Main menu

Background

Sunday, 2 Jan 2011

ရော်ဘာဈေးနှုန်း လက်ရှိပေါက်ဈေးထက် တက်ရန်အလားအလာရှိ                 ရော်ဘာဈေးကွက်အတွင်းဖြစ်ပေါ်နေသော လက်ရှိပေါက်ဈေးများထက် တက်ရန်အလားအလာရှိနေကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။                ''လက်ရှိရော်ဘာ ၁ တစ်ပေါင် ပေါက်ဈေးက (RSS-5) ၁၅ဝဝ ကျပ်၊ (RSS-3) ၁၅၅ဝ ကျပ်၊ (RSS-1) ၁၆ဝဝ ကျပ်အထိရှိနေပါတယ်။ ပြည်တွင်းဈေးကွက်မှာ မရဘူးတဲ့ဈေးတွေ ဖြစ်ပြီး စံချိန်ချိုးဖြစ်ပေါ်တာပါ။ ပြည်ပ ကမ္ဘာ့ရော်ဘာ ဈေးကွက်မှာလည်း မဖြစ်ပေါ်ဖူးတဲ့ဈေးကွက်တွေဖြစ်ပေါ်နေ တာဖြစ်ပါတယ်။ ရော်ဘာဈေးနှုန်းတွေက ဒီထက်တက်ဖို့ရှိပါတယ်။ အဓိက ကမ္ဘာ့ရော်ဘာလိုအပ်ချက်မြင့်တက်လာတယ်။ ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်တဲ့ အတွက် ရော်ဘာအဓိကစိုက်ပျိုးတဲ့ နိုင်ငံတွေမှာ မိုးကရွာသင့်တဲ့အချိန်ထက် တစ်လလောက်ပိုရွာတဲ့အတွက် အစေး ထုတ်ရက် တစ်လလောက်နောက်ကျ သွားတယ်။ အဲဒီအတွက် ရော်ဘောစေးမထုတ်လိုက်ရတဲ့အတွက်အထွက်နည်းတယ်။ ဒါကြောင့် ဈေးတွေ ထပ်မြင့်ဖို့ရှိ တယ်''ဟု ရော်ဘာအသင်းမှ အတွင်းရေးမှူးက ပြောပြသည်။ မြန်မာနိုင်ငံတွင် ရော်ဘာပင်များကို တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးပြီး အများဆုံးစိုက်ပိုျးသည့်ဒေသမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ ခင်မျိုးသွယ်

Sunday, 2 Jan 2011

သီရိလင်္ကာရော်ဘာဈေးမှတ်တမ်းတင်                သီရိလင်္ကာရော်ဘာအသင်းဖွံ့ဖြိုးရေးအသင်းရဲ့ အစီရင်ခံစာမှာရော်ဘာပြားဈေးနှုန်းတွေ မှတ်တမ်းတင်လောက် အောင်တက်သွားကြောင်း ဖော်ပြထားပါတယ်။ ပထမတန်းစားရော်ဘာပြားတစ်ကီလိုကို ရူပီး ၅၂၁၊ (၁၁ ဒသမ ၅ ဒေါ်လာ) နဲ့လေလံဈေး ရရှိနေကြောင်းရော်ဘာအသင်းရဲ့ ညွှန်ခုျပ်ကပြောကြားခဲ့ပါတယ်။ ၂ဝ၁ဝ နှစ်ဦးပိုင်းမှာ ပထမတန်းစား ရော်ဘာတစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ ( ၅ ဒသမ ၁၁ ဒေါ်လာ ) သာရှိခဲ့ကြောင်းသိရပါ တယ်။ အခြားအဆင့်နိမ့် ရော်ဘာ တွေကိုလည်း အမြင့်ဈေးနဲ့အပြိုင်အဆိုင်ရောင်းချနေကြောင်း ညွှန်ခုျပ်ကဆက် လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အပိုင်းအစ တွေရဲ့ ဈေးကပင် တစ်ကီလိုဂရမ်ကို ၅၉၈ ရူပီးရရှိကြောင်း သိရပါတယ်။ ယခုလက်ရှိကာလမှာ သီရိလင်္ကာက သဘာဝ ရော်ဘာဝယ်လိုအားတွေ လက်ခံရရှိနေကြောင်း သိရပါတယ်။ ဒီလိုဝယ်လိုအားတွေ ရရှိနေတာယာ အဓိက ရော်ဘာတင်ပို့တဲ့ နိုင်ငံများမှာ အထွက်နှုန်း ကျဆင်းတာကြောင့် ဖြစ်တယ်လို့ရော်ဘာအသင်းရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။                                                                                   Source: Colambo .com,KZW

