Background
မလေးရှားနဲ့ တရုတ်တိုင်ပေကို ပဲတီစိမ်းတန်ချိန် ၂၅ဝဝ ကျော်တင်ပို့ ယခုတစ်ပတ်အတွင်း အိန္ဒိယက အဝယ်မရှိသလောက်ဖြစ်ပေမဲ့ ပင်လယ်ရေကြောင်းက မလေးရှားနဲ့ တရုတ်တိုင်ပေကို တန်ချိန် ၂၅ဝဝ ကျော်တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးနဲ့ ကျောက်ပန်းတောင်းဘက်ကပဲတီစိမ်းများဈေးကွက်ကို အနည်းငယ်စီ စဝင်လာပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံမှာလည်း ပဲတီစိမ်းသစ်တွေ ထွက်ပေါ်နေပြီဖြစ်လို့ လက်ရှိပြည်တွင်း ဈေးကွက်တွေမှာ တရုတ်ဝယ်လက် အဝယ်နည်းနည်းအေးတယ်လို့ သိရပါတယ်။ ရန်ကုန်FOB ဈေးများကို ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ပဲတီစိမ်း(အညာ) ပခုက္ကူ ပဲတီရွှေဝါအသေး၁၄-၁ဝ-၁ဝ ၈၈ဝ-၈၉ဝ ၉၇ဝ-၉၈ဝ ၁၁၅ဝ-၁၁၈ဝ၇-၁ဝ-၁ဝ ၈၆ဝ-၈၈ဝ ၉၅ဝ-၉၆ဝ ၁၁၂ဝ-၁၁၃ဝMIRT (MAPT)
ကာလတိုအတွင်း အိန္ဒိယပဲမျိုးစုံဈေးနှုန်း ၁ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင် အိန္ဒိယနိုင်ငံအတွင်း ပွဲတော်ရာသီ ကျရောက်လာပြီဖြစ်လို့ ဝယ်လိုအား မြင့်တက်လာဖွယ် ရှိတာကြောင့် ပဲမျိုးစုံ ဈေးနှုန်း မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဒီပါဝလီလို အဓိကပွဲတော် ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ ပဲမိုျးစုံ ဝယ်လိုအား ဟာ ၁ဝ-၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယခုနှစ် ပဲအထွက် မြင့်တက်မယ့် ခန့် မှန်းချက်များကြောင့် ကာလရှည်မှာ တော့ ဈေးများများစားစား မြင့်တက် ဖွယ် မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မိုးရာသီ ပဲမျိုးစုံ စိုက်ဧရိယာဟာ မနှစ်ကထက်စာရင် ဟက်တာ သိန်း ၂ဝ မြင့်တက်ခဲ့ပြီး၊ အထူးသဖြင့် ပဲစင်းငုံ၊ မတ်ပဲနဲ့ပဲတီစိမ်း စိုက် ဧရိယာ ပိုမိုတယ်လို့ဆိုပါတယ်။ ပဲစင်းငုံ တစ်မျိုးထဲရဲ့ စိုက်ပျိုးမှုဟာ ထက်ဝက်ကျော် တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စာရင်း များအရ ယခုရာသီအတွင်း စုစုပေါင်း ပဲစိုက်ဟက်တာ ၁၁ဝ သိန်းရှိလို့ ယခင် နှစ် စိုက်ပျိုးတဲ့ဟက်တာ ၉ဝ သိန်းထက် ဟက်တာသိန်း ၂ဝ ပိုမိုနေပါတယ်။ ဒါပေမဲ့ အချို့ဒေသတွေမှာ မိုးရက်ရှည် ရွာသွန်းမှု ကြောင့် သီးနံှများပျက်စီးမှု ရှိတယ်ဆိုတဲ့သတင်းများ ထွက်ပေါ်ခဲ့ ပေမဲ့ ပမာဏ အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။ ပျမ်းမျှအထွက်နှုန်း တစ်ဟက်တာကို ၅ဝဝ ကီလိုနှုန်းနဲ့ တန်ချိန် ၁ဝ သိန်းကို ပိုပိုထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ နောက်အရေးပါတဲ့ အချက်ကတော့ မြေဆီလွှာအစို ဓာတ်ရှိနေခြင်း