Background
ရှမ်းချင်းက ဒီတစ်ပတ်လည်း ပြည်ပဝယ်လိုအားမရှိသေးပါဘူး။ ပြည်ပဝယ် လက်တွေက ထပ်ပြီးဝယ်ယူမှု မရှိတာကြောင့် ဈေးကလည်း ၂၀၀ ကျပ်နဲ့ ၃၀၀ ကျပ်မှာသာ ပတ်ချာလည်နေပါ တယ်။ ပြည်ပဝယ်လက် မရှိပေမဲ့ ပြည်တွင်းသုံးတွေ ကတော့ ပုံမှန်ဝယ်ယူနေတာကြောင့် အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေတယ်လို့ လည်းသိရ ပါတယ်။ ချင်း (စို)ကလည်း အတော်များများ ကျန်နေပါသေးတယ်။ ချင်း (စို) ဈေးကောင်းနေလို့ ချင်းခြောက်အဖြစ် မလုပ်တာကြောင့်လည်း ချင်းစိုတွေ က လက်ကျန်များနေတာလို့လည်း သိရပါတယ်။ အောင် ပန်းဈေးကွက်မှာ ချင်း (စို) ဈေးကအညံ့စဆိုရင် ၂၀၀ ကျပ်၊ ၂၂၀ ကျပ်၊၂၅၀ ကျပ်၊ချင်းကောင်းကတော့ တစ် ပိဿာ ၂၈၀ ကျပ်၊ ၃၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဟိုပုံးဈေးကွက်ကိုတော့ ချင်း (စို) က အဝင်များလာတယ်လို့သိရပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၄၀၀၀ ခန့် အဝင်ရှိနေပါတယ်။ ဒီနှစ်ဟိုပုံးချင်းက အထွက်နှုန်းအတော်လျော့သွားတယ်လို့သိရပါတယ်။ မိုးမရွာ တာရယ်၊ မြေ ငလျင် လှုပ်တာရယ်ကြောင့် ချင်းအခြေတွေ ပြတ်ထွက်ကုန်ပြီး ဥတွေလည်း မကြီးနိုင်တော့ တာကြောင့် အထွက်နည်းသွားတာလို့ ဒေသခံတွေထံကသိရပါတယ်။ ဟိုပုံးမှာ ဒီတစ်ပတ်ချင်းဈေးက ပယ်ချင်းဆိုရင် တစ်ပိဿာ ၁၆၀ ကျပ်၊ ချင်းကောင်းက ၂၂၀ ကျပ်၊ ၂၃၀ ကျပ်နဲ့ ချင်းခြောက်က ၁၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်-တောင်ကြီး
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာလည်း ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်နဲ့ အဝင်ပုံမှန် ရှိနေပါတယ်။ ယခုအချိန်ဟာ တပို့တွဲလ၊ ထမင်းနဲ ပွဲတော်အချိန်ဖြစ်လို့ တစ်နေ့ကို ပိဿာချိန် ၅၀၀ ခန့် အရောင်းအဝယ်ပုံမှန် ရောင်း ဝယ်လျက်ရှိနေပါတယ်။ ဈေးနှုန်းမှာလည်း ယခင်အပတ်ဈေးအတိုင်း၊ တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့ရှိနေပြီ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် တို့ကို စားသုံးမှုအဖြစ်တစ်နေ့ ပိဿာချိန် ၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းဝင်းခိုင် - ပြည်
ဖေဖော်ဝါရီလ ၂ ရက်မှ ၉ ရက်နေ့အတွင်းမှာ ပါကစ္စတန်နိုင်ငံကို ၅၆ ဒသမ ၃၂ တန်နဲ့ အိန္ဒိယနိုင်ငံကို ၂၅ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် တစ်ရာကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ငါးဆယ်ကျော်အပို့လျော့ခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဖေဖော်ဝါရီ ပထမပတ် အတွင်းမှာ ချင်းတင်ပို့မှုပျောက်ခဲ့တာကြောင့် ဒီနှစ်မှာ တင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ နှစ်သောင်းကျော်ရှိခဲ့ပါတယ်။ MIRT (DOT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၂၄ သန်းတန်ဖိုးရှိ သကြားညို၆၉၇ တန်ကျော်နဲ့ သကြားဖြူ ၃၆၅ တန်နီးပါးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက် ယခုအပတ်မှာ ၄၄၀ တန်လျော့နည်းခဲ့ပါတယ်။ တစ်ဖက်တရုတ်နိုင်ငံမှာ နှစ်သစ်ကူးချိန်နီးကပ်လာပြီမို့ တင်ပို့မှုလျော့နည်းခြင်းဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၇ ဒသမ ၄၂၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၂၆၁၀ ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန်ချိန် ၁၉၇၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ် ကထက် တန်ချိန် ၆၄၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ နိုင်မှုတွေကတော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်းဖိုးရှိ RSS-1 ၄၅ တန်ခန့်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၈၉ သန်းဖိုးရှိ RSS-3 ၄၄၂ တန်ခန့်၊ ကန်ဒေါ်လာ ၁ ဒသမ ၀၈၂ သန်းတန်ဖိုးရှိ MSR-20 ၃၈၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ MSR-50 ၅၇ တန်ခန့်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ RSS-3 ၉၈၃ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၇၂၆ သန်းတန်ဖိုးရှိ MSR-20 ၆၀၂ တန် ကျော်၊ လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၂ တန်ကျော်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာတော့ ကန်ဒေါ်လာ ၂၀ ဒသမ ၈၅၄ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၇၄၄၀ ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာရော်ဘာဈေးနှုန်းများပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင် ငံမြေပြင် ပေါက်ဈေးများကိုဖော်ပြပေးလိုက်ရပါတယ် -
ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနိုင်ငံသို့ ရော်ဘာ RSS-3 တစ်မျိုးသာတင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့အရေအတွက်ကတော့ တန်ချိန် ၁၁၀ ဖြစ်ပါတယ်။ ယခင်အပတ်က ပင်လယ် ရေကြောင်းမှရော်ဘာ ၁၁၇၆ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာတန်ချိန် ၁၀၀၀ ခန့်လျော့နည်းခဲ့ပါတယ်။ ရော်ဘာ ဈေးအနည်းငယ်ကျဆင်းသွားခြင်းနဲ့ နယ်စပ်ဘက်မှတင်ပို့မှု များ ခြင်းကြောင့်လ ည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ တစ်လလုံးမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂၀ ဒသမ ၈၅၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၇၄၃၆ တန်ကျော်ကိုတင်ပို့ထားပါတယ်။ ယခုအပတ်နိုင်ငံတ ကာ ရော်ဘာေ ပါက်ဈေးမှာ ယခင်အပတ်ကထက်လျော့ကျလျက်ရှိပါ တယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးသူများနဲ့ထုတ်လုပ်သူများ အသင်းက FOB ရော်ဘာပေါက်ဈေးများကို တစ်တန်လျှင်ဒေါ်လာ ၅၀ ဈေးချ၍ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၉၅၀-၃၀၅၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင်ဒေါ်လာ ၂၈၅၀-၂၉၅၀၊ RSS-5 နဲ့ MSR-50 တစ်တန်လျှင်ဒေါ် လာ ၂၇၅၀-၂၈၅၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ၂၉၀၀-၃၀၀၀ နဲ့ Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၆၅၀-၂၇၅၀လို့ ထုတ်ပြန်ထားပါတယ်။ MIRT (DOBT)
