Background
အရောင်းအဝယ်အေးသွားတဲ့ ရှမ်းပဲစင်းငုံ အကျဈေးနဲ့ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံက ပြီးခဲ့တဲ့အပတ်တွေမှာ အရောင်းသွက်နေပါတယ်။ ကုန်သည် တွေကလည်း ငွေပေါ်ဘို့အတွက် ပြန်ရောင်း နေကြသလို ရန်ကုန်ဝယ်လက်တွေလည်း အနည်းငယ် ဝယ်လာ တာကြောင့် ဟိုပုံးနယ်မှာ ထိပ်စ လို့ခေါ်တဲ့ ရွှေဖလားမျိုး ပဲစင်းငုံတွေ ကုန်သလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အခုလဆန်းပိုင်းမှာတော့ အရောင်း အဝယ်က ပြန်အေး နေပါတယ်။ ကုန်တင်ယာဉ်တွေမှာ တန်ပို တင်ဆောင်ခွင့် ကန့်သတ် လိုက်တာ ကြောင့် ဝယ်လက်တွေ လည်း ခဏနား နေတယ်လို့ သိရပါတယ်။ တောင်ကြီးက ကုန်သည်တွေမှာတော့ လက်ကျန်တွေအနည်းငယ်ကျန်နေသေးတယ်လို့ သိရပါတယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ တစ်ပိဿာ ၉၅ဝ ကျပ်ရှိပြီး၊ ဒီတစ်ပတ်မှာ တစ်ပိဿာ ၉၈ဝ ကျပ်ရှိတယ်လို့ ပွဲရုံတွေထံက သိရ ပါတယ်။ ရန်ကုန်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် စက်တင်ဘာလအတွင်း ပဲစင်းငုံပိဿာချိန် ၆ ဒသမ ၅သိန်း စီးဆင်း သွားတယ်လို့ ဒေသခံကုန်သည်များထံက သိရပါတယ်။ ဧဧခိုင်
စက်တင်ဘာလကုန်ပတ် ပဲစင်းငုံနီဈေးထပ်မံကျလာ မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်မှာ ပဲစင်းငုံနီဟာ စက်တင်ဘာလ အတွင်း အရောင်းအဝယ်အား အနည်းဆုံး အိတ်စပို့ပဲအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ပြည်ပဈေးကွက်ဝယ်လိုအားနဲ့ ပေါက်ဈေးနိမ့်ကျမှုရဲ့ ဂယက်ကြောင့် ဒီလထဲမှာ တစ်တင်း ၁၈ဝဝဝ ကျပ်ထိ အနိမ့်ဆုံး ကျဆင်းသွားခဲ့ရပါတယ်။ မန္တလေးနဲ့ ရန်ကုန် အဝယ်ရှိတဲ့ နေ့တွေမှာ တစ်တင်း ၂ဝ၈ဝဝ ကျပ်ထိ အမြင့်ဆုံးတက်ခဲ့ပေမဲ့ နေ့စဉ် ရောင်းဝယ်မှုအနေနဲ့ တစ်ရက်ပျမ်းမျှတင်း ၅ဝဝ မှ ၈ဝဝ အတွင်းသာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ စက်တင်ဘာလ အတွင်း ပဲစင်းငုံ ထပ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့် ရန်ကုန်ကို တင်း ၅၅ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့ခဲ့ကြောင်း လေ့လာ သိရှိရပါတယ်။ ထွန်းလှိုင်
ပြည်ပဲစင်းငုံ အရောင်းအဝယ်အေးပြီးဈေးငြိမ် ပြည်ပဲစင်းငုံဈေးမှာ ယခုတစ်ပတ်အထိ ဈေးငြိမ်နေဆဲဖြစ်ပါတယ်။ တောင်သူများမှာ လက်ကျန်များ ရှိနေ သော်လည်း ကြိုက်ဈေးမရတဲ့အတွက် ထုတ်မရောင်းသေးဘဲ ဈေးကောင်း စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာ တစ်လလုံး ပဲစင်းငုံ အဝင်အထွက်မရှိဘဲ အရောင်းအဝယ်အေး နေခဲ့တာ ကို တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေး ပိဿာ ၂ဝ တစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
