ပြန်လည်တည်ဆောက်ရေးအတွက် ဥရောပဘဏ်နဲ့ ယူကရိန်း အမေရိကအသင်း အစည်း အဝေးမှာ ပြုသူ Mykola Prysyazhnyu  မှပြောကြားလိုက်ပါတယ်။             ယူကရိန်းနဲ့ ရုရှမှ ကောက်ပဲသီးနံှ တင်ပို့ခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ၂ဝ၁ဝ အောက်တိုဘာလမှာ မုယော စပါး   တင်ပို့မှုအပေါ်မှာ ကိုတာကန့်သတ်ခဲ့တယ်။ ရုရှရော ယူကရိန်းနှစ်နိုင်ငံစလုံးမှာ မိုးခေါင်မှုကြောင့် ကောက်ပဲ သီးနံှထွက်ရှိမှု ကျဆင်းခဲ့တာကြောင့်ဖြစ်တယ်။ ပြည်တွင်းဈေးနှုန်းတွေ မြင့်တက်လာခြင်းကို ထိန်းသိမ်းဖို့အတွက် တင်ပို့မှုကန့်သတ်ခြင်းကို ပြုလုပ်ဖို့ လိုအပ်ကြောင်း ယူကရိန်းအာဏာပိုင်များမှ ပြောကြားလိုက်ပါတယ်။ ယူကရိန်းအစိုးရက ယခုတစ်ပတ်မှာ ပြောင်း တင်ပို့မှုကန့်သတ်ချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ကြောင်း သတင်းရရှိပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင် 

Thursday, 26 May 2011

အိန္ဒိယပဲတီစိမ်းဈေး တစ်ပတ်အတွင်းတည်ငြိမ်သလောက်ရှိနေ                     အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲတီစိမ်းဈေးက တစ်ပတ်အတွင်း တည်ငြိမ်သလောက်ရှိနေပါတယ်။ အချို့ ဒေသတွေမှာ နွေပဲတီစိမ်းဝင်ရောက်လာတော့မှာဖြစ်လို့ ပဲခွဲစက်လုပ်ငန်းရှင်များက အဝယ်သိပ်မထွက် ကြသေးဘူးလို့ သိရပါတယ်။ ဧပြီလ ၁၅ ရက်နေ့အထိ နွေပဲတီစိမ်းစိုက်ပိုျးမှုဟာ ဟက်တာ ၉ ဒသမ ၂၁ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈ ဒသမ ၇ဝ သိန်းထက် ၅ ဒသမ ၈၆ ရာခိုင်နှုန်းပိုမိုနေတယ်လို့ သိရပါတယ်။ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာလည်း ရာသီဥတု ခြောက်သွေ့နေတဲ့အတွက် ပဲရင့်မှည့်ဖို့ အထောက်အကူဖြစ်စေပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ပဲတီစိမ်းဈေးကျဆင်းနေပြီး မွန်ဘိုင်း ဈေးကွက်မှာ ပဲတီရွှေဝါဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၁၉ဝ ဈေးရှိတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်ပြီး ဈေးများများမတက်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား (၃)နဲ့ ဖော်ပြလိုက်ပါတယ် -                                  ၂-၅-၁၁            ၃-၅-၁၁           ၄-၅-၁၁             ၅-၅-၁၁မွန်ဘိုင်း (ကင်ညာ)     ၁ဝ၇၁-၁ဝ၇၇        ၁ဝ၈၃               ၁ဝ၇၆                 -ဒေလီ                         ၈၃၄-၉၂၅         ၈၃၄-၉၂၅         ၇၈၅-၈၇၅        ၇၈၅-၈၇၅အာကိုလာ                 ၉၄၇-၁ဝ၆ဝ               -                      -                ၉၄၂-၁ဝ၁ဝMIRT(MAPT)ကန်/ဒေါ်လာ

