Background
မုံရွာကုန်စည်ဒိုင် မေလတတိယ ပတ် ပဲဈေးကွက်မှာ အမြင့်ဈေးနဲ့ ငုံနီ အရောင်းအဝယ်သွက်ခဲ့သလို ပြည်တွင်း လုပ်ငန်းသုံးလိုအပ်ချက် မြင့်မားလာလို့ ပဲကြီးလည်း ဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ယခုတစ်ပတ် ပဲတစ်မျိုးချင်း ဈေးကွက်ဖြစ်ပေါ်မှုအနေနဲ့ ပြည်တွင်း လုပ်ငန်းသုံး အဝယ်သာရှိတဲ့ ကုလားပဲ အုပ်စုဟာ ဈေးဆက် လက်အေးနေခဲ့ ကာ V2 တစ်တင်း၁၈၆၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၈၁၀၀ ကျပ်၊ 929 တစ် တင်း ၁၈၃၀၀ ကျပ်နဲ့ ကုလားပဲရိုးရိုးတစ် တင်း ၁၇၈၀၀ ကျပ် အသီးသီးသာ အမြင့်ဈေး ပေါက်ခဲ့ပါတယ်။ ယခုတစ် ပတ် အတွင်း ဝယ်လက်နဲ့ ရောင်းဝယ်မှု ပမာဏအားဖြင့် V2 ၊ ထိုင်ဝမ်နဲ့ ကုလားပဲ ရိုးရိုးကို ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို၊ ပဲလက်လီစတဲ့ လုပ်ငန်းသမား အဝယ်သာရှိခဲ့ပြီး၊ တစ် ရက် ကို ၃ မျိုးပေါင်း အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ တယ် လို့ ဆိုပါတယ်။ 929 ကုလားပဲကတော့ ဒီရက်ပိုင်းအတွင်း ဒေသလုပ်ငန်းသမား များအပြင် ရန်ကုန် ဝယ်လက် အနည်း ငယ် ရှိခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်သွက်ခဲ့တယ်လို့ ကုန် စည်ဒိုင်ရပ်ကွက်က ဆိုပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်း ကုန်စည်ဒိုင် ဈေးကွက်မှာ မေလတတိယပတ်အတွင်း အစေ့ထုတ် ပြောင်း ကို တရုတ်ဝယ်လက် ရှိတာ ကြောင့် မန်းပွဲရုံတွေက အဝယ်လိုက်နေ သလို ပဲရာဇာကိုလည်း မန်းပဲခွဲစက်များ က ရသလောက်ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ် ကောင်း ခဲ့သလို ဈေးနှုန်းကလည်း ခပ်စွာစွာ အခြေအနေမှာ ရှိနေပါတယ်။
အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ယခုရက်ပိုင်း အတွင်း မြန်မာမတ်ပဲ၊ ပဲစင်းငုံဈေးများ အပြောင်းအလဲမရှိ တည်ငြိမ် နေပါတယ်။ဒေလီနဲ့ဘီကနာဈေးကွက်တွေမှာလည်း ကုလားပဲ ကို ဝယ်အားနည်းပြီး ဈေးငြိမ်နေပါတယ်။ ကန်ပါဈေးကွက်မှာ ဝယ်အားနည်းလို့ ပဲနီလေးနဲ့ မတ်ပဲဈေးကျဆင်းနေပါတယ်။ ဒေစီစားတော်ပဲနဲ့ ပဲစင်းငုံကတော့ ဝယ်အားကောင်းလို့ ဈေး တက်နေပါတယ်။ ဂျိုက်ပါဈေးကွက်မှာ မတ်ပဲဈေးတက်ပြီး ကုလားပဲ၊ပဲတီစိမ်းဈေး ကျနေပါတယ်။ ကိုယ်ကတ္တားဈေး ကွက် မှာ မြန်မာမတ်ပဲ FAQ ၊ ကနေဒါပဲနီလေး၊ ပဲဝါလေးကို ဝယ် အားကောင်းလို့ ဈေးခိုင်နေပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်အတွင်း နနွင်း ၁၅၀ ဒသမ ၁၆ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်များမှာ ပါကစ္စတန်နိုင်ငံကို ၂၉ ဒသမ ၉၆ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ကို ၂၈ တန်၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၂ တန်နဲ့ မလေးရှား နိုင်ငံကို ၇၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် နနွင်းတင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် တစ်ရာ့နှစ်ဆယ် ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၤဥြ ဈေးက တစ်တန် ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၃၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ယခုလအထိ နနွင်းတင်ပို့မှုစုစုပေါင်း တန်ချိန်မှာ ၂၁၈၄ ဒသမ ၉၈၈ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ကိုးသိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ဒီတစ်ပတ်မှာတော့ နနွင်းအရောင်းအဝယ်မှာ တရုတ်က အဝယ် နောက်ပြန်ဆုတ်သွားတဲ့အတွက် အရောင်း အဝယ် အေးသွားခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန်တွေ ကတော့ အတော်လေးရှိသေးတယ်လို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ ဈေးကတော့ တစ်ပိဿာကို ၆၅၀ ကျပ်ဈေးရှိ ပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ အရောင်းအေးနေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်တဲ့ သူတွေလောက်သာ အဝယ်ရှိ နေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်သူတွေက နနွင်းကို အလှဆုံး၊ အကောင်းဆုံး ဖြစ်တဲ့ ဆင်တောင်နနွင်းကို အဆွဲ များလို့ တစ်ပတ်အတွင်း ပိဿာချိန် ၅၀၀၀၀ ပတ်ဝန်းကျင် ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက အင်းနနွင်း တစ်ပိဿာ ၇၀၀ ကျပ် - ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်းကတော့ တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ် - ၁၀၅၀ ကျပ်ဈေးရှိတယ်လို့ ပွဲရုံများမှ သိရပါတယ်။စောယုထွေး တောင်ကြီး
ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်အတွင်း မန်ကျည်းတင်ပို့မှု တန်ချိန်က ၅၆ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုနဲ့ ယှဉ် ရင် ရှစ်တန်ကျော်သာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၁၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီ တစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သောင်းသုံး ထောင်ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ် ရေးဇုန်က ၂၀၁၃ ခုနှစ်ဧပြီလတွင် ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် တန် ၁၃၀ တင်ပို့နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်း ယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းလျော့နည်း ခဲ့ပါတယ်။ မိမိနိုင်ငံမှငရုတ်သီးခြောက် များအား မဲဆောက်မှ ဘန်ကောက်အထိတင်ပို့ပြီး ဘန်ကောက်တွင်တန်ဖိုးမြှင့် ထုတ် ကုန်အဖြစ် ထုတ်လုပ်၍ မလေးရှားသို့ ဆက်လက်တင်ပို့ ကြောင်း သိရှိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေး ဇုန်က ၂၀၁၃ ခုနှစ် ဧပြီလတွင် ကန်ဒေါ်လာ သုည ဒသမ ၂၆၀ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၆၄၉ တန်ကျော်တင်ပို့နိုင်ခဲ့ ပြီး အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၃ မတ်လနှင့်နှိုင်းယှဉ်ပါ ကကန်ဒေါ်လာသုည ဒသမ ၁၃၃ သန်းလျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ၏ဈေးကွက် အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်တဲ့ အနေအထားရှိပြီး ကြက်သွန်နီ အလုံးသေးများကိုပိုမို ကြိုက်နှစ်သ က်ကြောင်း၊ စားသောက်ဆိုင်များနဲ့ ဟိုတယ် အစားအစာများတွင် အသုံးများကြောင်း သိရှိရပါတယ်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ ချင်းစိုတင်ပို့မှုဟာ ၂၀၁၀-၂၀၁၁ တစ်နှစ်မှာသာ တန်ချိန် ၇၀ တင်ပို့မှုရှိခဲ့ပြီးကျန်နှစ်တွေမှာ တင်ပို့မှုမရှိခဲ့ပါ။ ဒါပေမဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစ ဧပြီလမှတန်ချိန် ၁၃၁ တန်ကျော်၊ တန်ဖိုးဒေါ်လာ ၃၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် မေလ ၁၁ ရက်အထိမှာ ၁၃၁ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၃၅၀၀၀ ဖြင့် တင်ပို့ ပြီးဖြစ်ပါတယ်။ ထပ်ပြီးလည်းတင်ပို့ဖို့အလားအလာ ကောင်းနေပါတယ်။
ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်ရှိပြီး၊ ယခင် တစ်ပတ်က ထက် အိတ် ၅၀ ခန့်ကို ပိုမိုဝင်ရောက်လာပါတယ်။ အဝင်များပေမယ့် ဈေးနှုန်းများ ယခင်ပတ် ဈေးအတိုင်း ချင်း(ရှယ်)တစ်ပိဿာကို ၁၀၀၀ ကျပ်၊ (ဂျွန်) တစ်ပိဿာ ၉၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး၊ နေ့စဉ် ပိဿာချိန် ၃၀၀ ခန့် ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ် စားသုံးမှု အဖြစ် ဈေးကွက်မှတစ်ဆင့်ယခုတစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိကြောင်းလည်း သိရပါ တယ်။ဝင်းဝင်းခိုင် - ပြည်
