Main menu

Background

Friday, 20 Sep 2019

       ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း  အမေရိကန်ဒေါ်လာ  တစ်သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၇၀ ကျော်တင်ပို့ခဲ့သည်။ ယခုတစ်ပတ်မှာရေကြောင်းမှ တရုတ်၊ ဂျပန်၊ ကိုရီယား၊  မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့တင်ပို့ပြီး  တရုတ်နိုင်ငံသို့ Synthetic  ရော်ဘာ အမျိုးအစားတန်ချိန် ၅၀၀ ကျော်၊ဂျပန်နိုင်ငံသို့  MSR-20 အမျိုးအစား ၁၉၆ တန်၊ ကိုရီယားနိုင်ငံသို့ TSR-20 အမျိုးအစား တန်ချိန် ၂၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ RSS-3 အမျိုးအစား တန်ချိန် ၆၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၀၀ ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။

Wednesday, 18 Sep 2019

   မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် တစ်ပတ်အတွင်း   ကြက်သွန်နီ ဈေးကွက်အခြေအနေမှာ  ပုံမှန်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။  မန္တလေးဈေးကွက်တွင် ယခုတစ် ပတ် ကြက်သွန်နီ တစ်ပိဿာ လက်ကားဈေးနှုန်းများမှာ ထိပ်စကျပ် ၉၀၀၊ အလတ်စ ကျပ် ၈၀၀ ၊ အနိမ့်စကျပ် ၇၀၀၊လက်လီဈေးနှုန်း များမှာ ထိပ်စ ကျပ် ၁၂၀၀၊ အလတ်စကျပ် ၁၀၀၀၊ အနိမ့်စ ကျပ် ၈၀၀ ဖြင့် နေ့စဉ်  ကုန် ချိန် ပိဿာ ၄၀၀၀၀ မှ ၅၀၀၀၀ ကြား ဝင်ရောက်မှုရှိနေကြောင်းသိရသည်။

Wednesday, 18 Sep 2019

    ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတကုန်စည်ဒိုင်တွင် စက်တင်ဘာလ ပထမပတ်က တစ်တင်းလျှင်  ကျပ် ၂၃၇၀၀ ထိ  ကျဆင်းခဲ့သော မတ်ပဲသည် ဒုတိယပတ်တွင် ဈေးအနည်းငယ်ပြန်တက်လာခဲ့ရာ စက်တင်ဘာ ၁၂ ရက် တွင်  ကျပ်၂၄၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖွဲနုပေါင် ၇၀ တစ်အိတ် လျှင် ကျပ် ၁၀၅၀၀ ဈေးဖြင့်လည်းကောင်း၊ ပဲငါးပိ (ဆီတိုးလုံးကြီး) တစ်တင်း လျှင် ၂၀၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အစေ့ထုတ်ပြောင်း တစ်တင်း လျှင် ကျပ် ၉၃၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

Tuesday, 3 Sep 2019

      ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဩဂုတ် ၁၀ ရက်မှ ၁၆ ရက် အထိ ငါးမြစ်ချင်းအရေအတွက် ၃၂၀ဝ၀ ကီလိုဂရမ်တင်ပို့ခဲ့ပြီး၂၉၇၂၀ ဒေါ်လာတင်ပို့ခဲ့ သည်။ ယခင် တစ်ပတ် ဩဂုတ် ၃ရက်မှ ၉ ရက်အထိ ငါးမြစ်ချင်းအရေအတွက် ၅၁၂၀ဝကီလိုဂရမ်  တင်ပို့ခဲ့ပြီး ၄၇၃၂၈ ဒေါ်လာတင်ပို့ခဲ့သည်ဟုသိရှိ ရသည်။  ယခင်တစ်ပတ်ထက်  ယခုတစ်ပတ်တွင်  ငါးမြစ်ချင်းအရေ အတွက် ၁၉၂၀ဝ ကီလိုဂရမ်တင်ပို့မှုေ လျာ့နည်းခဲ့ပြီး ၁၇၆၀၈ ဒေါ်လာ တန်ဖိုးလျော့နည်းခဲ့ကြောင်း သိရှိရသည်။

Tuesday, 3 Sep 2019

     လျှော်ဖြူကို အခြေခံ၍ထုတ်လုပ်သည့် စားသောက်ကုန် များလည်းကိုလည်း ပြည်ပဈေးကွက် ထိုးဖောက်ရန်ကြိုးပမ်း လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ပြည်ပ ပြပွဲများဖြစ်သည့် တရုတ်နိုင်ငံ ရွှေလီ၊ နန်နင်း၊ ကူမင်း စသည့် ကုန်စည်ပြပွဲများတွင် မြန်မာ့လျှော်ဖြူ လုပ်ငန်းရှင်များ ဝင်ရောက်ပြသ၍ ဈေးကွက်ရှာဖွေထိုးဖောက် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အများအပြား စိုက်ပျိုးလျက်ရှိသည့် လျှော်ဖြူပင်မှ ထွက်ရှိသည့် လျှော်ဖြူစေး(ခေါ်) ဆေးကုလားမ သည် နိုင်ငံခြားဝင်ငွေရရှိအောင် ရှာဖွေပေးနေသည့် အမယ် သစ်ပို့ကုန်တစ်မျိုးအဖြစ် ပြည်ပသို့ ထိုးဖောက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံလျှော်ဖြူအသင်းကို ၂၀

Tuesday, 3 Sep 2019

     ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၇၅၁၆ တန်ဖိုးရှိ ဘိလပ်မြေ ၅၁ ဒသမ ၈၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှသာ တင် သွင်းခဲ့သည်။ ယခင် သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၂၆၆၁၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခု တစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန်၂၆၀ဝဝကျော် တင်သွင်းမှုလျော့နည်း ခဲ့ကြောင်းသိရသည်။ ဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန် ချိန်၈၉၆၀ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၉၃၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၆၀၂၀ ကျော်  အဝင်ပိုခဲ့သည်။ ထို့ကြော င့် ယခုတစ်ပတ်ရေလမ်

Thursday, 22 Aug 2019

       မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးဇုန် ရှိသည့်အထဲ ထားဝယ်အထူးစီးပွားရေးဇုန်သည် နိုင်ငံအတွက် အရေးကြီးသည့် စီမံကိန်းတစ်ခု ဖြစ်လာနေသည်။ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးလျှင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမည်မှာ တိုက်ရိုက်အချိုးကျသည်။ သီလဝါအထူးစီးပွားရေးဇုန် အောင်မြင် လာသောအခါ ထားဝယ်အထူးစီးပွားရေးဇုန်ကို လည်း အောင်မြင်အောင် အကောင်အထည်ဖော် ဖို့ လိုအပ်လာသည်။ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေေ သာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းပြန်လည် စတင်နိုင်ရန် ယခုအခါ အာရုံစိုက်မှုများ ရှိလာနေသည်။ ထားဝယ်ဇုန် စီမံကိန်း အကောင်အထည်ဖော်ရေး အစကနဦးက မြန်မာ နှင့် အီတာလျံထိုင်းကုမ္ပဏီတို့ ပူးပေါင်း ဆောင် ရွက်

Pages