Background
ရန်ကုန်အဆွဲအေးလို့ မန်းပဲစင်းငုံဈေးပြန်အေး ယခုအပတ်မှာ မန်းပဲဈေးကွက်ကို ရွှေဘိုဝယ်လက် မြင်းမူ၊ ထန်းတပင်၊ ဇီးကုန်း၊ ကျောက်ဆည်၊ တံတားဦး၊ မတ္တရာတို့မှ နေ့စဉ် ပဲစင်းငုံတစ်တင်းခွဲဝင်အိတ် ၁၅ဝဝ ကျော်ဝင်ရောက်ပါတယ်။ ယခင်အပတ်က မန်းဈေးကွက်မှာ ရန်ကုန် ဝယ်လက်ဝယ်လိုအားကောင်းလို့ တစ်ပိဿာ ၁ဝ၂၅ ကျပ်မှ ၁ဝ၄၂ ကျပ်သို့ ဈေးမာ လာခဲ့ပြီး ယခုတစ်ပတ်မှာ ရန်ကုန်အဆွဲအေးလို့ ဈေးပြန်အေးလာပါတယ်။ မတ်လ ၁၄ ရက်မှ ၁၈ ရက်နေ့ထိ နေ့စဉ်တစ်ပိဿာ ဈေးများကတော့ ၁ဝ၈၃ ကျပ်၊ ၁ဝ၅၈ ကျပ်၊ ၁ဝ၃၃ ကျပ်၊ ၁ဝ၁၇ ကျပ်နဲ့ ၁ဝဝ၈ ကျပ်သို့ ဈေးတဖြည်းဖြည်းအေး လာတာတွေ့ရပါတယ်။ နေ့စဉ်ပုံမှန်အိတ် ၂ဝဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ပြီး အရောင်းအဝယ်သွက်တဲ့နေ့ဆိုရင် အိတ် ၃ဝဝဝ ထိ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကျော်ကျော်မိုး
ဈေးကောင်းမျှော်နေတဲ့ ပြည်ပဲစင်းငုံ ပြည်ပဲဈေးကွက်မှာ ယခင်နှစ် မတ်လအတွင်းက ပဲစင်းငုံ ပိဿာ ၂ဝတစ်တင်းကို အနိမ့်ဈေး ၂၇ဝဝဝ ကျပ်၊ အမြင့်ဈေး ၃၄ဝဝဝ ကျပ်ထိ ဈေးကောင်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးကောင်းရတာကြောင့် အရောင်းအဝယ် သွက် ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မတ်လမှာတော့ တစ်တင်းကို ၂ဝ၆ဝဝ - ၂၂ဝဝဝ ကျပ်အတွင်း ဈေးအတက်အကျရှိခဲ့ပါတယ်။ ယခုမတ်လ တတိယပတ်မှာ တော့ တစ်တင်းကို ၂ဝ၇ဝဝ ကျပ်ဈေးရှိနေပါတယ်။ ပြည်ဈေးကွက်သို့ အခြားတိုင်းမှ အဝင် မရှိတော့ပေမယ့် ယခုလမှာတော့ ရန်ကုန်သို့ အိတ် ၂၁ဝဝ ကျော်တင်ပို့ပြီး ကြောင်းသိရပါတယ်။ယခင်နှစ်ဈေးနဲ့ယှဉ်ရင်ဈေးနည်းနေသေးတာကြောင့်တောင်သူ အများစုနဲ့ လှောင်လက်သမားများက ဈေးကောင်းရမယ့်အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
်မုံရွာငုံနီ တစ်နေ့တစ်ဈေးနဲ့ ပြောင်းလဲအရောင်းအဝယ်ကောင်းနေဆဲ မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ နယ်အဝင် ပုံမှန်ရှိခဲ့ပြီး ဝယ်လက်စုံရောင်းလက်စုံနဲ့ တစ်နေ့တစ်ဈေးပြောင်းကာ အရောင်း အဝယ် ဖြစ်နေဆဲလို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံနီပေါက်ဈေးများကို လေ့လာတဲ့အခါ တစ်တင်းလျှင် မတ်လ ၉ ရက်နေ့မှာ ၂ဝ၅ဝဝ ကျပ်၊ ၁ဝ ရက်နေ့မှာ ၂ဝ၉ဝဝ ကျပ်၊ ၁၁ ရက်နေ့မှာ ၂၁၂ဝဝ ကျပ်၊ ၁၄ ရက်နေ့မှာ ၂၁၄ဝဝ ကျပ်၊ ၁၅ ရက်နေ့မှာ ၂ဝ၉ဝဝ ကျပ်ကနေ ၁၆ ရက်နေ့မှာ ၂ဝ၄ဝဝ ကျပ် အသီးသီးဈေးလှုပ်ခဲ့တာတွေ့ရပါတယ်။ နယ်အဆွဲနည်းလို့ ဈေးအေး တဲ့အခါ ဒေသခံ ကုန်သည်တွေ ဝယ်ယူမှုရှိခဲ့ပြီး နယ်အဝယ်လိုက်လို့ ဈေးကိုက်တဲ့ အခါ ပြန်ရောင်းခဲ့ကြတယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ ရောင်းလက် ဝယ်လက် ပုံမှန်ရှိလို့ အရောင်းအဝယ်လည်း