Main menu

Background

Sunday, 9 Jan 2011

ချီကာဂိုပြောင်း ဈေးနှုန်း ၂၉ လအတွင်း အမြင့်ဆုံးရောက်ရှိ                  ချီကာဂိုမှာ ပြောင်းဈေးနှုန်းဟာ ၂၉ လအတွင်းထပ်မံမြင့်တက်လျက် ရှိပြီး အလားတူပဲ ပဲပုတ်ဟာလည်း အာဂျင်တီးနားမှာ သာမန်ထက် ပိုပြီး ပူပြင်း ခြောက်သွေ့တဲ့အတွက် ၂၈ လအတွင်းဈေးထပ်တက်ကာစိုးရိမ်ဖွယ်ရာများ ဖြစ်နေကြောင်း သိရပါတယ်။ မတ်လအတွက် အရောင်းရဆုံးပြောင်းစာခုျပ်ဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်ပြီး တစ်ဘူရှယ်ကို ၆ ဒသမ ၂၉ ဒေါ်လာ (မက်ထရစ်တစ်တန်လျှင် ၂၂၄ ဒသမ ၅ ဒေါ်လာ)ဖြစ်ခဲ့ပါတယ်။ ပြောင်းနဲ့ ပဲပုပ် နှစ်မိုျးစလုံးရဲ့ ကမ္ဘာ့ဝယ်လိုအား တိုးပွားနေပြီး အာဂျင်တီးနားရဲ့ ရာသီဥတု အခြေ အနေက စိုးရိမ်ဖွယ်ရာဖြစ်နေပေမဲ့လည်း သီးနံှဈေးကွက်မှာတော့ အမှာများ ရှိနေ ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ အီသနောထုတ်လုပ်မှုက မှတ်တမ်းတင် လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီး ယခင်ကတည်းက ပြောင်းဈေးနှုန်း မြင့် တက်မှုကြောင့်အမေရိကန်မှာ ပြောင်းသိုလှောင်မှု အကျပ်အတည်း ဆိုက်နေခဲ့ပြီး ဖိအားများ တိုးပွားနေကြောင်း အချို့ကုန်သည်များက ပြောကြားတယ်လို့ သတင်း ရရှိပါတယ်။                                                                                 Source:Internet,KZW

Sunday, 9 Jan 2011

အရေအတွက် များများ တင်ပို့နိုင်ရေး ဦးစားပေးနေတဲ့ နယ်စပ်ပြောင်းဈေးကွက်              ဒီဇင်ဘာလ ၂၉ မှ ဇန်နဝါရီလ ၄ ရက်အထိ ကာလအတွင်း မူဆယ်မှ ပြောင်းဖူးစေ့ ၁၄၁၃၆ တန်ကျော်၊ နံှစားပြောင်း ၅၁၃ တန်ကျော်နဲ့ ချင်းရွှေဟော် နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁ဝဝ၊ စုစုပေါင်း ၁၄၇၅ဝ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။                ယခင်အပတ်ကပြောင်းဖူးစေ့ ၁၂၆၇၇ တန်သာတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂ဝဝဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံဝယ်ဈေးဟာ ယခင်အပတ်ထက်ကျဆင်းလျက်ရှိပါတယ်။ကုန်သယ်ယူ စရိတ် နှုန်းထားများမှာ ယခင် တစ်ပိသာ ၂၅-၂၆ ကျပ်မှ လက်ရှိ တစ်ပိသာ ၈၂ ကျပ်သို့ မြင့်တက်လာသော်လည်း တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။               လက်ရှိပြောင်းရာသီအတွင်း ထွက်ရှိမှုများပြီး စိုက်ပျိုးထုတ်လုပ်သူများ အနေနဲ့ သိုလှောင်ထား နိုင်ခြင်းမရှိတဲ့အတွက် အနိမ့်ဆုံးဈေးနှုန်းဖြင့်ရောင်းချခြင်း၊ ပြောင်း တင်ပို့သူများကလည်း အကျိုးအမြတ် အနည်းငယ်နဲ့အရေအတွက် များများ တင်ပို့နေကြတယ်လို့ မူဆယ်ပဲပြောင်းနှမ်းကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။                                        မိမိဘက်(ကျပ်/တန်)                                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု           ယခင်        ပြောင်းလဲမှု     %        ယခု         ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့       ၂၂၅၄၂၉      ၂၃၈၅၄၇        ၁၃၁၁၈          ၆      ၂၇၃         ၂၇၅       ၂                ဝ .၈နံှစားပြောင်း       ၂၅၈၂၉၅       ၂၆၂၁၅ဝ       ၃၈၅၆            ၂        ၃၃၂         ၃၃၁       ၁               ဝ .၃MIRT (DOBT)

Sunday, 9 Jan 2011

 နှစ်သစ်ကူးကာလ ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှု သုံးဆကျော်             ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၂၄ဝ၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မလေးရှား တစ်နိုင်ငံတည်းကို တင်ပို့ခဲ့တာဖြစ်ကြောင်း သတင်း ရရှိပါတယ်။ၤFOB (ရန်ကုန်) ဈေးကတော့ တစ်တန်ကို ၂၅ဝ ဒေါ်လာ ဖြစ်ကြောင်းသိရပါတယ်။                                                                       KZW

Sunday, 9 Jan 2011

ရော်ဘာဈေးနှုန်း မြင့်တက်မှု နှစ်တစ်ပတ်လည်ပြီး ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ရှိ             ရော်ဘာဈေးနှုန်းမြင့်တက်မှုက နှစ်ပတ်လည်နေပြီဖြစ်ပြီး ထိပ်တန်းတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆောင်း ရာသီဖြစ်တာ ကြောင့် အထွက်နှုန်းကျပြီး ၂ဝ၁၁ ခုနှစ်နှစ်ဆန်းပိုင်းတိုင်အောင် ရော်ဘာပြတ်လတ်မှု အခြေအနေဆိုး ရွားဖွယ်ရှိကြောင်း စိုးရိမ်နေကြရပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ ဇွန်လအတွက်စာချုပ်ဈေးနှုန်းက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၅ဝ၉၄ ဒေါ်လာရှိခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလကနေ ဧပြီလ အထိ အပင်တွေရဲ့ အစေးထွက်နှုန်း လျော့ကျ သွားမှာဖြစ်ပါတယ်။တရုတ်နဲ့အိန္ဒိယက မော်တော်ကား ရောင်းချ ရမှုကို ဦးဆောင်နေပြီး အထွက်နှုန်းလျော့ကျတဲ့ ရာသီဥတု ဖြစ်ချိန်မှာ ကမ္ဘာ့ဝယ်လိုအား တက်နေတာကြောင့် ရောင်းလိုအားပြတ်လပ်မှု ပိုမိုဆိုးရွားလာဖွယ်ရှိပါတယ်။ဈေးကွက်မှာ ရောင်းလိုအား အကျပ်အတည်းကြောင့် စိုးရိမ်နေရကြောင်း ဲှဃ သုတေသနကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ ရေနံဈေးနှုန်းတက်ခြင်းကလည်း ရော်ဘာဈေးနှုန်းကို မြင့်တက်စေတာဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလအတွက် ရေနံဈေးနှုန်းက သုည ဒသမ ၂ ရာခိုင်နှုန်းတက်ပြီးနယူးယောက်က မားကက်တိုင်း ကုန်စည်ဒိုင်မှာ တစ်စည်ကို ၉၁ ဒသမ ၃၃ ဒေါ်လာအထိဖြစ်ခဲ့ပါတယ်။ရော်ဘာရဲ့အလားအလာကတော့ ကမ္ဘာ့သုံးစွဲမှုအများဆုံး တရုတ်နိုင်ငံက ထိန်းချုပ် ကန့်သတ်လိုက်ရင် ကျဆင်းဖွယ်ရှိကြောင်း ရှိုးဂျီကုမ္ပဏီရဲ့သုတေသီကပြောကြားခဲ့ပါတယ်။တရုတ်အနေ နဲ့ ၂ဝ၁၂ မှာစိုက် ပျိုးရေးနဲ့ ပတ်သက်တဲ့စာချုပ်တွေတိုးလာနိုင်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေ ဆောင်ရွက်ဖွယ်ရှိကြောင်း ရှန်ဟိုင်း စီကျူရီတီ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ကုန်သွယ်ရေးအတွက်ချုပ်ဆိုထားပြီး စာချုပ်တွေက ၂ဝ၁၁ ခုနှစ် ပြီးဆုံးချိန်မှာ သက်တမ်းကုန်ပြီး စာချုပ်သစ်တွေချုပ်ဆိုဖို့တော့ လေ့လာဆဲဖြစ်ကြောင်း ၎င်းအစီရင်ခံစာမှာဖေါ်ပြထားပါတယ်။သဘာဝ ရော်ဘာ ရောင်းလိုအားက ထုတ်လုပ်တဲ့ (၉)နိုင်ငံမှ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ ၉၂ ရာခိုင်နှုန်းထွက်ရှိပေမဲ့ ၂ဝ၁ဝ စတုတ္ထသုံးလပတ်မှာ ၆ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်မှုကျဆင်း ခဲ့ပြီး ၂ဝ၁ဝ အတွက်ထုတ်လုပ်မှုကတော့ ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံ များအသင်း (ANRPC)က လစဉ်အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ANRPC အသင်းဝင်နိုင်ငံများရဲ့ ၂ဝ၁ဝ အထွက်နှုန်းက တန်ချိန် (၉ ဒသမ ၄၂ သန်း)ရှိပြီးလာမယ့်နှစ် မှာတန်ချိန် (၉ဒဿမ ၉၂ သန်း)ကို တိုးတက်ထုတ်လုပ်ဖွယ်ရှိကြောင်းအသင်းကပြောကြားခဲ့ပါတယ်။ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ မေလ အတွက်ဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်း တက်ပြီးတစ်တန်ကို ၃၆၅၄၅ ယွမ် (၅၅၃၄ဒေါ်လာ)ရှိ ကြောင်းသိရပါတယ်။             ထိုင်းနိုင်ငံရဲ့ လက်ငင်းဈေးနှုန်းကတော့ တစ်ကီလိုဂရမ်ကို ၁၄၉ ဘတ် (၄ ဒသမ ၉၆ ဒေါ်လာ) ရှိပြီး အစိုးမရတဲ့ မိုးကနိုင်ငံ တောင်ပိုင်းပြည်နယ်များကို လွှမ်းမိုးခဲ့တာကြောင့် ရောင်းလိုအား အကန့်အသတ်ရှိနေကြောင်း ထိုင်းရော်ဘာ သုတေသနဌာနရဲ့ website မှာ ဖေါ်ပြထားကြောင်း သတင်းရရှိပါတယ်။ Source : bloomberg.com,KZW

