Main menu

Background

Wednesday, 30 Mar 2011

ပေါ်စဈေးပြန်ရောက်နေတဲ့ ကုလားပဲ                  ပခုက္ကူခရိုင်ထဲက ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ ကုလားပဲစုစုပေါင်း ဧက ငါးသောင်းခန့် စိုက်ပျိုးပြီး၊ နှစ်စဉ် တန် နှစ်သောင်းခွဲကျော် ထွက်ပါတယ်။ စိုက်သမျှရဲ့ ၇ဝ ရာခိုင်နှုန်းက ကုလားပဲဖြူလုံးကြီး ဖြစ်ပြီး၊ ၃ဝ ရာခိုင်နှုန်းကတော့ ကုလားပဲဝါတွေဖြစ်ကြပါတယ်။ ခရိုင်ထဲမှာ ကုလားပဲစိုက်ဧကရဲ့ ၅ဝ ရာခိုင်နှုန်းကို ရေစကြိုမှာစိုက်ကြပါတယ်။ အခုရက်ပိုင်းများမှာ ရေစကြိုနယ်ဘက် က ထွက်တဲ့ ကုလားပဲဖြူလုံးကြီးတွေဟာ ပခုက္ကူ ဈေးကွက်ပွဲရုံတွေကို နေ့စဉ်အိတ် ၁၅ဝဝ-၂ဝဝဝ ခန့် ဝင်ရောက်နေပါတယ်။                    ကုလားပဲဖြူလုံးကြီး ပေါက်ဈေးက မတ်လဆန်းမှာ တစ်တင်းကို ၁၇၄ဝဝ ကျပ်ရှိရာမှ လဆန်း ၁ဝ ရက်ပတ်မှာ ၁၉၁ဝဝ ကျပ်ထိတက်ခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၇၆ဝဝ ကျပ်ဈေးပဲရှိပါတယ်။ ကုလားပဲဝါကြီးကလည်း မတ်လဆန်း မှာ ၁၆၅ဝဝ ကျပ်မှ ၁ဝ ရက်ကျော်မှာ ၁၇ဝဝဝ ကျပ်ရှိခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၆၅ဝဝ ကျပ်ပဲရှိပါတယ်။ လက်ရှိတော့ လှောင်လက်အဝယ်များနဲ့ ပြည်တွင်းလုပ်ငန်းရှင်များပဲ အဝယ်ရှိကြောင်းပါ။ မောင်မောင်အေး

Wednesday, 30 Mar 2011

အိန္ဒိယဈေးကွက်တွေကို ကုလားပဲအဝင်တိုးလာလို့ ဈေးလျော့ကျ                  အိန္ဒိယပြည်တွင်းဈေးကွက်များကို ကုလားပဲအသစ်ဝင်ရောက်မှု တိုးတက် လာပေမဲ့ အဝယ်ထိုင်းတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေးများ ၂ ဒသမ ဝ၄ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၃၁ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဘီကနာမှ ပဲအသစ်များ ယခုသီတင်းပတ်ပိတ်ရက်မှာ အမြောက်အမြား ဝင်ရောက် လာဖွယ်ရှိပါတယ်။                   မြန်မာနိုင်ငံက ပဲတင်သွင်းမှုအနေနဲ့ ၂ဝ၁၁ ဇန်နဝါရီတစ်လထဲမှာ တန်ချိန် ၅၉၅၂၁ ရှိပြီး ဖေဖော်ဝါရီလမှာ ၁၅ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅ဝ၅၇၇ ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းထုတ်လုပ်မှု ပိုမိုမယ့်ခန့်မှန်းချက်များက ယခုနှစ်ပဲတင်သွင်းမှုကို ကျဆင်းစေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁၁-၁၂ အတွင်း ပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၁၆ ဒသမ ၅၁ သန်းခန့်ရှိလို့ ၂ဝ၁၁-၁၂ မှာ တန်ချိန် ၃ ဒသမ ၄ သန်းတင်သွင်းဖို့ လိုအပ်မယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီ သောမတ်က ပြောကြားပါတယ်။ ပြည်တွင်းပဲအသစ်များ ဝင်ရောက်မှုတိုးတက်လာ တော့မှာဖြစ်လို့ ကုလားပဲဈေးကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါ တယ်။ ယမင်းးခင်၊Source: Argel Commodities

