Main menu

Background

Wednesday, 21 Aug 2019

         တရုတ်နိုင်ငံအနေဖြင့် အစားအသောက်များတင်သွင်းမှုအပေါ် မတင်သွင်းမီ၊ တင်သွင်းစဉ်အချိန်နှင့် တင်သွင်းပြီးနောက် လုပ်ငန်း စဉ်တစ်လျှောက် ဆောင်ရွက်ရမည့် အစားအသောက် ဘေးကင်းလုံခြုံ စိတ်ချစေရေး ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲမှုစနစ်တို့ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်း  စည်းမျဉ်းစည်းကမ်းများနှင့်အညီ  အောက်ပါ အတိုင်း လုပ်ငန်းရပ်များ သတ်မှတ်အကောင်အထည်ဖော် ဆောင် ရွက်ထားရှိပါသည် -

စားသောက်ကုန်များ  မတင်သွင်းမီ  ကြိုတင် ဆောင်ရွက် ရမည့် လုပ်ငန်းရပ်များ

(၁)       ကုန်တင်ပို့သည့်နိုင်ငံ   အစိုးရအဖွဲ့များမှ  ဆောင်ရွက်ရမည့် အချက်များ

Wednesday, 7 Aug 2019

         ပြည်တွင်းရှိ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းများ ဝင်ငွေ ပိုမိုရရှိလာစေရန်အတွက် ပင်လယ်ရေထွက်ကုန် အရှင်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် ကျင်းပသည့် ပင်လယ်ထွက်ကုန် အရှင်ပို့ ထုပ်ပိုးမှု သင်တန်းမှ သိရသည်။ ထိုကဲ့သို့ တင်ပို့ခြင်းကို လာမည့် စက်တင်ဘာလတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းပင်လယ်ရေ ထွက်ကုန်များဖြစ်သော ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နှင့် ကဏန်း များကို ပြည်ပနိုင်ငံများဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံ များသို့ တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Wednesday, 17 Jul 2019

       ၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှု များကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင်ပြောသည်။ "အခုနောက်ပိုင်းမှာ ကဏန်းပျော့လုပ်ငန်းတွေ အတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ်အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှား လာတယ်။ ငါးဦးစီးအနေနဲ့အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက် ဆိုရင် မဖမ်းရဘူး၊ မရောင်းရဘူး၊ ပြည်ပ မတင်ပို့ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့် ပေးလိုက်တော့ ဒရဟော ထွက်ကုန် တဲ့ အတွက် ကဏန်းပ

Monday, 10 Jun 2019

      ယခုဘဏ္ဍာနှစ် လက်ရှိကာလတွင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၀၀ ဒသမ ၄၂၁ သန်းခန့် ရရှိထားပြီး နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက်ဆောင် ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် အိန္ဒိယက အဆင့် ၁၁ ၌ ရပ်တည် နေပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ စီမံကိန်းပေါင်း ၃၀ ခန့် ရှိနေ သလို အိန္ဒိယကုမ္ပဏီပေါင်း ၂၂၅ ခုခန့် ထိရှိကြောင်း သိရ သည်။

Friday, 24 May 2019

         ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီးဝလံကုန် စည်ဒိုင်မှ  တရုတ်သို့  သစ်သီးဝလံများ တင်ပို့လျက်ရှိရာ  ဖရဲသီးတင်ပို့မှု အနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲတင်ပို့ မှု မှာနည်းသွားသော်လည်း  ဈေးကောင်းရနေကာ  သခွားတင်ပို့မှုလုံး၀ မရှိဘဲ သရက်သီးတင်ပို့မှုများလာကာ ဈေးကောင်းရနေသည်။ မေ ၈ ရက်မှ ၁၄ ရက်အထိ ဖရဲ ကား ၂၅၈ စီး၊ တန်ချိန် ၃၀၆၈ တန်၊  သရက်သီး ၈၁၉စီး၊  တန်ချိန် ၄၉၇၀ တန်၊ ကန်စွန်းဥ ၁၃ စီး၊  တန်ချိန်၁၉၂တန် တင်ပို့ရောင်းချခဲ့ကြောင်း  သစ်သီးဝလံကုန်စည်ဒိုင်မှ သိရှိရသည်။  ဖရဲတွင် ဖရဲဖြူသီးမှာတစ်တန်လျှင် ယွမ် ၂၃၀၀-၄၃၀၀၊ ကျပ် ၅၀၀၀၀၀ -  ၉၃၄၀၀၀၊ ဖရဲကျားသီး

