Background
နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလဆန်းမှာ အိန္ဒိယပဲတီစိမ်းဈေးပိုလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေဝင်လာပေမဲ့ နိုဝင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနဲ့ ဒီဇင်ဘာလဆန်း ပေါက်ဈေးနှိုင်းယှဉ်ရာမှာတော့ ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ပဲအထွက်ပိုမယ်လို့ ခန့်မှန်းပေမဲ့ ပြည်ပက ပဲတီစိမ်းဝယ်ယူမှုကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယပဲအသစ်များမှာ ရိတ်သိမ်းစဉ် မိုးရာသွန်းမှုကြောင့် အရည်အသွေးပျက်စီးမှုများတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းနဲ့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးများမှာ ရူပီး အနေဖြင့် သိသိသာသာကွာခြားပေမဲ့ ရူပီး တန်ဖိုးကျဆင်းတာကြောင့် ကန်ဒေါ်လာ တန်ဖိုးမှာတော့ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ ချန်နိုင်းဈေးကွက် ဒေလီ ရူပီး ကန်ဒေါ်လာ ရူပီး ကန်ဒေါ်လာ၁-၁၂-၁ဝ ၄၅၅ဝဝ ၉၉၆ ၄၄ဝဝဝ-၄၇ဝဝဝ ၉၆၃-၁ဝ၂၈၁-၁၁-၁ဝ ၄၄၅ဝဝ ၁ဝဝ၂ ၄၄ဝဝဝ ၉၉၁ MIRT (MAPT)
ပဲတီစိမ်းတင်ပို့မှု အနည်းငယ်ပြန်တက်လာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်)အတွင်းမှာတော့ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၆ဝဝ ခန့်ကို တင်ပို့မှု တက်လာခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းကတစ်ဆင့် တရုတ်ဘက်က အဝယ်ရပ် နေတဲ့ အချိန် ပြည်တွင်းဈေးအေးနေတဲ့အတွက် အိန္ဒိယနဲ့ ပါကစ္စတန် ဝယ်လက်အချို့ အဝယ်ပြန်လိုက်လာခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ အရောင်းအဝယ်ပြန်လိုက်လာပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင် တစ်ပတ်လိုပဲ ဒီဇင်ဘာလ ၂ ရက်မှာလည်း ပဲတီစိမ်း (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲသစ်ဝင်လို့ ဈေးအေးသွားတဲ့ ပဲလွန်းဖြူ ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူ အသစ်များ စဝင်စပြုနေပါပြီ။ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး ယခုပဲသစ်တစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ ဈေးဖွင့်တယ်လို့ သိရပါတယ်။ ဟင်္သာတ မြို့နယ်၊ နတ်တလင်း (တာပွန်) မြို့ များမှ ပြည်မြို့ပွဲရုံများသို့ တစ်နေ့ကို အိတ် ၂ဝ-၃ဝ ခန့် လာရောက် ရောင်း ချကြတယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ တန် ၁ဝဝ ကျော်နဲ့ တင်ပို့မှု ရှိနေဆဲ ပြည်တွင်း ပဲဈေးကွက်တွေမှာ အခြား ပဲအုပ်စု လက်ကျန်တွေ တော်တော်နည်းလာပြီဖြစ်ပါတယ်။ လက်ကျန် နည်းသွားပေမဲ့ ယခုတစ်ပတ်မှာ တော့ (နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၉ ရက်) တင်ပို့မှု ပဲလွန်းဖြူတန်ချိန် ၁၂ဝ ခန့်တင်ပို့မှုရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကိုရီးယားတို့ဖြစ်ပါတယ်။ အချို့ ဒေသတွေမှာ ပဲလွန်ဖြူသစ်တွေ ထွက်နေပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၂ ရက် နေ့မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန် ဒေါ်လာ ၈၉ဝ-၉ဝဝ နဲ့ ယခင်သီတင်း ပတ် ဈေးအတိုင်း ငြိမ်နေတာ တွေ့ရပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ နိုဝင်ဘာလ ၃ဝ ရက်က ပဲခူးစ တစ်တန်ကို ရူပီး ၄၅ဝဝဝ (ကန်ဒေါ်လာ ၉၈ဝ) ပဲလွန်းဖြူ (မြစ်ဝ) မှာ တစ်တန်ကို ရူပီး ၄၃ဝဝဝ (ကန်ဒေါ်လာ ၉၃၆) ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
