Background
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြက်မွေးမြူရေးဇုန်များ မြန်မာနိုင်ငံသည်လည်း ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားရေး၊ ဖြစ်ပွားလျှင် လူသို့မကူးစက်ရေးနှင့် ဖြစ်ပွားရာဒေသတွင် ရောဂါထိန်းချုပ်နိုင်ရေးတို့ကို အထူးဆောင်ရွက်နေပြီး ကြက်မွေးမြူသူများကို ကြက်မွေးမြူရေး ဇုန်များ ထူထောင်ပေးပြီး မြို့တိုင်းမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။မုံရွာမြို့မှာလည်း အောင်မြင်ဖြစ်ထွန်းလျက် ရှိသော ကြက်မွေးရေးဇုန်ရှိပါတယ်။ မုံရွာကြက်မွေးမြူရေးဇုန်ဟာ မုံရွာမြို့အရှေ့မြောက်ဖက် အက်တောရွာအနီး၊ မြေဧရိယာ ၁၂၃ ဒသမ ၄၅ ဧကပေါ်တွင် တည်ရှိပြီး ဥစားကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂၂ဝ ကွက်၊ အသားတိုးကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂ဝ ကွက်၊ ငုံးမွေး မြူရေး (၁ဝဝ ပေ x ၁ဝဝ ပေ) ၉ဝ ကွက်၊ မွေးမြူရေးအထောက်အကူလုပ်ငန်းအတွက် ၆၄ ကွက်ဖော်ထုတ်ပြီး နေရာချထား ကြောင်း သိရှိရပါတယ်။ လက်ရှိတွင် ဥစားကြက်ခြံ ၂၆၆ ခြံ၊ အသားစားကြက်ခြံ ၈ ခြံ၊ ငုံးမွေးမြူရေးခြံ ၈ဝ ခြံ၊ ကြက်၊ ငုံးခြံစောင့် အိမ်ရာ ၁၅ဝ လုံး ၊ ကြက်စာကြိတ်စက်ရုံ ၁ဝ လုံး ရှိကြောင်း သိရပါတယ်။ ကြက်ကောင်ရေ ၁ ဒသမ ၃ သိန်းကျော်၊ ငုံးကောင်ရေ ၄ ဒသမ ၇ သိန်းကျော်မွေးမြူထားပြီး နေ့စဉ် ကြက်ဥ ၉ သောင်းကျော်၊ ငုံးဥ ၃ သိန်း ၅ သောင်းခန့် ထွက်ရှိနေကြောင်း သိရပါတယ်။ ထွက်ရှိတဲ့ ကြက်ဥတစ်လုံး ၈ဝ ကျပ်၊ ငုံးဥတစ်လုံး ၁၆ ကျပ်ဖြင့် ကြက်ဥဒိုင်များမှသိမ်းယူပြီး ဒေသတွင်း စားသုံးမှု ဈေးကွက်မှ ပိုလံျှသည်များကို ဖားကန့်၊ မိုးကုတ်မြို့များနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့များသို့ တင်ပို့ရောင်းချလျက် ရှိပြီး စားသုံးမှု ဈေးကွက်သို့ ဖြည့်စွက်ပေးနေလျက်ရှိပါတယ်။ အောင်မင်း
ပဲခူးတိုင်းဒေသကြီးအရှေကောက်ဦးပေါ်ချိန် ဈေးကောင်းရ ပဲးခူးတိုင်းဒေသကြီး အရှေ့ကျောက်တံခါးမြို့နယ်မှာ ၂ဝ၁ဝ-၂ဝ၁၁ မိုးစပါး ဧက ၁ ဒသမ ၅၆ သိန်း စိုက် ပျိုးခဲ့ပြီး၊ အထွက်တိုး ဧည့်မထမျိုးဖြစ်တဲ့ ရတနာတိုး၊ မနောသုခနဲ့ ရွှေဝါထွန်း စပါးမျိုးများ အဓိကထား စိုက်ပျိုးကြပါ ယခုအခါ မိုးစပါးများရိတ်သိမ်းပြီး ေြွခလှေ့စက်နဲ့ စနစ်တကျ ေြွခလှေ့နေ လှန်းရောင်းချကြလို့ စပါးဈေးမှာ ၄၆ ပေါင် တစ်တင်း ၃၂ဝဝ ကျပ်ရရှိခဲ့ပြီး ယခင်နှစ် ကောက်ဦးပေါ်ချိန်မှာ ၂၈ဝဝ ကျပ်ရရှိခဲ့လို့ ယခုနှစ် ဈေးပိုရတယ်လို့ တောင်သူများက ပြောပါတယ်။ စိုက်ပျိုးချိန်ကစလို့ ပေါင်းမြက်ရှင်း၊ သမန်းနိုး၊ ဓာတ်မြေသြဇာစနစ်တကျ ထည့်ပြီး ပိုးမွှားရောဂါ နှိမ်နင်းခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ် ဆောင်ခဲ့ကြလို့ အထွက်နှုန်း ၆၅ တင်းနဲ့ ၇၅ တင်းကြား ထွက်ကြောင်း သိရပါ တယ်။ သိန်းဝင်း
လက်ကျန်နည်းလာပြီဖြစ်လို့ တစ်ရက်အတွင်း အိန္ဒိယနနွင်းဈေး ကန်ဒေါ်လာ ၈၈ မြင့်တက် အိန္ဒိယရဲ့ အဓိကနနွင်းဈေးကွက်ဖြစ်တဲ့ အီရော့ကလွဲပြီး ကျန်ဈေးကွက်တွေမှာ လက်ကျန်မရှိသလောက် နည်းသွားပြီ ဖြစ်လို့ ကုန်သည်များ အီရော့ဈေး ကွက်ကို စုပြုံဆင်းဝယ်လာကြတာကြောင့် တစ်ရက်အတွင်း နနွင်းတစ်တန်ကို ရူပီး ၄ဝဝဝ(ကန်ဒေါ်လာ ၈၈) မြင့်တက်ခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာက နိုဝင်ဘာ လ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဈေးကွက်များမှာရော အင်ဒရာပရာဒေ့ရှ် ဈေးကွက်တွေမှာ ပါ နနွင်းလက်ကျန် ပြတ်သလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။ နနွင်းတောင်သူများအနေနဲ့ လက်ရှိရောင်းရတဲ့ဈေးကို အလွန်အမင်း ကျေနပ်နေကြတယ်လို့လည်း ၎င်းကဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းရောင်းချတဲ့ ဈေးကွက်မှာနနွင်းအခက် (လက်ချောင်း)ဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ-၁၅၃၈၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၃၉ဝ) ရှိပြီး နနွင်းဥဈေးက ရူပီး ၉ဝဝဝဝ-၁၅၂၈၉ဝ (ကန်ဒေါ်လာ ၁၉၈၂- ၃၃၆၈) ရှိခဲ့လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ထက် တစ်တန်ကို ရူပီး ၄၃ဝဝ (ကန်ဒေါ်လာ ၉၅) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အီရော့သမဝါယမဈေးကွက်အတွင်းမှာတော့ နနွင်းအခက်(လက်ချောင်း)တစ်တန်ကို ရူပီး ၁၄၉၂၉ဝ-၁၅၅၂၉ဝ (ကန် ဒေါ်လာ ၃၂၈၈-၃၄၂ဝ) ဈေးရှိပြီး နနွင်းဥဈေးကရူပီး ၁၅ဝ၆၁ဝ-၁၅၄၄၉ဝ (ကန် ဒေါ်လာ ၃၃၁၇-၃၄ဝ၃) ဖြစ်ခဲ့လို့ယခင်ရက်ထက် ရူပီး၄၁ဝဝ (ကန်ဒေါ်လာ ၉ဝ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းသစ်များဈေးကွက်ကို ဇန်နဝါရီလမှာ ဝင်ရောက်မှာဖြစ်ပေမဲ့ နနွင်းစိုက်တဲ့ဒေသအချို့မှာ မိုးရက်ရှည် ရွာသွန်းနေ တာကြောင့် နနွင်းဝင်ရောက်မှု နှောင့်နှေးနိုင်တယ်လို့ ဆိုပါတယ်။ ယခင်နှစ်က နနွင်းအိတ်ပေါင်း ၄၅ သိန်းထွက် ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅ သိန်းခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်ထိ နနွင်းစိုက်ပျိုးပြီး ဟက်တာ ၂ ဒသမ ဝ၆ သိန်း ရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၁ ဒသမ ၈ဝ သိန်းထက် ပိုမိုနေပါတယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းနေတာကြောင့် ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဦးမယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းခင်၊ှSources: businessline
လက်ကျန်နည်းလို့ ရှမ်းနနွင်း ဈေးကောင်းရ နနွင်းလက်ကျန်နည်းနေတာကြောင့် နနွင်းဈေးကကောင်းနေပါတယ်။ ဝယ်လက်တွေကလည်း နနွင်းသန့်တွေရွေးပြီး ဝယ်နေပေမဲ့ ပစ္စည်းလက်ကျန် ပြတ်သလောက်ဖြစ်နေတာကြောင့် လိုသလောက်မရဘူးလို့ သိရပါတယ်။ နနွင်း ခေါင်းမပါရင် အရောင်းအဝယ်ဖြစ်ပေမဲ့ နနွင်းခေါင်းရော နနွင်းအဖြူတွေ ရောပါ နေရင်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းကလည်း နနွင်းအထွက်များတဲ့ ဒေသဖြစ်ပြီး၊ နနွင်းဖြူတွေသာ လက်ကျန်များတာကြောင့် ဈေးကွက်မှာ ရောင်းပန်းမလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းသန့် တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ၃၂ဝဝ ကျပ် ဈေးရှိပြီး၊ နနွင်းခေါင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်၊ နနွင်းခါးက တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၅ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ ကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
