Main menu

Background

Monday, 8 Feb 2010

    ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုသဘော တူညီချက်  AFTA အစီအစဉ်အရ ပြည်တွင်းဆန်ထုတ်လုပ်သူများအား ထိခိုက်မှုမရှိစေရန် ထိုင်းနိုင်ငံသည် ဆန်တင်သွင်းမှုအတွက် တင်းကျပ်သည့် သတ်မှတ်ချက်များ ချမှတ်ထားပါသည်။ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းမည့်ဆန်များ အား စံချိန်စံညွှန်းပြည့်မီမှု၊ သန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုတော့မည်ဟု ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားပါသည်။

Friday, 29 Jan 2010

      စစ်ကိုင်းတိုင်းမှာ မြေထောက်ပဲကို ကသာခရိုင်မှာ ဧက ၃ သောင်းကျော်၊ မော်လိုက်ခရိုင်မှာ ဧက ၆ ထောင်ကျော်၊ ကလေးခရိုင်မှာ ဧက ၃ ထောင်ကျော်၊ ခန္တီးခရိုင်မှာ ဧက ၇ ထောင်ကျော် စုစုပေါင်း ဧက ၅၄၇ဝဝ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဒီလအတွင်းပဲသစ်များ စတင် ထွက်ပေါ်စပြုနေပြီဖြစ်ပါတယ်။    ချင်းတွင်းမြစ်ဝှမ်း ကျွန်းမြေထောက်ပဲများ ဈေးကွက်လက်လှမ်း မှီရာ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကို တစ်ပတ်ကို အိတ်ရေ ၁၅ဝဝ မှ ၂ဝဝဝ ခန့် စတင်ဝင်ရောက်လို့လာပြီဖြစ်ပါတယ်။     ပဲအရည်အသွေးမှာ ယခင်နှစ်ထက်သာပြီး ဈေးနှုန်းမှာ တစ်တင်းကို ၁၄၅ဝဝ ကျပ်မှ ၁၅ဝဝဝ ကျပ်ထိရှိကာ ဝင်ရောက်ကာလမှာ ယခင်နှစ်ထက် တစ်လခန့်စောကြောင်း သိရပါတယ်။

Friday, 29 Jan 2010

      ယခုတစ်ပတ်အတွင်း ပခုက္ကူ ပဲစင်းငုံနီဈေးက တစ်တင်းကို ၂၈ဝဝဝ ကျပ်ပတ်ဝန်းကျင်မှာဘဲ တက်နဲနဲ၊ ကျနဲနဲနဲ့သွားနေခဲ့ပါတယ်။ အဝင်လည်းများလာသလို ဒိုင်မှာအရောင်းအဝယ်ဖြစ်မှုလည်းတိုးလာပါတယ်။ အနယ်နယ်အရပ်ရပ်တောင်သူအများစုကို မေးကြည့် တော့ ဒီနှစ်ပဲစင်းငုံအထွက် နှစ်တိုင်းနဲ့ယှဉ်ရင် တော်တော်နည်းတယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးလည်း အသစ်စဝင်လာပါပြီ၊ ၁၉ဝဝဝ ကျပ်ဈေးဖြစ်ပြီး လှောင်လက်   V2 အဟောင်းက ၁၈၉ဝဝ ကျပ်ဈေးရှိပါတယ်။

Friday, 29 Jan 2010

      ငွေကြေးဖောင်းပွမှု မြင့်တက်ချိန်မှာ ကုလားပဲဟာ အိန္ဒိယအစိုးရရဲ့ စောင့်ကြည့်အကဲခတ်ရမယ့် ကုန်စည်ဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ပဲသိုလှောင်မှုကန့်သတ်ခြင်းအပါအဝင် ကုလားပဲအပေါ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့တာကြောင့် လက်ရှိ ပြည်တွင်းမှာ ကုလားပဲအလံျှပယ်ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယကုလားပဲ တောင်သူများအသင်း လက်အောက်မှာရှိတဲ့ တောင်သူ များဟာ အစိုးရက တောင်သူတွေဆီက ကုလားပဲအနည်းဆုံး တန်ချိန်နှစ်သန်း ဝယ်ယူပေးဖို့တောင်းဆိုခဲ့ပါတယ်။

Friday, 29 Jan 2010

    ဂျပန်နိုင်ငံအခြေစိုက် ဆာတာကေး ကော်ပိုရေးရှင်းမှ ဝယ်ယူထားသော မြန်မာနိုင်ငံဆန်စက်များ ခေတ်မီဖွံ့ဖြိုးရေးအတွက် စက်ယူနစ် များတပ်ဆင်ပေးရန်ရောက်ရှိနေတဲ့ ပညာရှင် ၃ ဦးဟာ မြန်မာနိုင်ငံဆန်စပ်လုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က လာရောက်ပြီး ခေတ်မီဆန်ယူနစ်သစ်များ ထပ်မံရောင်းချပေးမယ့် အစီအစဉ်များကို တာဝန်ရှိသူများနဲ့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Friday, 29 Jan 2010

ဆန်စပါးလုပ်ငန်းကို အခြေခံမှစ၍ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မြို့နယ်အဆင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းခွဲများကို ၂ဝ.၁.၂ဝ၁ဝ နေ့က ဧရာဝတီတိုင်း၊ ကုံျပျော်မြို့နယ်နဲ့ ဓနုဖြူမြို့နယ်မှာလည်းကောင်း၊ ၂၁.၁.၂ဝ၁ဝ နေ့က မအူပင်မြို့နယ် ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်တို့မှာလည်းကောင်း အောင်မြင်စွာဖွဲ့စည်းပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။

Saturday, 23 Jan 2010

       အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ Nafed ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အရှေ့ဘက်ကမ်းခြေကို အရောက်ပို့ရမယ့် ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့ တင်ဒါကို ဇန်နဝါရီလ ၁၁ ရက်နေ့ ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှာခေါ်ယူထားပါတယ်။ ဒါ့အပြင် နောက်ထပ်တင်ဒါအနေနဲ့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတန်ချိန် ၅ဝဝဝ စီ ဒါမှမဟုတ်၊

Pages