Background
ပြည်ပကို ပင်လယ်ရေကြောင်း တင်ပို့မှုလမ်းမှ စက်တင်ဘာ တတိယပတ်မှ စပြီး ချင်းတင်ပို့မှုပျောက်ခဲ့တာ ၅ ပတ်မျှရှိခဲ့ပါတယ်။ ယခုဒီတစ်ပတ်ဖြစ်တဲ့ အောက် တိုဘာ ၂၁ ရက်မှ ၂၇ ရက်နေ့မှသာ ပြန်လည် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့ ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ရှမ်းပြည်နယ် တောင်ပိုင်းက လဲချားကုန်စည်ဒိုင်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး၊ အောက်တိုဘာ ၄ ရက်ကစလို့ ကုန်စည်ဒိုင် လုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၁ ရက်အထိ ဒေသထွက်ကုန် အဓိက သီးနှံ ၄ မျိုးမှ ကုန်ချိန် ၆၆၃၆၀၀ ပိဿာ (၁၀၈၃ ဒသမ ၆၂ တန်) အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဒေသထွက်ကုန် တစ်မယ်ချင်းအလိုက် ကြက်သွန်ဖြူ(အမြိတ်ပါ) ၃၀၃၈၀၀ ပိဿာ(၄၉၆ ဒသမ ၀၈ တန်)၊ ပဲပုပ်စေ့ ၉၃၃၀၀ ပိဿာ (၁၅၂ ဒသမ ၃၅ တန်)၊ မြေပဲဆန် ၁၇၅၀၀၀ ပိဿာ (၂၈၅ ဒသမ ၇၆ တန်)၊ မြေပဲတောင့် ၅၂၀၀၀ ပိဿာ (၈၄ ဒသမ ၉၁ တန်)နဲ့ နှမ်းဖြူ ၃၉၅၀၀ ပိဿာ (၆၄ ဒသမ ၅၀ တန်) ရောင်းဝယ်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်း ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းသီးနှံ များကို အဓိကထား စိုက်ပျိုးကြသော်လည်း ထောပတ်ပဲသီးနှံကတော့ တိုင်းအတွင်း မိုးညို၊ လက်ပံတန်းမြို့နယ်များ နဲ့ ပြည်ခရိုင်အတွင်း ရွှေတောင်၊ ပန်းတောင်းမြို့နယ် များမှာသာ စိုက်ဧကစုစုပေါင်း ၇၀၀၀ ကျော်သာ စိုက်ပျိုးမှုရှိခဲ့ပါ တယ်။ ပြည် ဈေးကွက် သို့ အောက်တိုဘာနောက်ဆုံးပတ်မှစပြီး ရွှေတောင်မြို့နယ်မှ ထောပတ်ပဲ အသစ်များ ဝင်ရောက်လာခဲ့ကာ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ ကြပါတယ်။ ယခုနိုဝင်ဘာလဆန်းရက် မှာ ထောပတ်ပဲသစ်များ ဆက်လက် ဝင် ရောက်ခဲ့သလို တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်ကအတိုင်း ဈေးငြိမ်အရောင်း အဝယ်ဖြစ်ခဲ့ကာ လက်လီသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း-ပြည်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၉၉၇ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၃ တန်ကို အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၁၂၅ တန်အပို့ပိုခဲ့ပါတယ်။ ယခုအပတ်အတွင်း မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိထောပတ်ပဲ ၉၅ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ပဲနီကြား ၄ တန်ခွဲလည်း အပို့ရှိခဲ့သေးတယ်လို့သိရပါ တယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၀၆၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၇၅ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၁၀၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း ၉၂ တန်ကို တစ်ဖက်တရုတ်နိုင်ငံသို့အပို့ရှိခဲ့ပါတယ်။ တမူးနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိပဲတီစိမ်း ၄ တန်လည်း အပို့ရှိခဲ့ပါ တယ်။ နှစ်ဖက် မြေပြင်ပေါက်ဈေးများကို ကြည့်တဲ့အခါ ယခင်အပတ်ထက် မိမိဖက် မြေပြင်ဈေးနိမ့်လျက်ရှိပါတယ် -