နယ်စပ်က နည်းနည်းနဲ့ ပုံမှန်ပို့နေ ယခုအပတ်မှာ စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်ကို နနွင်းတက် ၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၁ တန်သာ တင်ပို့တဲ့အတွက် နနွင်းတက်တင်ပို့မှုပုံမှန်လေးဖြစ် နေပါတယ်။ နနွင်းသစ်ပေါ်ချိန် ဖြစ်တဲ့အတွက် တစ်ဘက်နိုင်ငံမှ မှာယူမှုနည်းနေခြင်းဖြစ်ပါတယ်။ ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော် ဒေသထွက် နနွင်းများကို စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ တင်ပို့နေ တာဖြစ်ပါတယ်။ နနွင်းတက်တစ်တန်ကို မိမိဘက် မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက် နိုင်ငံပေါက်ဈေးကတော့ ၁၄ဝဝဝဝ တာကာဖြစ်ပြီး ဈေးတည်ငြိမ်လျက်ရှိနေပါတယ်။ တင်တင်ထွန်း(MIRT)
ပင်လယ်ရေကြောင်းက မလေးရှားကို ၁ဝ တန်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၁ဝ တန်ကို တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၆၄၅ ဒေါ်လာနဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တင်ပို့မှုက စုစုပေါင်းပို့ကုန်ငွေ ကန်ဒေါ်လာ ၁၆၄၅ဝ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်ကတော့ နနွင်းတန်ချိန် ၅ဝ ဒသမ ၇၃ တန်တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်တင်ပို့မှုနဲ့ယှဉ်ရင် အားလျော့သွားတာတွေ့ရတဲ့အပြင် ဖောက် သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံများဘက်ကလည်း အဝယ်ပါးသွားခဲ့ပါတယ်။ MIRT (DOT)
မန်ကျည်းသီးမှည့် အနည်းငယ်သာ နယ်စပ်ကပို့ စစ်တွေနယ်စပ်ကနေ အစေ့ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှု မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန်၊ ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှအောက်တိုဘာလအထိ နယ်စပ်မှ မန်ကျည်းမှည့် တင်ပို့တဲ့ ပမာဏတန်ချိန် ၃၁ဝ ခန့်သာရှိပါတယ်။ စစ်တွေနယ်စပ်မှမန်ကျည်းမှည့် တစ်တန် ကို ၃၇၉၄၄ဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေးကတော့ ၃၅ဝဝဝ တာကာ (ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့် ဈေးပေါက်လျက်ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည် ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေနယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံးတင်ပို့ကြောင်း သိရပါတယ်။ တင်တင်ထွန်း(MIRT)