က ဆောင်းရာသီစိုက်ပျိုးမှု အတွက် အခွင့် အရေး တစ်ရပ်ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ ဆောင်းသီးနံှကို အောက်တိုဘာ၊ နိုဝင်ဘာမှာစတင်စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်လမှာ ရိတ်သိမ်းကာ နှစ်စဉ် ထုတ်လုပ်မှုရဲ့ ၆ဝ ရာခိုင်နှုန်းထွက်ရှိ တယ်လို့ သိရပါတယ်။ ပြည်တွင်း ထုတ်လုပ်မှုမြင့်တက်တဲ့တိုင် ပြည်ပက တော့ ဆက်လက် တင်သွင်းနေရဆဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်လာတာနဲ့အမျှ ကျေးလက် ဒေသဝင်ငွေတိုးတက်လာသလို ဝယ်ယူ စားသုံးမှုနှုန်း မြင့်တက်လာတာကြောင့် လို့ဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပထမ အကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီပဲထုတ်လုပ်မှုဟာ တန်ချိန် ၆ သန်း ရှိနိုင်မှာဖြစ်လို့ ၂ဝဝ၉-၁ဝ ထုတ် လုပ်မှု ခန့်မှန်းတန်ချိန် ၄ ဒသမ ၃ သန်း ထက် ပိုမိုနေပါတယ်။ ကုလားပဲ ထုတ်လုပ်မှုကို စတုတ္ထအကြိမ် ခန့်မှန်း ရာမှာ ၂ဝဝ၉-၁ဝ မှာ တန်ချိန် ၇ ဒသမ ၃၅ သန်း ရှိပြီး၊ ၂ဝဝ၈-ဝ၉ မှာ တန်ချိန် ၇ ဒသမ ဝ၅ သန်းရှိခဲ့ပါတယ်။ မိုးရာသီ ပဲစိုက်ဧရိယာ တိုးတက်လာတာနဲ့အမျှပဲမျိုးစုံ ဈေးနှုန်းလည်း အကျဘက် ဆင်းခဲ့ရာ အထူးသဖြင့် ကုလားပဲဈေး ကျဆင်းခဲ့ပါတယ်။ ဒီပါဝလီပွဲတော်ပြီးရင်တော့ ပဲမျိုး စုံ ဈေးနှုန်းကျဆင်းဖွယ်ရှိပါတယ်။ ယခု ရာသီအထွက်မြင့်တက်မယ့် အခြေအ နေကြောင့် ပဲမျိုးစုံဈေးနှုန်း တည်ငြိမ် နိုင်ပြီး မြင့်တက်မှုရှိခဲ့ရင်တောင် ၅-၁ဝ ရာခိုင်နှုန်းဝန်းကျင်သာ တက်နိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်၊ှSource: commodityonline
ဆောင်းသီးနံှ မတ်ပဲစိုက်ပျိုးစရိတ် လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှထုတ်ပေးနေပြီ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း လက်ပံတန်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် မတ်ပဲစိုက်ပျိုးစရိတ် ချေးငွေချေးပေးမည့်ကျေးရွာအုပ်စု ၁၄ အုပ်စုရှိတဲ့အနက် ၄ အုပ်စုမှ တောင်သူ ၃၆၇ ဦး၊ ဧက ၂၁၈၂ ဧကအားတစ်ဧကကို ၁ဝဝဝဝ ကျပ်အတိုးနှုန်း ၁ ကျပ် ၂၅ ပြားနှုန်းဖြင့် အောက်တိုဘာလမှ စတင်၍ ထုတ်ချေးပေး နေပြီဖြစ်ရာ ဧပြီလမှာ ပြန်လည်ပေးဆပ်ရမယ်လို့ သိရပါတယ်။ ၎င်းကျေးရွာအုပ်စု ၁၄ အုပ်စုမှ မတ်ပဲ စိုက်ဧက ၁ဝဝဝဝ ကို ယခုနှစ် မတ်ပဲစိုက်ရာသီမှာ ကြိုတင်ထုတ်ချေးပေးသွားမယ် လို့ သိရပါတယ်။စိုးငြိမ်
