Main menu

Background

Friday, 15 Jun 2018

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယုမှအထူးဒေသ(၄)ကိုဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ မေလအတွင်း ကုန်ပစ္စည်း ခြောက်မျိုးတန်ချိန်ပေါင်း ၁၀၈၉တန်ကို တရားဝင်ကုန်သွယ်နိုင်ခဲ့ကြောင်းသိရပြီး  တင်ပို့ခဲ့တဲ့ဒေသ ထွက်ကုန်များ ကတော့ တစ်သျှူးငှက်ပျော တန် ၆၀၀၊ ရွှေဖရုံသီး ၂၆၉ တန်၊ ရော်ဘာစိမ်း  ၂၈ တန်၊ အစေ့ထုတ်ပြောင်း ၈၄ တန်နှင့် ဖရဲသီးနှစ်တန် တင်ပို့ခဲ့ပြီး စက်မှုကုန်ကြမ်းပစ္စည်းထုံး ၁၀၆ တန်ကို တင်သွင်း ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Thursday, 31 May 2018

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၄၇၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က တန် ၂၀၀၀တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၂၅ တန်  လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၁၅၀ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၁၈ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၃ သန်းတန်ဖိုး ရှိ ကွမ်းသီး ၁၃၅၇ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                          

မျိုးဇော်

Thursday, 31 May 2018

မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၇၅၅ သန်း၊ သွင်း ကုန် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၈၉၁ သန်း၊ ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၁၀ ဒသမ ၆၄၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

Thursday, 31 May 2018

 

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁၆ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၉၉၄၈ စီး တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀၄၀၀ စီး တင်သွင်းခဲ့တဲ့အတွက်  ယခု တစ်ပတ်မှာ ၄၅၂ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုညဒသမ ၇၄၅ သန်း တန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၅၈၆ စီးကိုလည်း တင်သွင်းခဲ့ပါတယ်။

Friday, 9 Feb 2018

         လျင်မြန်စွာ ပြောင်းလဲလျက်ရှိသော မော်တော်ကားဈေးကွက် အတွက် ဖွံ့ဖြိုးအင်ဂျင်သစ်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် တောင်ကိုရီးယားနိုင်ငံက လျှပ်စစ်ကား၊ မောင်းသူမဲ့ကားနှင့် အနာ ဂတ်တွင်ပေါ်လာမည့် အခြားမော်တော်ကားများ ထုတ်လုပ်ရေး အတွက် ၂၀၂၂ ခုနှစ်အထိ ဝမ် ၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၄ ဘီလီယံ) ကို ရင်းနှီးမြှုပ်နှံသွားမည်ဟု ဖေဖော်ဝါရီ ၂ ရက်က သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက  ပြောေ ကြာင်း yonhapnews သတင်းတွင် ဖော်ပြသည်။ စီးပွားရေးလုပ်ငန်း များ၊ သုတေသနသိပ္ပံနှင့် ကောလိပ်များမှ မော်တော်ကားလုပ်ငန်း ကျွမ်းကျင်သူ ၅၀ ခန့်နှင့် ကျင်းပသော နှီး နှောဖလှယ်ပွဲတွင် ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန နှ

Friday, 9 Feb 2018

          မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၇၂၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၈၅၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၆၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉ တန်ခန့် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ် ရေးစခန်းမှ ကွမ်းသီးတင်ပို့မှု လျော့နည်းခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးများ ပိုမိုတင် ပို့ခဲ့တဲ့အတွက် ယခုလို ပိုမိုရခြင်းဖြစ်ပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၄၉ တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသ

Friday, 9 Feb 2018

          ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈၅၅၁၅တန်ဖိုးရှိ ဘိလပ်မြေ ၉၆၂ ဒသမ ၉၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင် ငံမှ  ၂၉၀ ဒသမ ၉၆၇ တန်နဲ့ ယူအေအီးနိုင်ငံမှ ၆၇၂ တန် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ တံဆိပ်များမှာ ဆင်၊ စိန်၊တီပီအိုင်နဲ့ အခြားတံဆိပ်များလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၇၄၂၀ ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဘိလပ်မြေတန်ချိန် ၆၄၅၀ ကျော် တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီ ၂၀ရက်မှ ၂၆ ရက်အထိ  သီတင်းပတ်အတွင်း နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ

Friday, 9 Feb 2018

        ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ   ကုန်သွယ်ရေးစခန်း များမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၇၁ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၄၅၅၁၈ တန်  တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ ဧည့်မထဆန် ၃၀၀၄၆ တန်နဲ့   ကောက်ညှင်းဆန်တန် ၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၁၄၀၉၉ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန်တန်ချိန် ၄၀၊ မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၁၅၅ တန်တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ရေး စခန်း များရဲ့ ယခင်တစ်ပတ်

Pages