Wednesday, 30 Mar 2011

အိန္ဒိယအစိုးရဝန်ကြီးများအစည်းအဝေးက နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွက် ပဲတန်ချိန် ငါးသိန်း တင်သွင်းခွင့်ပြု              အိန္ဒိယအစိုးရဝန်ကြီးများ အစည်းအဝေး (EGoM ) က MMTC လို နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁- ၁၂ ဘဏ္ဍာနှစ်အတွက် ပဲမိုျးစုံတန်ချိန် ၅ သိန်းတင်သွင်းခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ တင်သွင်းပဲများ ပြည်တွင်းဈေးကွက်အတွင်း ပြန်လည်ရောင်းချရာမှာ ဆုံးရှုံးမှုကာမိဖို့ ထောက်ပံ့ငွေ ၁၅ ရာခိုင်နှုန်းကိုတော့ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ ဟာ ပြည်တွင်းဝယ်လိုအား တန်ချိန် ၁၈-၁၉ သန်းရှိပြီး ယခုနှစ် ထုတ်လုပ်မှုတန်ချိန် ၁၆ ဒသမ ၅ သန်းခန့်ရှိလို့ ပဲမိုျးစုံ တင်သွင်းသူသက်သက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ပိုင်STC နဲ့ MMTC လို အေဂျင်စီများကလည်း ပြည်တွင်းရောင်းချမှု တိုးမြင့်ဖို့ ပဲတင်သွင်းနေရပါတယ်။ EGoM ဟာ ပြည်ပက တင်သွင်းပဲများကို ရာရှင်ဆိုင်များကတစ်ဆင့် ရောင်းချရာမှာ တစ်ကီလိုကို ရူပီး ၁ဝ (ကန်ဒေါ်လာ ဝ ဒသမ ၂၂) လျှော့ချပေးတဲ့ အစီအစဉ်ကို စက်တင်ဘာလတိုင်အောင် နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးနှုန်းထိန်းချုပ်ဖို့ ရည်ရွယ်ပြီး သကြား၊ စားဆီနဲ့ ပဲမျိုးစုံ သိုလှောင်မှု ကန့်သတ်ခြင်းကိုလည်း စက်တင်ဘာလတိုင်အောင် သက်တမ်းတိုးခဲ့ပြန်ပါတယ်။ ယမင်းခင်၊ှSource: Business standard

Wednesday, 30 Mar 2011

အရောင်းအဝယ်အေးသော်လည်း ဈေးမြင့်လာတဲ့ ဟင်္သာတပဲတီစိမ်း                ဟင်္သာတဈေးကွက်အတွင်း ပဲတီစိမ်းဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၂၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၃၃၅ဝဝ ကျပ်သို့ မြင့်တက်လာပါတယ်။ ဈေးကွက် အတွင်း ပဲတီစိမ်း ဝင်ရောက်မှုလည်း နည်းသွားပြီး ရောင်းဝယ်မှုမှာ ယခုတစ်ပတ်အတွင်း အေးသွားသော်လည်း ရန်ကုန်ဝယ်လက်ကုန်သည် ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်တင်းခွဲဝင်အိတ် ၂၅ဝဝ ခန့် ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုရှိတယ်လို့သိရပါတယ်။  အေးအေးခိုင် 

