Main menu

Background

Monday, 6 Dec 2010

အသစ်ထွက်ပေါ်ချိန်နီးလို့ ပဲဟောင်းထုတ်နေတဲ့ မုံရွာပဲစင်းငုံနီဈေးကွက်               ယခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲစင်းငုံနီကို လျာထားဧက ၅ ဒသမ ၂၄ သိန်းမှာ ဧက ၅ ဒသမ ၄၅ သိန်းဧက စိုက်ခဲ့ပြီး ယခင်နှစ်ထက် စိုက်ဧက ၃ သောင်းကျော် ပိုစိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။                 ယခုနှစ်နောက်ပိုင်း မိုး (မိုးနှောင်း) ကောင်းခဲ့တဲ့အတွက် ပဲစင်းငုံ စိုက်ခင်း အားလုံး ကောင်းမွန်ကြောင်းသိရပြီး အပွင့်၊ အသီး ဝေဆာစွာဖြင့် ဒီဇင်ဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ ပဲစင်းငုံအသစ်များ ဈေးကွက်ရောက် တော့မှာဖြစ်ပါတယ်။ ပဲအသစ်ပေါ်တော့မှာဖြစ်တဲ့အတွက် ပဲစင်းငုံ လှောင်လက်သမားများ ကတော့ အောက်ဈေးဖြစ်တဲ့ တစ်တင်း ၁၅၅ဝဝ ကျပ်၊ ၁၆ဝဝဝ ကျပ်ဝန်းကျင် ဈေးများနဲ့ နေ့စဉ်အိတ်ရေ ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။      အောင်မင်း

Monday, 6 Dec 2010

နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလဆန်းမှာ အိန္ဒိယပဲစင်းငုံဈေးပို             အိန္ဒိယပြည်တွင်းဈေးကွက်အချို့ကို ပဲစင်းငုံအသစ် အနည်းအကျဉ်း ဝင်ရောက်လာပြီဖြစ်ပေမဲ့ နိုဝင်ဘာလဆန်း ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရာမှာတော့ ဒီဇင်ဘာလဆန်းမှာ ဈေးအနည်းငယ်ပိုနေသေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ လလယ်မှာတော့ ဈေးကွက်တော်တော်များများက ပဲအသစ်တွေ ဝင်လာ တော့မှာ ဖြစ်လို့ ပဲစင်းငုံဈေးလျော့ကျနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာ လဆန်းနဲ့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့မွန်ဘိုင်းဈေးနဲ့(C&F)ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                                                                                                                            ဒေါ်လာ/တန်                         မွန်ဘိုင်းဈေးကွက်          မွန်ဘိုင်း(C&F)၁-၁၂-၁ဝ              ၆၇၈                               ၆၉၅၁-၁၁-၁ဝ             ၆၄၇                                ၇၆ဝ                                                                                                                                                  MIRT(MAPT)

Monday, 6 Dec 2010

ပဲစင်းငုံတင်ပို့မှု တန် ၂ဝဝဝ နီးပါးရှိ           ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှု တန်ချိန် ၁၅ဝဝ ရှိခဲ့ရာမှ ယခုသီတင်းပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၂ဝဝဝ နီးပါးကို တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ ယခုတစ်ပတ် အတွင်း အိန္ဒိယတင်ဒါအောင်သူအချို့ အဝယ်ရှိလို့ အရောင်းအဝယ် အနည်းငယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးအချို့မှာ ပဲစင်းငုံအသစ်များ ပေါ်စပြုပြီ ဖြစ်ပြီး ဒီဇင်ဘာနှောင်းပိုင်းမှာတော့ လှိုင်လှိုင်ဝင်ရောက်လာဖွယ်ရှိပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်တစ်ပတ်အတိုင်း ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ တစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ-၅၈ဝ ဖြစ်ကြောင်း သိရပါတယ်။                                 MIRT - MAPT

Monday, 6 Dec 2010

ဈေးအေးနေတဲ့ ပြည်မတ်ပဲဈေးကွက်         ပြည်ပဲဈေးကွက်မှာ မတ်ပဲလက်ကျန်နည်းလာပြီလို့ သိရပါတယ်။ မတ်ပဲစိုက်ပျိုးမှုက ဧက ၁ ဒသမ ၂၂ သိန်းခန့် စိုက်ပြီးပြီလို့ သိရပါတယ်။ ပဲစိုက်တောင်သူတွေ ယခုတစ်ပတ်မှာ မျိုးပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဝယ်ယူစိုက်ပျိုးရတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၆၇ဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ဒီဇင်ဘာ ပထမပတ်မှာ တစ်တင်း ၂၆ဝဝဝ ကျပ်ဈေးသာရှိပြီး ဈေးအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်လည်း အနည်းငယ် အေးနေခဲ့ပြီး မြို့တွင်း ရောင်းဝယ်မှုမှ တစ်နေ့ကို အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ တိုင်းတွင်းမြို့နယ်များမှ တစ်နေ့ အိတ် ၂ဝဝဝ ခန့်ရန်ကုန်သို့တင်ပို့ တယ်လို့ သိရပါတယ်။                                                                                           မိမိအေး

