Main menu

Background

Sunday, 24 Apr 2011

မတ်လမှာ နနွင်း ၂၆၅ တန် တင်ပို့နိုင်ခဲ့               ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်းနနွင်းတန်ချိန် ၇၂ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၅၆ဝ ဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို တန် ၃ဝ၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို ၂၆ တန်အသီးသီးတင်ပို့ ခဲ့တာတွေ့ရပါတယ်။ မတ်လမှာ နနွင်းတန်ချိန် စုစုပေါင်း ၂၆၅ ဒသမ ၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၇၆ တန်သာတင်ပို့နိုင်ခဲ့တာကြောင့် မတ်လမှာ ၁၈၉ ဒသမ ၃၈ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ အလားတူကာလဖြစ်တဲ့ ၂ဝ၁ဝ မတ်လမှာ နနွင်းတန်ချိန် ၄၅၇ ဒသမ ၈၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ တန်ချိန် ၁၉၂ ဒသမ ၄၈ တန်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ MIRT (DOT) 

Sunday, 24 Apr 2011

အိန္ဒိယကြက်သွန်နီတင်ပို့မှု ကျဆင်း                 အိန္ဒိယအစိုးရက ကုန်စည်ဈေးနှုန်းတွေကို အနိမ့်ဆုံးနှုန်း (MSP)ဈေး သတ်မှတ်ပေးပြီးနောက်ပိုင်း ကြက်သွန်နီတင်ပို့မှုကျဆင်းသွားကြောင်း သိရပါတယ်။ အဓိက ကြက်သွန်တင်ပို့တဲ့အေဂျင်စီတွေရဲ့တင်ပို့မှုက ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကြောင်းသိရပါတယ်။ အိန္ဒိယကြက်သွန်နီကုန်သည်တွေက ဖေဖော်ဝါရီလလယ်မှစပြီး တန်ချိန် ၂၇၃ဝဝ တင်ပို့ဖို့စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကကြက်သွန်နီတန်ချိန် ၂ ဒသမ ၈၁ သိန်းတင်ပို့ခဲ့ကြောင်းသိရပါတယ်။ အစိုးရက ပို့ကုန်ဈေးနှုန်းကို ဖေဖော်ဝါရီ လလယ်မှာတစ်တန် ဒေါ်လာ ၆ဝဝ ကနေ မတ်လကုန်မှာ တစ်တန် ဒေါ်လာ ၁၇ဝ အထိ လျှော့ချခဲ့ပါတယ်။ အစိုးရအနေနဲ့ ယခုနှစ်ပို့ကုန်ဈေးနှုန်းကို ဒေါ်လာ ၆ဝဝ မှ ဒေါ်လာ ၄၅ဝ၊ ထိုမှတစ်ဆင့် ဒေါ်လာ ၂၇၅ နဲ့ နောက်ဆုံးမတ်လ ၃၁ ရက်နေ့မှာ ဒေါ်လာ ၁၇ဝ ကိုရောက်အောင်လျှော့ချခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီး ကပြောကြားခဲ့ပါတယ်။ အစိုးရက လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာမှာပြည်တွင်းဈေးနှုန်း တစ်ကီလိုကို ရူပီး (၈ဝ မှ ၈၅)အထိ ရောက်ရှိချိန်မှာ မရှိမဖြစ် မီးဖိုချောင်သုံးပစ္စည်း ဖြစ်တဲ့ ကြက်သွန်နီတင်ပို့မှုကိုတားမြစ်ခဲ့ပါတယ်။ ကြက်သွန်နီ တင်ပို့မှုပိတ်ပင်ပြီး နောက်ပိုင်း ပို့ကုန်ဈေးနှုန်းအမြင့်ဆုံးရောက်တဲ့အတွက် ကမ္ဘာ့ဈေးကွက်မှာ မယှဉ်ပြိုင်နိုင်တော့ ကြောင်းသိရပါတယ်။ အိန္ဒိယရဲ့ပို့ကုန်ဈေးမြင့်တက်မှုက ပါကစ္စတန်၊ တရုတ်နဲ့အီရန်တို့ကိုကူညီရာရောက်ပြီး ၎င်းနိုင်ငံများမှာ ဖေဖော်ဝါရီလမှ မတ်လ အတွင်းကြက်သွန်နီ ပို့ကုန်ဈေးနှုန်းဒေါ်လာ (၁၇ဝ မှ ၂ဝဝ) ကြားရှိခဲ့ ပါတယ်။ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ ပို့ကုန်ဈေးနှုန်းကို တစ်တန်ဒေါ်လာ ၁၇ဝ ကို လျှော့ ပေးလိုက်တာကြောင့် လအနည်းငယ်အတွင်းမှာ အိန္ဒိယရဲ့ပို့ကုန်တန်ချိန်တွေ တက် လာခဲ့ပါတယ်။ အိန္ဒိယရဲ့ ကြက်သွန်နီအဓိက တင်ပို့ တဲ့နိုင်ငံတွေကတော့ အနောက် အာရှ၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်တယ်လို့သိရပါတယ်။ Sorces: Commodity Online, KZW 

