Main menu

Background

Thursday, 2 Dec 2010

 ဘုရင့်နောင်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်             ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက မတ်ပဲ(RC) ကိုရန်ကုန်ဈေးကွက်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ပို့ကုန်ဝင်ငွေဒေါ် လာ တစ်ယူနစ်တန်ဖိုး ဈေးအတက်အကျအပေါ်မူတည်ပြီး အဝယ်ရှိ သလို လှောင်လက်ကုန်သည်များကလည်း လက်ရှိ ပေါက်ဈေးနှုန်းနဲ့ အရောင်းရှိနေတာကြောင့် တစ်တန်ကို အနိမ့်ဆုံး ၇၇၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၉၅ဝဝဝ ကျပ်အတွင်း ၂၄၁၅ တန် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် မတ်ပဲ(SQRC) ကိုလည်းပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များက ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၉၇ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၇၂ဝဝဝ ကျပ်အတွင်း ၈၇၄ တန်ခန့်အဝယ်ရှိခဲ တယ်လို့သိရပါတယ်။ ယခင်အပတ်တွေက အရောင်းအဝယ်အေးနေ တဲ့မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ကုန်သည်များ နှင့်ဝယ်ရောင်းကုန်သည်ကြီးများက တစ်ပိဿာကို အနိမ့်ဆုံး ၁၃၂ဝ ကျပ်(တစ်တန်ကို ၈ဝ၈၃၅၄ ကျပ်)မှ တစ်ပိဿာကို အမြင့်ဆုံး ၁၃၇၅ ကျပ်(တစ်တန်ကို ၈၄၂ဝ၃၆ ကျပ်)အတွင်း တန် ၁၅ဝ ခန့်အဝယ်ရှိ ခဲ့တယ်လို့ပဲကုန်သည်တစ်ဦးကဆိုပါတယ်။အလားတူပဲစင်းငုံနီ(RC) က လည်းရက်အတန်ကြာအရောင်းအဝယ်အေးနေရာက ဒီတစ်ပတ်မှာ ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက တစ်တန်ကို ၅၁ဝဝဝဝ ကျပ်နဲ့ တန် ၁၁၅ တန်အဝယ်ပြန်ရှိလာတယ်လို့ပဲကုန်သည် ကြီးများကဆိုပါတယ်။ 

Wednesday, 24 Nov 2010

ဘုရင့်နောင်မှာ မတ်ပဲ (RC)  ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်         မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီး များက ရန်ကုန်ဈေးကွက်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ပို့ကုန်ဝင်ငွေဒေါ် လာတစ်ယူနစ်တန်ဖိုး ဈေးအတက်အကျအပေါ် မူတည်ပြီး အဝယ်ရှိ သလို ရောင်းသူကုန်သည်များကလည်း အရောင်းများနေတာကြောင့် ယခင်အပတ်နဲ့ စာရင် မတ်ပဲ (RC) ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၇၃ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၈၇ဝဝဝ ကျပ်အတွင်း ၂၁၈၅ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 16 Nov 2010

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးသိသာစွာမြင့်လာပြီး အရောင်းအဝယ် ဖြစ်မှုများ                ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ် တန်ဖိုး ဈေးအထိုက်အလျောက် မြင့်လာတာရယ် အိန္ဒိယမွန်ဘိုင်းဈေးကွက် မှာ မြန်မာ့မတ်ပဲဈေးမြင့်လာမှုအပေါ်မူတည်ပြီး ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက မတ်ပဲ (RC) ကို လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ေဈးသိသိသာစွာာမြင့် လာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၆၂ဝဝဝ ကျပ် မှ အမြင့်ဆုံး ၇၈၉ဝဝဝ ကျပ်အတွင်း ၃၂၂ဝ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို မတ်ပဲ (SQRC) ကလို ည်း ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက တစ်တန်ကို အနိမ့်ဆုံး ၉၁၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၆ဝဝဝဝ ကျပ်အတွင်း တန် ၅၂၉ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC)  ကို ပြည်ပတင်ပို့ရန် ဝယ်ယူ နေတဲ့ကုန်သည်များက တစ်တန်ကို ၅၃၇ဝဝဝကျပ်နဲ့ ၆၉တန် အဝယ် ရှိခဲ့သလို ငွေပေါ်လိုတဲ့ သိုလှောင်ထားသူ ကုန်သည်များကလည်း အရောင်းရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 20 Sep 2010