အိန္ဒိယပဲစင်းငုံဈေး တစ်လအတွင်းတည်ငြိမ်နေ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန် အထိုက် အလျောက်ရှိနေပေမဲ့ အဝယ် လိုက်နေတာကြောင့် အခြားပဲဈေးတွေလို ကျဆင်း မသွားဘဲ တစ်လအတွင်းငြိမ်နေတာတွေ့ရပါတယ်။ ယခုနှစ် စက်တင်ဘာလ ၁ဝရက် နေ့ စာရင်းအရ ပဲစင်းငုံစိုက်ပျိုးမှုဟာ ဟက်တာ ၄၃ ဒသမ ၅၆ သိန်းရှိတာကြောင့် ယခင်နှစ် ကာလတူ စိုက်ဟက်တာ ၃၂ ဒသမ ၂၆ သိန်းထက် ဟက်တာ ၁ဝ သိန်းကျော် ပိုမိုတာကို တွေ့ရပါတယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ လက်ရှိရာသီဥတုက သီးနံှအထွက်ကောင်းဖို့ အခြေအနေပေးတာကြောင့် ကာလတို အတွင်း ဈေးနှုန်း လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သြဂုတ်လကုန်နဲ့ စက်တင်ဘာလ ကုန်ဈေးနှုန်းများ နှိုင်းယှဉ်ဖာ်ပြလိုက်ပါတယ် - ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း၃ဝ-၉-၁ဝ ၇၇၉-၇၉၆ ၇၉ဝ၃ဝ-၈-၁ဝ ၇၃၇-၇၄၂ ၇၆၉MIRT(MAPT)
ယခုတစ်ပတ်ပဲစင်းငုံတန် ၄ဝဝဝ ခန့်ထိ တင်ပို့မှုရှိ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းမှ ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ၂ဝဝဝ ဝန်းကျင်သာရှိရာမှ ယခု တစ်ပတ်မှာ တန်ချိန် ၄ဝဝဝ ခန့်ထိ တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်ပြန်လိုက်လာတာကြောင့် တင်ပို့မှုပိုလာသလို ရန်ကုန် FOB ဈေးလည်း အနည်းငယ်တက်လာခဲ့ ပါတယ်။ FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၇ဝ၊ ပဲစင်းငုံဖြူနီနဲ့အဖြူတစ်တန်ကို ကန်ဒေါ်လာ ၆၅ဝ-၆၆ဝ ရှိရာမှ အောက်တိုဘာလ ၁ ရက်မှာ ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၇ဝ-၇၈ဝ ကိုတိုးတက်ခဲ့ပြီး၊ ပဲစင်းငုံဖြူနီနဲ့အဖြူမှာ ဈေးပြောင်းလဲခြင်း မရှိကြောင်း သိရပါတယ်။
အိန္ဒိယ PEC က ပဲမျိုးစုံတန်ချိန် ၁၃၈ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း တင်ပို့ရမယ့် ပဲမျိုးစုံတန်ချိန် ၁၃၈ဝဝဝ တင်သွင်းဖို့ တင်ဒါ နှစ်မျိုးခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ပထမတင်ဒါမှာ ကနေဒါမှ ပဲဝါလေးတန်ချိန် တစ်သိန်း ဖြစ်ပြီး ဒုတိယတင်ဒါမှာ ပဲမျိုး စုံတန်ချိန် ၃၈ဝဝဝ ဖြစ်ပါတယ်။ ပထမ တင်ဒါတင်သွင်းသူများအနေနဲ့ ပဲဝါလေးတန်ချိန် ၅ဝဝဝဝ ကို အောက်တိုဘာနဲ့ နိုဝင်ဘာ လအတွင်း မွန်ဘိုင်းဆိပ်ကမ်းကို တင်ပို့ရမှာဖြစ်ပြီး နောက်တန်ချိန် ၅ဝဝဝဝ ကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း မွန်ဘိုင်း ဆိပ်ကမ်းကို တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယတင်ဒါအရ တင်သွင်းမယ့်ပဲများကတော့ မြန်မာပဲစင်းငုံတန်ချိန် ၂ဝဝဝ၊ တန်ဇန်းနီးယားပဲစင်းငုံတန်ချိန် ၈ဝဝဝ၊ မာလာဝီပဲစင်းငုံတန်ချိန် ၄ဝဝဝ၊ မိုဇမ်းဘစ်ပဲစင်းငုံတန်ချိန် ၄ဝဝဝ၊ မြန်မာမတ်ပဲ FAQ တန် ၄ဝဝဝ၊ မြန်မာမတ်ပဲ SQတန်ချိန် ၂ဝဝဝ၊ မြန်မာပဲတီစိမ်းပခုက္ကူတန်ချိန် ၂ဝဝဝ၊ သြစတြေးလျကုလားပဲဖြူလုံးကြီးတန်ချိန် ၄ဝဝဝ၊ ကနေဒါနဲ့ အမေရိကန်တို့က ပဲလုံးတန်ချိန် ၈ဝဝဝ စီတို့ဖြစ်ကြောင်း သိရပါတယ်။ ယင်းပဲများကို မွန်ဘိုင်း၊ ကိုလ်ကတ္တားနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမှာဖြစ်ပြီး၊ တင်ဒါတင်သွင်းရမယ့် နောက်ဆုံးရက်မှာ စက်တင်ဘာလ ၂၇ ရက်ဖြစ်ကြောင်းသိရပါတယ်။ယမင်းခင်၊ Source: commodityonline
နိုက်ဂျီးရီးယားသို့ ဆန်တန်ချိန် တစ်သန်းရောင်းချရန် ထိုင်းမျှော်မှန်း ထိုင်းအစိုးရက မကြာသေးခင်က သိုလှောင်ထားတဲ့ ဆန်များမှ ဆန်တန်ချိန် တစ်သန်းကို ပြည်တွင်းကို ရောင်းချ ပေးခဲ့ ပါတယ်။ ပြည်တွင်း ဈေးနှုန်း တည်ငြိမ်စေဖို့နဲ့ သိုလှောင်ထားတဲ့ ဆန်တွေကို ရှင်းလင်းဖို့ ရည်ရွယ်ကြောင်း၊ ကောက်သစ်များ ပေါ်တော့မှာ ဖြစ်ရာ ထိုင်းအစိုးရအနေနဲ့ သိုလှောင်ထားတဲ့ ဆန်တွေကို အမြန်ရောင်း ရမှာဖြစ်ကြောင်း၊ နိုက်ဂျီးရီးယားနဲ့ ဆီနီဂေါကို စက်တင်ဘာလ ၂၆ နဲ့ အောက်တိုဘာလ ၄ ရက်အကြားသွားမဲ့ ထိုင်းစီးပွားရေး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဆန်တန်ချိန် တစ်သန်းထပ်မံ ရောင်းချနိုင်မယ် မျှော်လင့်ကြောင်း သိရပါတယ်။ ပပ၊Source:The Nation.com
ထိုင်းဘတ်ငွေခိုင်မာနေခြင်းက ထိုင်းဆန်ဈေးကို မြင့်တက်စေတာကြောင့်အာရှဆန်ဈေးနှုန်းလည်း ပြောင်းလဲလာနိုင် ထိုင်းဘတ်ငွေ တန်ဖိုးခိုင်မာနေခြင်းနဲ့ ထိုင်းဆန်အရောင်းက အကန့်အသတ်သာရှိခြင်းတို့အပြင် ပြည်ပအဝယ်ကပုံမှန် ရှိနေခြင်းတို့ကြောင့် ယခုတစ်ပတ်အတွင်း အာရှဆန်ဈေးနှုန်း အနည်းငယ်ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။ ထိုင်း၁ဝဝ မှတ် ဆန်ဖြူအဆင့် ြ ဆန်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၄၉ဝ နဲ့ ငြိမ်နေရာမှ ဘတ်ငွေတန်ဖိုး ခိုင်မာနေတဲ့အတွက်လာမယ့် သီတင်းပတ်အနည်းငယ်မှာ ဆန်ဈေးနှုန်း မြင့်တက်လိမ့်အုံးမယ်လို့ ဆန်တင်ပို့သူများက ဆိုပါတယ်။ ထိုင်းဘတ်ငွေတန်ဖိုးဟာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ယခုနှစ်အတွင်း ၉ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့လို့ ၁၃နှစ် အတွင်း အမြင့်ဆုံးပမာဏကို ရောက်ရှိလာတယ်လို့ဆိုပါတယ်။ ဘတ်ငွေခိုင်မာနေခြင်း ကဆန်တင်ပို့သူများ အတွက်ငွေကြေးလဲလှယ်ရာမှ ဆုံးရှုံးမှု သက်သာစေဖို့ ဆန်တင်ပို့ဈေး ဒေါ်လာကိုတိုးမြင့်ဖို့ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။ ထိုင်းဆန်ကို ပုံမှန်ဝယ်ယူနေကြတဲ့ ဟောင်ကောင်၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့က