Monday, 6 Dec 2010

ဆောင်းမတ်ပဲစိုက်ချိန် မုံရွာမှာ မိုးမတ်ပဲစတင်ပေါ်            ၂ဝ၁ဝ-၁၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆောင်းမတ်ပဲစိုက်ရန် လျာထားဧက ၁ ဒသမ ၄၅၅ သိန်းအနက် ဧက ၁ ဒသမ ၁၁၁ သိန်းစိုက်ပြီးဖြစ်လို့ ၇၆ ရာခိုင်နှုန်းစိုက်ပြီးဖြစ်ပါတယ်။ ဆောင်းမတ်ပဲမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီများ၌ စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများမှာ ထွက်ပေါ်မှာ ဖြစ်ပါတယ်။ ယခုအချိန်က ဆောင်းမတ်ပဲ စိုက်ချိန်ဖြစ်သလို မိုးမတ်ပဲထွက်ပေါ် ချိန်ဖြစ်ပါတယ်။ မြင်းမူ၊ မြောင်မြို့နယ်နဲ့ အမြင့်လမ်းခွဲ၊ ညောင်ပင်ဇောက်ကျေးရွာနဲ့ နတ်လူထိပ်ပန်းကျေးရွာများမှ မိုးမတ်ပဲများ မုံရွာမြို့သို့ နေ့စဉ် တင်း ၅ဝ ကျော်ဝင်ရောက်ပါတယ်။ ၂ဝ၁ဝ ခု နိုဝင်ဘာလအတွင်း မတ်ပဲတစ်ပိဿာ နိမ့်၊ မြင့်ဈေးမှာ ၁၃၅ဝ ကျပ်၊ ၁၄၅ဝ ကျပ်ဈေးပေါက်ပြီး၊ မတ်ပဲ အသစ် တစ်ပိဿာလျှင် ၁၁၅ဝ ကျပ်ဈေးဖွင့်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                သန်းသန်းတင်

Monday, 6 Dec 2010

ဈေးပြန်အေးတဲ့ ဟင်္သာတမတ်ပဲ              ပြည်ပဈေးကွက်ဝင်ဖြစ်တဲ့ ဆောင်းသီးနံှမတ်ပဲကို ဟင်္သာတခရိုင်အတွင်း မြို့နယ်များအားလုံးမှာ စိုက်ပျိုးကြပါတယ်။ ယခု ဒီဇင်ဘာပထမပတ်က လျာထားဧက ၃ ဒသမ ၉၇ သိန်းမှာ ဧက ၂ ဒသမ ၂၅ သိန်းခန့် စိုက်ပိုျးပြီးကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲ ပိဿာ ၂ဝ တစ်တင်းကို ၂၆၇ဝဝ ကျပ်ဖြစ် ပြီး၊ ယခုတစ်ပတ်မှာ မတ်ပဲဈေး ၂၅၆၅ဝ ကျပ်နဲ့ ပြန်အေးသွားပြီး၊ ဒေသတွင်း ရောင်းဝယ်မှုမှာ တစ်နေ့လျှင် တစ်တင်းခွဲဝင်အိတ် ၃ဝဝ ခန့်ရှိပြီး၊ ပဲတင်ပို့မှုအနေနဲ့ နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၈ဝဝ မှ ၁ဝဝဝ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။       အေးအေးခိုင်

Monday, 6 Dec 2010

 နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလမှာ အိန္ဒိယမတ်ပဲဈေး ကန် ဒေါ်လာ ၆ဝ ခန့် ကျဆင်း                အိန္ဒိယပြည်တွင်းဈေးကွက်များမှာ နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလ ဆန်းမှာ မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၆ဝ ကျော်ခန့် လျော့ကျလာခဲ့ပါတယ်။ အိန္ဒိယ ပြည်တွင်းထွက် မတ်ပဲတော်တော်များများမှာ အရည်အသွေးနိမ့်ကျတဲ့ အတွက် ဝယ်လက်များဈေးလျှော့ ဝယ်ယူခဲ့ကြတာကြောင့် ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်အချို့မှာ အရည်အသွေးကောင်း မတ်ပဲမရနိုင်တာကြောင့် မြန်မာနိုင်ငံက ပဲတင်သွင်းခဲ့ရတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့  C & Fဈေးများ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                              ဒေါ်လာ/တန်                      မတ်ပဲ             မတ်ပဲ(C & F)၁-၁၂-၁ဝ        ၈၉၇                     ၉၉ဝ၁-၁၁-၁ဝ        ၉၅၁                 ၉၈ဝ-၁ဝဝဝ                                                                                                                                       MIRT(MAPT)

Monday, 6 Dec 2010

 ယခုတစ်ပတ် မတ်ပဲတင်ပို့မှု တန် ၄ဝဝဝ ခန့်သာရ                         ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၇ဝဝဝ နီးပါး တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က အိန္ဒိယဝယ်လက်များ အဝယ်ပုံမှန်ရှိခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ အဝယ် အေးတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တချို့မှာ အရည်အသွေးကောင်းမတ်ပဲ အချို့အဝင်ရှိလို့ မြန်မာမတ်ပဲကို အဝယ်ထိုင်းခြင်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်အေးလို့ ဈေးလည်း အနည်းငယ် လျော့ကျလာခဲ့ ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                                    ဒေါ်လာ/တန်                           မတ်ပဲ((FAQ)         မတ်ပဲ(SQ)၂-၁၂-၁ဝ              ၉၄ဝ-၉၅ဝ          ၁၁၆ဝ-၁၁၇ဝ၂၅-၁၁-၁ဝ          ၉၅ဝ-၉၆ဝ           ၁၁၇ဝ-၁၁၈ဝ                                                                                                                            MIRT(MAPT) 

Pages