Sunday, 24 Apr 2011

သြင်္ကန်အခါကျော်လို့ အရောင်းအဝယ်အေးသွားတဲ့ ပြည်ချင်းဈေးကွက်                       ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးအတိုင်း ပုံမှန်ရှိနေပါတယ်။ အဝင်အားဖြင့် အောင်ပန်းဘက်မှချင်းများ အခါမတိုင်မီ တစ်ပတ်လျှင် ပိဿာ ၃ဝ ဝင် အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာတော့ အဝင်မရှိဘဲ လက်ကျန်ချင်းများနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြည်ဈေးကွက် ရှိ ပွဲရုံများ၌ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅ဝဝ ခန့်ထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နဲ့ အရောင်း အဝယ်အေးသွားပါတယ်။ ဧရာဝတီနဲ့ရခိုင်ဘက်သို့ ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းလဲ့ဝါ 

Sunday, 24 Apr 2011

သြင်္ကန်ပြီးကာစ ရှမ်းချင်းဈေးကွက်ငြိမ်              ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်သီးနံှဈေးတွေ ဈေးငြိမ်နေတယ်လို့ ဆိုရပါမယ်။ သြင်္ကန်ပြီးစကာလ ဖြစ်တာကြောင့် ဈေးကွက်မှာ ရောင်းသူဝယ်သူ ဈေးငြိမ်နေတဲ့ကာလလည်းဖြစ်ပါတယ်။ ဈေးကွက်မှာ ချင်းစို က လက်ကျန်နည်း နေပြီး ချင်းခြောက်ကလည်း အဝင်နည်းနေပါတယ်။ သြင်္ကန်ပွဲတော်ပိတ်ရက် တွေကြောင့် တောင်သူတွေကလည်း ချင်းတွေကို ထပ်မဖော်ကြသေးပါဘူး။ နမ့်စန် ဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၄၅ဝ ကျပ်- ၅ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။                    အောင်ပန်းဈေးကွက်မှာလည်း ချင်းအဝင်က ပုံမှန်သာရှိနေပါတယ်။ ပြည်တွင်း သုံးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေက ဝယ်ယူနေကြ တယ်လို့ လည်း သိရပါတယ်။ အောင်ပန်းချင်းဈေးကတော့ ချင်းစို တစ်ပိဿာ ၅ဝဝ ကျပ်မှ ၈ဝဝ ကျပ်ဈေးရှိပြီး ပစ္စည်းကောင်းရင်တော့ ၁ဝဝဝ ကျပ် ဈေးအထိရှိပါတယ်။ ချင်းခြောက်ကတော့ ဝယ်လက်အေးနေတာကြောင့် တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပေမဲ့ တစ်ပတ်အတွင်း ချင်းပိဿာချိန် တစ်သိန်းနှစ်သောင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Sunday, 24 Apr 2011

ယခုနှစ် မတ်လ တင်ပို့မှုကျ               ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ချင်း ၈ တန်ကို စင်ကာပူနိုင်ငံကိုတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၆၂ဝ ခန့်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၂၉၆ဝ ရရှိခဲ့ပါတယ်။ မတ်လမှာ ချင်း စုစုပေါင်း ၇၁ ဒသမ ၉၉၄ တန်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ ၆ဝ ဒသမ ၄ တန်သာတင်ပို့နိုင်ခဲ့တာကြောင့်မတ်လမှာ ၁၁ ဒသမ ၅၉၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ် ၂ဝ၁ဝ မတ်လမှာ ချင်း စုစုပေါင်း ၂ဝ၈၈ ဒသမ ၂၁၈ တန်တင်ပို့နိုင်ခဲ့တာကြောင့် ယခုနှစ်မတ်လမှာ ချင်းတင်ပို့မှုအား တော်တော်လေးလျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT) 

