Background
ယခုအပတ်လည်း တင်ပို့တာနည်း ယခုနှစ်အတွင်း ပင်လယ်ရေကြောင်းကနေ ပဲစင်းငုံတင်ပို့မှု လျော့နည်းလျက်ရှိရာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁ဝဝဝ ကျော်သာရှိလို့ သိသိသာသာတင်ပို့မှု နည်းလာတာတွေ့ရပါတယ်။ ယခင်နှစ်က အိန္ဒိယမှာ ပဲစင်းငုံအထွက်သိသိသာသာပိုပြီး လက်ကျန်ကလည်း များနေတာကြောင့် အိန္ဒိယဝယ်လက်တွေအဝယ်လျော့လာခဲ့တာကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်း ဈေးကွက်တွေမှာအိန္ဒိယဝယ်လက်များဈေးလျော့ပေးဝယ်ယူကြပြီးမြန်မာကုန်သည်များအနေနဲ့ဈေးမြင့်ပေးဝယ်ယူသိုလှောင်ထားမှုတွေကြောင့် လက်ရှိဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ အရောင်းအဝယ်လေးနေတဲ့ ပဲစင်းငုံရဲ့ ရန်ကုန် FOB ဈေးမှာ (စက်တင်ဘာလ ၁၆ ) ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ-၇၆ဝ သာရှိပါတယ်။ ပဲစင်းငုံလက်ဝယ်ရှိသူတွေကတော့ တစ်တန် ဒေါ်လာ ၈ဝဝရမှ ရောင်းဆယ်ဆိုပြီး ဈေးကိုင်နေကြပါတယ်။ ပဲစင်းငုံဖြူနီနဲ့ အဖြူတစ်တန်ကိုကန် ဒေါ်လာ ၆၅ဝ-၆၆ဝ ဈေးရှိကြောင်း သိရပါတယ်။MIRT - MAPT
ပြည်မတ်ပဲလည်း ဈေးငြိမ် မတ်ပဲဈေးကတော့ ပြည်ဈေးကွက်မှာဆက်လက်ငြိမ်နေပါတယ်။ယခင်တစ်ပတ်မှစပြီး ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာလည်း၂၆ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ပဲရောင်းဝယ်မှု အနေနဲ့ကတော့ ရန်ကုန်ဝယ်လက်ရော မြို့တွင်းရောင်းဝယ်သူများပါ အဝယ်ပုံမှန်ရှိနေပြီးတစ်နေ့ကို ပဲတစ်တင်းခွဲအိတ် ၂ဝဝ မှ ၃ဝဝ အထိ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ တိုင်းတွင်းမှ ရန်ကုန်ကို စက်တင်ဘာလဆန်းမှ တတိယပတ်အထိပဲအိတ် နှစ်သောင်းကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မိမိအေး
အိန္ဒိယမှာ လက်လီသမားများအဝယ်နည်းလို့ ဈေးကျ အိန္ဒိယပြည်တွင်းလက်ကားဈေးကွက်များမှာ လက်လီသမားများကဝယ်ယူမှုနည်းတာကြောင့် မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးများလည်း တစ်တန်ကို ရူပီး၁ဝဝဝ (ကန်ဒေါ်လာ၂၁ ဒသမ ၈) ခန့် ကျဆင်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ပဲ အဓိကစိုက်ပျိုးတဲ့ ဒေသများမှာ မိုးရွာသွန်းမှုတွေရှိလို့ ပဲအသစ်ဝင်ရောက်မှုဟာဝင်သင့်သလောက် မဝင်သေးဘူးလို့ သိရပါတယ်။ မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးဟာရူပီး ၁ဝဝဝ စီ လျော့ကျပြီး ရူပီး ၅၇ဝဝဝ-၆၂၅ဝဝ (ကန်ဒေါ်လာ ၁၂၄၂-၁၃၆၂)နဲ့ ရူပီး ၆၁ဝဝဝ-၆၅ဝဝဝ (ကန်ဒေါ်လာ ၁၃၃ဝ-၁၄၁၇) ဈေးအသီးသီးရှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Sources: P T I
ဟင်္သာတမတ်ပဲ ဈေးငြိမ် ဟင်္သာတဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝတစ်တင်းကို ၂၆၅ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလတတိယပတ်မှာလည်း ယင်းဈေးနဲ့ငြိမ်နေပါတယ်။ ယခုအပတ်ရဲ့ အရောင်းအဝယ်အနေ နဲ့ ဒေသမှ မတ်ပဲလက်ကျန်နည်းသွားပြီဖြစ်လို့ ဟင်္သာတပဲဈေးကွက်သို့ဝင်ရောက်မှုလည်း နည်းသွားပါတယ်။ အရောင်း အဝယ်ဖြစ်မှုမှာလည်း နည်းသွားပြီးရန်ကုန် ဈေးကွက်ကို နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ်၁ဝဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပင်လယ်ရေကြောင်းက တန် ၁ဝဝဝဝ ပို့ ယခင်တစ်ပတ်ထိ ပင်လယ်ရေကြောင်း တင်ပို့မှုအားကောင်းခဲ့တဲ့ မတ်ပဲဟာ ယခုတစ်ပတ် (စက်တင်လာ ၉ ရက်မှ ၁၅ ရက်) အတွင်းမှာတော့တန်ချိန်၁ဝဝဝဝခန့်ကိုအနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ် များကအိန္ဒိယနိုင်ငံ မှာ ပဲအသစ်တွေထွက်နေပြီဖြစ်လို့ အဝယ်လျော့ကျသွားတာကြောင့်တင်ပို့မှုလည်း အနည်းငယ်ကျဆင်း လာတာ ဖြစ်ပါတယ်။ယခုတစ်ပတ်မှာတော့ပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအဝယ်ပြန်လိုက်လာတယ်လို့သိရပါတယ်။ အိန္ဒိယပဲ စိုက်တဲ့ဒေသတွေမှာ မိုးရွာသွန်းမှုတွေရှိလာလို့ ဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှုနှေးကွေးတဲ့ အခြေအနေ တွေအရ မြန်မာနိုင်ငံမှာ အဝယ်ပြန် လိုက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOBဈေးအပြောင်းအလဲများကိုနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်ဒေါ်လာ/တန် မတ်ပဲ(FAQ) (SQ)၁၇-၉-၁ဝ ၉၆ဝ-၉၇ဝ ၁၁ဝဝ-၁၁၁ဝ၉-၉-၁ဝ ၉၄ဝ-၉၅ဝ ၁ဝ၅ဝ-၁ဝ၆ဝMIRT(MAPT)
ပင်လယ်ရေကြောင်းတင်ပို့မှုလျော့ သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာ ၅ ရက်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၅၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒဿမ ၃၃၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၄၁ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ၆၈၆ တန် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ် တင်ပို့မှုကတော့ တရုတ်ကို RSS-၃ တန် ၁ဝဝ၊ မလေးရှားကို RSS-၅ တန် ၃ဝဝ နဲ့ MSR (၅ဝ) ၅၅ တန်အသီးသီးဖြစ် ကြောင်းသတင်းရရှိ ပါတယ်။ု KZW
ပြည်တွင်းဈေးကွက် ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်း/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်) ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ (လက်ကား) ဘိလပ်မြေ ၄၉ဝဝ ဘိလပ်မြေ (စိန်) ၄၉၅ဝ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၆၄ဝဝ ဘိလပ်မြေ (မြန်မာဆင်) ၆ဝဝဝ ဘိလပ်မြေ(TPI) ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ကြံ့) မြိုင်ကလေး ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း)ထိုင်း ၅၂ဝဝ တောင်ငူ ဘိလပ်မြေ(ကြံ့) ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝ မကွေး ကျောက်ဆည်-ဆင်မင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ MIRT (MAPT)
ဘိလပ်မြေတန် ၅ဝဝဝ ကျော် ယခုအပတ်မှာ နယ်စပ်ကသွင်း စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၅ဝ၈ဝ ဒဿမ ၄၇တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၂၃ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ ၇၉၂ ဒသမ ၉ တန်၊ လွယ်ဂျယ်မှ တန် ၁ဝဝဝ၊ ကန်ပိုက်တီးမှ တန် ၁၆၈ဝ၊ ကော့ သောင်းမှ ၂၅ တန်၊ တာချီလိတ်မှ ၉၁၉ တန်၊ မြိတ်မှ ၅၈၃ တန်ခန့်နဲ့ စစ်တွေမှ ၈၁ တန်ခန့် အသီးသီးတင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က ၃၄ဝ၉ ဒသမ ၆ တန် တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၆၇ဝကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တစ်တန်ဈေးများ ကို ဖော်ပြပေးလိုက်ပါတယ်- စခန်း တံဆိပ် ဈေးနှုန်း မူဆယ် ဆင်၊ စွန်၊ ကမ္ဘာလုံး ၈၅ လွယ်ဂျယ် XiLin Po.. ၄ ၂.၅ ၈၅ စစ်တွေ တြိဂံ ၈၅ ကော့သောင်း ဆင် ၆၈ တာချီလိတ် ဆင် ၆၈ Mirt (dobt)
