Main menu

Background

Monday, 13 Sep 2010

 ရော်ဘာဈေးတက်သလို တေရုတ်ကားဈေးနှုန်းလည်းတက်       ရှန်ဟိုင်းကားဈေးကွက်ရဲ့ ရှေ့အလားအလာက လာမဲ့၂ နှစ်ကျော်လောက်အထိ အမြင့်ဆုံးတက်နိုင် ပြီး တရုတ်မှာ ကားရောင်းချရနှုန်း အရှိန်အဟုန်နဲ့ တိုးတက်နေ ကာ တာယာထုတ်လုပ်ရေးတွေက ကုန်ကြမ်းဝယ်လိုအားတွေလဲ တက်လာဖွယ် ရှိတယ်လို့ စာရင်းများအရ သိရပါတယ်။ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်သူ ဖြစ်တဲ့ တရုတ်နိုင်ငံဟာ သဘာဝရော်ဘာ  သုံးစွဲမှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။မော်တော်ယာဉ် လက်လီဈေး၊ အားကစားသုံးကိရိယာများနဲ့ ယာဉ်အမိုျးမိုျး ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့လက ၅၉ ရာခိုင်နှုန်းတက်ခဲ့ပြီး ၉၇၇၃ဝဝ စီးရှိခဲ့တယ်လို့ တရုတ်မော်တော်ယာဉ်နည်းပညာနဲ့ သုတေသန ဌာနခုျပ်က ပြောကြားခဲ့ပါတယ်။ တိုကိုျရော်ဘာဈေးနှုန်းက ရှန်ဟိုင်းဈေးနှုန်းကို အထောက်အကူဖြစ်စေပြီး တရုတ်ရဲ့ ဝယ်လိုအားတက်လာခြင်းကလည်း ဈေးကွက်တိုးတက်ဖို့အတွက် မျှော်လင့်ချက် ပေးနေကြောင်း မစ်ဆူဘီရှီ ကုမ္ပဏီရဲ့သုတေသန မန်နေဂျာက ပြောကြားခဲ့ပါတယ်။       ဖေဖော်ဝါရီအတွက် တိုကိုျကုန်စည်ဒိုင် ကြိုပွိုင့်ဈေးကတော့ ၁ ဒဿမ ၂ ရာခိုင်နှုန်းတက်မှာဖြစ်ပြီး မက်ထရစ် တစ်တန် ကို ၃၅၆၉ ဒေါ်လာအထိ ရောက်ရှိနေပြီး ဇန်နဝါရီလအတွက် ရှန်ဟိုင်းကုန်စည်ဒိုင်ဈေးကတော့ တစ်တန်ကို ၃၈၅၂ ဒေါ်လာ ဖြစ်ကြောင်းသိရပါတယ်။ အစိုးရက ယာဉ်ငယ်ဈေးနှုန်းအတွက် အခွန်ကို ၅ ရာခိုင်နှုန်း ကနေ ၇ ဒဿမ ၅ ရာခိုင်နှုန်းကို တိုးကောက်ခံပြီး နောက်ပိုင်း တရုတ်ခရီးသည်တင်ယာဉ် ရောင်းချရနှုန်းတွေ တိုးတက်ခဲ့ပါတယ်။ တာယာထုတ်လုပ်ရေးတွေက ဝယ်လိုအားတွေ တိုးတက်လာပြီးနောက် ယခုနှစ်မှာ တရုတ်ရဲ့ ရော်ဘာတင်သွင်းမှု ၁ဝ ရာခိုင်နှုန်းလောက် တိုးတက်ဖွယ် ရှိတယ်လို့ လေ့လာသူတစ်ဦးက ပြောကြား ခဲ့ပါတယ်။ အဓိကရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေကသင်္ဘောတင်ပို့မှုတွေ နှောင့်နှေး တာဟာ ဈေးနှုန်းပေါ်မှာ အကိုျးသက်ရောက်စေပြီး သွင်းကုန်ပမာဏ မက်ထရစ်တန် ၁ ဒဿမ ၈၇ သန်း တင်သွင်းဖွယ်ရှိ ကြောင်း သိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ယခင်အပတ်က သိုလှောင်မှု တန်ချိန် ၂၄၇ဝ၁ တန်ရှိကြောင်းသိရပါတယ်။ သင်္ဘောဆိပ်ကမ်းတွေနဲ့ စက်မှုသိုလှောင်ရုံတွေမှာ သုံးနှစ်အတွင်း အနည်းဆုံး သိုလှောင်မှုဖြစ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ ဂျပန်မော်တော်ယာဉ်၊ ထရပ်ကားနဲ့ ဘတ်စ်ကားတွေ သြဂုတ်လမှာ လွန်ခဲ့တဲ့နှစ် အလားတူ ကာလထက် ၄၇ ရာခိုင်နှုန်း တက်ခဲ့ပြီး ၂၉ဝ၇၈၉ စီး ရောင်းချရခဲ့ကြောင်း ဂျပန်မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းက ပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။                                                       Source: Bloomberg.com, KZW

Monday, 13 Sep 2010

ဘုရင့်နောင်မှာ မတ်ပဲ(RC) ရောင်းဈေးကျလာမတ်ပဲ((RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၈ဝ၄ဝဝဝ ကျပ်နဲ့ပုံမှန်အဝယ်ရှိ ပေမယ့် နောက်ပိုင်းမှာ Export earning ရောင်းဈေး ဆက်တိုက်ကျ ဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ၉-၉-၂ဝ၁ဝ နေ့တွင်  တစ်တန်ကို ၇၈၅ဝဝဝ ကျပ်အထိဈေးဆင်းသွားတဲ့အတွက် ယခင်အပတ်နဲ့စာရင် တစ်တန် ကို ၄၅ဝဝဝ ကျပ်ခန့်  ဈေးကျသွားကြောင်း  ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း ၈ဝ၅ တန်ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 6 Sep 2010

