Background
ပဲလွန်းဖြူ၊ နီ ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့ အခြားပဲများထဲမှာ ပင်လယ် ရေကြောင်းက တင်ပို့မှု အားကောင်းနေတဲ့ ပဲများဖြစ်တဲ့ ပဲလွန်းဖြူနဲ့ ပဲလွန်းနီ က တော့ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာလည်း တန်ချိန် ၁၇ဝဝ နဲ့ ၃ဝဝ ခန့် စုစုပေါင်း တန် ၂ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ကို တင်ပို့တာဖြစ်ပါတယ်။ ပြည်ပအဝယ်ရှိပေမဲ့ ပြည်တွင်းဈေးကွက်တွေကို ပဲအသစ် လှိုင်လှိုင်ဝင်လာနေလို့ ပြည်တွင်းဈေး အနည်းငယ်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဧပြီလ ၁ ရက်မှာ ပဲလွန်းဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT
မနှစ်ကထက် အထွက်လျော့ပေမဲ့ အဝင်လှိုင်လာပြီဖြစ်တဲ့ ရှမ်းပဲစင်းငုံ ရှမ်းပဲစင်းငုံရဲ့ အထွက်နှုန်းက မနှစ်ကထက်လျော့ပေမဲ့ ဈေးကွက်ထဲကိုတော့ ဆီဆိုင်၊ ဆိုက်ခေါင်၊ နမ့်စန်၊ ဟိုပုံး စတဲ့ မြို့နယ်တွေကနေ ဈေးကွက်ကို အများဆုံးဝင်နေတယ်လို့ သိရပါတယ်။ လင်းခေးမြို့နယ်ဖက်ကတော့ သိပ်မဝင်လာ ပါဘူး။ နမ့်စန်ကထွက်တဲ့ ပဲစင်းငုံတွေကိုလည်း တောင်ကြီးဝယ်လက်တွေကသာ အများဆုံးဝယ်ယူနေပြီး တစ်ပိဿာ ၈၂ဝ ကျပ်ပေါက်ဈေးရှိပါတယ်။ ဟိုပုံးမြို့နယ်ရဲ့ အနီးပတ်ဝန်းကျင်ဒေသတွေကနေ ဟိုပုံးဈေးကွက်ထဲကို ၅ ရက်တစ်ဈေးမှာ ပိဿာချိန် နှစ်သောင်းခွဲခန့်ဝင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေက ဝယ်ယူနေပြီး ဟိုပုံးဈေးကွက်မှာ ပဲစင်းငုံပေါက်ဈေးက (ငုံနီသေး) တစ်ပိဿာ ၈၅ဝ ကျပ်-၈၆ဝ ကျပ်၊ (ဖြူကြီး) ၆၅ဝ ကျပ်-၆၆ဝ ကျပ်၊ (နီကြီး) က တစ်ပိဿာ ၇ဝဝ ကျပ်-၇၂ဝ ကျပ်ဈေးရှိပါတယ်။ ဖြူကြီးကိုတော့ ပြည်တွင်းပဲခွဲစက်တွေက ဝယ်ယူနေတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်ထဲမှာ ပဲစင်းငုံနီ (သေး) တစ်ပိဿာ ၈ဝဝ ကျပ်-၈၉ဝ ကျပ် (ဖြူကြီး) ၆၉ဝ ကျပ်-၆၇ဝ ကျပ်၊ နီကြီး ၇ဝဝ ကျပ်၊ ၇၂ဝ ကျပ် ဈေးရှိပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပြည်ပသို့ တိုက်ရိုက် မပို့ပေမဲ့ ရန်ကုန်ဝယ်လက်တွေကတစ်ဆင့်ပို့ဖို့ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ပဲစင်းငုံ ပိဿာချိန် ၁ဝ၈ဝဝဝ စီးဆင်းသွားတယ်လို့ ဒေသခံ ကုန်သည် တွေထံက သိရပါတယ်။ ဧဧခိုင်
မုံရွာငုံနီ ဝယ်လက်ကိုမျှော်ပြီ မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲစင်းငုံနီဈေးကွက်မှာ အိတ်စ်ပို့ အဝယ်မျှော်ရင်း ကျဈေးကို ဦးတည်နေတယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင် ဈေးကွက်မှာတော့ ဝယ်လက်နောက်ဆုတ်ကာ ရောင်းလက် ထုတ်လိုအားများ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့သလို မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာပဲကုန်သည်နဲ့ ပွဲစားတွေရဲ့ အဆိုအရ အိတ်စ်ပို့ အဝယ်မရှိသေးလို့ ဈေးအတက်အကျ ခန့်မှန်းရခက်နေပြီး လှောင်လက်ကုန်သည် အချို့ကတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူမှုအသင့်အတင့်ရှိတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲစင်းငုံနီစီးထွက်မှု