Main menu

Background

Sunday, 22 May 2011

ရန်ကုန် FOB မှာ ပဲတီစိမ်းတန် ၄ဝဝဝ အရောင်းအဝယ်ဖြစ်             ရန်ကုန် FOB ဈေးကွက်မှာယခုတစ်ပတ်(မေလ ၁၃ ရက်မှ ၂ဝ ရက်)အတွင်း ပဲတီစိမ်း FAQ နဲ့ အညာရွှေဝါ တန်ချိန် ၄ဝဝဝ ခန့် ပြည်ပအဝယ်ရှိခဲ့ပါတယ်။ မေလ ၂ ရက်မှ ၂ဝ ရက်အတွင်းမှာလည်း တန်ချိန် ၁၈ဝဝဝ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခင်နှစ်မေလ တစ်လလုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့တန် ၆ဝဝဝခန့်ထက် ၂ ဆပိုမို အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တရုတ်ဘက်က အဆွဲအေးခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ တရုတ်ဝယ်လက် ပြန်လည် ဝယ်ယူလာတဲ့အပြင် အိန္ဒိယဝယ်လက်လည်း အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲလာတဲ့ ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- တန်/ ဒေါ်လာ             ပဲတီစိမ်းအညာ၊ ပခုက္ကူ      ရွှေဝါအသေး           ရွှေဝါအကြီး၂ဝ-၅-၁၁    ၁ဝ၅ဝ - ၁ဝ၇ဝ           ၁၁၇ဝ - ၁၁၉ဝ        ၁၂၇ဝ - ၁၂၉ဝ၁၃-၅-၁၁    ၁ဝ၅ဝ - ၁ဝ၇ဝ           ၁၁၃ဝ - ၁၁၅ဝ        ၁၂ဝဝ - ၁၂၂ဝMIRT(MAPT)

Sunday, 22 May 2011

ယခုတစ်ပတ် ပဲတီစိမ်း တင်ပို့မှု ယခင်ပတ်ထက်အနည်းငယ်လျော့                 ယခင်သီတင်းပတ်ကပဲတီစိမ်းသင်္ဘောတင်တန်ချိန် ၅ဝဝဝ ရှိခဲ့ပေမဲ့ယခုသီတင်းပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန် ၄၃ဝဝ ခန့်ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ ယူအေအီး၊ UK နဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ဗီယက်နမ်ကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ် မေလ ၁၃ ရက်နေ့အထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၃၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၃၈ဝဝဝ ခန့်ရှိလို့ ယခုဘဏ္ဍာနှစ် ကာလတူမှာ အနည်းငယ်လျော့ကျတာ တွေ့ရပါတယ်။ လာမယ့်သီ တင်းပတ် များမှာတော့ အနည်းငယ်ပိုတင်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                      MIRT- MAPT