နတ်တော်လပြည့်အမီ ဆောင်းသီးနံှ မတ်ပဲနဲ့ ပဲတီစိမ်းကိုအပြီးစိုက်ကြမယ် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းမှာ ဆောင်းသီးနံှအဖြစ် မတ်ပဲဧက ၅ ဒသမ ၁ သိန်းနဲ့ ပဲတီစိမ်း (ရွှေဝါ) ဧက ၃ ဒသမ ၆ သိန်းစိုက်ပျိုးမှာ ဖြစ်ပါတယ်။ ပဲစိုက်တောင်သူကြီးများက နောင်လာနောက်သား ပဲစိုက်တောင်သူများကို လက်ဆင့်ကမ်းမှာကြားထားတာကတော့ ပဲစိုက်တဲ့သူများအတွက် ''နတ်တော်ဆိုတာ နင်တော်လို့မှတ်ရမှာ ဖြစ်ပါတယ်'' လို့ ဆိုပါတယ်။ စိုက်ပျိုးရေးပညာကို စနစ်တကျသင်ကြားထားတာမဟုတ်ပေမဲ့ တောင်သူကြီးများရဲ့ သတိပေးချက်ဟာ သဘာဝကျပါတယ်။ အောက်မြန်မာပြည်မှာ မိုးရာသီကုန်ဆုံးပြီး မြေကြီအစိုဓါတ်ကို ထိန်းထားနိုင်တာ ဒီဇင်ဘာလလယ်ခန့်အထိ ဖြစ်ပြီး ညအပူချိန်ဟာလည်း နိုဝင်ဘာလမှာ ၂ဝ ဒီဂရီစင်တီဂရိတ်ခန့်နဲ့ ဒီဇင်ဘာလထဲမှာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အောက်ပိုင်းဒေသဖြစ်တဲ့ ပဲခူးခရိုင်အတွင်းမှာ ပင်လယ်နဲ့ နီးတဲ့အတွက် အအေးဓါတ် လျော့ပါတယ်။ ဆောင်းသီးနံှမတ်ပဲရော ပဲတီစိမ်းပါမြေအစိုဓါတ်မီအောင် စပါးရိတ်သိမ်းပြီး၊ အမြန်ပြန်လည် ထွန်ယက်စိုက်ပျိုးရတာဖြစ်ပါတယ်။ ပဲတီစိမ်းဟာ အအေးဓါတ်ကြောက်တဲ့အတွက် အအေးဓါတ် နေ့နဲ့ည ကွာခြားချက်နည်းတဲ့ ဒေသများ၊ ကာလများမှာသာ အပင်ပေါက်နှုန်းကောင်းတဲ့အပြင် အသီးထွက်နှုန်းလည်း ကောင်းတဲ့အတွက် ရှေးတောင်သူကြီးများ မှာကြားခဲ့တဲ့ နတ်တော်လပြည့်မကျော်ရအောင် ဆောင်းသီးနံှမတ်ပဲနှင့် ပဲတီစိမ်းကို အားသွန် ခွန်စိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ွှွှ
ပြည်ဈေးကွက်သို့ ပဲစင်းငုံသစ်များ အနည်းငယ်ဝင်လာပြီ ပြည်ဈေးကွက်အတွင်းသို့ ယခင်နိုဝင်ဘာလက အခြားတိုင်းမှ အိတ် ၅၅ဝ အဝင်ရှိခဲ့သော်လည်း ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ဈေးကွက်အတွင်းသို့ အခြားတိုင်းမှ အဝင်မရှိသေးကြောင်းသိရပြီး ယခုရက်ပိုင်း ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်များ တိုင်းအတွင်းဒေသများမှ အနည်းငယ်ဝင်လာ တယ်လို့သိရပါတယ်။ ပြည်ဈေးကွက်တွင် ပဲစင်းငုံအဟောင်းမှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၄ဝဝဝ ကျပ်၊ အသစ်မှာ ၁၇၅ဝဝ ကျပ်ဈေးဖြင့် ပဲစင်းငုံအသစ်များသာ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ တစ်နေ့လျှင် အိတ် ၂ဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ဆုမွန်မွန်လှိုင်
