Background
ရှမ်းပြည်နယ်တောင်ပိုင်းထွက် ချင်းဈေးကွက် အောင်ပန်းချင်းဈေးကွက်မှာ ချင်းဈေးက ဈေးနှုန်းအမျိုးမျိုးနဲ့ ဝင်နေပါ တယ်။ ချင်း (သစ်) ထိပ်စတစ်ပိဿာ ၇ဝဝ ကျပ်၊ (လတ်စ) ၆ဝဝ ကျပ်၊ (ညံ့စ) က ၅ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ကျပ် ၂ဝဝဝ မှ ၂၅ဝဝ ဈေး ရှိတယ်လို့ သိရပါတယ်။ ချင်းသစ်တွေကတော့ ဈေးကွက်သို့ ပုံမှန်လောက်သာ ဝင်နေပြီး ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁ ဒသမ ၅ သောင်းခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်ကို အဓိကဝင်နေတဲ့ ရွာတွေကတော့ ပဲယင်းတောင်၊ သရက်ပု၊ ရေချို၊ ပင်မှီစတဲ့ရွာတွေကဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ် ချင်းက အိတ်စပို့မထွက်သေးဘဲ ပြည်တွင်းသုံးအဖြစ်သာ ဝယ်ယူနေတာ ကြောင့် ငွေမလိုတဲ့ တောင်သူတွေက မဖော်သေးပဲ မြေကြီးထဲမှာသာ လှောင်ထား ကြပါတယ်။ အဲဒီလိုမဖော်ပဲထားရင် မိုးဦးကျမှာ မိုးမိပါက အချိန်ထပ်တိုးတာကြောင့် မဖော်သေးဘဲထားကြတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဟိုပုံးချင်းက တစ်ပိဿာ ၄ဝဝ ကျပ်- ၄၅ဝ ကျပ်၊ နမ့်စန်ချင်းက တစ်ပိဿာ ၄၅ဝ ကျပ်ဈေး ရှိတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။ ဧဧခိုင်
ဈေးကျပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းဈေးကွက် ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့နည်းသွားကြောင်း သိရပါတယ်။ ဝင်ရောက်မှုမှာလည်း အောင်ပန်းချင်းများ တစ်ပတ်ကို ပိဿာ ၃ဝ ဝင်အိတ် ၁ဝဝ ခန့် နဲ့ ဆက်လက်အဝင်နည်းနေ ပါတယ်။ ဈေးကျသွားပေမဲ့ အရောင်းအဝယ်သွက်မနေဘဲ တစ်နေ့ကို ပိဿာချိန် ၁၈ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ချင်း (ရှယ်) တစ်ပိဿာ ၁၁ဝဝ ကျပ်၊ (ဂျွန်) ၉၅ဝ ကျပ် တို့နဲ့ အရောင်းအဝယ်အေးလျက် ရှိနေပါတယ်။ ဝင်းးလဲ့ဝါ
ပြည်ဘိုကိတ် ဈေးကောင်းရနေ ယခင်အပတ်များက ပြည်ဈေးကွက်ကို ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ ဘိုကိတ်ကုန်းပဲများ နေ့စဉ် ၁၄-၁၅ အိတ်ခန့် အဝင်ရှိသော်လည်း ယခုရက်ပိုင်းတွင် ကုန်းပဲများပြတ်နေခြင်းကြောင့် အဝင်မရှိကြောင်း သိရပါတယ်။ အဝင်နည်းနေတာကြောင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၂ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ဈေးတက်နေသော်လည်း နေ့စဉ် ၁ဝ-၁၅ အိတ်ဝန်းကျင် အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ
ဈေးအမြင့်မှာရှိနေတဲ့ ပြည်ပဲနီပြား ပဲခူးတိုင်းဒေသကြီးအနောက်တွင် နတ်တလင်းမြို့နယ်အတွင်းမှာသာ ဧကအနည်းငယ်စိုက်ပျိုးတဲ့ ပဲနီပြားဟာ အခြားတိုင်းကို တင်ပို့ရောင်းချမှုမရှိဘဲ ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်အတွင်း ဈေးကောင်းရရှိတဲ့ ပဲအမျိုးအစားထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ပြည်ဈေးကွက်အတွင်း ပွဲရုံများမှာ ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွားခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းမှာ လက်လီသမားများဖြင့် ရောင်းချနေတဲ့ ဈေးကတော့ တစ်ပြည် ၁၆ဝဝ ကျပ်နှုန်းဖြင့် ယခုဇန်နဝါရီ ဒုတိယပတ်မှာလည်း ၎င်းဈေးအတိုင်း အရောင်းအဝယ် ဖြစ်နေတဲ့အတွက် လက်ကျန်မရှိပေမဲ့ ဈေးကောင်းနေတဲ့ ပဲနီပြားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ခင်ဆွေဝင်း
ပြည်ဈေးကွက်၌ ပဲကြီးဈေးနှုန်းကျဆင်း ပြည်ဈေးကွက်၌ ၂ဝ၁ဝ ဒီဇင်ဘာလကုန်အထိ ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြစ်ခဲ့တဲ့ ပဲကြီးဟာ ယခု ၂ဝ၁၁ ဇန်နဝါရီလဆန်းမှစလို့ ဈေးတဖြည်းဖြည်း ကျနေတာကို တွေ့ရပါတယ်။ နှစ်ကုန်ပိုင်းမှာ ပဲကြီး (ကမ်းနား) တစ်တင်း ကျပ်၃၃၅ဝဝ နဲ့ ရွှေကျွန်းမှာ တစ်တင်း ၃၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ဇန်နဝါရီလဆန်းမှစလို့ ပဲကြီးဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ဇန်နဝါရီ ဒုတိယပတ်အတွင်း ပဲကြီး (ကမ်းနား) တစ်တင်း ကျပ် ၃၁၅ဝဝ နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ကျပ် ၃၂၅ဝဝ ဈေးကျသွားခဲ့ပါတယ်။ နှစ်ကုန်ဈေးနဲ့ ယှဉ်ရင် ပဲကြီး တစ်တင်း ကျပ် ၂ဝဝဝ မှ ၂၅ဝဝ အထိ ဈေးကျသွားခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက်ကို အိတ် ၁၅ဝ ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
မန်းထောပတ်ပဲသစ် ပဲဟောင်းဈေးထက်နိမ့် ယခုရက်ပိုင်းမန်းဈေးကွက်အတွင်းသို့ မြင်းခြံ၊ နွားထိုးကြီး ဒေသများမှ ထောပတ်ပဲအသစ်များ အနည်းငယ် ဝင်ရောက်လာပါတယ်။ လက်ရှိရောင်းဝယ်နေတဲ့ ထောပတ်ပဲဟောင်းဈေးမှာ ၃ တင်း တစ်အိတ်ကို ၈၃ဝဝဝ ကျပ် တစ်ပိဿာကို ၁၄၇၆ ကျပ်ရှိပြီး ဝင်လာတဲ့ ထောပတ်ပဲသစ် ၃ တင်းတစ်အိတ် ၅၇၅ဝဝ ကျပ် တစ်ပိဿာကို ၁ဝ၂၂ ကျပ်ဈေးဖြင့်သာ ဈေး ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ အသစ်ဝင်ရောက်လာတဲ့ ထောပတ်ပဲမှာ ပစ္စည်းအရည်အသွေးက သိပ်မကောင်းတာကြောင့် ဈေးကလဲ အဟောင်းထက်နိမ့်ပြီး ဈေးဖွင့်ခဲ့တာဖြစ်ကြောင်း ရောင်းဝယ်နေကြတဲ့ ကုန်သည်များထံမှ သိရပါတယ်။ မိိုးမိိုးအေး