Sunday, 2 Jan 2011

အိန္ဒိယ ရော်ဘာသွင်းကုန်ခွန် လျှော့ချသော်လည်း လိုအပ်ချက်ပြည့်ဝရန် ခက်ခဲ             အစိုးရမှ သွင်းကုန်ခွန်လျှော့ချပေးခြင်းဖြင့်ရော်ဘာဈေးနှုန်းမြင့်တက်ခြင်းကို ရပ်တန့်ဖို့ကြိုးစားပေမဲ့လည်း ပြည်တွင်း ဈေးကွက်ထက်နိုင်ငံတကာဈေးနှုန်းများက ပိုမိုမြင့်တက်နေတာကြောင့် ကုန်သည်များအနေနဲ့ပြည်ပမှ ဝယ်ယူရတဲ့အတွက် လိုချင်တဲ့ ရလဒ်တော့မရနိုင်ကြောင်းကုန်သည်များကပြောကြားပါတယ်။ အစိုးရအနေနဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ရော်ဘာ တန်ချိန် ၄ဝဝဝဝ ကျော်ကိုတင်သွင်းဖို့သွင်းကုန်ခွန်ကိုမတ်လ ၃၁ ရက်နေ့အထိ ၂ဝ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့ပြီး ပြည်တွင်းရောင်းလိုအားကိုမြှင့်တင်ကာ ဈေးနှုန်းကိုလည်း စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။                 ကမ္ဘာ့ရော်ဘာဈေးနှုန်းက မြင့်တက်ဆဲဖြစ်ပြီး တစ်ကီလိုဂရမ် ကို ၂၂၃ ရူပီး ( ၄ ဒသမ ၉၅ ဒေါ်လာ) ရှိကာပြည်တွင်း ဈေးနှုန်းကတော့ ၂ဝ၇ ရူပီး ( ၄ ဒသမ ၆ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ သွင်းကုန်ခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းကို ပေါင်း ထည့်ရင် မြေပြင်ဈေးကတစ်ကီလိုဂရမ်ကို ၂၄ဝ ရူပီး ( ၅ ဒသမ ၃ ဒေါ်လာ) ကျသင့်ကြောင်းအိန္ဒိယ ရော်ဘာ ကုန်သည်များ အသင်း IRDF ရဲ့ဥက္ကဌ ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ကာရာလာနဲ့ မလဘာဒေသတွေမှာ မရပ်မနား ရွာခဲ့တဲ့ မိုးကြောင့် ရော်ဘာအစေးထွက်ထိခိုက်ခဲ့တာကြောင့် ရော်ဘာဈေးနှုန်းတွေတက်ခဲ့ရပါတယ်။                IRDF ရဲ့ ဥက္ကဌက လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ထိုင်းနိုင်ငံမှာ ရောင်းလိုအားတွေ သူ့နည်းသူ့ဟန်နဲ့ ဈေးကွက်ထဲကို ဝင်လာခဲ့ရင် ကမ္ဘာဈေးကျမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ရရာဈေးနှုန်းနဲ့ ချက်ချင်း ဝယ်ယူခဲ့မယ်ဆိုရင် ရော်ဘာအထွက်များတဲ့ရာသီမှာ တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားတက်လာတာကြောင့် ဈေးကျဖို့ အတွက် သိသာထင်ရှားတဲ့အခြေအနေကို တွေ့ဖို့မျှော်လင့်ချက်မရှိ တော့ကြောင်းသိရပါတယ်။                ဒါပေမဲ့ နိုင်ငံတကာဈေးကွက်က တစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ မရောက်အောင်လုပ်ဆောင်ရမဲ့နည်းလမ်းက တော့ မရှိနိုင်သေးကြောင်း IRDF  ရဲ့ ဥက္ကဌကဆက်လက်ပြောကြားပါတယ်။ ပြည်တွင်းက စိုက်ပျိုးသူတွေက နှစ်သစ်ကူး ရာသီမှာ အမြင့်ဈေးနဲ့ ဈေးကွက်ထဲကို ရောင်းချရန် ဆန္ဒပြင်းထန်နေကြောင်းသိရပါတယ်။ တကယ်လို့ နိုင်ငံတကာ ဈေးနှုန်းက ရှေ့ဆက်ပြီးမြင့်တက်နေမယ်ဆိုရင်ပြည်တွင်းကုန်သည်များက ဈေးတက်ဖို့ မျှော်ပြီး သိုလှောင်ထားဖွယ်ရှိကြောင်းနဲ့ ယခုအထိ တော့ ပြည်တွင်းဈေးကျဖို့လက္ခဏာ မမြင်ကြောင်း IRDF  ရဲ့ ဥက္ကဌက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ှSource: Internet, KZW