ပမာဏ လျော့နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အရောင်းအဝယ်အေးတဲ့ မန်းပဲစင်းငုံဈေးကွက် မန်းဈေးကွက်သို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကူ၊ မတ္တရာ၊ စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ ရွှေဘို၊ ဝက်လက်၊ နောင်ချိုစတဲ့ဒေသများက ပဲစင်းငုံများ ဝင်ရောက်မှုရှိနေပါတယ်။ ဝင်ရောက်လာတဲ့ ပဲစင်းငုံကို ရန်ကုန် ဝယ်လက်သမားများမှသာ အဓိကထားဝယ်ယူနေပြီး၊ ယခုတစ်ပတ် ရန်ကုန်ဝယ်လက် အဝယ် အေးတာကြောင့် အရောင်းအေးဈေးအေးလာပါတယ်။ ပဲစင်းငုံနီတစ်ပိဿာ ၉၁၇ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၇၅ဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးအေးပြီး ရောင်းဝယ်နေကြပါတယ်။ ယခုမန်းဈေးကွက်မှာ ရန်ကုန်ဝယ်လိုအားက တော်တော်အေးသွားပါတယ်။ သြင်္ကန်ကာလ နီးတာကြောင့်လည်း အရောင်းအဝယ်အေးတာဖြစ်နိုင်တယ် လို့ ဈေးကွက်ကဆိုပါတယ်။ ကျော်ကျော်မိုး
ပဲစင်းငုံတင်ပို့မှု ဆက်လက်နည်းနေဆဲ ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှုက ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်း တန်ချိန် ၃ဝဝဝ ကျော်နဲ့ ဆက်လက် တင်ပို့မှုနည်း နေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ပဲအသစ်ဝင်ရောက်မှုတိုးပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးအကျဘက်ဆင်းနေတဲ့အတွက် မြန်မာနိုင်ငံက ဝယ်လိုအား နည်းနေပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ပြည်ပဝယ်လက်အဝယ်နည်းတဲ့အပြင် မတ်ပဲဈေးကျဆင်းခြင်းကြောင့်လည်း ယခုတစ်ပတ်ပဲစင်းငုံဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုှုင်းယှဉ်ဖေါ်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ (FAQ) ပဲစင်းငုံဖြူ၊ ဖြူနီ၁-၄-၁၁ ၈၅ဝ-၈၇ဝ ၆၅ဝ-၆၇ဝ၂၅-၃-၁၁ ၉ဝဝ-၉၂ဝ ၇၆ဝ-၇၈ဝMIRT(MAPT)
အဝင်များသော်လည်း ဟင်္သာတမတ်ပဲဈေးပြန်ကျ ဟင်္သာတဈေးကွက်အတွင်း မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၃၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ ၂၃ဝဝဝ ကျပ်ကို လျှော့ကျအရောင်းအဝယ်ရှိပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် ပဲရောင်းဝယ်မှုနည်းသွားသော်လည်း ယခုတစ်ပတ်တွင် မတ်ပဲဈေးကျနေပြီး ရောင်းအား ကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်များနဲ့ ရန်ကုန်ဝယ်လက်များရဲ့ ဝယ်ယူအား ကြောင့် မတ်ပဲစီးဆင်းမှုမှာ နေ့စဉ်ရန်ကုန်ဈေးကွက်သို့ ပျမ်းမျှအိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပြည်ပဲဈေးကွက် အဝင်များသလို အရောင်းသွက် ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်လစတုတ္တပတ်ရဲ့ အစရက်မှာ မတ်ပဲတစ်တင်းကို ၂၃၇ဝဝ ကျပ်ဈေးနဲ့ အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ ပြည်မြို့အနီးအနားရွာများမှလည်း