 ဘုရင့်နောင်ဈေးကွက်         မတ်ပဲ(RC)ကိုသိုလှောင်ထားတဲ့ ကုန်သည်များက စတင်ဈေး ဖွင့်အရောင်းရှိသလို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက လည်း ဈေးပေးအဝယ်ရှိတာကြောင့် ၃ဝ-၈-၂ဝ၁ဝ နေ့မှာတစ်တန်ကို ၈၂၂ဝဝဝ ကျပ်ရှိရာက ၃၁-၈-၂ဝ၁ဝနေ့မှာ တစ်တန်ကို ၈၄၅ဝဝဝ ကျပ်ထိဈေးမြင့်ခဲ့ပြီးနောက်ပိုင်းမှာ မတ်ပဲ (RC) ကိုရောင်းချတဲ့ကုန် သည်ကြီးများအရောင်းများလာတာ ကြောင့် ပြည်ပတင်ပို့ရန်ဝယ်ယူ နေတဲ့ကုန်သည်များက ဈေးချအဝယ်ရှိလို့ ၃-၉-၂ဝ၁ဝ နေ့မှာတစ်တန် ကို ၈၃ဝဝဝဝ ကျပ်သို့ဈေးပြန်ဆင်း ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် တော့ဈေးမြင့်နေသေးတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။

Wednesday, 1 Sep 2010

    စဉ်    အမိုျးအမည်    ရေတွက်ပုံ                   ဈေးနှုန်း(ကျပ်)                          ပြောင်းလဲမှု                                                       ယခင်အပတ်    ယခုအပတ်    ၁    မတ်ပဲ(RC)              ၁ တန်             ၈၄၅ဝဝဝ     ၈ဝ၅ဝဝဝ            ၂    ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ              ၁ဝ၅ဝ     ၁ဝ၅ဝ            ၃    ပဲစင်းငုံနီ(RC)           ၁ တန်                    -        ၆၇ဝဝဝဝ                           -    ၄    မတ်ပဲ (RAW)          ၁ ပိဿာ             ၁၃၉ဝ     ၁၃၂ဝဆက်သွယ်ရန် ဖုန်း-၀၁-၆၈၀၉၁၀ဘုရင့်နောင်ဈေးကွက်ဒီတစ်ပတ်မှာ ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (ျွဃ) တစ်မိုျး တည်းသာ အရောင်းအဝယ်အထိုက်အလျောက်ဖြစ်ခဲ့ပြီး ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးက အရောင်းအဝယ်အေးနေကြောင်း သိရပါ တယ်။ မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များ က အဝယ်အထိုက်အလျောက်သာရှိပြီး  တစ်တန်ကို အနိမ့်ဆုံး ၈၂၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၈၄၅ဝဝဝ ကျပ်အတွင်း ၃၄၅ တန်ခန့် သာ အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့်  ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှုတန်ချိန် လျော့နည်းသွားတယ်လို့ ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။        

Wednesday, 20 Jan 2010

   မတ်ပဲ RCကို ဝယ်ရောင်းကုန်သည်ကြီးအချို့နဲ့ ပြည်ပကို တင်ပို့သောကုန်သည်အချို့ကအစပိုင်းမှာတစ်တန်ကို ၈၁၅ဝဝဝ ကျပ်ဈေးနဲ့ အဝယ်ရှိခဲ့ပြီး နောက်ပိုင်းမှာ ဝယ်ရောင်း ကုန်သည် အချို့ကဈေးပေးအဝယ်ရှိခဲ့လို့ တစ်တန်ကို ၈၆၅ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ RCကို ပြည်ပတင်ပို့ ရန်ဝယ်ယူသူများ အဝယ်လိုက်လာလို့ ဈေးအတက်အကျနဲ့ တစ်ပတ်အတွင်း ၆၇၃ တန် ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 14 Jan 2010

     မတ်ပဲ RC ကို သိုလှောင်ထားတဲ့ကုန်သည်အချို့ဈေးဖွင့် အရောင်းရှိပေမယ့် ပြည်တွင်းဝယ်ရောင်းကုန်သည်များက အစပိုင်းမှာ တစ်တန်ကို ၈၇၅ဝဝဝ ကျပ်နဲ့ ဈေးပေးအဝယ်ရှိခဲ့ပြီး နောက်ပိုင်းမှာ ဝယ်ရောင်းကုန်သည်အချို့က မတ်ပဲဈေးကျမှာကိုစိုးရိမ်ပြီး ဝယ်ယူမှု နည်းခဲ့တာကြောင့် မတ်ပဲ RCကသိသာစွာ ဈေးကျလာ တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရောင်းဝယ်မှုပမာဏကတော့ တစ်ပတ် အတွင်း မတ်ပဲ RC ၉၄၅တန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။

Thursday, 2 Jul 2009

သိုလှောင့်မည့်ကုန်သည်များနှင့် ဝယ်ရောင်းကုန်သည်များ အဝယ်သွက်လာတာကြောင့် မတ်ပဲရိုးရိုးမှာ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပတ်အတွင်း ၁၁၂၆ တန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။

Pages