Sunday, 9 Jan 2011

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့နည်း               ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၇၉၃ သန်းတန်ဖိုးရှိ ရော်ဘာ ၇၈၆ ဒသမ ၅၄၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၄၆၁တန်ကျော်၊ ချင်းရွှေဟော်မှ ၂၁၅ တန်ခန့် ကော့သောင်းမှ ၁ဝ တန်နဲ့ မြိတ်မှ တန် ၁ဝဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။                ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုထဲကနေ ရော်ဘာအဆင့်စုံ ၁၇၉၂ တန်တင်ပို့နိုင်ခဲ့တာဖြစ်လို့ယခုအပတ်မှာ နယ်စပ်ကရော်ဘာတင်ပို့မှု တန် ၁ဝဝဝ ကျော်လျော့နည်းခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက် ရော်ဘာအဆင့်များတင်ပို့နိုင်မှုမှာ မူဆယ်မှRSS (1) ၈၁ တန်၊ RSS (3) ၈၈ တန်ခွဲ၊RSS (5) တန် ၆ဝ၊MSR (20) ၈၇ ဒသမ ၇၆ တန်၊MSR (50) ၁၄၄ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS (3) ၁၁၅ တန်ကျော်၊RSS (5) တန် ၁ဝဝ၊ ကော့သောင်းမှ RSS (3) တန် ၁၁ဝနဲ့ မြိတ်နယ်စပ်မှRSS (3) တန် ၁ဝဝ ဖြစ်ပါတယ်။              တရုတ်ဈေးကွက်မှ ရော်ဘာများကို အခြားဈေးကွက်များနည်းတူဈေးနှုန်းတိုးမြင့်ဝယ်ယူတဲ့အတွက် ယခင်လ ပြည်တွင်းရော်ဘာဈေးအရ ရော်ဘာသိုလှောင်ထားသူများ အကျိုးအမြတ်ရှိတဲ့အတွက် ဒီဇင်ဘာလလယ်မှ လနှောင်းပိုင်း ကာလအတွင်း ရော်ဘာတင်ပို့မှုပိုမိုခြင်းဖြစ်ပါတယ်။ဒါပေမဲ့ ယခုအပတ်မှာ တစ်ဘက်နိုင်ငံဈေး အနည်းငယ်တက် ပြီး ပြည်တွင်း ဈေးမပြောင်းသော်လည်း တင်ပို့နိုင်မှု လျော့နည်းလျက်ရှိတာ တွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်ရော်ဘာ ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                             မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု                      ယခင်     ပြောင်းလဲမှု     %            ယခု          ယခင်    ပြောင်းလဲမှု     %RSS (3)      ၃၉၅၅၃၁ဝ         ၃၉၅၅၃၁ဝ                          -          ၄၃၆၂        ၄၃၄၉         ၁၃          ဝ .၃RSS (5)      ၃၇၂၂၅၁ဝ         ၃၇၂၂၅၁ဝ                          -           ၄ဝ၉ဝ        ၄ဝ၇၈        ၁၂          ဝ .၃MIRT (DOBT)

Sunday, 9 Jan 2011

တစ်ပတ်အတွင်းက ပင်လယ်ရေကြောင်းက တန် ၁ဝဝဝ ကျော်တင်                      ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှရော်ဘာတန်ချိန် ၁ဝ၁၆ တန် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၆၄၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၉၄ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာတန်ချိန် ၂၂၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-3 ၁၄၈ တန် ၊ RSS-5 တန် ၆ဝ၊MSR-20 တန် ၁ဝဝ၊ မလေးရှားကိုRSS-5 ၁၄ဝ တန် နဲ့ RSS-3 ၅၆၈ တန် အသီးသီး တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့တဲ့  FOB ဈေးနှုန်းတွေကတောRSS-3 တစ်တန် ၄၅ဝဝဒေါ်လာ၊ RSS-5 တစ်တန် ၄၄ဝဝ ဒေါ်လာနဲ့၊ MSR-20 တစ်တန် ၄၅ဝဝ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။                                  KZW

Sunday, 9 Jan 2011

ပြည်ဈေးကွက်မှာ ပဲကြီးဈေးပြန်ကျ               ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် ပဲကြီး (ကမ်းနား) မှာတစ်တင်းကို ၃၃၅ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၅ဝဝဝ ကျပ်ရှိခဲ့ပြီး ယခုနှစ်စတွင် ပဲကြီး (ကမ်နား) မှာ တစ်တင်း ၃၂ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃၃၅ဝဝ ကျပ်သာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့အတွက် တစ်တင်းကို ၁၅ဝဝ ကျပ်ဈေးကျ သွားခဲ့ပါတယ်။ ပဲကြော်လုပ်ငန်းသမားများမှ ပုံမှန်အဝယ်ရှိတဲ့ အတွက် တစ်ရက်ကို အိတ် ၁၅ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်အထိ ရန်ကုန်သို့ အိတ် ၇၁ဝ နဲ့ မန္တလေးကို အိတ် ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                                 ခင်ဆွေဝင်း