အသစ်ထွက်ပေါ်ချိန်နီးလို့ ပဲဟောင်းထုတ်နေတဲ့ မုံရွာပဲစင်းငုံနီဈေးကွက် ယခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲစင်းငုံနီကို လျာထားဧက ၅ ဒသမ ၂၄ သိန်းမှာ ဧက ၅ ဒသမ ၄၅ သိန်းဧက စိုက်ခဲ့ပြီး ယခင်နှစ်ထက် စိုက်ဧက ၃ သောင်းကျော် ပိုစိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ ယခုနှစ်နောက်ပိုင်း မိုး (မိုးနှောင်း) ကောင်းခဲ့တဲ့အတွက် ပဲစင်းငုံ စိုက်ခင်း အားလုံး ကောင်းမွန်ကြောင်းသိရပြီး အပွင့်၊ အသီး ဝေဆာစွာဖြင့် ဒီဇင်ဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ ပဲစင်းငုံအသစ်များ ဈေးကွက်ရောက် တော့မှာဖြစ်ပါတယ်။ ပဲအသစ်ပေါ်တော့မှာဖြစ်တဲ့အတွက် ပဲစင်းငုံ လှောင်လက်သမားများ ကတော့ အောက်ဈေးဖြစ်တဲ့ တစ်တင်း ၁၅၅ဝဝ ကျပ်၊ ၁၆ဝဝဝ ကျပ်ဝန်းကျင် ဈေးများနဲ့ နေ့စဉ်အိတ်ရေ ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အောင်မင်း
နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလဆန်းမှာ အိန္ဒိယပဲစင်းငုံဈေးပို အိန္ဒိယပြည်တွင်းဈေးကွက်အချို့ကို ပဲစင်းငုံအသစ် အနည်းအကျဉ်း ဝင်ရောက်လာပြီဖြစ်ပေမဲ့ နိုဝင်ဘာလဆန်း ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရာမှာတော့ ဒီဇင်ဘာလဆန်းမှာ ဈေးအနည်းငယ်ပိုနေသေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ လလယ်မှာတော့ ဈေးကွက်တော်တော်များများက ပဲအသစ်တွေ ဝင်လာ တော့မှာ ဖြစ်လို့ ပဲစင်းငုံဈေးလျော့ကျနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာ လဆန်းနဲ့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့မွန်ဘိုင်းဈေးနဲ့(C&F)ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၁-၁၂-၁ဝ ၆၇၈ ၆၉၅၁-၁၁-၁ဝ ၆၄၇ ၇၆ဝ MIRT(MAPT)
ပဲစင်းငုံတင်ပို့မှု တန် ၂ဝဝဝ နီးပါးရှိ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှု တန်ချိန် ၁၅ဝဝ ရှိခဲ့ရာမှ ယခုသီတင်းပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၂ဝဝဝ နီးပါးကို တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ ယခုတစ်ပတ် အတွင်း အိန္ဒိယတင်ဒါအောင်သူအချို့ အဝယ်ရှိလို့ အရောင်းအဝယ် အနည်းငယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးအချို့မှာ ပဲစင်းငုံအသစ်များ ပေါ်စပြုပြီ ဖြစ်ပြီး ဒီဇင်ဘာနှောင်းပိုင်းမှာတော့ လှိုင်လှိုင်ဝင်ရောက်လာဖွယ်ရှိပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်အတိုင်း ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ တစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ-၅၈ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ဈေးအေးနေတဲ့ ပြည်မတ်ပဲဈေးကွက် ပြည်ပဲဈေးကွက်မှာ မတ်ပဲလက်ကျန်နည်းလာပြီလို့ သိရပါတယ်။ မတ်ပဲစိုက်ပျိုးမှုက ဧက ၁ ဒသမ ၂၂ သိန်းခန့် စိုက်ပြီးပြီလို့ သိရပါတယ်။ ပဲစိုက်တောင်သူတွေ ယခုတစ်ပတ်မှာ မျိုးပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဝယ်ယူစိုက်ပျိုးရတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၆၇ဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ဒီဇင်ဘာ ပထမပတ်မှာ တစ်တင်း ၂၆ဝဝဝ ကျပ်ဈေးသာရှိပြီး ဈေးအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်လည်း အနည်းငယ် အေးနေခဲ့ပြီး မြို့တွင်း ရောင်းဝယ်မှုမှ တစ်နေ့ကို အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ တိုင်းတွင်းမြို့နယ်များမှ တစ်နေ့ အိတ် ၂ဝဝဝ ခန့်ရန်ကုန်သို့တင်ပို့ တယ်လို့ သိရပါတယ်။ မိမိအေး