Wednesday, 30 Mar 2011

ဈေးကွက်မျှော်လင့်ချက်နဲ့ နွေပဲတီစိုက်ပျိုးမှုသွက်                  မနှစ်ကနွေရာသီ မုံရွာပဲတီစိမ်းဈေးကွက်မှာ တစ်တင်း ၄၅ဝဝဝ ကျပ်မှ ၅ဝဝဝဝ ကျပ်အထိ ဈေးကောင်းရခဲ့ကြလို့ ဒီနှစ်ပဲတီတောင်သူတွေ ရေသွင်းပဲတီ စိုက်ပျိုးမှု သိသိသာသာ တိုးတက်လာတယ်လို့ သိရပါတယ်။ မုံရွာနယ်မှာ အထွက်နှုန်း ကောင်းတဲ့ ရေဆင်း ၁၁၊ ၁၂ ပဲတီမျိုးကို အဓိကရွေးချယ်စိုက်ပျိုးခဲ့ကြတဲ့အတွက် ပဲတီမျိုးစေ့ ပေါက်ဈေးမြင့်တက်လာခဲ့ရာ တစ်ပြည်ကို ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်အထိ ရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။ အထွက်နှုန်းအားဖြင့်် မြေ၊ ရေနဲ့ သွင်းအားစု ညီညွတ်မျှတရင် နွေပဲတီ တစ်ဧက ၂၅ တင်းခန့်ထွက်နိုင်လို့ အကျိုး အမြတ်ကောင်းမွန်တဲ့အတွက် အခုလို စိုက်ပျိုးသူများလာခြင်းဖြစ်တယ်လို့ တောပုကျေးရွာမှ တောင်သူအချို့က ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ မန္တလေး၊ ရန်ကုန်ဝယ်လက်ပုံမှန်ရှိနေပြီး၊ ယခုသီတင်းပတ်ထဲမှာ စိမ်းသေးတစ်တင်း ကျပ်၂၃ဝဝဝ မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Wednesday, 30 Mar 2011

်အိန္ဒိယ မွန်ဘိုင်းဈေးကွက် တစ်လအတွင်း ပဲတီစိမ်းဈေးမြင့်လာ                အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲတီစိမ်း အရောင်းအဝယ်မဖြစ်ပေမဲ့ ကင်ညာနဲ့ တန်ဇန်းနီးယား ပဲတီစိမ်းဈေးက ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူမှာ အနည်းငယ်မြင့်တက်လာတာ တွေ့ရပါတယ်။ ကင်ညာ ပဲတီစိမ်း ဈေးထက် တန်ဇန်းနီးယား ပဲတီစိမ်းဈေး ပိုနေတာလည်း တွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် အကန့်အသတ်သာရှိပြီး အဝယ်အထိုက် အလျောက် ရှိနေတာကြောင့် ဈေးအနည်းငယ်တိုးလာခြင်းဖြစ်ကြောင်း သိရပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်  (တန်/ဒေါ်လာ)                  ကင်ညာပဲတီစိမ်း          တန်ဇန်းနီးယားပဲတီစိမ်း ၂၄-၃-၁၁             ၉၃၉                           ၁ဝ၄၃၂၄-၂-၁၁         ၈၉၈-၉ဝ၃                        ၉၈၇MIRT (MAPT)

Wednesday, 30 Mar 2011

နယ်စပ်မှ ယခုရက်သတ္တပတ် ပဲတီစိမ်း တန် ၃၆ဝ ကျော်ပို့                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ပဲတီစိမ်း တန် ၃၆၇ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၈၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကထက် တန်ချိန် ၁၄၅ တန် ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်းတင်ပို့နိုင်မှု လျော့နည်းသော်လည်း ရာသီဥတု ပူပြင်းလာသည့်အတွက် တရုတ်ဖက်မှ ပဲတီစိမ်း ဝယ်လိုအားပိုမိုကာ သယ်ယူပို့ဆောင်စရိတ်များမှာလည်း သက်သာနေသည့် အတွက်လာမဲ့သီတင်းပတ်များမှာ အရောင်းအဝယ် ပိုမိုလာနိုင်တယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ နှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ပဲတီစိမ်း တန်ချိန် ၉၃၁၇၅ တန်ကျော်တင်ပို့ထားပြီး မတ်လအတွင်းမှာတော့ တန်ချိန် ၁၉၉၆ တန် တင်ပို့ထားပြီဖြစ်ပါတယ်။ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ပဲတီစိမ်းဈေးဟာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မိမိဘက် မြေပြင်ပေါက်ဈေးမှာ တစ်တန် ၁၁၄၆၇၅၆ ကျပ်နဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးမှာ ၁၂၇၅ မှ ၁၃၅၅ ဒေါ်လာအတွင်း ဖြစ်ပါတယ်။                                                                 MIRT (DOBT) 