ဘုရင့်နောင်မှာ မတ်ပဲ (RC)  ဈေးမြင့်လာ      မတ်ပဲ (RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များကဈေးကွက်စဖွင့်ချိန်ဖြစ်တဲ့ ၁၃.၉.၂ဝ၁ဝ နေ့တွင် တစ်တန်ကို၈ဝ၈ဝဝဝ ကျပ်နဲ့ဈေးပေး အဝယ်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာရောင်းသူကုန်သည်များ အရောင်းများလာတဲ့အပေါ် ဈေးချဝယ်ယူမှုတွေရှိတာကြောင့် စက်တင်ဘာ ၁၄ရက်မှာ ၈ဝ၇ဝဝဝ ကျပ်သို့ ဈေးဆင်းခဲ့ပြီးစက်တင်ဘာ ၁၅ရက်မှာ ၈ဝဝဝဝဝ ကျပ်သို့ ထပ်မံဈေးဆင်းခဲ့ကာစက်တင်ဘာ ၁၆ရက်မှာတော့ ၇၉၅ဝဝဝ ကျပ်သာ ရှိခဲ့ပေမယ့်ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၁ဝဝဝဝကျပ်ခန့် ဈေးမြင့်နေသေးတယ်လို့ ပဲကုန်သည်ကြီးတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း ၁၂၃၈တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 13 Sep 2010

ကုန်စည်တွေရဲ့ လက်ကားဈေးနှုန်းကို  အခြေခံတဲ့ အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ လောင်စာဆီဈေး ငြိမ်နေတဲ့တိုင် ပဲမိုျးစုံ၊ သစ်သီးနဲ့ နို့ဈေးများ မြင့်တက်နေဆဲမို့  ဒုတိယပတ်အနေနဲ့ ဆက်လက်ဖောင်းပွနေဆဲပဲလို့ သိရပါတယ်။ ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ပဲမိုျးစုံဈေးနှုန်းဟာ ၁၃ ဒသမ ၄၄ ရာခိုင်နှုန်း၊ နွားနို့ဈေး နှုန်းဟာ ၁၇ ဒသမ ၆ဝ မြင့်တက်နေတယ်လို့ သိရပါတယ်။ မတ်ပဲဈေး ဆက်လက်မြင့်တက်လာ       အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေး ပြန်လည်မြင့်တက်ခဲ့ရာမှ ယခုတစ်ပတ်မှာလည်း ဆက် လက် တိုးတက်လာခဲ့ပါတယ်။ ပဲပြုပြင်ကြိတ်ခွဲသူများ ဝယ်လိုအား ကောင်းနေတဲ့အပြင် ပဲစိုက်တဲ့ အခိုျ့ဒေသတွေမှာ မိုးရွာသွန်းနေ ခြင်းက ပဲအသစ်ဝင်ရောက်မှုကို နှေးကွေးစေခဲ့တာကြောင့် ဈေးတက် လာတာဖြစ်ပါတယ်။ ဈေးကွက်ကိုဝင်ရောက်လာတဲ့ ပဲအသစ်များ မှာလည်း မိုးကြောင့် အရည်အေသွးထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ အနောက်တောင် မုတ်သုံ မိုးဟာ တစ်လနောက်ကျပြီး ဆုတ်ခွာဖွယ်ရှိတာကြောင့် အခိုျ့ဒေသ မှာ ရိတ်သိမ်းမှုကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့် ရက်တွေမှာ ပဲအသစ်ဝင်ရောက်မှုတိုးတက်လာတော့မှာဖြစ်လို့ ပြည်ပ က တင်သွင်းမှုလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။  ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ ၤဗျှ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-

Monday, 13 Sep 2010

ဟင်္သာတမှာ မတ်ပဲဈေးကျလာ     မတ်ပဲ(ကုန်ကြမ်း)ကို ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့မြို့ခံ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ  မတ်ပဲ RC ရောင်းဈေးကျနေတာရယ် Export Earning  ဒေါ်လာ ရောင်းဈေး ကျဆင်းနေတာကို အကြောင်းပြပြီးဈေးချဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝ၅ ကျပ်(တစ်တန်ကို ၇၉၉၁၆၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၃ဝဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Pages