မန်းပြောင်းမျိုးစုံဈေးကွက်မှ တရုတ်ဘက်သို့ နေ့စဉ်ကားအစီး ၁၅စီးမှ ၂၅ စီးကြားပုံမှန်သွားနေပေမယ့် တရုတ်နှစ်ကူးနီးတော့ ပြောင်းကားအသွားတန့်နေပါ တယ်။ ဈေးကွက်ကတော့ တရုတ်လိုင်းအဆွဲအေးသွားပေမယ့် အစာစပ် လုပ်ငန်း ရှင်များနဲ့ အရက်ချက်စက်ရုံများ ကုန်သည်/ပွဲစားအချင်းချင်းအရောင်းအဝယ်ဖြစ် နေမှုတို့ကတော့ ပုံမှန်သာရှိနေပါတယ်။ဇန်နဝါရီလပထမပတ်၊ ဒုတိယပတ်တွေမှာ ပြောင်း(ရှမ်း) ၃၄၂ ကျပ်မှ ၃၇၀ ကျပ်၊ (CP) ၃၅၂ ကျပ်မှ ၃၇၀ ကျပ်၊ (ဗမာ) ၃၆၁ ကျပ်မှ ၃၆၃ ကျပ်အထိအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ တတိယပတ်ကစပြီး နောက်ဆုံးပတ်ထိမန်းဈေးကွက်မှာ ဈေးမြင့်ပြီး၊အရောင်းအဝယ် ဖြစ်နေပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၉၅၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၁၆၁ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှ ကန် ဒေါ်လာ၂ ဒသမ ၇၆၅ သန်းတန်ဖိုးရှိ ပြောင်း တန် ၈၀၀၀ ကျော်ကိုလည်း တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်မှ ၁၆၈၈၁ တန်ကျော် တင်ပို့ ခဲ့တာကြောင့် ယခုအပတ်မှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်သစ်ကူးချိန်နီးပြီမို့ ဝယ်လိုအားတက်နေပါတယ်။ လားရှိုး၊ သိန္နီထိ ကုန်သည်များကဆင်းဝယ်ကြပြီး ကူမင်းထိတင်ပို့ရောင်းချကြတယ်လု့ိ သိရပါတယ်။ ပြောင်းဖူးစေ့ကို တစ်ဖက်နိုင်ငံမှာ တိရစ္ဆာန်အစားအစာနဲ့ မုန့်လုပ်တဲ့နေရာမှာ အသုံးပြုကြတာပါ။ ဇန်နဝါရီလအတွင်း နယ်စပ်စခန်း များမှ ပြောင်းဖူးစေ့ တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပြောင်းဈေးများကိုကြည့် လျှင်လည်း ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက မြင့်တက်နေတာတွေ့ရပါတယ်-
ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာသုည ဒသမ ၄၄၄ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၄၈၀ ကို အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့မှုတွေ ကတော့ အင်ဒို နီးရှားနိုင်ငံသို့ ပြောင်းတန်ချိန် ၂၃၀ နဲ့ ဖိလစ်ပိုင်နိုင်ငံသို့တန်ချိန် ၁၂၅၀ ဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့တဲ့ စင်္ကာပူနိုင်ငံကိုတော့ ယခုအပတ်မှာတင်ပို့မှုမရှိခဲ့ပါဘူး၊ ပင်လယ်ရေကြောင်းမှ ယခင်အပတ်ကပြောင်း တန်ချိန် ၁၉၀၀ ကျော်တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာတန်ချိန် ၅၀၀ ခန့်တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ လျော့နည်းရခြင်းအကြောင်းကတော့ မြန်မာ-တရုတ်နယ်စပ်မှ တရုတ်နှစ်သစ် ကူးပွဲတော်ရှိ သဖြင့် နယ်စပ်ဘက်မှအပို့များတာကြောင့်လို့သိရပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီတစ်လလုံးမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂၄ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၇၅၈၀၇ တန်ကျော်ကို တင်ပို့ထားပြီးဖြစ်ပါ တယ်။ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀၀ ဖြစ်တဲ့ အတွက် ယခင်အပတ်က အတိုင်း ဈေးရရှိနေတာဖြစ်ပါတယ်။ MIRT (DOBT)
ယခုရက်ပိုင်းမှာ ဈေးကွက်အသီးသီးသို့ ကြက်သွန်နီ အဝင် နည်းလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်လောက်ကစပြီး၊ အဝင်လှိုင်သလောက် ဈေးကောင်းခဲ့တဲ့ ကြက်သွန်နီဟာ မန္တလေးဈေးကွက်မှာ တစ်ပိဿာကကို၁၀၀၀ ကျပ် - ၁၂၀၀ ကျပ်၊မြင်းခြံမှာဆို ၈၀၀ ကျပ် - ၁၀၀၀ ကျပ် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ထွက်ရှိမှုပိုလာလို့ အဝင်လှိုင်ကာ ဈေးအေးလာရာ မန္တလေးဈေးကွက်မှာတော့ မြစ်သားစက တစ်ပိဿာကို ၅၀ ကျပ် ဈေးပိုလာတာကို တွေ့ရပါတယ်။