Sunday, 9 Jan 2011

ပြည်ပဲနီပြားလက်လီသမားများဖြင့် ဈေးကောင်းရနေ                  ပြည်ဈေးကွက်အတွင်း လက်ကျန်နည်းလေ ဈေးကောင်းရလေ ဖြစ်နေခဲ့ တဲ့ ပဲနီပြားသီးနံှဟာ နိုဝင် ဘာလ အတွင်း တစ်တင်း၂၈ဝဝဝ ကျပ် ဖြင့် ပွဲရုံများတွင် လက်ကျန်ပြတ်သွား ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဈေး များအတွင်း ပဲနီပြားကို လက်လီရောင်း ဝယ်မှုများကတော့ အနည်းငယ်ရှိခဲ့ပြီး ပဲနီပြား ၁ ပြည်ကို ၁၆ဝဝ ကျပ်နှုန်းဖြင့် တစ်တင်း ၃၂ဝဝဝ ကျပ်ဈေး ရရှိနေတဲ့အတွက် ဈေးကွက်အတွင်း ပဲကြီးဈေးကို အမှီလိုက်နေကြောင်း သိရပါတယ်။                                      ခင်ဆွေဝင်း

Sunday, 9 Jan 2011

ထုတ်လုပ်မှု ခန့်မှန်းချက်များကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းနိုင်                အိန္ဒိယပဲအထွက်ပိုမယ့်မျှော်လင့်ချက်တွေကြောင့် ဈေးကျဆင်းမှုရှိသလို ဈေးကွက်တွေကို ဝင်ရောက်မှု ကျဆင်းပြီး ဝယ်လိုအားတွေတက်လာတာကြောင့် ဈေးမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အဓိကပဲစိုက်တဲ့ ပြည်နယ်တွေမှာ ပဲစိုက်ပျိုးမှုအခြေအနေကောင်းမွန်ပြီး အထွက်ပိုမယ့် မျှော်လင့်ချက် တွေကြောင့် လာမယ့်ရက်တွေမှာတော့ ဈေးမြင့်တက်မှုကို ကန့်သတ်စေနိုင်မယ်လို့ ခန့်မှန်းပါတယ်။ ပဲစိုက်ဧရိယာတွေ ပိုမိုလို့ အထွက်တိုးမယ် ခန့်မှန်းပေမဲ့ လွန်ခဲ့တဲ့ရက် အနည်းငယ်ကတော့ ဝယ်လိုအားတွေတက်လို့ ဈေးမြင့်တက်ခဲ့ပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းပြီး မြေအစိုဓါတ်ကောင်းမွန်တာကြောင့် ပိုမိုစိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်က ဈေးကောင်းရခဲ့တဲ့ တောင်သူများ ပိုစိုက်လာလို့ ပဲစင်းငုံနဲ့ မတ်ပဲစိုက်ဧရိယာ တိုးတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တင်သွင်းမှု မြင့်တက်ခြင်းကလည်း ဈေးနှုန်းကို ထိန်းချုပ်စေပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ အတွက် ပဲထုတ်လုပ်မှု ပထမအကြိမ် ခန့်မှန်းချက်အရ မိုးပဲမျိုးစုံ ထွက်ရှိမှုဟာ တန်ချိန် ၆ သန်းအထိ ယခင်နှစ်ထက် ၄ဝ ရာခိုင်နှုန်းခန့် တိုးတက်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။                                                               ယမင်းခင်၊Source: Business standard

Sunday, 9 Jan 2011

ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမြင့်                 ပြည်ဈေးကွက်အတွင်း ကုလားပဲမှာ ဒီဇင်ဘာနောက်ဆုံးပတ်က ၂၁၇ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုဇန်နဝါရီပထမပတ်မှာ ၂၃ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ယခုအချိန်က ကုလားပဲမှာ ဈေးကွက်ကို ပဲအသစ်ဝင်ရောက်မှုမရှိသေးဘဲ အိတ်စပို့ လိုင်းသမားများမှာမှ ဝယ်အားကောင်းတဲ့ အတွက် ဈေးတက်ခြင်း ဖြစ်ပါတယ်။                  ခွဲခြမ်းရောင်းသူ၊ လက်လီရောင်းချသူများမှလည်း ပစ္စည်းလက်ကျန် နည်းလာတဲ့ အတွက် ပဲခွဲလုပ်ငန်း မပြတ်အောင် ဝယ်ယူစုဆောင်းနေတာကြောင့် ကုလားပဲမှာ တိုင်းအတွင်းမှာပဲ အရောင်းအဝယ်ရှိပြီး တစ်နေ့အိတ် ၂ဝဝ ရောင်းချမှု ရှိပါတယ်။လွင်လွင်ဆန်း

Pages