မြေထောက်ပဲတင်ပို့မှု ပြန်လည်မြင့်တက်လာ ယခင်သီတင်းပတ်တွေက မြေထောက်ပဲတင်ပို့မှု သိသိသာသာ လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်)အတွင်းမှာတော့ တန်ချိန် ၅ဝဝ နီးပါးထိ တိုးတင်လာတာ တွေ့ရပါတယ်။ အချို့ဈေးကွက်တွေမှာ မြေထောက်ပဲ အသစ်အနည်းအကျဉ်းဝင်ရောက်မှုရှိပေမဲ့ လက်ရှိတင်ပို့မှုကတော့ အဟောင်းလက်ကျန်တွေ များတယ်လို့ သိရပါတယ်။ အဓိကတင်ပို့နေတဲ့ နိုင်ငံကတော့ အိန္ဒိယကို ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၈ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှုနဲ့ နှိုင်းယှဉ်ရာမှာ တန်ချိန် တစ်သောင်းကျော်ရှိလို့ ယခု ဘဏ္ဍာနှစ်အတွင်း တန် ၂ဝဝဝ ခန့်လျော့ကျတင်ပို့တာတွေ့ရပါတယ်။ မြေထောက်ပဲကို ပြည်ပဈေးကွက်ဝယ်လိုအား ကောင်းပေမဲ့ ယခင်နှစ်ရာသီဥတုအခြေအနေအရ အထွက်ယုတ်တာ ကြောင့် တင်ပို့မှု ကျဆင်းရခြင်းဖြစ်တယ်လို့ ဈေးကွက်က သိရပါ တယ်။ ရန်ကုန် FOB ဈေးအနေနဲ့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ မှာ အတော်ကြာ ငြိမ်နေခဲ့ပေမဲ့ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့ ဇန်နဝါရီလ ၁၃ ရက်မှာ မြေထောက်ပဲ (polished )တစ်တန်ကို ကန်ဒေါ်လာ ၇၇၆ ရှိရာမှ ကန်ဒေါ်လာ ၈၁၈-၈၄ဝ ကိုလည်းကောင်း၊ (Unpolished) တစ်တန်ကို ကန်ဒေါ်လာ ၇၃၂ ရှိရာမှ ၈ဝ၇ ကိုလည်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT
ယောနယ်က ပဲတီစိမ်းများ ဝင်ရောက် ဂန့်ဂေါနယ်၊ ယောနယ်က မိုးတွင်းမှာ ပခုက္ကူဘက်က မျိုးတွေဝယ်ပြီး စိုက်တဲ့ ရေသွင်းဆောင်းပဲတီစိမ်း သေးတွေ ပခုက္ကူဈေးကွက်ကို ဝင်ရောက်နေပါတယ်။ မင်းတိုင်ပင်၊ ကန်ဒေါင့်ဒေသက ပဲတီစိမ်းတွေလည်း ပခုက္ကူဝင်နေပါတယ်။ တစ်တင်းကို ၁၉၅ဝဝ ကျပ်-၂ဝ၅ဝဝ ကျပ်ရှိပါတယ်။ ပခုက္ကူမှာ နာမည်ကြီးတဲ့ နွေပဲတီစိမ်းအညာရွှေဝါကတော့ ဧပြီ၊ မေလမှာ ပေါ်မှာ ဖြစ်ကြောင်းပါ။ မောင်မောင်အေး