ယခုနိုဝင်ဘာလဆန်း ပြည်ဈေးကွက်မှာ မတ်ပဲသီးနှံကို မျိုးပဲသမားများအဝယ်ရှိသလို လိုင်းသမားလည်း အဝယ်ရှိနေ ခဲ့ပါတယ်။ ကောက်စောစပါးရိတ်သိမ်းထားတဲ့ လယ်မြေများ မှာ မတ်ပဲစိုက်ပျိုးနေကြပြီဖြစ်လို့ မျိုးပဲသမားများ တစ်ရက် အိတ် ၂၀ ကျော် ၃၀ အထိအဝယ်ရှိခဲ့ပြီး မျိုးပဲတစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သလို ရန်ကုန်ဝယ် လက်ကလည်း အဝယ်ရှိပြီး တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် တစ်ရက် အိတ် ၂၅၀ မှ ၃၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ မျိုး ပဲသမားများကတော့ အရည်အသွေး လိုက်ပြီး ဝယ်ယူကြ တဲ့အတွက် ဈေးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အောက်တိုဘာလကုန်ပတ် ဝါကျွတ်ကာလ မုံရွာ ကုန် စည်ဒိုင် ပဲဈေးကွက်အနေနဲ့ ပဲမျိုးစုံကျဈေးနဲ့ အရောင်းအဝယ် အေးခဲ့တယ်လို့ ကုန်သည် အသိုင်းအဝိုင်းက ကြားသိရပါ တယ်။ ကုန်သည်လက်ဝယ်မှာ ပဲလက်ကျန် အသင့်အတင့်ရှိ နေပြီး၊ ရန်ကုန်အဝယ်မရှိဘဲ ဒေသတွင်းလုပ်ငန်းသမားတွေရဲ့ အဝယ်သာရှိခဲ့လို့ ကုလားပဲမျိုးစုံ ကျဈေးဖြစ်ပေါ်ခဲ့ရာ ယခု ပတ်မှာ V2 ကုလားပဲဟာ တစ်တင်း ၁၇၂၀၀ ကျပ်ထိ အနိမ့် ဆုံးဈေးဖြစ်ပေါ်ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များနဲ့ ကုန်သည်များ အရောင်းအဝယ်အေးတဲ့အတွက် ဒီတစ်ပတ် လည်း ပဲမျိုးစုံဈေးအေးနေပါတယ်။ ဒါ့အပြင် ပဲပုပ်ထွက်ရှိနေပြီ ဖြစ်လို့ကုန်သည်များက ရောင်းဝယ်မှုကျဆင်းတဲ့ ပဲမျိုးစုံနဲ့ ပဲမျိုး စေ့အစား ပဲပုပ်ကို ပြောင်းလဲရောင်းဝယ်ခြင်းကလည်း ပဲဈေး ကိုကျဆင်းစေတယ်လို့သိရပါတယ်။ ကုလားပဲအနေနဲ့ စိုက်ပျိုး မှု တိုးတက်မယ့် အလားအလာရှိပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းတာကြောင့် လက်ငင်း ဈေးပါကျဆင်းနေပါတယ်။ ပွဲတော်က လာမယ့် ရက်အနည်းငယ်အတွင်းမှာရှိလို့ ဒီပါဝလီ အတွက် လက်ကားဝယ်ယူမှု ပြီးဆုံးသလောက် ရှိနေပြီဖြစ်ပြီး ပြည်တွင်းဈေးကွက်တွေမှာ လက်လီ ဝယ်ယူမှုလောက်သာရှိ မယ်လို့ ခန့်မှန်းကြပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က အိန္ဒိယဝယ်လက်တွေ မတ်ပဲအဝယ်လိုက် ခဲ့လို့ ပြည်တွင်းပဲမျုးိစုံဈေးပြန်လိုက်ခဲ့ရာမှ ယခုသီတင်းပတ် နှောင်း ပိုင်းမှာတော့ အဝယ်ရပ်သွားတဲ့အတွက် မတ်ပဲ၊ ပဲစင်းငုံဈေး ထိုး ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲတီစိမ်းကတော့ ဆက်ပြီး ဈေးမာနေပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်များအပြီး အိန္ဒိယဝယ်လက် တွေ မတ်ပဲဆွဲအားကောင်းလာလို့ ဘုရင့်နောင်ဈေးကွက်မှာ တစ် တန် ၅၁၀၀၀၀ ကျော်ထိ ဈေးရှိခဲ့ပြီး ယခုရက်ပိုင်းမှာတော့ အဝယ် မရှိသလောက်ဖြစ်ခဲ့လို့ တစ်တန် ကျပ် ၄၉၂၀၀၀ ခန့်ကို ပြန်လည် ကျဆင်းလာခဲ့ပါတယ်။ အလားတူ ရန်ကုန် FOB မတ်ပဲဈေးမှာ လည်း တစ်တန်ကန်ဒေါ်လာ ၆၂၀-၆၄၀ မှ ကန်ဒေါ်လာ ၆၀၀-၆၂၀ ကို ကျဆင်းခဲ့ပါတယ်။
လက်ရှိမိုးရာသီ ရိတ်သိမ်းစဉ် အတွင်း ပိုးကျရောက်မှု ကြောင့် ပဲစင်းငုံ ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်း မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုရမှုဟာ ယခုနှစ်မှာပိုမိုလာနိုင်တယ်လို့ သိရပါတယ်။ ပဲမျိုးစုံ တင် သွင်း မှုဟာ စုစုပေါင်းနှစ်စဉ်လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်း ဝန်းကျင် ခန့်ဖြစ်တဲ့ တန်ချိန် ၂ ဒသမ ၅ သန်းနဲ့ ၃ ဒသမ ၅ သန်း အကြားရှိနေပါတယ်။ Assochan မှ ခန့်မှန်းရာမှာ ၂၀၁၂-၁၃ အတွင်းအိန္ဒိယပဲမျိုးစုံ ဝယ်လိုအားဟာ တန်ချိန် ၂၁ သန်း ခန့်၊ ၂၀၁၃-၁၄ မှာ တန်ချိန် ၂၁ ဒသမ ၄၂ သန်းနဲ့ ၂၀၁၄-၁၅ မှာတန်ချိန် ၂၁ ဒသမ ၉၁ သန်းအထိ မြင့်တက်မယ်လို့ ဆိုပါတယ်။
