Main menu

Background

Monday, 31 Dec 2012

တမူး နယ်စပ်ကုန်သွယ်ရေးစခန်းနယ်မြေတွင် တစ်ဦးတည်းပိုင်ထုတ်ကုန်/သွင်းကုန် မှတ်ပုံတင် ကတ်ပြုလုပ်ရေး၊ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင် ကုန်သွယ်မှု များ လျော့နည်းပပျောက်ရေးအတွက် Mobile Team ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များကို ဒီဇင်ဘာ ၂၇ ရက်တွင် ကုန်သွယ်မှုမြှင့်တင်ရေးညှိနှိုင်းဆွေးနွေးပွဲတွင်လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်မှ ၆ ရက် အထိ ကျင်းပပြုလုပ်သည့် ကလေး-တမူး-ကလေး၀ နယ်စပ်ကုန်သည်ကြီးများအသင်း၏ ဆဋ္ဌမအကြိမ် မြောက် သင်းလုံး ကျွတ်အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးများတွင် တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၊ တာဝန်ခံညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါတယ်။

Monday, 31 Dec 2012

မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် Mobile Team  အဖွဲ့မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကို စစ်ဆေးရှာဖွေလျက်ရှိရာ ရှာဖွေမှုကို ရှောင်ရှားလိုတဲ့ကားများမှ လွတ်ရာနေရာမှာ စောင့်ဆိုင်းနေရခြင်းကြောင့် မန္တလေးမြို့သို့ လိုင်းကားအချို့ အဝင်နောက် ကျကြောင်း ခရီးသည်တစ်ဦးထံမှသိရပါတယ်။

Monday, 31 Dec 2012

အာဆီယံ-အိန္ဒိယနိုင်ငံများ ဆက်သွယ်ရေးလမ်းကြောင်းပေါ် ကားမောင်းခရီးစဉ်ကို အင်ဒိုနီးရှားနိုင်ငံမှ စတင်ထွက်ရှိခဲ့ရာ ယခုလ ၁၃ ရက်နေမှာ မန္တလေးမြို့ကိုရောက်ရှိပြီး ၁၄ ရက် နံနက်မှာ မန္တလေးမြို့မှ ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။

Monday, 31 Dec 2012

၂၀၁၂ အပြည်ပြည်ဆိုင်ရာ မြန် မာ့ချည်မျှင်နှင့် အထည်ချုပ်စက်ပစ္စည်း များပြပွဲ (Myanmar International Textile & Garment Industry Exhibition)ကို ဒီဇင်ဘာ ၁၄ ရက်မှ  ၁၇ ရက်အထိ ဦးဝိစာရလမ်းရှိ တပ်မ တော်ခန်းမတွင်း   ခင်းကျင်းပြသခဲ့ ကြောင်း သိရသည်။

Monday, 31 Dec 2012

ဗီယက်နမ်နိုင်ငံဟာ လာမယ့်နှစ်ဆန်းမှစပြီး သကြား တင်သွင်းမှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ သိရတယ်။၂၀၁၃ ခုနှစ်မှာ  ဗီယက်နမ်သကြားပိုလျှံမယ် ခန့်မှန်းပြီး ပြည်တွင်းသကြားထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ သွင်းကုန် အခွန်တိုးမြှင့်ကောက်ခံဖို့ စီစဉ်ရခြင်းဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတယ်။

Monday, 31 Dec 2012

ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်နေ့ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၇၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၂၈ တန်ကျော်ကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါ ၄၂၈ တန်ကျော်အနက် မလေးရှားနိုင်ငံသို့ RSS-5 တန် ၂၀၊ စင်္ကာပူနိုင်ငံသို့ MSR-20 ၃၈၈ တန်ကျော်နဲ့ တရုတ်နိုင်ငံသို့ RSS-3 တန် ၂၀ ဖြစ်ပါတယ်။ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ဟာ ယခုအပတ်မှသာ ရော်ဘာ တင်ပို့ခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။