ဈေးမြင့်တက်လာတဲ့ ပြည်မတ်ပဲဈေး ပြည်မြို့မှာ မတ်ပဲဈေးကတော့ အနည်းငယ်မြင့်တက်လာတာကို တွေ့ရပြီး ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးနဲ့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲကုန်သည်တွေရဲ့ လက်ထဲမှာ လက်ကျန်နည်းလာတဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ပြီး မျိုးအတွက်လည်း ဝယ်ယူနေကြပြီးဖြစ်တဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိပြီးမြို့တွင်း ပဲကုန်သည်တွေရဲ့ တစ်နေ့အရောင်းအဝယ် ဖြစ်မှုကတော့ တစ်တင်းခွဲအိတ် ၂ဝဝ- ၃ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ တင်ပို့မှု အနေဖြင့် တိုင်းတွင်းမှ ရန်ကုန် ကို အများဆုံးတင်ပို့ပြီး အောက်တိုဘာလဆန်းမှ ဒုတိယ ပတ်အထိ တစ်တင်းခွဲအိတ် ၂၄ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။မိမိအေး
တစ်လအတွင်း အိန္ဒိယမတ်ပဲဈေးကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအသစ် တစ်နေ့ကို အိတ် ၄ဝဝဝ ခန့်ထိ ဝင်ရောက်မှု တိုးတက် နေတာရယ်၊ အရည်အသွေးကောင်းပဲများမရှိလို့ ဝယ်ယူမှုနည်းတာရယ်တွေကြောင့် စက်တင်ဘာလ ၁၃ ရက်နဲ့ အောက်တိုဘာလ ၁၃ ရက်အတွင်း မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်ကျဆင်းလာတာ တွေ့ရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ပဲအကန့် အသတ်သာရရှိနိုင်လို့ နိုင်ငံတကာ ကမ်းလှမ်းမှု ငြိမ်သက်နေတယ်လို့ သိရပါတယ်။ ပဲအထွက်မြင့်တက်မှာဖြစ်လို့ကာလတိုအတွင်း ဈေးနှုန်းလျော့ကျနိုင်မယ်လို့ ဆိုပါတယ်။ မွန်ဘိုင်းဈေးကွက် ပေါက်ဈေးနဲ့ ချန်နိုင်း C & F ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ ချန်နိုင်း(C&F)၁၃-၁ဝ-၁ဝ ၉၄၄ ၁ဝ၂၅ ၁၁၂၅၁၃-၉-၁ဝ ၁၁၃၄ ၁ဝ၃၁ ၁၁၉ဝ MIRT(MAPT)
တင်ဒါအတွက် အဝယ်ရှိလို့ မတ်ပဲတန် ၈၅ဝဝ ခန့်တင်ပို့မှုရှိ အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲအသစ်တွေ ဝင်ရောက်လာပြီ ဖြစ်ပေမဲ့ တင်ဒါလိုအပ်ချက်အတွက် ယခုလဆန်းပိုင်းက အိန္ဒိယဝယ်လက်တွေ အဝယ် ရှိခဲ့လို့ ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်းက တန်ချိန် ၈၅ဝဝ ခန့်တင်ပို့ ခဲ့ပါတယ်။ ဈေးကွက် အတွင်း ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက် အဝယ်ပြန် အေးသွားလို့ ဈေးအနည်းငယ်လျော့ကျသွားပေမဲ့ ပါကစ္စတန်အတွက် စင်ကာပူ ဝယ်လက်များအဝယ်ရှိနေလို့ အရောင်းအဝယ်အနည်းငယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) (SQ)၁၄-၁ဝ-၁ဝ ၉၅ဝ-၉၆ဝ ၁၁၂ဝ-၁၁၃ဝ၇-၁ဝ-၁ဝ ၉၄ဝ-၉၅ဝ ၁၁၁ဝ-၁၁၂ဝMIRT(MAPT)