အောင်ပန်းချင်း ဈေးကွက်ထဲ ပုံမှန်အဝယ်ရှိလို့ ဈေးလျော့လာ မြန်မာနိုင်ငံမှာ ချင်းကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အများဆုံး စိုက်ပါတယ်။ အရင်ကတော့ ပြည်တွင်း ဈေးကွက်သာရှိပေမဲ့ အခုနောက်ပိုင်း နှစ်တွေမှာ ပြည်ပဈေးကွက်ထိ ကျယ်ပြန့်လာပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ချင်းကို နှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပိုျးပါတယ်။ ကလောမြို့နယ်မှာ အများဆုံးစိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်တာကပင်လောင်းမြို့နယ်၊ တတိယအများဆုံးက နမ့်စန်မြို့နယ် ဖြစ်ပါတယ်။ ချင်းကို ဧပြီ၊ မေလတွေမှာ စိုက်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ပြန်ပြီးတူး ဖော်ကြပါတယ်။ ဒီနှစ်က ချင်းဈေးကောင်းတာကြောင့် ချင်းစိုက်တောင်သူ တွေ လည်းမိုးတစ်ပြိုက်နှစ်ပြိုက်ကျတာနဲ့အမြန်ပြန်စိုက်ကြတာကြောင့် အောက်တိုဘာလ လယ်လောက်မှစပြီး ဈေးကွက်ကိုဝင်လာပါတယ်။ ကလောမြို့နယ်က ချင်းတွေကိုတော့ ဥမအဖြစ်ပြန်ဖော်ပြီး ရောင်းပေမဲ့ နမ့်စန်မြို့နယ်၊ ဟိုပုံးမြို့နယ်တွေကတော့ ဥမကို မဖော်ဘဲ ချင်းတက်ကိုသာ ရောင်းတာကြောင့် ဟိုပုံး၊ နမ့်စန်ချင်းက ပိုပြီး အခက်လှလို့ ဈေးကွက်ပိုဝင်တယ်လို့ သိရပါတယ်။ ဟိုပုံး၊ နမ့်စန်ကချင်းတွေကတော့ ဒီဇင်ဘာလလယ်လောက်မှဈေးကွက်ကိုစပြီးဝင်မှာဖြစ်ပါတယ်။အောင်ပန်း ဈေးကွက်မှာ ချင်း (စို)တွေ ပုံမှန်ဝင်နေတာကြောင့် ဈေးကတော့ အနည်းငယ် ကျလာပါတယ်။ အကြီးအခက်လှတွေက တစ်ပိဿာ ၈ဝဝ ကျပ်၊ အလတ်စတွေက တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီနှစ်ကချင်းစိုဈေးကောင်းနေတာကြောင့် ချင်းခြောက်အဖြစ်ပြုလုပ်တာနည်းပြီး ချင်းစိုအတိုင်းသာ ရောင်းနေတယ်လို့ သိရပါတယ်။ လက်ကျန်ချင်းခြောက်ကတွေကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
လက်ကျန်နည်းလို့ ဈေးကောင်းရတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်အတွင်း ဈေးကောင်းရနေတဲ့ ပဲအမျိုးအစားထဲမှာ ပဲနီပြား လည်းပါဝင်နေတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ဒုတိယပတ်မှစပြီး တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အထိ ၎င်းဈေးအတိုင်း ဈေးငြိမ်အရောင်း အဝယ် ဖြစ်နေခဲ့ပြီး ယခုနိုဝင်ဘာနောက်ဆုံးပတ်မှာတော့ တစ်တင်း ကို ၃ဝဝဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဈေးကွက်မှာ ပဲနီပြားကလက်ကျန်နည်းလာခဲ့ပြီဖြစ်တဲ့ အတွက် တစ်ရက်ကို အိတ် ၁၅ အိတ်ခန့် လက်လီသမားများဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်နဲ့ ယှဉ်ရင် တစ်တင်းကို ၂ဝဝဝ ကျပ်ခန့်မြင့်တက်ခဲ့ပါတယ်။ ခင်ဆွေဝင်း
ပဲသစ်ဝင်လာတာကြောင့် ပြည်ဘိုကိတ်ဈေးကျ ပြည်ဈေးကွက်တွင် ဘိုကိတ်အဟောင်း ပိဿာ ၂ဝတစ်တင်းကို ၃၁ဝဝဝ ကျပ်ထိဈေးကောင်းရခဲ့ပြီး ယခုတစ်ပတ်အတွင်း ကံမမှ ပဲသစ်များ ဈေးကွက်တွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း သိရပါတယ်။ ပဲသစ်များ စတင် ဝင်ရောက် လာတဲ့အတွက် ဘိုကိတ်ဈေးနှုန်းမှာ ပိဿာ ၂ဝ တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲသစ်များ ဝင်လာတာကြောင့် ဈေးအေးသွားပေမဲ့ လက်လီသမားများဖြင့် နေ့စဉ် ၁၄-၁၅ အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