Monday, 31 Dec 2012

အမေရိကန်ရဲ့ပြောင်းဈေးနှုန်း မြင့်တက်တာကြောင့် လာမယ့်နှစ်မှာ တရုတ် နိုင်ငံမှ ပြောင်းတင်သွင်းမှုဟာ ထက်ဝက်ကျော် ကျဆင်းဖွယ်ရှိကြောင်း၊ ပြောင်း အထွက် စံချိန်တင်မြင့်တက်လာပေမဲ့ တစ်နိုင်ငံလုံး စားသုံးမှု မြင့်တက်နေခြင်းဟာ ပြည်တွင်းရောင်းချမှုကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ တရုတ်နိုင်ငံတော် သီးနှံနှင့် ဆီသတင်း အချက်အလက် စင်တာ (CNGOIC)အရာရှိတစ်ဦးမှ ခန့်မှန်းထားပါ တယ်။ ပြောင်းစားသုံးမှုမှာ ဒုတိယအများဆုံးဖြစ်တဲ့ ကမ္ဘာ့ပြောင်း ဒုတိယအများဆုံး သုံးစွဲတဲ့ တရုတ်နိုင်ငံဟာ ၂၀၁၃ စက်တင်ဘာလမှာ ကုန်ဆုံးမယ့် ပြောင်းရာသီမှာ ပြီးခဲ့တဲ့ နှစ်ထက် ၅၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၂ ဒသမ ၄ သန်းခန့်သာပြောင်း တင်သွင်းမှုရှိမယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ မိုးခေါင်ခြောက်သွေ့ခြင်းကြောင့် ဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက် ဝယ်ယူမှု လျှော့ချလာခြင်းဖြစ်ကြောင်း သိရပါ တယ်။

ဒါ့ပြင် ဝက်မွေးမြူရေး ချဲ့ထွင်လာတာကြောင့် စားသုံးမှုဟာ တန်ချိန် ၂၀၅ ဒသမ ၆ သန်းရှိပြီး ယခင်နှစ်ထက် ၉ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းပြောင်းထွက်ရှိမှုက ယခုနှစ်မှာ တန်ချိန် ၂၀၈ ဒသမ ၁၃ သန်းရှိပြီး ယခင်ထက် ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်တွင်း၊ ပြည်ပဈေးနှုန်းအပေါ် မူတည်ပြီး၊ ၂၀၁၃ ဧပြီလတိုင်အောင် ပြောင်း တင်သွင်းရဖွယ်မရှိဘူးလို့ CNGOIC မှ ဆိုပါ တယ်။ ကမ္ဘာ့ပြောင်း ထိပ်တန်းတင်ပို့တဲ့ အမေရိကန်မှာ မိုးခေါင်မှုဆိုးဝါးတာကြောင့် အမေရိကန်ပြောင်းဈေးမြင့် တက်ခဲ့ရာ တရုတ်နိုင်ငံ တောင်ပိုင်း Shenzhen ပြည်တွင်းပြောင်းဈေးထက် ၄ ရာခိုင်နှုန်း ဝန်းကျင် ပိုမိုတယ်လို့ သိရပါတယ်။ ပြောင်းစံချိန်တင် ထွက်ရှိပြီးနောက် ပြည်တွင်း ပြောင်းဈေးမှာ လျော့ကျခဲ့ပြီး၊ ပြည်တွင်းပြောင်း ပြုပြင်ထုတ် လုပ်သူတွေကလည်း ကော်မှုန့်ဖြူနဲ့ အရက်လို တန်ဖိုး မြင့်ထုတ်ကုန်တွေ ရောင်းချမှုနည်းတာကြောင့် ထုတ်လုပ်မှု ကို လျှော့ချထားတယ်လို့ သိရပါတယ်။ လာမယ့်နှစ်အတွင်း တရုတ်ဝယ်လက်တွေက အာဂျင်တီး နားနဲ့ ယူကရိန်းတို့မှ ပြောင်း တင်သွင်းလိမ့်မယ်လို့ CNGOIC မှ ဆိုကြောင်း စင်ဟွာ သတင်းဌာနမှ ဖော်ပြထားပါတယ်။                              ယမင်းခင်
 

Monday, 31 Dec 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်စခန်းမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပြောင်းဖူးစေ့ တန် ၃၅၀ ကို ကန်ဒေါ်လာ သုည ဒသမ ၁၁၄ သန်းဖိုးစတင်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် စခန်းမှ ယခုအပတ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၄၂၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၅၉၄ တန်ကျော်နဲ့ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာသုည ဒသမ ၂၃၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၇၀ ကိုတင်ပို့ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှယခုအပတ် တင်ပို့မှု မရှိခဲ့ပါဘူး။ နှစ်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက် ပါတယ် -