Sunday, 24 Apr 2011

မြောင်းမြမှာ သီဟိုဠ် လှိုင်လှိုင်ပေါ်                မြောင်းမြမြို့နယ်တွင် သီဟိုဠ်စိုက်ပျိုးဧက ၇၈၈၄ ဧကရှိတဲ့အနက် ၄၇၃၄ ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကကို ၁ဝ၂ ပိဿာနှုန်းဖြင့် ၈၆၁၅၈၈ ပိဿာထွက်ရှိကြောင်းသိရပါတယ်။ ယခုအချိန်တွင် သီဟိုဠ်လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ အဝယ်ဒိုင် များမှာ လာရောက်ရောင်းချကြောင်းတွေ့ရပါတယ်။ အဝယ်ဒိုင်ပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခင်က သီဟိုဠ်အဖွင့်ဈေးဟာ ၁၄၅ဝ ရှိပြီး၊ ယခုနှစ်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ်ထိရှိလာပြီး အရောင်းအဝယ်သွက်ကြောင်းနဲ့ ရရှိသော သီဟိုဠ်များကို ရန်ကုန်-ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ကြောင်းပြောပါတယ်။ ဆက်လက် ၍ ခြံပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခုနှစ်သီဟိုဠ်ပွင့်ချိန်တွင် အချိန်အခါ မဟုတ် မိုးရွာသောကြောင့် အပွင့်ေြွက၍ အသီးအထွက်ဆုတ်ကြောင်းပြောပါတယ်။ သီဟိုဠ်အဆံမှာ သိပ်ပြီးထူးကဲသောအရသာရှိသဖြင့် တန်ဖိုးကြီးသော သရေစာ များ၊ အစားအသောက်များမှာ ထည့်သွင်းအသုံးပြုသဖြင့် ဈေးကောင်းပြီး၊ ပြည်ပ သို့တင်ပို့ရောင်းချနိုင်သော သီးနံှဖြစ်ပါတယ်။ ကျော်လင်း

Sunday, 24 Apr 2011

ထုတ်လုပ်မှုကျဆင်း၍ အာဖရိကပြောင်းဈေးနှုန်းတက်                 မိုးခေါင်မှုကြောင့်ပြောင်းအထွက်နှုန်းထိခိုက်စေပြီး အာဖရိကနိုင်ငံတွေမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနိုင်ငံတွေ ကတော့ ကင်ညာ၊ ဆိုမားလီယား၊ ယူဂန်ဒါ၊ ကွန်ဂိုသမ္မတနိုင်ငံ(DRC) နဲ့ဘီနင်တို့ ဖြစ်ကြောင်းသိရပါတယ်။ ဆိုမားလီယားမှာ ၂ဝ၁၁ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကြားမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်ဈေးတက်လာကာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၃၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါတယ်။ ဈေးနှုန်း တက်တာရဲ့အကျိုးဆက်က ကင်ညာရဲ့ငွေကြေးဖေါင်းပွမှုကို ပိုမိုဆိုးရွားစေပြီး ဇွန်လ မတိုင်ခင် ၂ ဆ ပိုမိုဆိုးရွားမယ်လို့ခန့်မှန်းကြပါတယ်။ ကင်ညာရဲ့အမျိုးသား စာရင်း ဗျူရိုရဲ့ကိန်းကဏန်းများအရ ကုန်ဈေးနှုန်းတက်မှုကမတ်လမှာ ၉ ဒဿမ ၁၉ ရာခိုင်နှုန်းရှိပြီး ဖေဖော်ဝါရီမှာ ၆ ဒဿမ ၆၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။ ကင်ညာရဲ့မျိုးစေ့ ကုမ္ပဏီကတော့ ရေသွင်းစိုက်ပျိုးနည်းကိုသုံးပြီး လာမယ့်ကာလမှာ ပြောင်းမျိုးစေ့ထုတ်လုပ်ဖို့အတွက် တွန်းအား ပေးနေကြောင်းသိရပါတယ်။ မိုးခေါင်မှုကြောင့်ပြည်တွင်းရောင်းလိုအားရဲ့ ၈ဝ ရာခိုင်နှုန်းထုတ်လုပ်ပေးတဲ့ ၎င်းကုမ္ပဏီက ၂ဝဝ၉ မှာ ပြောင်းဖူးမျိုးစေ့ ကီလို ၂၅ သန်းထုတ်လုပ်ရာကနေ ကီလို ၁၈ သန်း အထိ ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: commodity online,KZW

Sunday, 24 Apr 2011

ပြောင်းဖူးစေ့ တင်ပို့မှု လျော့ကျ                မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒဿမ ၃၂၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလမတ်လ ၆ ရက်မှ ၁၉ ရက်နေ့အထိ ကာလအတွင်းမှာတော့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ပြောင်းဖူးစေ့ ၈၃ဝ၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒဿမ ၁၅ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တရုတ်ဈေးကွက်မှာ ဈေးကောင်းရရှိရေး ဈေးကွက်အခြေအနေစောင့် ကြည့်နေတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နံှစားပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို ယှဉ်ကြည့်ရင် မသိမသာလေးသာကွာဟမှုရှိတာတွေ့ရပါတယ် -                                           မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု               ယခင်  ပြောင်းလဲမှု   %             ယခု      ယခင် ပြောင်းလဲမှု           %ပြောင်းဖူးစေ့     ၂၅၃ဝ၉ဝ      ၂၅၃ဝ၉၃     ၃             ဝ .ဝ၁        ၂၈၂      ၂၈ဝ       ၂                ဝ .၇MIRT (DOBT)