ပုံမှန်ဖြစ်ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်နေ့ ပဲစင်းငုံနီတင်း ၇ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မတ်လ ၁၅ ရက်ပတ်အတွင်း မုံရွာ ကုန်စည်ဒိုင်နယ်မြေကနေ ထပ်ဆင့်တင်ပို့နိုင်မှု အနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့် ရန်ကုန်ကို တင်း ၂၅ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၃ဝဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူ အိန္ဒိယပဲစင်းငုံဈေး အနည်းငယ်လျော့ကျ အိန္ဒိယပြည်တွင်းပဲစင်းငုံဈေးကွက်မှာ ပဲအသစ်တွေဝင်နေတဲ့ ကာလဖြစ် လို့ ဈေးအကျဘက် ဆင်းနေတာ ကြောင့် ဖေဖော်ဝါရီလနဲ့ မတ်လ လဝက်ဈေးနှုန်း နှိုင်းယှဉ်ရာမှာ အနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ မြန်မာပဲစင်းငုံကို ဝယ်လိုအားနည်းလို့ ဈေးကျနေတာကြောင့် ပဲတင်သွင်းသူများက လက်ရှိ အမြင့်ဈေးမှာ တင်သွင်းဖို့ နှောင့်နှေးနေတယ်လို့ သိရပါတယ်။ ပြည်တွင်း ပုံမှန်အရောင်းရှိလို့ ပဲဈေးက အကျဘက်ကို ဆက်သွားနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၁၅-၃-၁၁ ၇၉၅-၈ဝ၁ ၉၂ဝ၁၅-၂-၁၁ ၈ဝ၉-၈၁၄ ၉၄ဝ-၉၅ဝMIRT(MAPT)
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု လျော့ကျ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၅၆ဝဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ ကျော်သာ လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲဝင်ရောက်မှုတိုးတက်နေလို့ ပဲဈေးအကျဘက်ဆင်းနေလို့ အိန္ဒိယပဲတင်သွင်းသူများ မြန်မာပဲစင်းငုံဈေးအကျကို စောင့်ဆိုင်းနေကြပါတယ်။ ဒါပေမဲ့ ဈေးနိမ့်တဲ့ ရှမ်းစ၊ ပဲစင်းငုံအဖြူ၊ ဖြူနီကြားတို့ကိုတော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့ အဖြူ (FAQ) တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲခူးဈေးကွက်သို့ မတ်ပဲပုံမှန်ဝင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးပဲဈေးကွက်ကို ဖေဖော်ဝါရီလကုန်ကစပြီး မတ်ပဲ များ ဝင်လာပါတယ်။ ပေါ်စကရခဲ့တဲ့ တစ်ပိဿာ ၁၁ဝဝ ကျပ်ဟာ အခုမတ်လ လယ်အထိ ဒီဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ မတ်ပဲအစိုက်များ တဲ့ သနပ် ပင်မြို့နယ်က ပဲခူးဈေးကွက်ကို နေ့စဉ်တစ်တင်းခွဲအိတ် ၁၅ အိတ်မှ ၂ဝ အိတ်ထိ ဝင်လာပြီး၊ လှောင်လက်ပဲကုန်သည်တို့ကတော့ ဝင်သမျှပဲကို ဝယ်ပြီး ဈေးကောင်း ရချိန်ကို စောင့်ကြတယ်လို့ သိရပါတယ်။ အေးဝင်း