Sunday, 22 May 2011

စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံရပ်ခြားတွင် ကောက်ပဲသီးနံှစိုက်ပျိုးဖို့ စဉ်းစားနေသည့် တရုတ်(တိုင်ပေ)                  တရုတ်(တိုင်ပေ)က စားနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် လယ်ယာစိုက်ပျိုးမှုကို နိုင်ငံရပ်ခြားမှာပြုလုပ်သွားဖို့ စဉ်း စားလျက်ရှိကြောင်း တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပါတယ်။ ''ကမ္ဘာကြီးက စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် တရုတ် (တိုင်ပေ)အနေနဲ့ စားနပ်ရိက္ခာ ဖူလုံမှုရှိရေးအတွက် ဆောင်ရွက်သင့်ကြောင်း''FAO လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး You Shengfeng  မှ ပြောကြားပါတယ်။                တရုတ်(တိုင်ပေ)က ဆန်ကိုစားသုံးဖို့အတွက် အလုံအလောက်ရှိသော်လည်း အခြားကောက်ပဲသီးနံှတွေကိုတင်သွင်း နေရပြီး၊ နှစ်စဉ်ပြောင်း တန်ချိန် ၅ သန်း၊ ပဲပုပ်တန်ချိန် ၂ ဒသမ ၅ သန်းနဲ့ ဂံျုတန်ချိန် ၁ သန်းကိုတင်သွင်းနေ ရကြောင်း့You Shengfeng မှဖြည့်စွက်ပြောကြားပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ စားနပ်ရိက္ခာဖူလုံမှုနှုန်းထားက ၃၂ ရာခိုင်နှုန်းသာရှိပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ထက် နိမ့်ကျလျက်ရှိရာ ၂ဝ၂ဝ မှာ ၄ဝ ရာခိုင်နှုန်းကိုမြှင့်တင်လိုကြောင်း သမ္မတMa Ying-jeou  မှအရ သိရှိရပါတယ်။ တရုတ်(တိုင်ပေ)မှာ ဆန်သိုလှောင်ထားမှုတန်ချိန် ၄ သိန်းရှိရာ မိမိလူဦးရေ အတွက် ၄ လစာလုံလောက်မှုရှိသော်လည်း နိုင်ငံရပ်ခြားမှာ စိုက်ပျိုးပါက စားသောက်ကုန်သီးနံှတင်သွင်းမှုကို လျှော့ချနိုင်မှာ ဖြစ်ကြောင်း့You Sheng-feng  မှပြောကြားခဲ့ပါတယ်။               အဓိကမှာ မဟာမိတ်ဆက်ဆံရေးရှိတဲ့ အမေရိကန်အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကို အာရုံစိုက်လုပ် ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ အကူအညီနဲ့ ငွေကြေးအကူအညီရရှိမှသာ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နံှနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ ဒုတိယအတွင်းရေးမှူးခုျပ် Lee Pai-po မှပြောကြားလိုက်ပါတယ်။     အေးမွန်မွန်လှိုင်၊Source:monsterseandcritics.comာ

Sunday, 22 May 2011

ရန်ကုန် FOB မှာ ပဲလွန်းဖြူကို ပြည်ပအဝယ်အနည်းငယ်တက်            ရန်ကုန် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်ကတန်၅ဝဝသာ အရောင်း အဝယ်ဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (မေလ ၁၃-၂ဝ)အတွင်းမှာတော့ တန် ၁ဝဝဝ ကျော်အရောင်းအဝယ် စာချုပ်ခုျပ်နိုင်ခဲ့ပါတယ်။ မေလ ၁ ရက်မှ ၂ဝ ရက် အတွင်းမှာ တန် ၁၅ဝဝ ကျော်ရောင်း ဝယ်ခဲ့တာတွေ့ရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိနေပြီး ရန်ကုန် FOB ဈေးမှာ လည်း ယခင်သီတင်းပတ် လိုပဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေတယ် လို့ သိရပါတယ်။ MIRT- MAPT

Sunday, 22 May 2011

ပဲလွန်းဖြူ၊ နီ တန်ချိန် ၁ဝဝဝ အထက် တင်ပို့မှု ရှိနေ                  ပဲလွန်းဖြူ၊ နီ သင်္ဘောတင်ပို့မှု ကတော့ အပတ်စဉ် တန် ၁ဝဝဝ အထက်မှာ ရှိနေသလို ယခုသီတင်း ပတ်(မေလ ၁၁ရက်မှ ၁၇ ရက်)အတွင်း မှာလည်း တန်ချိန် ၁၃ဝဝ ကျော် တင်ပို့ နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံ တွေကတော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက် နေ့ထိ ပဲလွန်းဖြူတင်ပို့မှုကို လေ့လာရာ မှာ တန်ချိန် ၆ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ အဝယ်ပုံမှန်ရှိနေတဲ့ ပဲဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြ ပါတယ်။ MIRT- MAPT