Friday, 24 May 2019

        ပြည်မန်ကျည်းမှည့်(ပွဲရုံ)များသို့ ဟင်္သာတ၊ ကြံခင်း၊ တောင်တွင်း၊ အောင်လံနှင့် ဒေသတွင်းထွက်ရှိသည့် မန်ကျည်းမှည့်များ (ပွဲရုံ)သို့ လှိုင်လှိုင်ဝင်ရောက်နေပြီး ရန်ကုန်၊ စစ်တွေ၊ ရခိုင်ဝယ်လက်များ မေလ(တတိယပတ်)မှာ ဝယ်လက်များ အစွဲရှိလာခြင်း ကြောင့် အရောင်းအဝယ်ပိုဖြစ်လာကြောင်းသိရသည်။ ယခုအပတ် ရန်ကုန်သို့ အများဆုံး တင်ပို့ရကြောင်းလည်းသိရသည်။  ဒေသတွင်းအရောင်းအဝယ်လည်း ရာသီဥတုဒဏ် ကြောင့် ပိုမိုရှိခဲ့ကြောင်း သိရသည်။ မန်ကျည်းမှည့်တစ်ပိဿာဈေး(ပွဲရုံဈေး) အစေ့လွတ် ကျပ် ၁၉၀၀ နှင့် (လက်လီဈေး)ကျပ် ၂၂၀၀ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

နီနီဝင်း

Friday, 24 May 2019

        ပြည်ဒေသထွက် သံပရာသီးဈေးကွက် ယခုနှစ်မှာ အရောင်း အဝယ် ပိုဖြစ်ပြီး ဈေးကောင်းရလျက်ရှိသည်။ ဒေသတွင်းအထွက်လည်း များပြီး၊ နှစ်စဉ် ရန်ကုန်၊ မန္တလေးသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ယခုနှစ် သံပုရာ သီးစိုက်တောင်သူများ ဈေးကောင်းရရှိပြီး နယ်ဝယ် လက်တွေ ပိုမိုတင်ပို့ရခြင်းကြောင့်  ဒေသတွင်း သံပရာသီးဈေးကွက်မှာ ဈေးကောင်းရရှိလျက်ရှိသည်။ လက်ကားသံပုရာသီး  ရာချင်းဈေး တစ်လုံးလျှင် ၅၅ကျပ်၊ ၆၅ကျပ်မှ ၈၀ ကျပ်ဈေးတို့ဖြစ်ပြီး ဒေသတွင်းလက်လီဈေးမှာ တစ်လုံးလျှင် ၈၀ကျပ်၊ ၁၀၀ကျပ်၊ ၁၅၀ကျပ်တို့ဖြင့် အသီးသီး ရောင်းချလျက်ရှိနေသည်။

 

နီနီဝင်း

Monday, 20 May 2019

        ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီး ဝလံကုန်စည်ဒိုင်မှ  တရုတ်သို့ဖရဲသီးတင်ပို့မှုအနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်း ကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲတင်ပို့မှုမှာ နည်းသွားသော်လည်း  ဈေးေ ကာင်း ရနေသကဲ့သို့ သခွားနှင့်သရက်တင်ပို့မှုလည်း နည်းသွားကာ သရက်သီးမှာ ဈေးကောင်းဆက်လက်ရနေသည်။ မေ ၁ ရက်မှ ၇ ရက်အတွင်း ဖရဲကား ၅၄၂ စီး၊ တန်ချိန် ၆၄၅၃ တန်၊ ရွှေသခွားကားလေးစီး၊ တန်ချိန် ၄၃ တန်၊ သရက်ကားစီးရေ ၂၃၀၊ တန်ချိန် ၁၃၈၀၊ ကန်စွန်းဥကား ကိုးစီး၊ တန်ချိန် ၁၂၉ တန် ၊ နာနတ်သီးကားတစ်စီး၊ တန်ချိန် ၁၃ တန်တင်ပို့ရောင်းချခဲ့ကြောင်း  သစ်သီးဝလံကုန်စည်ဒိုင်မှ သိရှိရ သည်။ သခွားတင်ပို့မ

Thursday, 2 Aug 2018

    ဇူလိုင် ၇ ရက် မှ ၁၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့်တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၇၂ သန်းတန်ဖိုးရှိ သကြား ၃၈၃၈၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ တင်ပို့မှု အနေနဲ့ re-export သကြား ၃၅၅၄၃ တန်ကျော်နဲ့ (ရိုးရိုး) သကြားတန် ၂၈၄၀ ဖြစ် ပါတယ်။ ယခင်တစ်ပတ်က   ၂၂၃၃၄ တန်ကျော်သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ၁၆၀၄၉ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Thursday, 2 Aug 2018

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ၇ ရက် မှ ၁၃ ရက်အထိ   ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၄၇၀ တန်ဖိုးရှိ လက်ဖက်ခြောက် ၈၄ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က ၅၈ တန်ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။အလားတူမြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း   အဆိုပါရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၃၈၄၅ တန်ဖိုးရှိ လက်ဖက်ခြောက် ၃၅ တန်ခွဲကို ထိုင်းနိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တန် ၃၀ သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ၅ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မြန်မာနိုင်ငံမှ လက်ဖက်သည် အင်အားကြီး တရုတ်နဲ့ အိန္ဒိယနိုင်င

Pages