ဈေးကွက်အတွင်းမှာ ဆန်အဝယ်ရှိနေဆဲ ဖြစ်ခြင်းကလည်း ဆန်ဈေးနှုန်း ခိုင်မာစေဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနဲ့ နိုက်ဂျီးရီးယားနဲ့ ဆန်ဝယ်ယူလိုတဲ့ အခြေအနေတွေကလည်း ဈေးနှုန်းကိုပိုမို အားကောင်းစေပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ ဆန်ဝယ်ယူရေးအဖွဲ့ Bulog ဟာ ထိုင်းဆန်တန်ချိန် ၃ သိန်းအထိ ဝယ်ယူဖို့ဆွေးနွေးလျက်ရှိပြီး နိုက်ဂျီးရီးယားကလည်း ဆန်တန်ချိန် တစ်သန်းဝယ်ယူဖို့ စိုင်းပြင်းလျက်ရှိနေပါတယ်။ ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့တဲ့ ထိုင်းနိုင်ငံဟာ ယခုနှစ် ဒီအချိန်ထိ ဆန်တန်ချိန် ၅ ဒသမ ၈ သန်းသာရောင်းချထားလို့ ယခင်နှစ် ကာလတူ ရောင်းချတဲ့ ဆန်တန်ချိန် ၆ ဒသမ ၃ သန်းထက် ၈ ရာခိုင်နှုန်းကျဆင်းနေပါတယ်။ ဒုတိယအများဆုံးဆန်တင်ပို့တဲ့ ဗီယက်နမ်နိုင်ငံ ဆန်ဈေးကတော့ ပြည်ပအဝယ်ပါးနေတာကြောင့် အနည်းငယ်ကျဆင်း နေပေမဲ့ ဆန်အရောင်းကလည်း အကန့်အသတ်သာရှိနေလို့ ဈေးတိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မဲခေါင်ဒေသမှာ ဒုတိယ သီးထပ်စပါးရိတ်သိမ်းပြီးတဲ့နောက် ဗီယက်နမ်မှာ ဆန်လက်ကျန် လျော့နည်းလာခြင်းနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့က ဆန်စဝယ်တော့မယ့် သတင်းများက လက်ရှိအချိန်ထိ ဆန်ဈေးနှုန်းကို မြှင့်တင်ပေးခြင်း မရှိသေးဘူးလို့ ကုန်သည်တစ်ဦးကဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝ၁၁ ခုနှစ်အတွက် ဆန်တင်သွင်းမှုကို နိုဝင်ဘာလမှစပြီး အနည်းငယ်တင်သွင်းဖို့ စီစဉ်နေပြီးအင်ဒိုနီးရှားနိုင်ငံကလည်း ယခုနှစ် ဒါမှမဟုတ် နောက်နှစ်မှာ ဆန်အမြောက်အမြားသိုလှောင်ဖို့ တင်သွင်းမယ်လို့ ဆိုပါတယ်။ဗီယက်နမ် ၅ မှတ်ဆန်ဈေးဟာ ယခင်သီတင်းပတ်က တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝ ရှိရာမှ ယခုအခါ ကန်ဒေါ်လာ၄၅ဝ-၄၇၅ ရှိပြီး ၂၅ မှတ်ဆန်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၄၂ဝ-၄၃၅ မှ ၄၃၅ ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။လမင်း၊ှSources: Reuters
ယူအေအီးက ဆန်တင်သွင်းမှုပြောင်းလဲလာမယ်ဆိုရင် ပါကစ္စတန်အကျိုးရှိနိုင် ယူအေအီးနိုင်ငံက အိန္ဒိယဆန်တင်သွင်းမှုကို လျှော့ချလာမယ်ဆိုရင် ပါကစ္စတန်က ယူအေအီးကို ဆန်တင်ပို့ရမယ့်အခွင့်အလမ်းရရှိလာနိုင်တယ်လို့ ဆန်တင်ပို့သူတစ်ဦးကဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ ယှဉ်ပြိုင်ရမှုကတော့ စိန်ခေါ်နေအုံးမှာပါလို့ ၎င်းကဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂ဝဝ၈ ခုနှစ်မှာ ဘာစမာတီမဟုတ်တဲ့ဆန်တင်ပို့မှုကို ပိတ်ပင်ခဲ့ခြင်းဟာ ယူအေအီးအတွက် အိန္ဒိယအပြင် အခြားနိုင်ငံတွေက ဆန်တင်သွင်းဖို့ဖြစ်လာခဲ့တယ်လို့ ကရာချိဆန်တင်ပို့သူ ှ့Shams U1 Islamကပြောကြားပါတယ်။ ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနမှ အစိုးရကို အကြံပြုတာကတော့ အိန္ဒိယနိုင်ငံက ဆန်ဈေးကွက်ဝေစုအမြောက်အမြားကို ရယူထားပေမဲ့ ဆန်ရောင်းချမှု ကျဆင်းလာပြီဖြစ်လို့ အိန္ဒိယနိုင်ငံက ဆန်တင်သွင်းမှုကို ရှောင်ရှားသင့်တယ်လို့ဆိုပါတယ်။ယခင်နှစ်က ယူအေအီးဟာ အိန္ဒိယဆန်ကို ၇၂ ရာခိုင်နှုန်း၊ ပါကစ္စတန်ဆန်ကို ၂၁ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံက၆ ရာခိုင်နှုန်း တင်သွင်းခဲ့ကြောင်း၊ အိန္ဒိယအပေါ် မှီခိုအားထားမှုကို ရှောင်ရှားဖို့နဲ့ ထိုင်းနိုင်ငံက တိုးတက်ဝယ်ယူဖို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိယူအေအီးမှာ ထိုင်းစံပယ်ဆန်မွှေးက ထင်ရှား၊ လူသိများလာလို့ ပါကစ္စတန် တင်ပို့သူများအနေနဲ့ထိုးဖောက်ဖို့ ခက်နေသေးတယ်လို့ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ယခင်နှစ်က ဆန်တန်ချိန် ၄ ဒသမ ၆ သန်းတင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပြီး၊ ယခုနှစ်မှာလည်း တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။လဝန်း၊ှSource: riceonline
ယခုအပတ် ဒီဇယ်ဆီတင်သွင်းမှုပို စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှဓာတ်ဆီ ၈၈ဝ၄၅ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၅၉ သန်း၊ဒီဇယ်ဆီ ၁၂၁၅၂၄ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၈၇ သန်းဖိုးနဲ့ သဘာဝဓာတ်ငွေ့ရည် ၁၂ဝ၆ဝ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ၅၆၅၃ ဒေါ်လာဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကို ကော့သောင်းမှ ၂၂၅ဝဝ ဂါလန်၊ တာချီလိတ်မှ၆၅၅၄၅ ဂါလန် တင်သွင်းခဲ့ပြီး၊ သဘာဝဓာတ်ငွေ့ရည် ၁၂ဝ၆ဝ ကီလိုဂရမ်လည်းတင်သွင်းခဲ့ပါတယ်။ ကန်ပိုက်တီးကလည်း ဓာတ်ဆီ ၁၄၄၃ ဂါလန်နဲ့ တာချီလိတ်က ဓာတ်ဆီ၁၂ဝဝ၈ဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန်၃ဝ၁ဝဝဝ နီးပါး လျော့နည်းတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီကိုမူ ၉၄၂၇ ဂါလန်ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှ သဘာဝဓာတ်ငွေ့ရည်ကို ယခင်အပတ်က တင်သွင်းနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ယခုအပတ်မှာ ၁၂ဝ၆ဝ ကီလိုဂရမ် တင်သွင်းနိုင်ခဲ့ပါတယ်။တာချီလိတ်နယ်စပ်ရှိ တစ်ဖက်နိုင်ငံပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်-ဒီဇယ်ဆီ ၃ .၇၆ ဒေါ်လာဓာတ်ဆီ ၁ .၈၅ ဒေါ်လာသဘာဝဓာတ်ငွေ့ရည် ဝ .၄၇ ဒေါ်လာMIRT (DOBT)