ရန်ကုန်ဝယ်လက်အေးလို့ မန်းမတ်ပဲလည်း ဈေးအေး မန်းပဲဈေးကွက်သို့ မြင်းမူ၊ ရွှေဘို၊ တန့်ဆည်၊ စစ်ကိုင်း၊ မတ္တရာတို့မှ မတ်ပဲများနေ့စဉ်တစ်တင်းခွဲအိတ် ၅ဝဝ မှ ၁ဝဝဝ ဝင်ရောက်လျက်ရှိပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁၁၆၇ ကျပ်မှ ယခုတစ်ပတ် ၁၁ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်အေးလို့ ဈေးအေးလာတယ်လို့ ဈေးကွက်က ဆိုပါတယ်။ နေ့စဉ်ပုံမှန်အိတ် ၅ဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး အဝယ်သွက်တဲ့ နေ့များမှာတော့ အိတ် ၁၅ဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကျော်ကျော်မိုး
ပြည်မတ်ပဲ ဈေးအနည်းငယ်ကျ ပြည်ပဲဈေးကွက်ရဲ့ မတ်လတတိယပတ်အစမှာ မတ်ပဲ အိတ် ၆ဝဝ- ၇ဝဝ ခန့်အထိ အဝင်ရှိခဲ့ပြီး၊ လှောင်လက်သမား အဝယ်များတာကြောင့် ပဲတစ်တင်း ကို ၂၄၅ဝဝ ကျပ်ထိ ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ အလယ်ရက်မှာတော့ လှောင်လက်သမားရော၊ ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိပေမဲ့ မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၃ဝဝ-၄ဝဝ ခန့်သာ အဝင်ရှိပြီး၊ ပဲတစ်တင်းကို ၂၃၅ဝဝ ကျပ်ထိ ဈေးလျော့ အရောင်းအဝယ် အေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ ပဲခူးတိုင်းဒေသကြီးအနောက်မှ တစ်နေ့ကို မတ်ပဲအိတ် ၆ဝဝဝ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ဝယ်လိုအားကောင်းလို့ မတ်ပဲဈေးမြင့်လာ ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ အဝင်လှိုင်လာသလို ဝယ်လိုအားလည်းကောင်းလာပါတယ်။ ယခင်တစ်ပတ်မတ်ပဲဈေးက ပိဿာ ၂ဝ ဝင် တစ်တင်းကို ၂၂၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ မတ်ပဲ တစ်တင်းကို ၂၄၁ဝဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၁၇ဝဝ ကျပ်ဈေးမြင့်လာပါတယ်။ ရောင်းဝယ်မှုအနေနဲ့လည်း ရန်ကုန်ဝယ်လက်များ လည်းရှိသလို ဒေသတွင်း လှောင်လက်ကုန်သည်ကြီးများရဲ့ ဝယ်လိုအားလည်း ရှိနေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း တစ်တင်း ခွဲဝင်အိတ် တစ်သောင်းခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ဖေဖော်ဝါရီလဝက်နဲ့ မတ်လဝက် ကာလတူ အိန္ဒိယမတ်ပဲများ အနည်းငယ်တိုး အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအရောင်းအဝယ်နည်းပေမဲ့ ဖေဖော်ဝါရီနဲ့ မတ်လဝက် ကာလတူဈေးကတော့ အနည်းငယ်တိုးလာခဲ့ပါတယ်။ ပြည်တွင်း ဂူဂျာရတ်မှ မတ်ပဲအသစ်တွေ ဝင်လာနေတဲ့အပြင် မြန်မာမတ်ပဲ များလည်း ပုံမှန်ဝင်ရောက်နေတာကြောင့် ပြည်တွင်းမတ်ပဲဈေး သိသိသာသာ မတက်တာဖြစ်ပါတယ်။ ကာလတိုအတွင်းမှာတော့ အတ္တရာပရာဒေ့ရှ်က ဆောင်း မတ်ပဲတွေ ဝင်လာတော့မှာဖြစ်လို့ ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများကို ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F) ၁၅-၃-၁၁ ၉ဝ၆-၉၁၁ ၉၆ဝ ၁၅-၂-၁၁ ၈၆၉-၈၈ဝ ၉ဝ၅-၉၁ဝ MIRT(MAPT)
