Background
ရှမ်းပြည်နယ်တောင်ပိုင်း အောင် ပန်း ကုန်စည်ဒိုင်မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်တွင်း ဝယ် လက်များခဲ့တာကြောင့် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ အဓိကထွက်ကုန် ၈ မျိုးမှ ကုန်စည်ပိဿာချိန် ၄၉ သိန်းကျော် ၈၁၅၂ တန်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက် ပိုင်များရဲ့ကထိန်တော်အသင်း၊ မန္တလေး ကုန်စည်ဒိုင်မှာ ကုန်သည်ပွဲစားများ အများဆုံးဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချတဲ့ ပဲများမှာ ပဲစင်းငုံ၊ ပဲတီစိမ်း နဲ့ ကုလားပဲများ အဓိကဖြစ်ပါတယ်။ ၎င်း ပဲ ၃ မျိုးအနက် အများဆုံး ဝယ်ယူ သိုလှောင်ဖြန့်ဖြူး ရောင်းချတဲ့ ပဲက ပဲစင်းငုံဖြစ် ပြီး၊ နှစ်စဉ်ပျမ်းမျှ တန်ချိန် နှစ်သိန်းကျော်ဖြစ်ပါတယ်။ ယင်း ပဲစင်း ငုံများကို နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ် သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်း စတဲ့ ဒေသများမှ ဝယ်ယူရရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ပဲကြီးဈေးသာ အနည်းငယ် မြင့်ခဲ့ပြီး၊ အခြားပဲများကေ တာ့ ဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ ဈေးငြိမ်နေခဲ့ကာ ကုလားပဲသီးနှံဈေးလျော့ သွားခဲ့ တယ်လို့ သိရပါတယ်။ မတ်ပဲ သစ်များ ဈေးကွက်ကို စတင်ဝင် ရောက်လာပေမယ့် အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်ခဲ့တဲ့ အတွက် ပဲဟောင်း များနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါ တယ်။ ရန်ကုန်ဝယ်လက်မှ နေ့တိုင်းအဝယ်မရှိဘဲ အိတ် ၂၀၀ ကျော် တစ်ခါတစ်ရံအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီလ နောက်ဆုံးပတ်မှာ မတ်ပဲ တစ်တင်း ၁၃၆၀၀ ကျပ်နဲ့သာ အဝယ် ရှိခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလကုန်ပတ် ကုန်စည်ဒိုင် ဈေး ကွက်မှာရန်ကုန်ဝယ်လက်အဆွဲသွက်လို့ ငုံနီအရောင်း အဝယ် သွက်လာတယ်လို့ ကုန်သည်ရပ်ကွက်က ကြားရပါတယ်။ ဒီ တစ်ပတ်အတွင်း ငုံနီတစ်တင်း ၁၇၂၀၀ ကျပ်ဈေး မှာ ငြိမ်နေ ပြီး၊ မုံရွာကုန်သည်တွေနဲ့အပြိုင် ရန်ကုန်လက်တွေ အဝယ် သွက်လာတဲ့အတွက် တစ်ရက်ကို အိတ် ၃၀၀၀ မှ ၄၀၀၀ ကြားအရောင်းအဝယ်အားကောင်းလာတယ်လို့ ဆိုပါတယ်။
ကုလားပဲဈေးကွက်ကတော့ ဒီတစ်ပတ်မှာ ဆက်လက်ပြီး၊ ဈေးရော၊အရောင်းအဝယ်ပါအေးနေခဲ့ပါတယ်။ မန်းနဲ့ ရန်ကုန် အဝယ်အားမရှိဘဲ ဒေသခံပဲခွဲစက်သမား၊ အမှုန့်ကြိတ်လိုင်း သမား၊ ကြာဇံစက်သမားနဲ့ ပဲလက်လီဝယ် လိုအားသာရှိလို့ အခုလို ဈေးအေးခဲ့တာဖြစ်ပြီး၊ ဒီတစ်ပတ်အတွင်း ထိုင်ဝမ် တစ်တင်း ၁၆၅၀၀ ကျပ်၊ V2 တစ်တင်း ၁၅၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၆၀၀၀ ကျပ်ဈေးတွေနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စွန်တာနီဈေးကွက်မှာတော့ ဒေသခံကြာဇံသမားတွေ အသုံးရှိပေမယ့် ဒီလထဲမှာ တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေး မြောက်ခဲ့လို့ တစ်တင်း ၉၀၀၀ ကျပ်မှ ၁၁၇၀၀ ကျပ်သာရှိတဲ့ ပဲယင်းတွေအစားထိုးအသုံးပြုတဲ့အတွက် စွန်တာနီ ဈေးလည်း ၁၃၅၀၀ ကျပ်ထိ ပြန်အေးလာတာတွေ့ရပါတယ်။ အညာ လိုင်းထွက်ကုန်ပဲတစ်မျိုးဖြစ် တဲ့ မြေထောက်ပဲ အသစ် တွေဈေးကွက်ထဲ တစ်ရက်အိတ် ၅၀-၁၀၀ ခန့်စတင်ဝင် ရောက်လာပြီး၊ ဒေသခံ ပဲလက်လီ သမားတွေအပြင် ရန်ကုန် ဘက်က ဝယ်လိုအားရှိတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ တစ်တင်း ၂၃၅၀၀ ကျပ်ထိ ဈေးမြှင့်ဝယ်ယူမှု ရှိနေကာ တမူးနဲ့ ဖောင်းပြင်ဘက်ကထွက်တဲ့ မြေထောက်ပဲကို ဈေးကွက်ကပို ကြိုက်တယ် လို့ ဆိုပါတယ်။ ဇန်နဝါရီလကုန်ပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ မန်း၊ ရန်ကုန်ဝယ်လက်ညီနေပြီး၊ စိမ်းကြီးတစ်တင်း ၁၁၈၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၂၂၀၀၀ ကျပ်ဈေးတွေမှာ ငြိမ်လျက်ရှိပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ရက်ကို စိမ်းကြီးအိတ် ၇၀၀ မှ ၁၀၀၀ ကြားနဲ့ စိမ်းသေးအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လိ့ု ဈေးကွက်က ဆိုပါတယ်။ ဖေ ဖော်ဝါရီ မုံရွာပဲဈေးကွက်မှာ ဈေးကောင်းရနေတဲ့ မြေ ထောက်ပဲတွေ ချင်းတွင်းအထက်လိုင်း အဝင် တိုးလာဖွယ်ရှိပြီး ကုလားပဲအသစ်တွေလည်း အဝင်လှိုင်လာဖွယ်ရှိတယ်လို့ လေ့ လာသိရှိရပါတယ်။ ထွန်းလှိုင် - မုံရွာ
အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း မြန်မာမတ်ပဲဈေးတည်ငြိမ်ပြီး ပဲစင်းငုံနီမှာ ဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း၊ကျဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်ရှိ Neemuch မှာ ကုလားပဲအသစ်များ စတင်ထွက်ရှိလာပြီး အစိုဓာတ် ၁၅ ရာ ခိုင်နှုန်းရှိကာ တစ်ကွမ်တယ်ကို ၃၁၀၀ ရူပီး (တစ်တန်ကို ဒေါ်လာ ၅၇၉ )နဲ့ ရောင်းဝယ်နေကြပါတယ်။ ကန်ပါဈေး ကွက် (ဥတ္တာပရာဒေ့ရှ်ပြည်နယ်) မှာ မတ်ပဲအဝင်နည်းလို့ ဈေးတက်နေပေမဲ့ ဂျိုက်ပါဈေးကွက်နဲ့ မာတမြို့(ရာဂျက် စသန်ပြည်နယ်)မှာ ဝင်အားနည်း၍ မတ်ပဲ၊ ပဲတီစိမ်း ဈေးကျ နေပါတယ်။ အာဂိုလာဈေးကွက် (မဟာရာရှ်တရာပြည်နယ်)၊ ကတ်နီ၊ အင်ဒိုရီ (မဒ္ဒရာပရာဒေ့ရှ်)၊ ဒဟော့ဈေးကွက် (ဂူဂျာ ရတ်ပြည်နယ်) တွေမှာ ဝယ်လိုအားနည်းလို့ ကုလားပဲဈေးကျ ဆင်းနေပြီး ပဲတီစိမ်းကတော့ အင်ဒိုရီဈေးကွက်မှာ အဝယ် လိုက် ဈေးတက်နေတာ တွေ့ရပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ရော်ဘာဈေးနှုန်းများ ယခင် သတင်းပတ်ကထက်အားနည်းလာတယ်။ ဇန်နဝါရီလအ တွင်း ရော်ဘာဈေးနှုန်းများမြင့်မားလာတဲ့အတွက် အမြတ်ရဖို့ ပြန် လည်ရောင်းချမှုများ ရှိလာခဲ့ရာ ဈေးနှုန်းပြန်လည် ကျဆင်း လာတယ်လို့ သိရတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့က တစ်တန် ကို ၃၃၄၃ ဒသမ ၅၀ ဒေါ်လာရှိနေခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာအဆင့်-၅) ကဇန်နဝါရီလ ၂၁ ရက်နေ့မှာ တစ်တန်ကို ၃၂၉၆ ဒေါ်လာအထိ ၄၇ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာတယ်။
အိန္ဒိယ သဘာ၀ ရော်ဘာထုတ်လုပ်မှုဟာ ဒီဇင်ဘာလ မှာ ၃ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်းနဲ့ သုံးစွဲမှု ကတော့ တိုးတက်မှုရှိမနေဘူးလို့ သိရပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာအတွင်းမှာ ပြည်ပမှ သဘာဝရော်ဘာ တင် သွင်းမှုဟာ ၂၃ ရာခိုင်နှုန်း မြင့်တက်လျက်ရှိနေပါတယ်။ ဒီ အခြေအနေတွေကိုကြည့်မယ်ဆိုလျှင်လာမဲ့လများမှာေ ရာ်ဘာ ဈေးများ ကျဆင်းနိုင်တဲ့ အရိပ်လက္ခဏာဆောင်လျက် ရှိပါ တယ်။ တာယာထုတ်လုပ်မှုမှာအသုံးပြုတဲ့ RSS-4 ရော်ဘာ ပေါက်ဈေးဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ၁ ကီလိုကို ၁၆၁ ရူပီး(၂ ဒသမ ၉၅ ဒေါ်လာ)၊ ၁ တန်ကို ၂၉၅၄ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၉၇၃ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၈၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာတန်ချိန် ၁၆၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်း အသီးသီးအလိုက်တင်ပို့နိုင်မှုတွေကတော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းဖိုးရှိRSS-1 ၁၂ တန် ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၉၇၉ သန်းဖိုးရှိRSS-3 တန်ချိန် ၇၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၇၄၆ သန်း ဖိုးရှိMSR-20 တန်ချိန်၂၇၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၁၆ သန်းဖိုးရှိMSR-50 ၇၉ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၅၉ သန်းဖိုးရှိ RSS-3 တန်ချိန် ၁၆၆ ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်းဖိုးရှိ MSR-20 တန်ချိန် ၄၄၀ ခန့်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၅၇၀ သန်းဖိုးရှိRSS-3 တန်ချိန် ၂၀၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးရှိ MSR-20 တန်ချိန် ၁၀၀ ခန့်အသီးသီးတင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့တရုတ်နိုင်ငံနယ်စပ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ရာမှာ ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် သိသိသာသာပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်။
ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၇၆ တန်ကျော်ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကတန် ၉၅၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာတန် ၂၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မလေးရှားနိုင်ငံသို့ RSS-3 ၄၃၆ တန်ကျော်၊ MSR-20 ၂၀၁ တန်ကျော်နဲ့ RSS-1 ၁၆ တန်ခန့်ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသို့RSS-3 တန် ၂၁၀ နဲ့ MSR-20 တန် ၁၀၀ ကျော်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုတော့ MSR-20 ၂၀၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နိုင်ငံတကာ်ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းသွားပါတယ်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်တဲ့ FOB ရော်ဘာဈေးတွေကတော့ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊RSS-3 နဲ့MSR-20 တစ်တန်လျှ င်ဒေါ်လာ ၂၉၀၀-၃၀၀၀ ၊RSS-5 နဲ့MSR-50 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၉၅၀-၃၀၅၀ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)
ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ်စခန်းမှတစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၁ သန်းဖိုးရှိ သကြားညို၁၀၃၈ တန်ကျော်နဲ့ သကြားဖြူ ၄၆၅ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ယခုအပတ်မှာ ၃၀၂ တန်လျော့နည်းခဲ့ပါတယ်။ မန္တလေးဈေးကွက်တွင် သကြားများ စုဆောင်းပြီး မူဆယ်မှတစ်ဆင့်တင်ပို့ခြင်းဖြစ်တယ်လို့ လင်းလက်စတား ကုမ္ပဏီထံကသိရပါတယ်။