Wednesday, 30 Mar 2011

တရုတ်ဝယ်လိုအားနည်းလို့ ပဲတီစိမ်းအတင်လျော့လာ                    ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းကနေ တရုတ်ဝယ်လိုအားကောင်းတာကြောင့် ပဲတီစိမ်း တင်ပို့မှု အားကောင်းခဲ့ရာက ယခုသီတင်းပတ်မှာတော့ တရုတ်အဝယ်အေးသွားလို့ တန်ချိန် ၅၈ဝဝ ခန့်ကို တင်ပို့မှု လျော့ကျ လာခဲ့ပါတယ်။ တရုတ်ဝယ်လက်များက ၎င်းတို့ လက်ထဲပစ္စည်းတော်တော်များများရောက်ရှိပြီဖြစ်လို့ အဝယ်ခေတ္တ ရပ်သွား ခြင်းဖြစ်ပေမဲ့ တရုတ် (တိုင်ပေ) ဈေးကွက်ကိုတော့ တင်ပို့မှု များနေဆဲဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်ပါးပြီး တောက်လျှောက်ဈေးဆင်းခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်ပတ်အတိုင်း မတ်လ ၂၅ မှာလည်း ပဲတီစိမ်း FAQ  က အညာတစ်တန်ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ၤ FAQ (ပခုက္ကူ) တစ်တန် ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်း သိရပါတယ်။                                    MIRT - MAPT

Wednesday, 30 Mar 2011

ယခုအပတ်နယ်စပ်မှ ပဲလွန်းဖြူ အပို့ပြန်ရှိ                   ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဖေဖော်ဝါရီ လကုန်အထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တန်ချိန် ၃၈၇ဝ ကျော် တင်ပို့ ထားပြီးဖြစ်ပါတယ်။ မတ်လမှာတော့ လဝက်ထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တင်ပို့မှုမရှိခဲ့သော် လည်း မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ တော့ ကန်ဒေါ်လာ ဝ ဒသမ ၂၁၉ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၆ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက် နိုင်ငံနယ်စပ်ဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိ ဘက်မှာ ဈေး ကျပ် ၁၃ဝဝဝ နီးပါးလျော့ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပဲလွန်းဖြူ ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ရပါတယ်               မိမိဘက်(ကျပ်/တန်)    ယခု               ယခင်         ပြောင်းလဲမှု           %၈ဝ၂၉၄၃           ၈၁၉၃၆၇       ၁၆၄၂၄             ၂                တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)     ယခု               ယခင်          ပြောင်းလဲမှု        %၁ဝဝ၉                ၁ဝဝ၉                   -               -MIRT(DOBT)

Wednesday, 30 Mar 2011

ဝယ်လိုအားများနေတဲ့ ပြည်ပဲလွန်းဖြူ              ပဲလွန်းဖြူအသစ်ပေါ်ချိန် ဖြစ်၍ တစ်နေ့ကို ပဲသစ်အိတ် ၅ဝ ခန့် ပြည်မြို့သို့ အဝင်ရှိပြီး ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ မြို့တွင်း လက်လီသမားများပါ အဝယ်များနေပြီး တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မိမိအေး

Pages