Thursday, 26 May 2011

 ပဲတီစိမ်း တန် ၁ဝဝဝ ကျော် နယ်စပ်ကတင်ပို့                  ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၁၄၃၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒဿမ ၅၈၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တန် ၁ဝဝဝ ကျော် ပိုမိုခဲ့ပါတယ်။ သယ်ယူစရိတ်အနေနဲ့ကတော့ မန္တလေး-မူဆယ်ကားခနှုန်းထားမှာပဲတီစိမ်း တစ်ပိသာကို ၇၅ ကျပ်မှ ၇၂ ကျပ်အထိကျ ဆင်းခဲ့တာ တွေ့ရ ပါတယ်။ သယ်ယူစရိတ် အထိုက်အလျောက်သက်သာမှုရှိပြီး တစ်ဘက်နိုင်ငံဝယ်လိုအားရှိခြင်းကြောင့် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                             မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်         ပြောင်းလဲမှု     %         ယခု         ယခင်    ပြောင်းလဲမှု     %ပဲတီစိမ်း     ၈၇၄၇၇၄      ၁ဝဝ၅၈၂ဝ      ၁၃၁ဝ၄၆      ၁၄       ၁၁ဝ၃      ၁၂၈၆          ၁၈၃         ၁၆MIRT (DOBT)

Thursday, 26 May 2011

ယခုတစ်ပတ် ပဲတီစိမ်းတန် ၇ဝဝဝ ခန့် ပြည်ပအဝယ်ရှိ              ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ယခင်သီတင်းပတ်က ပြည်ပအဝယ်အေးသွားခဲ့တဲ့ ပဲတီစိမ်းကို ယခုတစ်ပတ်မှာ တန် ၇ဝဝဝ ထိ အဝယ်ပြန်တက်လာတာ တွေ့ရပါတယ်။ မိုးမိပဲတီစိမ်းများကိုရောပြီး ရောင်းချမှုကြောင့် ပဲအရည်အသွေး နိမ့်ကျသွားတဲ့အတွက် ယခင်တစ်ပတ်က အဝယ်ထိုင်းသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာလည်း ပဲတီစိမ်း ပဲပင်ပေါက်များမှာ ဓါတုဆေးပါဝင်မှုနဲ့ ပတ်သက်လို့ သတင်းအချို့ဖြစ်ပေါ်ခဲ့တာကြောင့် တရုတ်ကုန်သည်တွေ အဝယ်ခေတ္တရပ်ဆိုင်းသွားတာကြောင့်လို့ သိရပါတယ်။             ဒါပေမဲ့ ယခုတစ်ပတ်မှာတော့ စင်ကာပူဝယ်လက်များ အဝယ်ရှိလာတဲ့အတွက် အရောင်း အဝယ်ပြန်ဖြစ်လာခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးနှုန်းများကတော့ ယခင်တစ်ပတ်အတိုင်း ငြိမ်နေပြီး ပဲတီစိမ်း(အညာ)နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ ဖြစ်ပြီး ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၂၃ဝ-၁၂၅ဝ ရှိကြောင်း သိရပါတယ်။ MIRT-MAPT

Thursday, 26 May 2011

ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု ပြန်တိုးတက်                ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တိုးတက်လာခဲ့ပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်မှာ ပဲတီစိမ်းတန် ၃ဝဝဝ အောက်သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်းမှာတော့ တန်ချိန် ၅၅ဝဝ အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီတစ်လလုံးမှာ ပဲတီစိမ်းတန် ၂ဝဝဝဝ ခန့် တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ ပဲတီစိမ်းတန်ချိန် ၁၃ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခင်နှစ် ကာလတူထက် ပိုတင်လာတာတွေ့ရပါတယ်။ MIRT- MAPT

Thursday, 26 May 2011

  ပြည်ပအဝယ ် ရက်ခြားရှိတဲ့ ပဲလွန်းဖြူ              ယခင်သီတင်းပတ်က နေ့စဉ် FOB အရောင်းအဝယ်ရှိခဲ့တဲ့ ပဲလွန်းဖြူ ဟာ ယခုတစ်ပတ်မှာ ရက်ခြား ရောင်း ဝယ်မှုဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်အထိ တစ်ပတ် အတွင်းမှာ တန် ၂ဝဝဝ ခန့် ပြည်ပ အဝယ်ရှိခဲ့ပါတယ်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူမှုများပြီး ဈေးနှုန်းအနေနဲ့လည်း တည်ငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ် ဈေးများ အတိုင်း FAQ  တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝနဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ရှိကြောင်း သိရပါတယ်။                 MIRT- MAPT

Pages