Sunday, 24 Apr 2011

ပင်လယ်ရေကြောင်းက တန် ၅ဝဝဝ ကျော် တင်ပို့နိုင်                 ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၅၇၈၉ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၅၂၃ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာ တန်ချိန် ၃၆၄၅ သာတင်ပို့ခဲ့တာကြောင့် တင်ပို့မှုတန် ၁ဝဝဝ ကျော်ပိုမိုမြင့်တက်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယကို ၁၅၁၅ တန်၊ အင်ဒိုနီးရှားကို ၁၉၁၉ တန်၊ ဖိလစ်ပိုင်ကိုတန် ၃၆ဝ၊ စင်္ကာပူကို ၁၂၄၂ တန်နဲ့ ဗီယက်နမ်ကို ၇၅၃ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ၤFOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ၂၇ဝ နဲ့ ၂၉ဝ ကြား ဈေးရနေ ကြောင်း သတင်းရရှိပါတယ်။                                                  KZW

Sunday, 24 Apr 2011

မလေးရှားရော်ဘာထုတ်လုပ်မှု ဖေဖော်ဝါရီမှာကျဆင်း               မလေးရှားနိုင်ငံရဲ့ရော်ဘာထုတ်လုပ်မှုက ၁၅ ဒဿမ ၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၉၁၄၄၉ တန်ကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီမှာတော့ ၁ဝ၈၆၂၅ တန်ထွက်ရှိပြီး စံချိန်တင်ခဲ့ပါတယ်။ နှစ်စဉ်တိုးတက်မှု ၁၂ ဒဿမ ၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလကုန် သိုလှောင်မှုက ဇန်နဝါရီထက် ၇ ဒဿမ ၂ ရာခိုင်နှုန်းပိုမိုပြီး ၁၉၁၅၃၈ တန်ကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီမှာလုပ်ငန်းငယ်တွေရဲ့ထုတ်လုပ်မှုက ၉၄ ဒဿမ ၂ ရာခိုင်နှုန်းရှိပြီး ကျန်တာကတော့ ခြံကြီးများရဲ့ ထုတ်လုပ်မှုဖြစ်တယ်လို့ သိရပါတယ်။ ပို့ကုန်တင်ပို့မှုကတော့ ဇန်နဝါရီမှာ ၇ဝ၅၅၁ တန်ရှိရာကနေ ဖေဖော်ဝါရီမှာ ၆၉၆၃၈ တန်ကိုကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီမှာ မလေးရှားရော်ဘာအသင်းကနေ စိုက်ပိုျးရေး မြှင့်တင်မှုများစတင်ဆောင်ရွက်အကောင် အထည်ဖော်နေကြောင်းသိရပါတယ်။ မလေးရှားရော်ဘာအသင်း MRBC နဲ့ မလေး ရှား ရော်ဘာပျိုးပင်ဗဟိုဌာနMRBC  တို့က ဒီလုပ်ငန်းကိုဦးဆောင်ပါတယ်။ ရော်ဘာအသင်းက မျိုးသစ်စိုက်ပိုျးရေး နည်း ပညာပြောင်းလဲမှုနဲ့စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ လေ့ကျင့်ပညာပေးရေးများဆောင်ရွက်ပြီး MRBC  ကတော့ တစ်နှစ်ကို ရော်ဘာ ပျိုးပင်ပေါက် ၃ ဒဿမ ၂၄ သန်း ထုတ်လုပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ရော်ဘာအသင်းအနေနဲ့ ဟက်တာ ၁၁၈ဝ မှာ ဆောင်ရွက်မှာဖြစ်ပြီး MRBC  က ဆာဘေ့နဲ့ ဆာရာဝပ်ပြည်နယ်တို့မှာရှိတဲ့ ရော်ဘာစိုက်ပျိုးရေးတွေကို မြှင့်တင်ဖို့ ပျိုးပင် ၄၅ ဟက်တာထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ မလေးရှားအစိုးရက ၂ဝ၂ဝ မှာ ၎င်းပြည်နယ်များမှာ ရော်ဘာ ဟက်တာ ၃ သိန်းနဲ့ ၅ သိန်း စိုက်ပျိုး ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ Source: commodity online,KZW

Pages