Sunday, 22 May 2011

 အိန္ဒိယပဲစင်းငုံဈေးနှုန်း ယခုတစ်ပတ်ဆက်လက်ခိုင်မာ             အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲစင်းငုံဈေးနှုန်းက ယခုတစ်ပတ်မှာ ဆက်လက်ခိုင်မာနေပါတယ်။ ယခုလအတွင်း လက်ထပ်ပွဲများအတွက် ဝယ်လိုအားတွေ ရှိနေတာကြောင့် ဈေးမာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေမှာ အလုံအလောက်ရှိနေခြင်းက ကာလလတ်အတွင်းဈေးနှုန်းကို ကျဆင်းစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်မှု ပိုမိုခြင်းနဲ့ သိုလှောင်မှု အလုံအလောက်ရှိနေတဲ့အပြင် မုတ်သုံမိုး ပုံမှန် ရွာသွန်းဖွယ်ရှိခြင်းကလည်း ဈေးနှုန်းမြင့် တက်မှုကို ထိန်းခုျပ်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် လှောင်လက် များ လက်ကျန်ရှင်းထုတ်ခြင်းက ဈေးနှုန်းကို ပိုမိုဖိအားဖြစ်စေနိုင်ပါတယ်။ လတ်တလော မှာတော့ လက်ရှိဈေးဝန်းကျင်မှာအတက်အဆင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဖေါ်ပြ လိုက်ပါတယ်-                                                                         ဒေါ်လာ/တန်               ၁၉-၅-၁၁      ၁၈-၅-၁၁      ၁၆-၅-၁၁      ၁၄-၅-၁၁မွန်ဘိုင်း    ၇၁၁-၇၃၄     ၇၁ဝ-၇၃၂      ၇၁ဝ-၇၃၃     ၇၂၄-၇၄ဝဒေလီ      ၇၅၆-၇၅၈     ၇၆ဝ-၇၆၃      ၇၆၆-၇၆၈     ၇၉ဝ-၇၉၃ချန်နိုင်း     ၇ဝဝ-၇၁၁       ၇၁ဝ             ၇၂၁          ၇၃၅MIRT(MAPT)

Sunday, 22 May 2011

ယခုတစ်ပတ် ပြည်ပအဝယ် ပဲစင်းငုံ တန် ၄ဝဝဝ ကျော်ရှိ              ယခုတစ်ပတ် မေလ ၁၃ ရက်မှ ၂ဝ ရက်အထိ ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံတန်ချိန် ၄ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မေလ ၂ ရက်မှ ၂ဝ ရက် အတွင်းမှာတော့ တန်ချိန် ၁၈ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                 ယခုတလော အိန္ဒိယဝယ်လက်တချို့ ပဲစင်းငုံ အဝယ်ရှိလာတယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ လှောင်လက်တွေ ရောင်းလိုတဲ့ဈေးမပေးနိုင်လို့ ဈေးနိမ့်တဲ့ လင်းခေး ပဲစင်းငုံကို အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်မှု များတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ယခင်တစ်ပတ်ထက် အနည်းငယ်တက်လာခဲ့ပါတယ်။               ဒေါ်လာ/တန်            ပဲစင်းငုံနီ(FAQ)    ပဲစင်းငုံဖြူနီ၊ အဖြ(FAQ)၂ဝ-၅-၁၁    ၆၉ဝ-၇၁ဝ               ၅၉ဝ-၆၁ဝ၁၃-၅-၁၁    ၆၇ဝ-၆၉ဝ              ၅၃ဝ-၅၅ဝ                                                                 MIRT(MAPT)

Sunday, 22 May 2011

ယခုတစ်ပတ်လည်း ပဲစင်းငုံတန် ၃ဝဝဝ အောက်သာအတင်ရှိ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုကတော့ အပတ်စဉ် တန် ၃ဝဝဝ အောက်သာရှိသလို ယခုတစ်ပတ် (မေ ၁၁ ရက်မှ ၁၇ )အတွင်းမှာလည်း တန် ၃ဝဝဝ အောက်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အိန္ဒိယနဲ့ စင်ကာပူကို သာတင်ပို့တယ်လို့ သိရပါတယ်။                  လက်ရှိ ၂ဝ၁၁ -၁၂ ဘဏ္ဍာနှစ် မေလ ၁၃ ရက်နေ့အထိ ပဲစင်းငုံ သင်္ဘောတင်ပို့မှုဟာ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၆ဝဝဝ ခန့်သာရှိလို့ ယခုနှစ် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ လာမယ့် အပတ်တွေမှာတော့ အနည်းငယ်တိုးတက်တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT

Sunday, 22 May 2011

ယခုအပတ်မူဆယ်မှ မတ်ပဲအနည်းငယ်တင်ပို့               မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂၆၅ဝဝ တန်ဖိုးရှိ မတ်ပဲ ၂၉ တန်တင်ပို့မှုရှိတယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အစ ဧပြီလမှ မေလ ၁၇ ရက်ထိ မူဆယ်နယ်စပ်မှ မတ်ပဲတင်ပို့မှုကတော့ ၄၅ တန်ရှိပြီလို့ သိရပါတယ်။ မူဆယ်က တင်ပို့တဲ့ မတ်ပဲတွေဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးတွေက ထွက်ရှိတဲ့ ပဲတွေဖြစ်ပြီး မတ်ပဲ မြေပြင်ပေါက်ဈေးဟာလည်း သိသိသာသာ ကျနေတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် -                              မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု           ယခင်      ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု     %မတ်ပဲ     ၅၆၁၄၁၂     ၇၃၉၅ဝဝ    ၁၇၈ဝ၈၈    ၃၂     ၉၉၁     ၁ဝဝ၁         ၁ဝ         ၁MIRT (DOBT)

Sunday, 22 May 2011

ယခုတစ်ပတ် အိန္ဒိယမတ်ပဲဈေးအနည်းငယ်တိုး                 အိန္ဒိယဈေးကွက်များအတွင်း ယခင်တစ်ပတ်က မတ်ပဲဈေးတည်ငြိမ်နေပေမဲ့ ဒီတစ်ပတ်မှာတော့ မတ်ပဲဈေးအနည်းငယ်တိုးလာပါတယ်။ အဓိကဈေးကွက်များမှာ ပြုပြင်ပြီးမတ်ပဲ ဝယ်လိုအားကောင်းလာတာ ကြောင့် ပဲခွဲစက်လုပ်ငန်းရှင်တွေ အဝယ်သွက်နေတယ်လို့ သိရပါတယ်။ နွေမတ်ပဲကို အဝယ်ပိုများလာပြီး ပြည်ပ မတ်ပဲလည်း ဈေးအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ နွေမတ်ပဲများ ဈေးမြင့်နဲ့ ကမ်းလှမ်းကြခြင်းက ဝယ်လိုအားကို ကန့်သတ်စေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးရွာသွန်းခြင်းကြောင့် ရိတ်သိမ်းမှုနှောင့်နှေးနိုင်ပေမဲ့ သီးနံှတွေကို ကြီးကြီးမားမား ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယအရှေ့ပိုင်း ဒေသတွေမှာ အစိုဓါတ်များပြီး နွေရာသီအပူချိန်လျော့ကျလို့ ပိုးကျရောက်မှုရှိတဲ့ အတွက် အထွက်နှုန်းကျဆင်းနိုင်တယ်လို့ သိရပါတယ်။ကာလတိုအတွင်း မတ်ပဲဈေး ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်                      ဒေါ်လာ/တန်            ၁၉-၅-၁၁      ၁၈-၅-၁၁      ၁၆-၅-၁၁        ၁၄-၅-၁၁မွန်ဘိုင်း    ၉၁၂         ၈၉၃-၈၉၈        ၈၈၈            ၈၉၁-၈၉၆ဒေလီ    ၈၄၅-၉၃၉     ၈၄၃-၉၃၇      ၈၄၄-၉၃၃      ၈၄၆-၉၃၅ချန်နိုင်း ၉၃၄-၁ဝ၆၂    ၉၂၁-၁ဝ၅၄   ၉၂၇-၁ဝ၅၅    ၉၁၉-၁ဝ၅၈MIRT(MAPT)

Pages