Monday, 31 Dec 2012

ဒီဇင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၈၂၂ တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါ ၈၂၂ တန်အနက် စင်ကာပူနိုင်ငံ သို့ ၇၂ တန်တင်ပို့ နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန် ၇၅၀ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင် အပတ်က ၅၇၆ တန်သာ တင်ပု့ိခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄၆ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOBပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၇၀-၂၈၀ ဖြစ်ပါတယ်။MIRT (DOBT)

Wednesday, 26 Dec 2012

ခရစ္စမတ်ရာသီအတွင်းဝယ်လိုအားမြင့်တက်တာကြောင့် ပြည် တွင်း ရောင်းချမှုတိုးမြှင့်ဖို့ တရုတ်နဲ့အိန္ဒိယ ကြက်သွန်နီများ ဖိလစ်ပိုင် နိုင်ငံအတွင်း ဝင်ရောက်မှုစတင်လာပြီလို့သိရပါတယ်။ ဟင်းသီးဟင်း ရွက်တင်သွင်း  သူများနဲ့ တင်ပို့သူများအသင်း(VIEUA) မှလွန်ခဲ့တဲ့ ၂ လကျော်မှာ ဖြစ်ပွားခဲ့တဲ့ကြက်သွန်နီပြတ်လပ်မှုကို ယခုတင်သွင်းခြင်း က အကူအညီ ဖြစ်စေလိမ့်မယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလဟာ ပုံမှန် အားဖြင့် ပိတ်ရက်များ ကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်း ကြက်သွန်နီ စားသုံးမှု မြင့်တက်လေ့ရှိပါတယ်။

ယင်းလအတွင်း ဖိလစ်ပိုင်ပြည်သူများဟာ ကြက်သွန်နီပျမ်းမျှ တန်ချိန် ၇၀၀၀-၈၀၀၀ ခန့်စားသုံးပါတယ်။ တင်သွင်းမှုက ရက် ၂၀ လောက်သာကောင်းမယ်။ စားသုံးသူတွေက အစောပိုင်းရိတ်သိမ်း တဲ့ ကြက်သွန်ဝင် လာမယ့်အချိန်ထိ စောင့်ပြီး ဝယ်ယူတာကြောင့်လို့ VIEUA ဥက္ကဌ Leah Cruz  မှပြောကြားပါ တယ်။တင်သွင်းမှုကို  အပင်ထုတ်လုပ်မှုဗျူရိုက (ဏြူ) အောက်တိုဘာလမှာ အတည်ပြုခဲ့ တာဖြစ်ပါတယ်။BPL မှကြက်သွန်ပြတ်လပ်တဲ့တန်ချိန်၁၂၄၀၀ ခန့် ရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဖြစ်တဲ့တရုတ်နဲ့ အိန္ဒိယကြက်သွန်နီ တန်ချိန် ၈၅၀၀ တင်သွင်းဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။ ကြက်သွန်ပြတ်လပ်မှု ကျန်တဲ့ပမာဏကိုတော့ ပြည်တွင်းထွက် ရှားလော့ကြက်သွန်နီနဲ့ ဖြည့်ဆည်းရ လိမ့်မယ်လို့ဆိုပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ ကြက်သွန်ဝင်ရောက်လာတဲ့အတွက် ဈေးက တစ်ကီ လိုပီဆို ၁၃၀ (ကန်ဒေါ်လာ ၃ ဒသမ၁၇ )မှ ပီဆို ၅၀-၆၀  (ကန်ဒေါ် လာ၁ဒသမ ၂၂- ၁ ဒသမ ၄၆)  ကိုကျဆင်း ခဲ့ပါတယ်။  ကြက်သွန်နီ အဖြူကတစ်ကီလို ပီဆို ၃၅-၄၅(ကန်ဒေါ်လာ သုည ဒသမ ၈၅ - ၁ ဒသမ ၀၉)ရှိပြီး၊ရှားလော့ကြက်သွန်ကပီဆို ၃၀-၅၀(ကန် ဒေါ်လာ သုညဒသမ ၇၃ - ၁ဒသမ ၂၂) ဈေးရှိတယ်လို့ freshpalza သတင်း အရသိရပါတယ်။                                ယမင်းခင်
 

Pages