ဒေသတွင်းကြာဇံစက်များကို မှီခိုနေရတဲ့ မုံရွာမြေထောက်ပဲဈေးကွက် မုံရွာပဲဈေးကွက်မှာ ပြည်ပဝယ်လက်မရှိဘဲ ဒေသတွင်းအဝယ်ကိုသာအားကိုးနေရတဲ့အတွက် ဈေးအေးနေတဲ့ ပဲမှာမြေထောက် ပါ။ အဝယ်ပါးတဲ့အတွက် ဈေးငြိမ်နေပြီး တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့်သာအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။အောင်မင်း
မြေထောက်ပဲလက်ကျန်များ တိုးတက်တင်ပို့နေ မြေထောက်ပဲလက်ကျန်များကို ဆက်လက်တင်ပို့လျက်ရှိရာ ယခု တစ် ပတ် (အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်)အတွင်း တန်ချိန် ၅ဝဝ နီးပါးအထိ တိုးတက် တင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့ဖြစ်ပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုမှာ တန်ချိန် ၇ဝဝ သာရှိရာ အောက်တိုဘာလ ဒုတိယပတ် အထိ တန်ချိန် ၆၅ဝ ခန့် တင်ပို့ပြီးကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာအောက်တိုဘာလ ၇ ရက်က တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိခဲ့ရာမှ အောက်တိုဘာလ ၁၄ ရက်မှာ ကန်ဒေါ်လာ ၆၃ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ (Unpolished ) တစ်တန်ကို ကန်ဒေါ်လာ ၇၇၉ ဖြစ်ပြီး (Polished )တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၂ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT
ဈေးမြင့်လာသော်လည်း အရောင်းအဝယ်အေးတဲ့ ပဲစင်းငုံ ပြည်ပဲစင်းငုံမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၉ဝဝဝ ကျပ် ဈေးရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်း ၅ဝဝ ကျပ်တိုးကာ ၁၉၅ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ ဈေးအနည်းငယ်တက်လာသော်လည်း ရောင်းဝယ်သူမရှိဘဲ အရောင်း အဝယ်မဖြစ်ကြောင်း သိရပါတယ်။ ယခုအချိန်ထိ ကြိုက်ဈေး မရသေး သည့်အတွက် ဈေးကောင်းရချိန်ကို ဆက်လက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။ယခင်တစ်ပတ်က အရောင်းအဝယ်အသင့်အတင့်ရှိခဲ့သော်လည်း ယခု တစ်ပတ် မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
တစ်လအတွင်း ပဲစင်းငုံဈေးနှုန်းအနည်းငယ်လျော့ကျ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ လက်ကျန်အသင့်အတင့် ရှိနေသေးတာကြောင့် ပွဲတော်အတွက် အဝယ်ရှိပေ မဲ့ ဈေးမတက်ဘဲ တစ်လအတွင်း ဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ ပဲစင်းငုံပင်များမှာလည်း ရာသီဥတု အခြေအနေပေးတဲ့အတွက် ဖွံ့ဖြိုးတိုးတက်နေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ဈေးလျော့ကျဦးမယ်လို့ သုံးသပ်ကြပါတယ်။ ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၁၃-၁ဝ-၁ဝ ၇၄၂ ၈၃၅၁၃-၉-၁ဝ ၇၇၇ ၈၅ဝMIRT(MAPT)