Main menu

Background

Friday, 5 Aug 2016

     ဇူလိုင်တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၂၁ သန်း တန်ဖိုးရှိ သကြား ၂၂၀၃၇ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၅၂၁၉ တန်အထိ တင်ပို့မှုရှိခဲ့လို့ ယခုတစ်ပတ် သကြားတင်ပို့မှု ထက်ဝက်ခန့်လျော့ကျသွားခဲ့တာတွေ့ ရပါတယ်။ ယခုတစ်ပတ်တွင် ပြည်တွင်းသကြားဈေးမှာ တစ်တန်လျှင် ရှစ်သိန်း သုံးသောင်းကျပ်ရှိနေပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၃၈-၂၄၀ ယွမ်အထိဈေးရှိနေတယ်လို့ သိရပါတယ်။

Friday, 5 Aug 2016

     ဇူလိုင် တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၂၀၀၃ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၉၄၈ တန်ဖိုးရှိ ကော်ဖီစေ့ ခြောက်တန်ခွဲတင်ပို့ခဲ့ပါတယ်။

Thursday, 4 Aug 2016

      မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ် အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်၂၀၀၀ ေ ကျာ်ကို တင်ပို့ ခဲ့ပါတယ်။  မြဝတီနဲ့  မြိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှု လျော့နည်းခဲ့ သော်လည်း ကော့သောင်းစခန်းမှ ယခင်တစ်ပတ်ထက် တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။

Thursday, 4 Aug 2016

       တမူးကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ပထမသုံး လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် လျာထားချက်မှာ ပို့ကုန်အမေရိကန် ဒေါ်လာရှစ်သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုံးသန်းဖြစ်ပြီး ကုန် သွယ်မှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း လျာထားတာ ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်နိုင်မှုအနေနဲ့ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၁၅၁ သန်း၊ သွင်းကုန်မှာ   အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၂၆ သန်း ဆောင်ရွ က်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏအနေနဲ့ အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ၉၇၇ သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန် အနေနဲ့  လျာထားချက်အပေါ်မှာ ၁၅၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ သွင်းကုန် အနေနဲ့ လျာထားချက်အပေါ်မှာ ၂၂၇ ဒသမ ၅၃ ရာခိုင်နှုန်း၊ ကု

Thursday, 4 Aug 2016

      မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်တဲ့ တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ် ဆင့်  Normal TT စနစ်နဲ့ ကွမ်းသီးများ တိုးတက်တင်ပို့လျက်ရှိနေပြီ ဖြစ်ပါ တယ်။ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မို ရေးမှာ  Normal TT စနစ်ဖြင့် ကုန်သွယ် မှု ဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီအရေ အတွက် ဟာလည်း မြန်မာဘက်အနေနဲ့ ၁၁ ခုရှိပြီး အိန္ဒိယဘက်အနေနဲ့ ၁၀ ခု ရှိလာပြီဖြစ်ပါတယ်။

Thursday, 4 Aug 2016

      ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ဇူလိုင် ၁၆ ရက်မှ ၂၂ ရက် အထိ ရက်သတ္တပတ် အတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃၄ ဒသမ ၉၁၁ သန်း၊ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၃ ဒသမ ၅၇၉ သန်းဆောင်ရွက်နို င်သဖြင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃၈ ဒသမ ၄၉ သန်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုလိုငွေမှာ အမေရိ ကန်ဒေါ်လာ ၆၈ ဒသမ ၆၆၈ သန်းဖြစ်ပြီး ချုပ်ပြီးအထည်နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့ နည်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

Thursday, 4 Aug 2016

        စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်မြို့ (၁၀၅)  မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ မောဝ်ရွှေလီကုန် သွယ် ရေးဗဟိုဌာန (Trade Center)  ကို ၂၀၁၆ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တွင်ဖွင့်လှစ်ခဲ့သည်။အဆိုပါ မောဝ် ရွှေလီ ကုန်သွယ်မှု စင်တာကို မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်စိုးတက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ ကုန်သည် အသင်း အဖွဲ့များစီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအကြီး အကဲများတက် ရောက်ခဲ့ပါသည်။

Thursday, 4 Aug 2016

       ဇူလိုင် ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ  နှမ်းရောင်စုံ ၁၇၇၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကေ တာ့ နှမ်းဖြူ ၈၃၉ တန်ခွဲ၊ နှမ်းနက်တန် ၈၄၀ ကျော်နဲ့ နှမ်းညို  ၉၂ တန် ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က ချင်းရွှေဟော်မှ နှမ်းဖြူ^နှမ်းနက် ၁၅၃၄ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ချင်းရွှေဟော်မှ နှမ်းပိုမိုတင် ပို့လာတာ တွေ့ရပါတယ်။

Tuesday, 2 Aug 2016

         ဇူလိုင်လ  တတိယပတ်တွင်  မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ ၆၈၀၀၅၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၇၁၇ တန်ခွဲ၊  မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန်မှ   အမေရိကန်ဒေါ်လာ ၁၅၀၇၈၄ တန်ဖိုးရှိ  ကြက်သွန်နီ ၄၄၈ တန်ခွဲနဲ့  တာချီလိတ်ကုန်သွယ်ရေးမှ အမေ ရိကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှတန် ၁၈၅၀ နဲ့  မြဝတီမှ တန် ၂၀၀ ကျော်သာ တင်ပို့နိုင် ခဲ့လို့  ယခုတစ်ပတ် ကြက်သွန်နီတင်ပို့မှုမှာ  မူဆယ်ရောမြဝတီမှပါ ပိုမိုတင်ပို့ လာခဲ့ ပါတယ်။

Wednesday, 29 Jun 2016

      ဇွန် ၁၁ ရက်မှ ၁၇ ရက်တာ သီတင်းပတ်အတွင်း မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၇၈ တန်ခွဲ၊ လွယ်ဂျယ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၅၄ သန်းဖိုးရှိ ပြောင်း ဖူးစေ့ ၁၅၆၅ တန်နဲ့ ချင်းရွှေဟော်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၈၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခ န်းစုံမှ  ပြောင်းဖူးစေ့ ၁၁၉၁၃ တန်ခွဲ တင်ပို့ခဲ့လို့ ယခုတစ်ပတ်ပြောင်းတင်ပို့မှု ၂၁၈၄ တန်လျော့နည်းခဲ့ပါတယ်။ သယ်ယူ စရိတ်မှာ ယခုတစ်ပတ်တွင် ပြောင်းတစ်ပိဿာကို ၆၇-၆၈ကျပ်ရှိပြီး ကားဝင်ရောက်မှု ၃၆ စီးရှိတယ်လို့

Pages