Sunday, 2 Jan 2011

ရော်ဘာဈေးလည်းမြင့် တင်ပို့မှုလည်းပို              ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံ ၁၇၉၂ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ ဒသမ ၃၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၁၁၅ဝ တန်တင်ပို့ ခဲ့တာမို့ ယခုအပတ်မှာ ၆၄၂ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မRSS (1) ၁၂၈ တန်ခန့်၊ RSS (3) ၈ဝ၃ တန်ကျော်၊RSS (5) တန် ၃ဝ၊MSR (20) ၅၁၁ တန်၊MSR (50)၂ဝ၄ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ်မှာ RSS (3) တန် ၁၁၅ တန်ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်ထိ ရော်ဘာတင်ပို့နိုင်မှုများမှာ ၂၅၅၁၁ တန် ရှိပြီလို့ သိရပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးများ မြင့်တက်လျက်ရှိပါတယ်။ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် -                                       မိမိဘက်(ကျပ်/တန်)                                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု               ယခင်         ပြောင်းလဲမှု     %        ယခု         ယခင်       ပြောင်းလဲမှု    %RSS (3)     ၃၉၅၆၅၃၅      ၃၈၃၆၆၄၅      ၁၁၉၈၉ဝ        ၃       ၄၃၅၃       ၄၂ဝ၅        ၁၄၈              ၄RSS (5)      ၃၇၂၃၇၃၅     ၃၆ဝ၃၇၄၅      ၁၁၉၉၉ဝ        ၃        ၄ဝ၈၁       ၃၉ဝ၄       ၁၇၇              ၄MIRT (DOBT)

Sunday, 2 Jan 2011

ရော်ဘာတင်ပို့မှု ပုံမှန်               ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၇၉၄ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၁၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၄၇ တန်တင်ပို့ခဲ့ပြီး ၄၇ တန်ပိုမိုတင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်မှာ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို MSR-50 တန် ၂ဝ ၊ RSS-5 ၂၄၈ တန် နဲ့ RSS-3 ၂၄၅ တန်၊ စင်ကာပူကိုMSR-20 ၂ဝ၁ တန်၊ RSS-3 တန် ၄ဝ ၊ RSS-5 တန် ၄ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။KZW

Sunday, 2 Jan 2011

ပဲနီလုံးရိုး (စွန်တာနီ) အသစ်မအပေါ်သေးလို့ ဈေးမာ                     မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲနီလုံးရိုး (စွန်တာနီ) တစ်ပိဿာပေါက်ဈေး ၁၃ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးမာနေပြီး လက်လီအရောင်းအဝယ်သမားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးမြို့သို့တင်း ၃ဝဝ ၊ မုံရွာမြို့မှ ရန်ကုန်မြို့သို့ တင်း ၁၅ဝ စီးထွက်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ လက်လီ ဈေးကွက်အဖြစ် မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၅ဝ ခန့်အရောင်းအဝယ်ဖြစ်ပြီး ပဲသစ်မပေါ်သေးလို့ ပဲအဟောင်း များသာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဈေးကတော့ ဆက်လက်ပြီး မာနိုင်သေးတယ်လို့ ဈေးကွက်ကဆိုပါတယ်။   သန်းးသန်းးတင်   

Sunday, 2 Jan 2011

ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့တဲ့ ပြည်ပဲနီပြား                ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း နတ်တလင်းမြို့နယ်မှာသာ စိုက်ဧကအနည်းငယ်ရှိတဲ့ ပဲနီပြားသီးနံှဟာ အခြားတိုင်းသို့လည်း တင်ပို့မှုမရှိပဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲနီးပြားဟာ စိုက်ပျိုးထွက်ရှိမှု နည်းပေမဲ့ ဈေးနှုန်းမှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ပါတယ်။ အောက်တိုဘာလအတွင်း လက်လီရော လက်ကားသမားများပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလမှစလို့ လက်ကျန်နည်းလာခဲ့ပြီး တစ်တင်း ၂၆ဝဝဝ ကျပ်နဲ့ ရောင်းဝယ်နေခဲ့ရာမှ နိုဝင်ဘာလ ဒုတိယပတ်မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ကိုဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ကုန်မှာတော့ ၎င်းဈေးနဲ့ လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ပဲနီပြားဈေးနှုန်းမှာ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 2 Jan 2011

ပြည်ဘိုကိတ်ဈေးကွက်ဈေးကျလာ                  ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တော့ တစ်တင်းကို ၁ဝဝဝ ကျပ်ကျော်လျော့နည်းကာ ၁၆ဝဝဝ ကျပ်- ၁၆၂ဝဝ ကျပ်ဈေးသာရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ကံမမြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အဝင်နည်းနေပါတယ်။ ယခင်တစ်ပတ်က အိတ် ၁ဝဝ-၁၅ဝ အတွင်း အဝင်ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ အိတ် ၄ဝ-၅ဝ အတွင်းသာ အဝင်ရှိကြောင်း သိရပါတယ်။                                   ဆုမွန်ဆွေ

Pages