တစ်နေ့ကို မတ်ပဲအိတ် ၁ဝဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ လှောင်လက်သမားနဲ့ ရန်ကုန်ဝယ်လက်တွေ အဝယ်များသော်လည်း မတ်ပဲအဝင်များနေခြင်း၊ ရန်ကုန် ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိတာကြောင့် တစ်တင်းကို ၂၂၇ဝဝ ကျပ်ထိ ဈေးလျော့ခဲ့တာကိုတွေ့ရပါတယ်။ ပြည်မြို့မှ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၇ဝဝ ခန့်ရှိတယ်လို့သိရပါတယ်။ မိမိအေး
တစ်လအတွင်း အိန္ဒိယမွန်ဘိုင်း မတ်ပဲဈေး ကန်ဒေါ်လာ ၆ဝ ကျော်မြင့်လာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေးက မတ်လ တစ်လအတွင်း ကန်ဒေါ်လာ ၆ဝ ကျော်မြင့် တက်ကွာခြားခဲ့ပါတယ်။ မတ်လအစပိုင်းမှာ မတ်ပဲ ဈေးအေးပေမဲ့ လကုန်ပိုင်းမှာ ဈေးကွက်အတွင်း ရောင်းချမှု အကန့်အသတ်သာရှိပြီး အဝယ်ပြန်တက်လာတဲ့အတွက် ဈေးပြန်မာလာတာဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ စိုက်ရာ ဥတ္တရာပရာဒေ့ရ်နဲ့ အင်ဒရာပရာဒေ့ရှ်ဒေသတွေမှာ မြေဆီလွှာအစိုဓါတ် ကောင်းမွန်တဲ့အတွက် ပဲအထွက်ပိုမယ်လို့ ခန့်မှန်းကြပါတယ်။ မတ်လဆန်းနဲ့ လကုန် ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ဒေလီ ၃၁-၃-၁၁ ၉၄၆ ၈၉၆-၉၆၃ ၁-၃-၁၁ ၈၈၁ ၈၈၇ MIRT(MAPT)
ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှ မတ်ပဲတန် ၈၆၆ဝ တင်ပို့နိုင်ခဲ့ မတ်လပထမပတ်မှာသာ မတ်ပဲ ၃၈ တန်တင်ပို့မှုရှိခဲ့ပြီး၊ ယခုအပတ် အတွင်း မတ်ပဲတင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာတော့ မတ်ပဲ ၈၆၆ဝ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မူဆယ်နဲ့တစ်ဘက်နိုင်ငံရွှေလီမြေပြင်ပေါက်ဈေးများကို ကြည့်တဲ့ အခါ မိမိဘက်မြေပြင် ပေါက်ဈေး ၁ဝ၂ ကျပ်မြင့်တက်သော်လည်း တစ်ဖက်နိုင်ငံ ဈေးပြောင်းလဲမှုမရှိပါဘူး ၊ ဈေးများနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၈၉၃၉၈ဝ ၈၈၃၇၇၈ ၁ဝ၂ဝ၂ ၁ ၁ဝ၅ဝ ၁ဝ၅ဝ - -MIRT (DOBT)
မှန်မှန်သာ တင်ပို့မှုရှိတဲ့ မတ်ပဲ ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၅၅ဝဝ တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာလည်း တန် ၅၆ဝဝ ခန့်နဲ့ မှန်မှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ပြည်ပဝယ်လက်ပုံမှန်ရှိနေတဲ့အတွက် အရောင်းအဝယ် ပုံမှန်ဖြစ်နေ သလိုတင်ပို့မှုလည်း မှန်မှန်ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ ယခင် သီတင်းပတ်များက မိုးရွာသွန်းခဲ့လို့ အရောင်းအဝယ်နှေးခဲ့ရာမှ ရာသီဥတု ပြန်ကောင်းလာချိန် တောင်သူများ အရောင်းထွက်လာတာကြောင့် ရောင်းအားများ နေတယ်လို သိရပါတယ်။ အဝယ်ပုံမှန်သာရှိပြိး ဈေးကွက်အသီးသီးက ရောင်းအားများ စုံတာကြောင့် ဒီတစ်ပတ် ပြည်တွင်းမတ်ပဲဈေးလျော့ကျလာခဲ့ပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း ဧပြီ ၁ ရက်မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ-၁ဝ၆ဝ အသီးသီးရှိကြောင်း သိရပါတယ် MIRT - MAPT