ဈေးကွက်တွေကိုဝင်ရောက်မှုကျဆင်းလို့ အိန္ဒိယကုလားပဲဈေးမြင့် အိန္ဒိယကုလားပဲအဓိကစိုက်ပျိုးတဲ့ ဒေသတွေရဲ့ လက်ကျန်အခြေ အနေအရ ကုလားပဲကြိုပွိုင့် ဈေးမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းက ပဲဝင်ရောက်မှုနှောင့်နှေးလို့ ရောင်းချမှုနည်းပေမဲ့ လက်ငင်းဈေးကွက် တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များက ဝယ်လိုအားကောင်းတာကြောင့် တစ်တန်ကို ရူးပီး ၅၂ဝ (ကန်ဒေါ်လာ ၁၁ ဒသမ ၅၂) မြင့်တက်ပြီး ရူပီး ၂၆ဝ၄ဝ (ကန်ဒေါ်လာ ၅၇၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအစားထိုးရတဲ့ ပဲဝါလေး ဈေးက လည်း တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၄) မြင့်တက် လာခြင်း ကလည်း ကုလားပဲ ဈေးမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ သြစတြေးလျမှာလည်း ရေလွှမ်းမိုးမှုတွေကြောင့် ကုလားပဲအရည် အသွေး ပျက်စီးမှုတွေဖြစ်လို့ တင်သွင်းမှုကျဆင်းတယ်လို့ သိရပါတယ်။ ယခုနှစ် အိန္ဒိယ ကုလားပဲစိုက်ဧရိယာဟာ ဟက်တာ ၉ဝ ဒသမ ၈၃ သိန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၈၃ ဒသမ ၃၂ သိန်းထက် ပိုမိုတာကြောင့် အထွက်ပိုမယ်လို့ ခန့်မှန်း ထားပါတယ်။ NCDEX သိုလှောင်ရုံတွေမှ ဇန်နဝါရီလ ၁ဝ ရက် ကုလားပဲ သိုလှောင်မှုဟာ တန်ချိန် ၈ဝ၅၁ တန်ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်Source: commodityonline
ဈေးမာနေတဲ့ မန်းကုလားပဲ မန္တလေးတိုင်းဒေသကြီး ဈေးကွက်အတွင်းမှာ ကုလားပဲဈေးတွေ ကောင်း နေတာကြောင့် ကုလားပဲစိုက်ပျိုးတဲ့ တောင်သူများ ယခင်နှစ်ကထက် များလာပါတယ်။ လယ်ယာမြေတွေအပြင် ၂ဝ၁ဝ အောက်တိုဘာလဆန်းပိုင်းက တိုက်ခတ်ခဲ့ တဲ့ ဂီရိမုန်တိုင်းကြောင့် မိုးများရွာသွန်းခဲ့ပြီး၊ ငရုပ်စိုက်တောင်သူများမှာလည်း ငရုတ်ခင်းများ ပျက်စီး သွားတဲ့နေရာတွေမှာ ကုလားပဲကို အစားထိုးစိုက်ပျိုး လာကြပါတယ်။ ငရုတ်ခင်းတွေက ဘောင်ခတ်ပြီးသားဖြစ်တဲ့အတွက် တန်းဆွဲပြီး စိုက်ပျိုး ကြပါတယ်။ မျိုးအနေနဲ့ကတော့ V2 ပဲကို အများဆုံးစိုက်ကြပါတယ်။ ဒီနှစ် ကုလားပဲ ဈေးကွက်ဟာ ပြည်တွင်းမှာဈေးကောင်းနေတဲ့အတွက် ယခုဆို ပဲခွဲစက် သမားများ နောက်ဆုတ်နေရတဲ့ အနေအထားမျိုးဖြစ်နေသလို ဈေးကွက်အတွင်းမှာ လည်း ဈေးနှုန်းက မျိုးဈေးကွက်အနေအထားကို ရောက်နေပါတယ်။ ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၄၅ ကျပ်၊ ကုလားပဲတိုင်ပေ ၁၂၈ဝ ကျပ်ဈေးရှိပါတယ်။ အသစ်ထွက်ရှိမယ့် အချိန်ကလည်း လိုသေးတာရယ်၊ ပစ္စည်း လက်ကျန်ကလည်း နည်းလာပြီဖြစ်တဲ့အတွက် ဈေးမာနေတာဖြစ်ပါတယ်။ ဒီနှစ် စိုက်ပိုျးတဲ့သူတွေများလာတဲ့အတွက် ကုလားပဲ အထွက်များဦးမယ်လို့ ခန့်မှန်းကြ ကြောင်း ရောင်းဝယ်နေတဲ့ ကုန်သည်များက ပြောကြားပါတယ်။ ကျော်ကျော်မိုး